iMyanmarHouse.com - Best Property Website for Myanmar
×

ရွားေစာင္းလက္ပတ္ကို အလွကုန္ပစၥည္းေတြမွာအသံုးျပဳၾကေလ႔ရွိပါတယ္။ သူ႔ရဲ႕ဘက္တီရီးယားနဲ႔ဗိုင္းရပ္စ္ပိုးမႊားေတြကို တိုက္ဖ်က္ႏိုင္တဲ႔အစြမ္းေၾကာင္႔ အလွကုန္ပစၥည္းထုတ္လုပ္သူေတြဟာ ရွားေစာင္းလက္ပတ္ကို က်ယ္က်ယ္ျပန္႕ျပန္႕ အသံုးျပဳၾကပါတယ္။ ရွားေစာင္းလက္ပတ္ပင္ကို ကြ်န္ေတာ္တို႔အိမ္က ဥယ်ာဥ္ထဲမွာ (ဒါမွမဟုတ္) ဝရန္တာမွာ အလြယ္တကူစိုက္ပ်ိဳးႏိုင္ပါတယ္။ ဒီတစ္ခါေတာ႔ ရွားေစာင္းလက္ပတ္ကို အသံုးျပဳလို႔ရတဲ႔နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အလွအပေရးရာမွာသံုးမယ္

-ေျခာက္ေသြ႕ေနတဲ႔အေရျပားေတြကိုကုသဖို႔အတြက္ဆုိရင္ ရွားေစာင္းလက္ပတ္အႏွစ္ရယ္၊ နႏြင္းမႈန္႕နည္းနည္းရယ္၊ ပ်ားရည္ လက္ဖက္ရည္ေဖ်ာ္ဇြန္းနဲ႕တစ္ဇြန္းစာေလာက္ရယ္၊ ႏြားႏို႔ လက္ဖက္ရည္ေဖ်ာ္ဇြန္းနဲ႕တစ္ဇြန္းစာေလာက္ရယ္၊ ႏွင္းဆီေရ (rose water, အလွကုန္ဆိုင္ေတြမွာဝယ္လို႔ရ) (၃) စက္ေလာက္ရယ္ကိုယူၿပီး ေရာသမေမႊလိုက္ပါ။ ၿပီးရင္ ေျခာက္ေသြ႕ေနတဲ႔အေရျပားေပၚမွာ လိမ္းၿပီး မိနစ္ (၂၀) ေလာက္ ထားလိုက္ပါ။

-ဝက္ျခံအတြက္ဆိုရင္ ရွားေစာင္းလက္ပတ္အႏွစ္နည္းနည္းရယ္၊ သစ္ၾကားေစ႔အမႈန္႔ရယ္၊ ပ်ားရည္ရယ္ကိုယူၿပီးေရာေမႊလိုက္ပါ။ ၿပီးရင္ ဝက္ျခံေပါက္ေနတဲ႔အေရျပားေပၚကို လိမ္းေပးလိုက္ပါ။ ပ်ားရည္မွာပါတဲ႔ anti-oxidant နဲ႕ ရွားေစာင္းလက္ပတ္မွာပါတဲ႔ ဒဏ္ရာေပ်ာက္ကင္းေစတဲ႔ဂုဏ္သတၱိေပါင္းလိုက္ရင္ အေရျပားေလးသန္႕စင္ေခ်ာမြတ္သြားၿပီေပါ႔။

-အလာ႔ဂ်စ္ျဖစ္လြယ္တဲဲ႔အသားအေရအတြက္ဆိုရင္ ရွားေစာင္းလက္ပတ္အႏွစ္နည္းနည္းရယ္၊ သခြားသီးအရည္နည္းနည္းရယ္၊ ဒိန္ခ်ဥ္ရယ္၊ ႏွင္းဆီ အဆီရယ္ကိုယူၿပီး ေရာေမႊေပးလိုက္ပါ။ ၿပီးရင္အေရျပားေပၚမွာ လိမ္းေပးၿပီး မိနစ္ (၂၀) ေလာက္ၾကာေအာင္ ထားေပးလိုက္ပါ။ ၿပီးမွေရေအးေအးေလးနဲ႔ ေဆးေပးလိုက္ပါ။

၂။ ကိုယ္အေလးခ်ိန္က်ဆင္းေစဖို႕အတြက္သံုးမယ္

ရွားေစာင္းလက္ပတ္ကို အလွအပေရးရာတစ္ခုတည္းမွာပဲသံုးလို႔ရတာမဟုတ္ပါဘူး။ ရွားေစာင္းလက္ပတ္မွာပါဝင္တဲ႔ ဗိုက္တာမင္နဲ႔သတၳဳဓာတ္ေတြက ကိုယ္အေလးခ်ိန္က်ဆင္းေရးမွာလည္း အေထာက္အကူျပဳႏိုင္ပါေသးတယ္။ ဘယ္လိုသံုးရမလဲဆိုေတာ႔ ရွားေစာင္းလက္ပတ္အႏွစ္ကို ေဖ်ာ္ရည္လုပ္ေသာက္ၿပီး ကိုယ္အေလးခ်ိန္က်ဆင္းေအာင္ ျပဳလုပ္လို႔ရပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္က ခါးလြန္းေတာ႔ ဒီတိုင္းေသာက္ဖို႔ေတာ႔မလြယ္ပါဘူး။ ဒါေၾကာင္႔ ရွားေစာင္းလက္ပတ္အႏွစ္ကိုယူၿပီး တျခားသစ္သီးေတြနဲ႔ေရာေသာက္ႏိုင္ပါတယ္။ ပ်ားရည္တို႔၊ သံပုရာရည္တို႔နဲ႔ေရာၿပီး ေသာက္လို႔လည္းရပါတယ္။

၃။ ဆံပင္ကြ်တ္ျခင္းကိုတားဆီးဖုိ႔အတြက္သံုးမယ္

ရွားေစာင္းလက္ပတ္မွာပါဝင္တဲ႔ proteolytic အင္ဇိုင္းေတြဟာ ဦးေရျပားေပၚမွာရွိတဲ႔ အေရျပားဆဲလ္ေသေတြကို ကုသေပးႏိုင္ပါတယ္။ ေနာက္ၿပီးရွားေစာင္းလက္ပတ္ဟာ ဆံပင္ကိုေပ်ာ႔ေျပာင္းေခ်ာေမြ႕ေစဖို႔ conditioner တစ္မ်ိဳးအျဖစ္ အသံုးျပဳႏိုင္ပါေသးတယ္။ ဆံပင္ကြ်တ္ျခင္းကိုတားဆီးဖို႔အတြက္ကေတာ႔ ရွားေစာင္းလက္ပတ္အႏွစ္နဲ႕အုန္းဆီကိုေရာၿပီီး တစ္ပတ္တစ္ခါေလာက္လိမ္းေပးရင္ရပါၿပီ။ (၄) (၅) ပတ္ ေလာက္ၾကာရင္ သိသာေျပာင္းလဲမႈကိုေတြ႕ျမင္ရမွာပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ရှားစောင်းလက်ပတ်ကို အလှကုန်ပစ္စည်းတွေမှာအသုံးပြုကြလေ့ရှိပါတယ်။ သူ့ရဲ့ဘက်တီရီးယားနဲ့ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းကြောင့် အလှကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ရှားစောင်းလက်ပတ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို ကျွန်တော်တို့အိမ်က ဥယျာဉ်ထဲမှာ (ဒါမှမဟုတ်) ဝရန်တာမှာ အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ဒီတစ်ခါတော့ ရှားစောင်းလက်ပတ်ကို အသုံးပြုလို့ရတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အလှအပရေးရာမှာသုံးမယ်

-ခြောက်သွေ့နေတဲ့အရေပြားတွေကိုကုသဖို့အတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်ရယ်၊ နနွင်းမှုန့်နည်းနည်းရယ်၊ ပျားရည် လက်ဖက်ရည်ဖျော်ဇွန်းနဲ့တစ်ဇွန်းစာလောက်ရယ်၊ နွားနို့ လက်ဖက်ရည်ဖျော်ဇွန်းနဲ့တစ်ဇွန်းစာလောက်ရယ်၊ နှင်းဆီရေ (rose water, အလှကုန်ဆိုင်တွေမှာဝယ်လို့ရ) (၃) စက်လောက်ရယ်ကိုယူပြီး ရောသမမွှေလိုက်ပါ။ ပြီးရင် ခြောက်သွေ့နေတဲ့အရေပြားပေါ်မှာ လိမ်းပြီး မိနစ် (၂၀) လောက် ထားလိုက်ပါ။

-ဝက်ခြံအတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်နည်းနည်းရယ်၊ သစ်ကြားစေ့အမှုန့်ရယ်၊ ပျားရည်ရယ်ကိုယူပြီးရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံပေါက်နေတဲ့အရေပြားပေါ်ကို လိမ်းပေးလိုက်ပါ။ ပျားရည်မှာပါတဲ့ anti-oxidant နဲ့ ရှားစောင်းလက်ပတ်မှာပါတဲ့ ဒဏ်ရာပျောက်ကင်းစေတဲ့ဂုဏ်သတ္တိပေါင်းလိုက်ရင် အရေပြားလေးသန့်စင်ချောမွတ်သွားပြီပေါ့။

-အလာ့ဂျစ်ဖြစ်လွယ်တဲ့အသားအရေအတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်နည်းနည်းရယ်၊ သခွားသီးအရည်နည်းနည်းရယ်၊ ဒိန်ချဉ်ရယ်၊ နှင်းဆီ အဆီရယ်ကိုယူပြီး ရောမွှေပေးလိုက်ပါ။ ပြီးရင်အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် (၂၀) လောက်ကြာအောင် ထားပေးလိုက်ပါ။ ပြီးမှရေအေးအေးလေးနဲ့ ဆေးပေးလိုက်ပါ။

၂။ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်သုံးမယ်

ရှားစောင်းလက်ပတ်ကို အလှအပရေးရာတစ်ခုတည်းမှာပဲသုံးလို့ရတာမဟုတ်ပါဘူး။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေက ကိုယ်အလေးချိန်ကျဆင်းရေးမှာလည်း အထောက်အကူပြုနိုင်ပါသေးတယ်။ ဘယ်လိုသုံးရမလဲဆိုတော့ ရှားစောင်းလက်ပတ်အနှစ်ကို ဖျော်ရည်လုပ်သောက်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင် ပြုလုပ်လို့ရပါတယ်။ ရှားစောင်းလက်ပတ်အနှစ်က ခါးလွန်းတော့ ဒီတိုင်းသောက်ဖို့တော့မလွယ်ပါဘူး။ ဒါကြောင့် ရှားစောင်းလက်ပတ်အနှစ်ကိုယူပြီး တခြားသစ်သီးတွေနဲ့ရောသောက်နိုင်ပါတယ်။ ပျားရည်တို့၊ သံပုရာရည်တို့နဲ့ရောပြီး သောက်လို့လည်းရပါတယ်။

၃။ ဆံပင်ကျွတ်ခြင်းကိုတားဆီးဖို့အတွက်သုံးမယ်

ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ proteolytic အင်ဇိုင်းတွေဟာ ဦးရေပြားပေါ်မှာရှိတဲ့ အရေပြားဆဲလ်သေတွေကို ကုသပေးနိုင်ပါတယ်။ နောက်ပြီးရှားစောင်းလက်ပတ်ဟာ ဆံပင်ကိုပျော့ပြောင်းချောမွေ့စေဖို့ conditioner တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါသေးတယ်။ ဆံပင်ကျွတ်ခြင်းကိုတားဆီးဖို့အတွက်ကတော့ ရှားစောင်းလက်ပတ်အနှစ်နဲ့အုန်းဆီကိုရောပြီး တစ်ပတ်တစ်ခါလောက်လိမ်းပေးရင်ရပါပြီ။ (၄) (၅) ပတ် လောက်ကြာရင် သိသာပြောင်းလဲမှုကိုတွေ့မြင်ရမှာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top