iMyanmarHouse.com - Best Property Website for Myanmar
×

င႐ုတ္သီးစားၿပီးစပ္လို႔ေသတယ္ဆုိတာ ပံုမွန္ေသဆံုးနည္းေတာ့ မဟုတ္ဘူးေလ။ ဒါေပမဲ့ ေသေလာက္ေအာင္စပ္တဲ့ င႐ုတ္သီးဆုိတာ တကယ္ပဲ ရွိေနပါတယ္။ Dragon's Breath လို႔ေခၚတဲ့ င႐ုတ္သီးဟာ ကမၻာ့အစပ္ဆံုးင႐ုတ္သီးျဖစ္ပါသတဲ့။

ယူေက႐ွိ Tom Smith's Plants စိုက္ပ်ိဳးေရးျခံရဲ႕ပိုင္ရွင္ မိုက္ခ္စမစ္က ကမၻာ့စံခ်ိန္တင္ အစပ္တကာ့အစပ္ဆံုးငရုတ္သီးကို ေနာ့တင္ဟမ္တကၠသိုလ္က သုေတသီေတြန႔ဲအတူ စိုက္ပ်ိဳးခဲ့တာျဖစ္ပါတယ္။ င႐ုတ္သီးကို ျမည္းစမ္းခ်င္သူေတြကို မိုက္ခ္က ေထာက္ခံမေပးပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဘဝမွာေနာက္ဆံုးေသာ အရသာျမည္းစမ္းမႈ ျဖစ္သြားႏိုင္တာေၾကာင့္လို႔ ဆုိပါတယ္။

Dragon's Breath ရဲ႕ စပ္မႈကို စံႏႈန္းနဲ႔ တုိင္းတာရာမွာ Scoville စေကးအရ အပူယူနစ္ေပါင္း ၂.၄၈ သန္း ရွိတယ္လို႔ သိရပါတယ္။ Scoville စေကးဆုိတာက လူေတြဟာ င႐ုပ္သီးကို ကိုက္မိလိုက္တဲ့အခ်ိန္မွာ ပူစပ္မႈေၾကာင့္ လူ႔ခႏၶာကိုယ္ထဲကထုတ္လႊတ္လိုက္တဲ့ capsaicin ဆုိတဲ့ ဓာတုပစၥည္းတစ္မ်ိဳး ျဖစ္တည္မႈကို တုိင္းတာတဲ့ယူနစ္ ျဖစ္ပါတယ္။ ကမၻာ့အစပ္ဆံုးင႐ုတ္သီးအျဖစ္ စံခ်ိန္ရထားတဲ့ Carolina Reaper င႐ုတ္သီးေတာင္ Scoville စေကးအရ ယူနစ္ေပါင္း ၁.၆ သန္းသာ ရွိပါတယ္။

Dragon's Breath င႐ုတ္သီးရဲ႕ အစပ္က အရမ္းကိုျပင္းထန္လြန္းတာေၾကာင့္ တစ္ကိုက္ကိုက္လိုက္႐ံုနဲ႔ မခံမရပ္ႏိုင္ေအာင္စပ္ကာ လူကိုဒုကၡေရာက္သြားေစပါလိမ့္မယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ငရုတ်သီးစားပြီးစပ်လို့သေတယ်ဆိုတာ ပုံမှန်သေဆုံးနည်းတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ သေလောက်အောင်စပ်တဲ့ ငရုတ်သီးဆိုတာ တကယ်ပဲ ရှိနေပါတယ်။ Dragon's Breath လို့ခေါ်တဲ့ ငရုတ်သီးဟာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးဖြစ်ပါသတဲ့။

ယူကေရှိ Tom Smith's Plants စိုက်ပျိုးရေးခြံရဲ့ပိုင်ရှင် မိုက်ခ်စမစ်က ကမ္ဘာ့စံချိန်တင် အစပ်တကာ့အစပ်ဆုံးငရုတ်သီးကို နော့တင်ဟမ်တက္ကသိုလ်က သုတေသီတွေနဲ့အတူ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ငရုတ်သီးကို မြည်းစမ်းချင်သူတွေကို မိုက်ခ်က ထောက်ခံမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဝမှာနောက်ဆုံးသော အရသာမြည်းစမ်းမှု ဖြစ်သွားနိုင်တာကြောင့်လို့ ဆိုပါတယ်။

Dragon's Breath ရဲ့ စပ်မှုကို စံနှုန်းနဲ့ တိုင်းတာရာမှာ Scoville စကေးအရ အပူယူနစ်ပေါင်း ၂.၄၈ သန်း ရှိတယ်လို့ သိရပါတယ်။ Scoville စကေးဆိုတာက လူတွေဟာ ငရုပ်သီးကို ကိုက်မိလိုက်တဲ့အချိန်မှာ ပူစပ်မှုကြောင့် လူ့ခန္ဓာကိုယ်ထဲကထုတ်လွှတ်လိုက်တဲ့ capsaicin ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်တည်မှုကို တိုင်းတာတဲ့ယူနစ် ဖြစ်ပါတယ်။ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးအဖြစ် စံချိန်ရထားတဲ့ Carolina Reaper ငရုတ်သီးတောင် Scoville စကေးအရ ယူနစ်ပေါင်း ၁.၆ သန်းသာ ရှိပါတယ်။

Dragon's Breath ငရုတ်သီးရဲ့ အစပ်က အရမ်းကိုပြင်းထန်လွန်းတာကြောင့် တစ်ကိုက်ကိုက်လိုက်ရုံနဲ့ မခံမရပ်နိုင်အောင်စပ်ကာ လူကိုဒုက္ခရောက်သွားစေပါလိမ့်မယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top