iMyanmarHouse.com - Best Property Website for Myanmar
×

အေျပာနဲ႔ အလုပ္မွာ ဘာက ပိုလြယ္လဲဆိုတာ အားလံုးသိၿပီးသားပါ။ ဘယ္အရာကိုပဲျဖစ္ျဖစ္ လက္ေတြ႕လုပ္ရတဲ့အခါမွာ က်႐ႈံးဖို႔အလားအလာတစ္ခု ရွိေနတတ္ပါတယ္။ သင့္အေနနဲ႔ စီးပြားေရးလုပ္ငန္းတစ္ခုကို စတင္လုပ္ေဆာင္တယ္၊ ထင္ထားသလို အလုပ္မျဖစ္ဘူး။ စာအုပ္တစ္အုပ္ေရးတယ္။ ဘယ္သူမွ စိတ္မ၀င္စားဘူး။ က်႐ႈံးမႈဆိုတာ ျဖစ္တတ္တဲ့သေဘာတစ္ခုပါပဲ။

ဒီေနရာ က်႐ႈံးမႈနဲ႔ ရင္ဆိုင္ေတြ႕လိုက္ရတဲ့ လူအမ်ားစုက ေနာင္တေတြရလာတတ္ၾကပါတယ္။ ငါတို႔ ဒီလိုမလုပ္ခဲ့မိရင္ေကာင္းမွာပဲ၊ ဘာလို႔မ်ား ဒီလိုလုပ္ခဲ့မိတာလဲ၊ ငါ ဘယ္ေလာက္ေတာင္ အသံုးမက်လိုက္သလဲ စသျဖင့္ ေနာင္တေတြရၿပီး စိတ္မလံုျခံဳမႈနဲ႔ စိုးရိမ္ေၾကာင့္က်စိတ္ေတြ မ်ားလာမွာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ဒံုရင္းအတိုင္းျပန္ျဖစ္သြားၿပီး အဆိုးျမင္စိတ္ေတြနဲ႔ ေနာက္တစ္ခါႀကိဳးစားၾကည့္မွာ မဟုတ္ေတာ့ပါဘူး။

လူအမ်ားစုအတြက္ ေအာင္ျမင္မႈရရွိဖို႔ အႀကီးမားဆံုးအတားအဆီးကေတာ့ ဘာကိုမွမႀကိဳးစားၾကည့္တာပဲ ျဖစ္ပါတယ္။ သူတို႔က တည္ရွိေနတယ္၊ ပံုမွန္ဘ၀ကို ျဖတ္သန္းတယ္၊ ထူးထူးျခားျခား ကြဲျပားတာတစ္ခုခုကို လုပ္ဖို႔ အခြင့္အေရးကို အသံုးခ်ဖို႔ ဘယ္ေတာ့မွမစဥ္းစားတတ္ၾကပါဘူး။ သူတို႔က တစ္ေန႔ၿပီးတစ္ေန႔ ပံုမွန္အတိုင္းပဲ ျဖတ္သန္းခ်င္ၾကတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အတိတ္မွာက်႐ႈံးခဲ့တာေတြေၾကာင့္ ေနာက္တစ္ႀကိမ္ႀကိဳးစားဖို႔ စိုးရိမ္ထိတ္လန္႔ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

လက္ရွိကမာၻမွာ အေအာင္ျမင္ဆံုးဆိုတဲ့ လူေတြအားလံုးဟာ က်ရႈံးမႈေတြ အမ်ားႀကီးကို ျဖတ္သန္းၿပီးမွ ဒီေနရာကို ေရာက္လာခဲ့ၾကတာပါ။ သူတို႔ ဘယ္ေလာက္ထိ ဇြဲေကာင္းေကာင္းနဲ႔ ေရွ႕ဆက္ခဲ့လဲဆိုတာက အံ့ၾသစရာပါပဲ။ သူတို႔ရဲ႕ က်႐ႈံးမႈေတြကို ေလ့လာၾကည့္မယ္ဆိုရင္ သူတို႔ ဘယ္လိုေတာင္ရွင္သန္ရပ္တည္ႏိုင္ခဲ့တာလဲဆိုတာကို ေတြးမိပါလိမ့္မယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ နာမည္ႀကီးသမၼတတစ္ဦးျဖစ္ခဲ့တဲ့ ေအဗရာဟင္ လင္ကြန္းကို ၾကည့္မယ္ဆိုရင္ သမၼတဆိုတဲ့ေနရာကို မေရာက္ခင္မွာ က်႐ႈံးမႈေတြအမ်ားႀကီးရွိခဲ့တာကို ေတြ႕ႏိုင္ပါတယ္။ ေအာင္ျမင္မႈေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ က်႐ႈံးမႈေတြက သူ႔ဘ၀ဇာတ္ေၾကာင္းရဲ႕ အစိတ္အပိုင္းအမ်ားစုပါပဲ။ ဒီက်႐ႈံးမႈေတြကပဲ ေအဗရာဟင္လင္ကြန္းဆိုတဲ့ ရာဇ၀င္တြင္တဲ့ အေမရိကန္သမၼတတစ္ဦးျဖစ္ေအာင္၊ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္ေအာင္ လုပ္ေပးခဲ့တာျဖစ္ပါတယ္။

ျပည္တြင္းစစ္ကို အႏိုင္တိုက္ႏိုင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ Ulysses S. Grant ဆိုရင္လည္း အ႐ႈံးသမားတစ္ဦးျဖစ္ခဲ့ဖူးတာပါပဲ။ သူက မေအာင္ျမင္တဲ့ အိမ္ပြဲစား၊ လယ္သမား၊ စစ္သားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သူ႔အေဖရဲ႕ သားေရဆိုင္မွာ လက္တိုလက္ေတာင္းအလုပ္ေလးေတြပဲ လုပ္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္ကဆိုရင္ သူ႔ကို ႏိုင္ငံသူရဲ႕ေကာင္းတစ္ေယာက္ျဖစ္လာမယ္လို႔ ဘယ္သူကမွ ထင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ျပည္တြင္းစစ္ကို ႏိုင္ေအာင္တိုက္ၿပီးတဲ့အခါမွာေတာ့ သူ႔ကို ေအာင္ျမင္သူတစ္ေယာက္အျဖစ္ လူတိုင္းက ျမင္လာၾကပါတယ္။ တကယ္လို႔ သူသာ သားေရဆိုင္မွာပဲ ဘ၀ကို လက္ေလွ်ာ့ေနခဲ့မယ္ဆိုရင္ အိမ္နီးခ်င္းေတြၾကားထဲမွာ သူ႔အေဖဆိုင္က အခိုင္းအေစတစ္ေယာက္ဆိုတာထက္ ပိုျမင္လာမွာ မဟုတ္ပါဘူး။

ေအာင္ျမင္မႈတစ္ခုကို တည္ေဆာက္ၿပီး နာမည္မေက်ာ္လာခင္က က်႐ႈံးမႈေတြ တသီတတန္းႀကီးနဲ႔ ရွင္သန္ရပ္တည္ခဲ့ရတဲ့ သူရဲ႕ေကာင္းေတြ၊ အမ်ိဳးသားေတြ အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိပါတယ္။ သူတို႔ရဲ႕ ေအာင္ျမင္မႈအေၾကာင္း ေရးထားတဲ့ စာအုပ္ေတြကို ေလ့လာၾကည့္မယ္ဆိုရင္ သူတို႔ရဲ႕က်႐ႈံးမႈေတြက ပိုမ်ားေနတာကို ေတြ႕ရမွာ ေသခ်ာပါတယ္။

က်႐ႈံးမႈရဲ႕ အခက္ခဲဆံုးအပိုင္းက ေရွ႕ဆက္လွမ္းႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ က်႐ႈံးမႈကေန ေရွ႕ကို ဆက္လွမ္းႏိုင္ၿပီဆိုရင္လည္း ေအာင္ျမင္မႈက က်ိန္းေသေပါက္ေစာင့္ႀကိဳေနမွာ ျဖစ္ပါတယ္။

အတိတ္က ေအာင္ျမင္မႈ ဒါမွမဟုတ္ က်႐ႈံးမႈကို ဖက္တြယ္ထားတဲ့သူေတြအားလံုးမွာ တူညီတာတစ္ခုရွိပါတယ္။ သူတို႔အားလံုးက အတိတ္မွာ ရွင္သန္ေနၾကသူေတြပဲ ျဖစ္ပါတယ္။ သင့္အေနနဲ႔ အနာဂတ္ကို အာ႐ုံစိုက္ထားဖို႔ လိုပါတယ္။ ေရွ႕ဆက္ဖို႔ကိုလည္း အာ႐ုံစိုက္ႏိုင္ရပါမယ္။ ဒါက ေနာက္တစ္ေန႔ေရာက္ၿပီ၊ လုပ္စရာရွိတာေတြကို လုပ္ရမယ္ဆိုတဲ့ စိတ္မ်ိဳးေမြးႏိုင္ဖို႔ လိုပါတယ္။

က်႐ႈံးမႈနဲ႔ ရင္ဆိုင္ႏိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ ေရွ႕ကိုဆက္တိုးဖို႔ပဲျဖစ္ပါတယ္။ ေနာက္တစ္လွမ္းတိုးဖို႔ ဆိုတဲ့ေနရာမွာ –
ေနာက္ထပ္ စြန္႔စားမႈက ဘာလဲ ?
ေနာက္ထပ္ ဘာကို လုပ္ေဆာင္မွာလဲ ?
ေနာက္ထပ္ ဘယ္လိုလမ္းမ်ိဳးကို ေလွ်ာက္မွာလဲ ?
ေနာက္ထပ္ လုပ္ငန္းက ဘာလဲ ?
ေနာက္ထပ္ ဖန္တီးအေကာင္အထည္ေဖာ္မယ့္ စီမံကိန္းက ဘာလဲ ?? အစရွိသျဖင့္ စဥ္းစားရမွာ ျဖစ္ပါတယ္။

ေရွ႕ကို ဆက္တိုးပါ၊ လမ္းေၾကာင္းသစ္ေတြ ခ်မွတ္ၿပီး ေနာက္ထပ္ေတြ႕ၾကံဳရမွာေတြအတြက္ စိတ္လႈပ္ရွားေနလိုက္ပါ။ ဘ၀ကို လႈံ႔ေဆာ္မႈေပးႏိုင္တဲ့ ခံစားမႈႏွစ္ခုကေတာ့ စိတ္လႈပ္ရွားမႈနဲ႔ စိတ္အားထက္သန္မႈပဲ ျဖစ္ပါတယ္။ ဒီႏွစ္ခုစလံုးကလည္း လုပ္သမွ်အရာမထင္ပဲ ခက္ခဲ႐ႈံးနိမ့္ေနတဲ့အခါမ်ိဳးမွာ အလြယ္တကူပဲ ေပ်ာက္ကြယ္သြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအေျခအေနပဲ ႀကံဳေနပါေစ၊ သင္ျဖစ္ခ်င္တဲ့ အနာဂတ္ကို ႀကိဳေတြးၿပီး စိတ္လႈပ္ရွားမႈနဲ႔ စိတ္အားထက္သန္မႈကို ထိန္းထားလိုက္ပါ။

စိတ္လႈပ္ရွားမႈနဲ႔ စိတ္အားထက္သန္မႈကို ဘယ္လိုထိန္းထားႏိုင္မလဲ။ ေနာက္ထပ္လုပ္မယ့္အရာကို ေျပာျပပါ။ ခ်ေရးထားပါ။ သင့္ကိုကူညီေပးႏိုင္တဲ့သူေတြကို တိုင္ပင္ပါ။ ေန႔တိုင္းၾကည့္ေနက် ၾကည့္မွန္မွာ ကပ္ထားလိုက္ပါ။ ဒါေပမယ့္ သင့္ရဲ႕စိတ္ကူးနဲ႔ အေတြးေတြကို ေနာက္ထပ္ ရည္မွန္းခ်က္ေတြ၊ ေနာက္ထပ္ လမ္းေၾကာင္းေတြေပၚမွာ ေသခ်ာအာ႐ုံစိုက္ထားၿပီး လြန္ခဲ့ၿပီးေသာ က်႐ႈံးမႈေတြကို ေမ့လိုက္ႏိုင္ဖို႔ ႀကိဳးစားပါ။

သင့္ရဲ႕အေတြးေတြကို သင္ကိုယ္တိုင္ပဲ ထိန္းခ်ဳပ္ရမွာပါ။ ေအာင္ျမင္မႈပဲျဖစ္ျဖစ္၊ က်႐ႈံးမႈပဲျဖစ္ျဖစ္ ႀကံဳေတြ႕ရတဲ့အခါတိုင္းမွာ ေနာက္ထပ္ဘာလုပ္မွာလဲဆိုတာကိုပဲ အာ႐ုံစိုက္ထားဖို႔ လိုပါတယ္။ ဒါဆိုရင္ က်႐ႈံးမႈေၾကာင့္ သင္ရပ္တန္႔ေနေတာ့မွာ မဟုတ္ပဲ ေအာင္ျမင္မႈဆီကို ေရာက္တဲ့အထိ ေလွ်ာက္လွမ္းသြားႏိုင္မွာပဲ ျဖစ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အပြောနဲ့ အလုပ်မှာ ဘာက ပိုလွယ်လဲဆိုတာ အားလုံးသိပြီးသားပါ။ ဘယ်အရာကိုပဲဖြစ်ဖြစ် လက်တွေ့လုပ်ရတဲ့အခါမှာ ကျရှုံးဖို့အလားအလာတစ်ခု ရှိနေတတ်ပါတယ်။ သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်တယ်၊ ထင်ထားသလို အလုပ်မဖြစ်ဘူး။ စာအုပ်တစ်အုပ်ရေးတယ်။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ကျရှုံးမှုဆိုတာ ဖြစ်တတ်တဲ့သဘောတစ်ခုပါပဲ။

ဒီနေရာ ကျရှုံးမှုနဲ့ ရင်ဆိုင်တွေ့လိုက်ရတဲ့ လူအများစုက နောင်တတွေရလာတတ်ကြပါတယ်။ ငါတို့ ဒီလိုမလုပ်ခဲ့မိရင်ကောင်းမှာပဲ၊ ဘာလို့များ ဒီလိုလုပ်ခဲ့မိတာလဲ၊ ငါ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ စသဖြင့် နောင်တတွေရပြီး စိတ်မလုံခြုံမှုနဲ့ စိုးရိမ်ကြောင့်ကျစိတ်တွေ များလာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒုံရင်းအတိုင်းပြန်ဖြစ်သွားပြီး အဆိုးမြင်စိတ်တွေနဲ့ နောက်တစ်ခါကြိုးစားကြည့်မှာ မဟုတ်တော့ပါဘူး။

လူအများစုအတွက် အောင်မြင်မှုရရှိဖို့ အကြီးမားဆုံးအတားအဆီးကတော့ ဘာကိုမှမကြိုးစားကြည့်တာပဲ ဖြစ်ပါတယ်။ သူတို့က တည်ရှိနေတယ်၊ ပုံမှန်ဘဝကို ဖြတ်သန်းတယ်၊ ထူးထူးခြားခြား ကွဲပြားတာတစ်ခုခုကို လုပ်ဖို့ အခွင့်အရေးကို အသုံးချဖို့ ဘယ်တော့မှမစဉ်းစားတတ်ကြပါဘူး။ သူတို့က တစ်နေ့ပြီးတစ်နေ့ ပုံမှန်အတိုင်းပဲ ဖြတ်သန်းချင်ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အတိတ်မှာကျရှုံးခဲ့တာတွေကြောင့် နောက်တစ်ကြိမ်ကြိုးစားဖို့ စိုးရိမ်ထိတ်လန့်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာမှာ အအောင်မြင်ဆုံးဆိုတဲ့ လူတွေအားလုံးဟာ ကျရှုံးမှုတွေ အများကြီးကို ဖြတ်သန်းပြီးမှ ဒီနေရာကို ရောက်လာခဲ့ကြတာပါ။ သူတို့ ဘယ်လောက်ထိ ဇွဲကောင်းကောင်းနဲ့ ရှေ့ဆက်ခဲ့လဲဆိုတာက အံ့သြစရာပါပဲ။ သူတို့ရဲ့ ကျရှုံးမှုတွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့ ဘယ်လိုတောင်ရှင်သန်ရပ်တည်နိုင်ခဲ့တာလဲဆိုတာကို တွေးမိပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကြီးသမ္မတတစ်ဦးဖြစ်ခဲ့တဲ့ အေဗရာဟင် လင်ကွန်းကို ကြည့်မယ်ဆိုရင် သမ္မတဆိုတဲ့နေရာကို မရောက်ခင်မှာ ကျရှုံးမှုတွေအများကြီးရှိခဲ့တာကို တွေ့နိုင်ပါတယ်။ အောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျရှုံးမှုတွေက သူ့ဘဝဇာတ်ကြောင်းရဲ့ အစိတ်အပိုင်းအများစုပါပဲ။ ဒီကျရှုံးမှုတွေကပဲ အေဗရာဟင်လင်ကွန်းဆိုတဲ့ ရာဇဝင်တွင်တဲ့ အမေရိကန်သမ္မတတစ်ဦးဖြစ်အောင်၊ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းစစ်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ် Ulysses S. Grant ဆိုရင်လည်း အရှုံးသမားတစ်ဦးဖြစ်ခဲ့ဖူးတာပါပဲ။ သူက မအောင်မြင်တဲ့ အိမ်ပွဲစား၊ လယ်သမား၊ စစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့အဖေရဲ့ သားရေဆိုင်မှာ လက်တိုလက်တောင်းအလုပ်လေးတွေပဲ လုပ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကဆိုရင် သူ့ကို နိုင်ငံသူရဲ့ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်ပြီးတဲ့အခါမှာတော့ သူ့ကို အောင်မြင်သူတစ်ယောက်အဖြစ် လူတိုင်းက မြင်လာကြပါတယ်။ တကယ်လို့ သူသာ သားရေဆိုင်မှာပဲ ဘဝကို လက်လျှော့နေခဲ့မယ်ဆိုရင် အိမ်နီးချင်းတွေကြားထဲမှာ သူ့အဖေဆိုင်က အခိုင်းအစေတစ်ယောက်ဆိုတာထက် ပိုမြင်လာမှာ မဟုတ်ပါဘူး။

အောင်မြင်မှုတစ်ခုကို တည်ဆောက်ပြီး နာမည်မကျော်လာခင်က ကျရှုံးမှုတွေ တသီတတန်းကြီးနဲ့ ရှင်သန်ရပ်တည်ခဲ့ရတဲ့ သူရဲ့ကောင်းတွေ၊ အမျိုးသားတွေ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ အောင်မြင်မှုအကြောင်း ရေးထားတဲ့ စာအုပ်တွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့ရဲ့ကျရှုံးမှုတွေက ပိုများနေတာကို တွေ့ရမှာ သေချာပါတယ်။

ကျရှုံးမှုရဲ့ အခက်ခဲဆုံးအပိုင်းက ရှေ့ဆက်လှမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျရှုံးမှုကနေ ရှေ့ကို ဆက်လှမ်းနိုင်ပြီဆိုရင်လည်း အောင်မြင်မှုက ကျိန်းသေပေါက်စောင့်ကြိုနေမှာ ဖြစ်ပါတယ်။

အတိတ်က အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုကို ဖက်တွယ်ထားတဲ့သူတွေအားလုံးမှာ တူညီတာတစ်ခုရှိပါတယ်။ သူတို့အားလုံးက အတိတ်မှာ ရှင်သန်နေကြသူတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အနာဂတ်ကို အာရုံစိုက်ထားဖို့ လိုပါတယ်။ ရှေ့ဆက်ဖို့ကိုလည်း အာရုံစိုက်နိုင်ရပါမယ်။ ဒါက နောက်တစ်နေ့ရောက်ပြီ၊ လုပ်စရာရှိတာတွေကို လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးနိုင်ဖို့ လိုပါတယ်။

ကျရှုံးမှုနဲ့ ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရှေ့ကိုဆက်တိုးဖို့ပဲဖြစ်ပါတယ်။ နောက်တစ်လှမ်းတိုးဖို့ ဆိုတဲ့နေရာမှာ –
နောက်ထပ် စွန့်စားမှုက ဘာလဲ ?
နောက်ထပ် ဘာကို လုပ်ဆောင်မှာလဲ ?
နောက်ထပ် ဘယ်လိုလမ်းမျိုးကို လျှောက်မှာလဲ ?
နောက်ထပ် လုပ်ငန်းက ဘာလဲ ?
နောက်ထပ် ဖန်တီးအကောင်အထည်ဖော်မယ့် စီမံကိန်းက ဘာလဲ ?? အစရှိသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။

ရှေ့ကို ဆက်တိုးပါ၊ လမ်းကြောင်းသစ်တွေ ချမှတ်ပြီး နောက်ထပ်တွေ့ကြုံရမှာတွေအတွက် စိတ်လှုပ်ရှားနေလိုက်ပါ။ ဘဝကို လှုံ့ဆော်မှုပေးနိုင်တဲ့ ခံစားမှုနှစ်ခုကတော့ စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးကလည်း လုပ်သမျှအရာမထင်ပဲ ခက်ခဲရှုံးနိမ့်နေတဲ့အခါမျိုးမှာ အလွယ်တကူပဲ ပျောက်ကွယ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေပဲ ကြုံနေပါစေ၊ သင်ဖြစ်ချင်တဲ့ အနာဂတ်ကို ကြိုတွေးပြီး စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုကို ထိန်းထားလိုက်ပါ။

စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုကို ဘယ်လိုထိန်းထားနိုင်မလဲ။ နောက်ထပ်လုပ်မယ့်အရာကို ပြောပြပါ။ ချရေးထားပါ။ သင့်ကိုကူညီပေးနိုင်တဲ့သူတွေကို တိုင်ပင်ပါ။ နေ့တိုင်းကြည့်နေကျ ကြည့်မှန်မှာ ကပ်ထားလိုက်ပါ။ ဒါပေမယ့် သင့်ရဲ့စိတ်ကူးနဲ့ အတွေးတွေကို နောက်ထပ် ရည်မှန်းချက်တွေ၊ နောက်ထပ် လမ်းကြောင်းတွေပေါ်မှာ သေချာအာရုံစိုက်ထားပြီး လွန်ခဲ့ပြီးသော ကျရှုံးမှုတွေကို မေ့လိုက်နိုင်ဖို့ ကြိုးစားပါ။

သင့်ရဲ့အတွေးတွေကို သင်ကိုယ်တိုင်ပဲ ထိန်းချုပ်ရမှာပါ။ အောင်မြင်မှုပဲဖြစ်ဖြစ်၊ ကျရှုံးမှုပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့အခါတိုင်းမှာ နောက်ထပ်ဘာလုပ်မှာလဲဆိုတာကိုပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။ ဒါဆိုရင် ကျရှုံးမှုကြောင့် သင်ရပ်တန့်နေတော့မှာ မဟုတ်ပဲ အောင်မြင်မှုဆီကို ရောက်တဲ့အထိ လျှောက်လှမ်းသွားနိုင်မှာပဲ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top