iMyanmarHouse.com - Best Property Website for Myanmar
×








#Unicode Version
ပါးချိုင့်လေးနဲ့ ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်သော မင်းသမီးလေး အေးမြတ်သူနဲ့ မိုမိုလေးတို့ တွေ့ခဲ့ကြပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ အေးမြတ်သူရဲ့ အချစ်ရေးအချစ်ရာလေးကို နည်းနည်းလေး စပ်စုကြည့်တဲ့အခါ....

အိမ်ထောင်မပြုပဲ တစ်ယောက်ထဲနေမှာမဟုတ်ပါဘူး။ အသက်၃၀ ကျော်မှ အိမ်ထောင်ပြုမယ် စိတ်ကူးထားတယ်။ အဲဒီအချိန်လောက်မှလဲ အိမ်ထောင်ဖက် ကောင်းကောင်း ရှာတွေ့မယ်ထင်တယ်။ အိမ်ထောင်ကျရင် အနုပညာအလုပ်လဲ လွတ်လွတ်လပ်လပ် လုပ်နိုင်တော့မှာမဟုတ်ဘူးလေ။အေးမြတ်သူရဲ့ ခင်ပွန်းလို့ လူသိတာထက်၊ အေးမြတ်သူက ဘယ်သူ့ရဲ့ဇနီးလို့ပဲ ဖြစ်ချင်တာ။အချစ်ရေးကို မစဉ်းစားတာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲ ကိုယ့်စိတ်ကူးလေးနဲ့နေရတဲ့အချိန်မှာ အချစ်ရေးမပြောချင်တာပါလို့ သူမရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုပုံစံလေးကို ပြောပါတယ်။

အခုအေးမြတ်သူ အနုပညာအလုပ်တွေ လုပ်ချင်တာတွေအများကြီးရှိသေးတယ်။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာသေးတာတွေလဲ ရှိတယ်။ ရလာတဲ့ အခွင့်အရေးကိုလဲ အကောင်းဆုံး အသုံးချချင်တယ်။ ရိုးရိုးသားသားနဲ့ ကြိုးစားလာခဲ့တဲ့အတွက် လုပ်ခွင့်တွေလဲ အများကြီးရခဲ့ပါတယ် လို့ဆိုပါတယ်။

လတ်တလောကတော့ ဇာတ်လမ်းတွေရိုက်ဖြစ်နေပါတယ်။ အေးမြတ်သူကို ချစ်လို့အားပေးနေကြတဲ့ ပရိသတ် တွေကိုလဲ ကျေးဇူးတင်တယ်။ ဒီထက်လဲ ပိုပြီး ကြိုးစားပါ့မယ်လို့ ပြောပါတယ်။

Credit:မျက်ပြေ (မိုမိုလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top