iMyanmarHouse.com - Best Property Website for Myanmar
×

အဝလြန္ျခင္းနဲ႔ စိတ္ဖိစီးမႈ ဆက္သြယ္ခ်က္ရွိတယ္ဆိုတာကို သိတာအခ်ိန္အေတာ္ၾကာၿပီး အခုအခါမွာဆိုရင္ သိပၸံပညာရွင္ေတြက ဒီဆက္သြယ္ခ်က္ကို သက္ေသျပႏိုင္တဲ့အခ်က္ေတြကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

အဝလြန္ျခင္းႏွင့္ စိတ္ဖိစီးမႈအၾကား ဇီဝေဗဒဆိုင္ရာဆက္သြယ္ခ်က္

အမ်ားအားျဖင့္ စိတ္ဖိစီးမႈမ်ားတဲ့အခါ အဆီဓာတ္ (သို႔) သၾကားဓာတ္မ်ားတဲ့အစားအစာေတြကို အလြန္အမင္းစားခ်င္စိတ္ေတြျဖစ္လာပါတယ္။ သုေတသီေတြက ေဟာ္မုန္းတစ္ခ်ိဳ႕ရဲ႕လႊမ္းမိုးမႈေၾကာင့္ ဒီလိုျဖစ္ရတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။

Serotonin - စိတ္ဖိစီးမႈအရမ္းမ်ားတဲ့အခ်ိန္မွာ အဆီတက္ေစတဲ့ အခ်ိဳမ်ားတဲ့အစားအစာေတြ ကို ေတာင့္တျခင္းက ကိုယ့္ကိုယ္ကိုသက္သာရာရေအာင္ ကုသျခင္းတစ္မ်ိဳးပါပဲ။ ကစီဓာတ္ေတြကို စားလိုက္တဲ့အခါမွာ serotonin ပမာဏတက္လာပါတယ္။ ဒီ Serotonin ဓာတ္က စိတ္သက္သာရာရေစပါတယ္။

Cortisol - စိတ္ဖိစီးမႈေတြက အခ်ိန္ၾကာလာတဲ့အခါမွာ cortisol ေတြမ်ားမ်ားထြက္လာေစပါတယ္။ cortisol ေဟာ္မုန္းက ကြၽႏု္ပ္တို႔ခႏၶာကိုယ္မွာ စြမ္းအင္နဲ႔ အဆီအသုံးခ်မႈနဲ႔ သိုေလွာင္မႈေတြကို ထိန္းခ်ဳပ္ပါတယ္။ ဒါ့အျပင္ Cortisol က အစာစားခ်င္စိတ္ကိုမ်ားေစၿပီး အထူးသျဖင့္ အခ်ိဳနဲ႔ အဆီဓာတ္မ်ားတဲ့အစားအစာေတြကို စားခ်င္စိတ္ပိုျဖစ္ေစပါတယ္။

Neuropeptide Y - ေနာက္ဆုံးေတြ႕ရွိခ်က္အရ စိတ္ဖိစီးမႈခံစားေနရခ်ိန္မွာ ခႏၶာကိုယ္ကေန အစာေခ်ဖ်က္ရာမွာ ပုံမွန္မဟုတ္ဘဲ ကြဲျပားသြားပါတယ္။ ႂကြက္ေတြကို ေလ့လာၾကည့္တဲ့အခါမွာ စိတ္ဖိစီးမႈမ်ားတဲအခ်ိန္မွာ အဆီနဲ႔ သၾကားဓာတ္မ်ားတဲ့အစာေတြစားၿပီး ခႏၶာကိုယ္အဆီေတြတက္လာၿပီး အစာပုံမွန္အတိုင္းစားတဲ့ႂကြက္ေတြကေတာ့ စိတ္ဖိစီးမႈရွိေပမယ့္ အဆီမတက္တာကိုေတြ႕ရပါတယ္။ ဒါက စိတ္ဖိစီးမႈမ်ားခ်ိန္မွာ Neuropeptide Y ဆိုတဲ့ဓာတ္တစ္မ်ိဳးထြက္လာၿပီး အဆီေတြစုေစလို႔ျဖစ္ပါတယ္။ အဆီနဲ႔ အခ်ိဳဓာတ္မ်ားတဲ့အစားအစာေတြက ဒီဓာတ္ကို ပိုထြက္ေစပါတယ္။

စိတ္ဖိစီးမႈေတြၾကားက အဝမလြန္ေအာင္ဘယ္လိုထိန္းသိမ္းၾကမလဲ?

1. အဆာလြန္ေအာင္မေနပါနဲ႔

အစာမစားတာအခ်ိန္ၾကာၿပီး အလြန္အမင္းဆာေလာင္လာၿပီဆိုရင္ ေသြးထဲက သၾကားဓာတ္ပမာဏ က်ဆင္းသြားေစပါတယ္။ ဒီအခ်ိန္မွာ လူက အက်ိဳးအေၾကာင္းေသခ်ာမေတြးႏိုင္ဘဲ ဘယ္အရာကိုမဆို စားခ်င္စိတ္မ်ားလာပါတယ္။ ဒီလိုမျဖစ္ေစဖို႔အတြက္ အစာကို ပုံမွန္စားေပးပါ။

2. အစားအစာအနည္းငယ္ပဲထည့္စားပါ

စိတ္ဖိစီးမႈမ်ားလာတဲ့အခါ လူေတြက ဘာေတြစားမိေနတယ္ ဘယ္ေလာက္ထိစားမိသြားလဲဆိုတာကို မေတြးႏိုင္ သတိမထားမိႏိုင္ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ အစားအစာကို နည္းနည္းပဲထည့္စားမယ္ဆိုရင္ ကယ္လိုရီပမာဏကို ထိန္းခ်ဳပ္ႏိုင္ပါလိမ့္မယ္။

3. က်န္းမာေရးနဲ႔ညီၫႊတ္တဲ့အစားအစာေတြကိုစားပါ

အသားဓာတ္နဲ႔ ကစီဓာတ္ေပါင္းစပ္ထားတဲ့အစားအစာေတြက အစာေၾကဖို႔ေႏွးၿပီး အခ်ိန္အေတာ္ၾကာေအာင္ ဗိုက္ျပည့္ေနေစတဲ့အတြက္ ဒီလိုအစားအစာေတြစားသင့္ပါတယ္။ အဆီဓာတ္နဲ႔ သၾကားဓာတ္မ်ားတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ပါ။

4. ဘာေတြစားမိေနလဲဆိုတာကို အၿမဲသတိရွိပါေစ

မွန္ကန္တဲ့အစားအစာေတြကို စနစ္တက်စားသုံးျခင္းျဖင့္ စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ ခႏၶာကိုယ္ကို အားျဖည့္ေပးပါတယ္။

5. စိတ္ဖိစီးမႈေတြကို ေကာင္းေကာင္းရင္ဆိုင္ေျဖရွင္းလိုက္ပါ

စိတ္ဖိစီးမႈေတြကို သက္သာေစမယ့္နည္းလမ္းေတြကို ရွာေဖြျခင္းက က်န္းမာေရးေကာင္းဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ေရာဂက်င့္စဥ္၊ ထိုက္ခ်ိ၊ တရားထိုင္ျခင္း စသည္ျဖင့္ တစ္မ်ိဳးမ်ိဳးျပဳလုပ္ၾကည့္ပါ။ ေလ့က်င့္ခန္းပုံမွန္လုပ္ပါ။ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ေတြ႕ဆုံပါ။ ရင္ဖြင့္ပါ။ ဘဝမွာ စိတ္ဖိစီးမႈျဖစ္ေစတဲ့အရာေတြကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ပါ။

စိတ္ဖိစီးမႈမ်ားတဲ့အခ်ိန္မွာ အခ်ိဳေတြ အဆီမ်ားတဲ့အစာေတြကိုပဲ စားခ်င္ေနတာက သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါလိုမျဖစ္ေစဖို႔အတြက္ နည္းလမ္းေတြရွာေဖြရပါမယ္။ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေတြရွာပါ။ မွန္ကန္တဲ့အစားအစာေတြကို ေ႐ြးခ်ယ္စားသုံးပါ။ စိတ္ဖိစီးမႈဆိုတာ ကြၽႏု္ပ္တို႔ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ဒါေၾကာင့္ အဝမလြန္ေအာင္ ထိန္းခ်ဳပ္ႏိုင္ၾကပါေစ။

သတင္းအရင္းျမစ္ : Dr. Mya Myo Myo Swe

Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှု ဆက်သွယ်ချက်ရှိတယ်ဆိုတာကို သိတာအချိန်အတော်ကြာပြီး အခုအခါမှာဆိုရင် သိပ္ပံပညာရှင်တွေက ဒီဆက်သွယ်ချက်ကို သက်သေပြနိုင်တဲ့အချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုအကြား ဇီဝဗေဒဆိုင်ရာဆက်သွယ်ချက်

အများအားဖြင့် စိတ်ဖိစီးမှုများတဲ့အခါ အဆီဓာတ် (သို့) သကြားဓာတ်များတဲ့အစားအစာတွေကို အလွန်အမင်းစားချင်စိတ်တွေဖြစ်လာပါတယ်။ သုတေသီတွေက ဟော်မုန်းတစ်ချို့ရဲ့လွှမ်းမိုးမှုကြောင့် ဒီလိုဖြစ်ရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Serotonin - စိတ်ဖိစီးမှုအရမ်းများတဲ့အချိန်မှာ အဆီတက်စေတဲ့ အချိုများတဲ့အစားအစာတွေ ကို တောင့်တခြင်းက ကိုယ့်ကိုယ်ကိုသက်သာရာရအောင် ကုသခြင်းတစ်မျိုးပါပဲ။ ကစီဓာတ်တွေကို စားလိုက်တဲ့အခါမှာ serotonin ပမာဏတက်လာပါတယ်။ ဒီ Serotonin ဓာတ်က စိတ်သက်သာရာရစေပါတယ်။

Cortisol - စိတ်ဖိစီးမှုတွေက အချိန်ကြာလာတဲ့အခါမှာ cortisol တွေများများထွက်လာစေပါတယ်။ cortisol ဟော်မုန်းက ကျွနု်ပ်တို့ခန္ဓာကိုယ်မှာ စွမ်းအင်နဲ့ အဆီအသုံးချမှုနဲ့ သိုလှောင်မှုတွေကို ထိန်းချုပ်ပါတယ်။ ဒါ့အပြင် Cortisol က အစာစားချင်စိတ်ကိုများစေပြီး အထူးသဖြင့် အချိုနဲ့ အဆီဓာတ်များတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်စေပါတယ်။

Neuropeptide Y - နောက်ဆုံးတွေ့ရှိချက်အရ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်ကနေ အစာချေဖျက်ရာမှာ ပုံမှန်မဟုတ်ဘဲ ကွဲပြားသွားပါတယ်။ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာ စိတ်ဖိစီးမှုများတဲအချိန်မှာ အဆီနဲ့ သကြားဓာတ်များတဲ့အစာတွေစားပြီး ခန္ဓာကိုယ်အဆီတွေတက်လာပြီး အစာပုံမှန်အတိုင်းစားတဲ့ကြွက်တွေကတော့ စိတ်ဖိစီးမှုရှိပေမယ့် အဆီမတက်တာကိုတွေ့ရပါတယ်။ ဒါက စိတ်ဖိစီးမှုများချိန်မှာ Neuropeptide Y ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး အဆီတွေစုစေလို့ဖြစ်ပါတယ်။ အဆီနဲ့ အချိုဓာတ်များတဲ့အစားအစာတွေက ဒီဓာတ်ကို ပိုထွက်စေပါတယ်။

စိတ်ဖိစီးမှုတွေကြားက အဝမလွန်အောင်ဘယ်လိုထိန်းသိမ်းကြမလဲ?

1. အဆာလွန်အောင်မနေပါနဲ့

အစာမစားတာအချိန်ကြာပြီး အလွန်အမင်းဆာလောင်လာပြီဆိုရင် သွေးထဲက သကြားဓာတ်ပမာဏ ကျဆင်းသွားစေပါတယ်။ ဒီအချိန်မှာ လူက အကျိုးအကြောင်းသေချာမတွေးနိုင်ဘဲ ဘယ်အရာကိုမဆို စားချင်စိတ်များလာပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် အစာကို ပုံမှန်စားပေးပါ။

2. အစားအစာအနည်းငယ်ပဲထည့်စားပါ

စိတ်ဖိစီးမှုများလာတဲ့အခါ လူတွေက ဘာတွေစားမိနေတယ် ဘယ်လောက်ထိစားမိသွားလဲဆိုတာကို မတွေးနိုင် သတိမထားမိနိုင်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အစားအစာကို နည်းနည်းပဲထည့်စားမယ်ဆိုရင် ကယ်လိုရီပမာဏကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

3. ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကိုစားပါ

အသားဓာတ်နဲ့ ကစီဓာတ်ပေါင်းစပ်ထားတဲ့အစားအစာတွေက အစာကြေဖို့နှေးပြီး အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် ဒီလိုအစားအစာတွေစားသင့်ပါတယ်။ အဆီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။

4. ဘာတွေစားမိနေလဲဆိုတာကို အမြဲသတိရှိပါစေ

မှန်ကန်တဲ့အစားအစာတွေကို စနစ်တကျစားသုံးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကို အားဖြည့်ပေးပါတယ်။

5. စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်ဖြေရှင်းလိုက်ပါ

စိတ်ဖိစီးမှုတွေကို သက်သာစေမယ့်နည်းလမ်းတွေကို ရှာဖွေခြင်းက ကျန်းမာရေးကောင်းဖို့ အထောက်အကူဖြစ်စေပါတယ်။ ရောဂကျင့်စဉ်၊ ထိုက်ချိ၊ တရားထိုင်ခြင်း စသည်ဖြင့် တစ်မျိုးမျိုးပြုလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ အချိန်တွေ့ဆုံပါ။ ရင်ဖွင့်ပါ။ ဘဝမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို တတ်နိုင်သမျှလျှော့ချပါ။

စိတ်ဖိစီးမှုများတဲ့အချိန်မှာ အချိုတွေ အဆီများတဲ့အစာတွေကိုပဲ စားချင်နေတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါလိုမဖြစ်စေဖို့အတွက် နည်းလမ်းတွေရှာဖွေရပါမယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေရှာပါ။ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပါ။ စိတ်ဖိစီးမှုဆိုတာ ကျွနု်ပ်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် အဝမလွန်အောင် ထိန်းချုပ်နိုင်ကြပါစေ။

သတင်းအရင်းမြစ် : Dr. Mya Myo Myo Swe

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top