iMyanmarHouse.com - Best Property Website for Myanmar
×

သြားတိုက္တံဟာ အျမဲသန္႔ရွင္းေနရမွာျဖစ္ျပီး ဘက္တီးရီးယားေတြ ရွိေနလို႔ လုံးဝမရပါဘူး။  သြားတုိက္တံကို ပံုမွန္လဲေပးဖို႔လိုပါတယ္။ အေကာင္းဆံုးက သံုးလတစ္ခါ အသစ္လဲသင့္တာ ျဖစ္ပါတယ္။ သြားတုိက္တံမွာ ပိုးမႊားေလးေတြ တိုးတက္ခိုေအာင္းလာႏုိင္တဲ့ အေျခအေနထိ ၾကီးထြားမလာခင္ လဲေပးဖို႔ပဲ ျဖစ္ပါတယ္။ ဒီလိုလဲေပးမႈ မရွိဘူးဆုိရင္ေတာ့ ေအာက္ပါအေျခအေနေတြကို ၾကံဳရမွာပါ။
အစာအိမ္လမ္းေၾကာင္း

ပိုးမႊားေတြ အစာအိမ္လမ္းေၾကာင္းထဲ ေရာက္ရွိႏုိင္ပါတယ္။ ပိုးမႊားနဲ႔ အမႈန္အမႊားေတြဟာ စုေဝးအထုိင္က်လာျပီး အစာအိမ္လမ္းေၾကာင္းထဲ ဝင္လာႏုိင္ပါတယ္။  ဒါ့အျပင္ သြားတိုက္တံကို သံုးစြဲျပီးေနာက္ပိုင္း ေသခ်ာမေဆးတာ၊ မသန္႔ရွင္းတဲ့ေနရာမွာထားတာ၊ ဖံုးမထားတာေတြဟာလည္း ပိုးမႊားေတြ ပိုမိုစုေဝးလာေစပါတယ္။

သြားဖံုး

သြားတိုက္တံကို ေရရွည္သံုးစြဲတာ ၾကာလာတဲ့အခါ ပံုပ်က္လာပါတယ္။ ဒီအခါ သြားတိုက္ရင္ သြားဖံုးနာက်င္တာေတြ ျဖစ္လာတတ္ပါတယ္။ သြားဖံုးကို ပိုးဝင္တာ၊ သြားေၾကႊလႊာေတြ ထိခိုက္တာမ်ိဳးေတြ ျဖစ္လာျပီး သြားနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ရလာႏုိင္ပါတယ္။
ခံတြင္းနံ႔

ေနာက္ထပ္ဆုိးက်ိဳးတစ္ခုကေတာ့ ခံတြင္းနံ႔မေကာင္းတာ ျဖစ္ပါတယ္။ သြားတုိက္တံဟာ ေရရွည္ၾကာလာတဲ့အခါမွာ သြားေတြကို သန္႔ရွင္းမႈမွာ ထိေရာက္ျခင္းမရွိေတာ့ပါဘူး။ သြားၾကားထဲက စားၾကြင္းစားက်န္ေလးေတြကို သန္႔ရွင္းႏုိင္ျခင္းလည္း မရွိေတာ့ပါဘူး။ဒီလိုဆိုးက်ိဳးေတြကို ရင္ဆုိင္ေနမယ့္အစား သြားပြတ္တံကို ပံုမွန္ သံုးလတစ္ခါ လဲေပးတာ အေကာင္းဆံုးပါပဲ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သွားတိုက်တံဟာ အမြဲသန့်ရှင်းနေရမှာဖြစ်ပြီး ဘက်တီးရီးယားတွေ ရှိနေလို့ လုံးဝမရပါဘူး။  သွားတိုက်တံကို ပုံမှန်လဲပေးဖို့လိုပါတယ်။ အကောင်းဆုံးက သုံးလတစ်ခါ အသစ်လဲသင့်တာ ဖြစ်ပါတယ်။ သွားတိုက်တံမှာ ပိုးမွှားလေးတွေ တိုးတက်ခိုအောင်းလာနိုင်တဲ့ အခြေအနေထိ ကြီးထွားမလာခင် လဲပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလဲပေးမှု မရှိဘူးဆိုရင်တော့ အောက်ပါအခြေအနေတွေကို ကြုံရမှာပါ။
အစာအိမ်လမ်းကြောင်း

ပိုးမွှားတွေ အစာအိမ်လမ်းကြောင်းထဲ ရောက်ရှိနိုင်ပါတယ်။ ပိုးမွှားနဲ့ အမှုန်အမွှားတွေဟာ စုဝေးအထိုင်ကျလာပြီး အစာအိမ်လမ်းကြောင်းထဲ ဝင်လာနိုင်ပါတယ်။  ဒါ့အပြင် သွားတိုက်တံကို သုံးစွဲပြီးနောက်ပိုင်း သေချာမဆေးတာ၊ မသန့်ရှင်းတဲ့နေရာမှာထားတာ၊ ဖုံးမထားတာတွေဟာလည်း ပိုးမွှားတွေ ပိုမိုစုဝေးလာစေပါတယ်။

သွားဖုံး

သွားတိုက်တံကို ရေရှည်သုံးစွဲတာ ကြာလာတဲ့အခါ ပုံပျက်လာပါတယ်။ ဒီအခါ သွားတိုက်ရင် သွားဖုံးနာကျင်တာတွေ ဖြစ်လာတတ်ပါတယ်။ သွားဖုံးကို ပိုးဝင်တာ၊ သွားကြွှေလွှာတွေ ထိခိုက်တာမျိုးတွေ ဖြစ်လာပြီး သွားနဲ့ပတ်သက်တဲ့ ရောဂါတွေ ရလာနိုင်ပါတယ်။
ခံတွင်းနံ့

နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ခံတွင်းနံ့မကောင်းတာ ဖြစ်ပါတယ်။ သွားတိုက်တံဟာ ရေရှည်ကြာလာတဲ့အခါမှာ သွားတွေကို သန့်ရှင်းမှုမှာ ထိရောက်ခြင်းမရှိတော့ပါဘူး။ သွားကြားထဲက စားကြွင်းစားကျန်လေးတွေကို သန့်ရှင်းနိုင်ခြင်းလည်း မရှိတော့ပါဘူး။ဒီလိုဆိုးကျိုးတွေကို ရင်ဆိုင်နေမယ့်အစား သွားပွတ်တံကို ပုံမှန် သုံးလတစ်ခါ လဲပေးတာ အကောင်းဆုံးပါပဲ။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top