သမီးရည္းစား (၂) ေယာက္ ႏွစ္ဦးသေဘာတူပဲျဖစ္ျဖစ္၊ တစ္ဖက္ဖက္က အတင္းအက်ပ္သေဘာတူခိုင္းလို႔ပဲျဖစ္ျဖစ္ ျပတ္စဲၾကရၿပီဆိုရင္ အနည္းနဲ႕အမ်ားေတာ႔ခံစားၾကရမွာပါပဲ။ ႏွစ္ရွည္လမ်ား တြဲလာၾကတဲ႔အတြဲေတြဆို ပိုဆိုးပါတယ္။ ဒီေန႕ေတာ႔ လမ္းခြဲခ်ိန္ေနာက္ပိုင္းမွာ က်ဴးလြန္မိတတ္ၾကတဲ႔အမွားေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အစားအေသာက္ပ်က္ျခင္း
တြဲခဲ႔တာ ဘယ္ေလာက္ၾကာခဲ႔လဲဆိုတာေပၚမူတည္ၿပီး ျပတ္ခါစမွာစားခ်င္ေသာက္ခ်င္စိတ္ကုန္ခမ္းတာကေတာ႔ ထံုးစံပါပဲ။ (ခင္ဗ်ားသာ ခင္ဗ်ားေကာင္မေလးနဲ႔ပတ္သက္ၿပီး ခံစားခ်က္နက္နက္ရႈိင္းရႈိင္း ရွိခဲ႔ဖူးမယ္ ဆိုရင္ေပါ႔။) တခ်ိဳ႕ဆိုရင္ တစ္ပတ္ေက်ာ္ေလာက္ထိ စားခ်င္ေသာက္ခ်င္စိတ္ျပန္ေပၚမလာတတ္ပါဘူး။ ခႏၶာကိုယ္ကေတာင္းဆိုလို႔ တစ္လုပ္တစ္ဆုပ္စားခ်င္စားမယ္။ စားခ်င္တဲ႔ အာသီသကေတာ႔ ေပ်ာက္ကြယ္ေနပါလိမ္႔မယ္။ ဒါဟာခင္ဗ်ားရဲ႕က်န္းမာေရးကို ဆိုးဆိုးဝါးဝါးထိခိုက္ေစႏိုင္လို႔ ကိုယ္႔စိတ္ကိုယ္ သတိထားေစာင္႔ၾကည္႔သင္႔ပါတယ္။ ဘယ္ေလာက္ပဲခံစားရပါေစ.. ကိုယ္႔က်န္းမာေရးကိုယ္ေတာ႔ အထိခိုက္ မခံသင္႔ပါဘူး။
၂။ ျပတ္ၿပီးၿပီးခ်င္း ရည္းစားအသစ္တစ္ေယာက္ ေကာက္တြဲတာ
ဒါကေတာ႔ လူေတာ္ေတာ္မ်ားမ်ားမွားတတ္တဲ႔အမွားပါပဲ။ အထူးသျဖင္႔ ထားခဲ႔ခံရတဲ႔လူေတြ လုပ္ေလ႔ရွိပါတယ္။ သူထားခဲ႔လို႔ လစ္ဟာက်န္ေနခဲ႔တဲ႔႔ရင္ဘတ္ထဲက ကြက္လပ္ကိုျဖည္႔ဖို႔ပဲျဖစ္ျဖစ္၊ သူမရွိလည္း ကိုယ္ေပ်ာ္ေနႏိုင္တာပဲဆိုတာကို ျပသဖို႔ပဲျဖစ္ျဖစ္ နီးစပ္ရာလူတစ္ေယာက္ေယာက္နဲ႔ေကာက္တြဲတတ္ၾကပါတယ္။ ကိုယ္တြဲဲလိုက္တဲ႔လူဟာ ကိုယ္နဲ႔သင္႔ေတာ္ရဲ႕လား။ ပထမလူလိုမ်ိဳး ထပ္ျဖစ္လာႏိုင္လား ဆိုတာေတြကို ဘာမွမေတြးဘဲလုပ္လိုက္တာျဖစ္တဲ႔အတြက္ မွားယြင္းႏိုင္ေျခမ်ားပါတယ္။ တစ္ေယာက္ရဲ႕အက်င္႔ကို တစ္ေယာက္မေလ႔လာရေသးဘဲ လုပ္ခ်လိုက္တာလည္းျဖစ္တဲ႔အတြက္ တစ္ခ်ိန္ခ်ိန္မွာ ျပႆနာတက္လာႏိုင္စရာလည္းရွိပါတယ္။
၃။ ကမူးရွဴးတိုးေတြေလွ်ာက္လုပ္တာ
ျပတ္ခါစမွာ ကမူးရွဴးတိုးေတြေလွ်ာက္လုပ္မိတတ္ပါတယ္။ ထားသြားတဲ႔ရည္းစားေဟာင္းကို ညႀကီးသန္းေခါင္ မကုိင္မခ်င္းဖုန္းထိုင္ေခၚတာတို႔၊ အိမ္ေရွ႕မွာမူးၿပီးသြားေအာ္တာမ်ိဳးေပါ႔။ တခ်ိဳ႕ေတြဆိုရင္လည္း ကိုယ္႔ကိုထားသြားတဲ႔ရည္းစားေဟာင္းက ႏိုင္ငံျခားေရာက္ေနတယ္ဆိုရင္ ရွိစုမဲ႔စုပိုုက္ဆံေလးေတြထုတ္ၿပီး သြားေတြ႕ဖို႔ႀကိဳးစားၾကပါတယ္။ ဒါေတြက ရုပ္ရွင္ေတြထဲမွာပဲ အလုပ္ျဖစ္ႏိုင္ပါတယ္။ အျပင္ေလာကမွာေတာ႔ ျပတ္စဲဖို႔ဆံုးျဖတ္ခ်က္ခိုင္မာၿပီးသား လူတစ္ေယာက္ဟာ ဘယ္နည္းနဲ႕မွစိတ္ေျပာင္းမွာမဟုတ္ပါဘူး။ (သူ႔ရဲ႕ရည္းစားအသစ္ကလည္း သူ႔ကိုထားသြားလို႔ ကိုယ္႔ကိုယာယီေကာက္ခ်ိတ္တာမ်ိဳးက လြဲရင္ေပါ႔။)
၄။ Facebook ေပၚမွာေအာက္ဖဲေတြလွန္တာ
လူမႈကြန္ရက္ (Facebook) ကိုအခ်ိန္အတိုင္းအတာတစ္ခုထိ သံုးဖူးတဲ႔သူေတြဆိုရင္ စံုတြဲေတြျပတ္ရင္ ေအာက္ဖဲဲလွန္ၾကတာေတြကိုလည္း ၾကံဳဖူးမွာပါ။ (ေအာက္ဖဲလွန္တယ္ဆိုတာ သူလုပ္ခဲ႔ဖူးတဲ႔ မေကာင္းတဲ႔အရာတစ္ခုခုကို လူအမ်ားသိေအာင္ အြန္လိုင္းေပၚတက္ေရးတာ။) ကိုယ္သာအမွန္၊ သူကအမွားပံုစံနဲ႕ "share ေပးၾကပါ" အစခ်ီၿပီး ေအာက္ဖဲလွန္တာေတြကို ထားသြားခံရတဲ႔သူေတြ လုပ္ေလ႔ရွိၾကပါတယ္။
အမွန္တကယ္ေတာ႔ ကုိယ္ကိုယ္တိုင္ခ်စ္ခဲ႔ဖူးၿပီး (ခ်စ္ေနဆဲလည္းျဖစ္ႏိုင္တဲ႔) ကိုယ္႔ရဲ႕ Ex ပူပူေႏြးေႏြးကို Facebook ေပၚမွာေအာက္ဖဲလွန္တာဟာ အၾကံေကာင္းေတာ႔မဟုတ္ပါဘူး။ လက္စားေခ်လိုက္ရသလို ခံစားခ်က္ေၾကာင္႔ ခဏတာအခ်ိန္အတြင္းမွာေတာ႔ နာက်င္မႈေတြသက္သာသလိုလိုရွိေပမယ္႔ ေနာက္ပိုင္းက်ရင္ ကိုယ္လုပ္ခဲ႔မိတာေတြကို ျပန္ေနာင္တရလာမွာပါ။ ရင္႔က်က္တဲ႔လူေတြကေတာ႔ သမီးရည္းစားျပတ္ခါစမွာ ဟိုေရးဒီေရးလုပ္မိမွာစိုးလို႔ Facebook account ကိုပဲ deactivate ထားလိုက္ၾကပါတယ္။ အဲဒီအခ်ိန္မွာေတာ႔ ဒီနည္းဟာအေကာင္းဆံုးေျဖရွင္းနည္းပါပဲ။
၅။ အရက္ေတြအလြန္အကြ်ံေသာက္တာ
သမီးရည္းစားျပတ္စဲရင္ လူႀကိဳက္အမ်ားဆံုးနဲ႔ လူသံုးအမ်ားဆံုးနည္းကေတာ႔ အရက္ေတြမူးေအာင္ေသာက္လိုက္တာပါပဲ။ အရက္က လူကိုေပ်ာ္ရႊင္ေစတဲ႔၊ စိတ္ကိုတက္ၾကြေစတဲ႔ ဂုဏ္္သတၱိရွိၿပီး ခံစားခ်က္ေတြကိုလည္း ယာယီထံုထိုင္းေစေတာ႔ ျပန္မေတြးခ်င္တဲ႔ နာက်င္စရာအမွတ္တရေတြရွိေနတဲ႔လူေတြကေတာ႔ အရက္မူးေအာင္ေသာက္လိုက္တဲ႔နည္းလမ္းကိုပဲ ေရြးခ်ယ္တတ္ၾကပါတယ္။ ဒီလို ထံုထိုင္းျခင္းက ယာယီပဲျဖစ္လို႔ အမူးေျပတာနဲ႔နာက်င္စရာခံစားခ်က္ေတြ ျပန္ဝင္လာမွာပါ။ ဒါနဲ႔ပဲ နာက်င္စရာေတြကိုေမ႔ေအာင္ ထပ္ေသာက္ရျပန္ေရာ။ ဒီလိုနဲ႔ပဲ ယစ္ထုပ္ႀကီးဘဝကို ေရာက္ရပါေတာ႔တယ္။ အခ်ိန္ျပည္႔အရက္အမူးလြန္ေနျခင္းက က်န္းမာေရးအတြက္သာမက လူမႈေရးနဲ႔အလုပ္အကိုင္အတြက္လည္း မေကာင္းပါဘူး။ တစ္ခါတေလ စိတ္ေျပလက္ေပ်ာက္အရက္ေသာက္တာ ဘာမွမျဖစ္ေပမယ္႔ နာက်င္မႈေတြေျပေပ်ာက္ဖို႔ အရက္ေသာက္တာကေတာ႔ မလုပ္သင္႔တဲ႔အမွားမ်ိဳးပဲျဖစ္ပါတယ္။
ရည္းစားနဲ႔ျပတ္တာဟာ ဘဝႀကီးပ်က္သြားတာမဟုတ္ပါဘူး။ ဘယ္္ေလာက္ပဲနာက်င္ရပါေစ... ကိုယ္႔အတြက္ကိုယ္ပဲၾကည္႔သင္႔ပါတယ္။ ကိုယ္႔ကိုယ္ကိုယ္ ထိခိုက္နစ္နာေစမယ္႔အလုပ္မ်ိဳးဆိုရင္ ေရွာင္ရွားသင္႔ၿပီး သူမရွိလည္း ေပ်ာ္ရႊင္ႏိုင္မယ္႔ဘဝမ်ိဳးကိုရွာေဖြသင္႔ပါတယ္။ စစခ်င္းေတာ႔ခက္တယ္ထင္ရေပမယ္႔ ေနာက္ပိုင္းေတာ႔ အဆင္ေျပသြားမွာပါ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သမီးရည်းစား (၂) ယောက် နှစ်ဦးသဘောတူပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က အတင်းအကျပ်သဘောတူခိုင်းလို့ပဲဖြစ်ဖြစ် ပြတ်စဲကြရပြီဆိုရင် အနည်းနဲ့အများတော့ခံစားကြရမှာပါပဲ။ နှစ်ရှည်လများ တွဲလာကြတဲ့အတွဲတွေဆို ပိုဆိုးပါတယ်။ ဒီနေ့တော့ လမ်းခွဲချိန်နောက်ပိုင်းမှာ ကျူးလွန်မိတတ်ကြတဲ့အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အစားအသောက်ပျက်ခြင်း
တွဲခဲ့တာ ဘယ်လောက်ကြာခဲ့လဲဆိုတာပေါ်မူတည်ပြီး ပြတ်ခါစမှာစားချင်သောက်ချင်စိတ်ကုန်ခမ်းတာကတော့ ထုံးစံပါပဲ။ (ခင်ဗျားသာ ခင်ဗျားကောင်မလေးနဲ့ပတ်သက်ပြီး ခံစားချက်နက်နက်ရှိုင်းရှိုင်း ရှိခဲ့ဖူးမယ် ဆိုရင်ပေါ့။) တချို့ဆိုရင် တစ်ပတ်ကျော်လောက်ထိ စားချင်သောက်ချင်စိတ်ပြန်ပေါ်မလာတတ်ပါဘူး။ ခန္ဓာကိုယ်ကတောင်းဆိုလို့ တစ်လုပ်တစ်ဆုပ်စားချင်စားမယ်။ စားချင်တဲ့ အာသီသကတော့ ပျောက်ကွယ်နေပါလိမ့်မယ်။ ဒါဟာခင်ဗျားရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်လို့ ကိုယ့်စိတ်ကိုယ် သတိထားစောင့်ကြည့်သင့်ပါတယ်။ ဘယ်လောက်ပဲခံစားရပါစေ.. ကိုယ့်ကျန်းမာရေးကိုယ်တော့ အထိခိုက် မခံသင့်ပါဘူး။
၂။ ပြတ်ပြီးပြီးချင်း ရည်းစားအသစ်တစ်ယောက် ကောက်တွဲတာ
ဒါကတော့ လူတော်တော်များများမှားတတ်တဲ့အမှားပါပဲ။ အထူးသဖြင့် ထားခဲ့ခံရတဲ့လူတွေ လုပ်လေ့ရှိပါတယ်။ သူထားခဲ့လို့ လစ်ဟာကျန်နေခဲ့တဲ့ရင်ဘတ်ထဲက ကွက်လပ်ကိုဖြည့်ဖို့ပဲဖြစ်ဖြစ်၊ သူမရှိလည်း ကိုယ်ပျော်နေနိုင်တာပဲဆိုတာကို ပြသဖို့ပဲဖြစ်ဖြစ် နီးစပ်ရာလူတစ်ယောက်ယောက်နဲ့ကောက်တွဲတတ်ကြပါတယ်။ ကိုယ်တွဲလိုက်တဲ့လူဟာ ကိုယ်နဲ့သင့်တော်ရဲ့လား။ ပထမလူလိုမျိုး ထပ်ဖြစ်လာနိုင်လား ဆိုတာတွေကို ဘာမှမတွေးဘဲလုပ်လိုက်တာဖြစ်တဲ့အတွက် မှားယွင်းနိုင်ခြေများပါတယ်။ တစ်ယောက်ရဲ့အကျင့်ကို တစ်ယောက်မလေ့လာရသေးဘဲ လုပ်ချလိုက်တာလည်းဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ ပြဿနာတက်လာနိုင်စရာလည်းရှိပါတယ်။
၃။ ကမူးရှူးတိုးတွေလျှောက်လုပ်တာ
ပြတ်ခါစမှာ ကမူးရှူးတိုးတွေလျှောက်လုပ်မိတတ်ပါတယ်။ ထားသွားတဲ့ရည်းစားဟောင်းကို ညကြီးသန်းခေါင် မကိုင်မချင်းဖုန်းထိုင်ခေါ်တာတို့၊ အိမ်ရှေ့မှာမူးပြီးသွားအော်တာမျိုးပေါ့။ တချို့တွေဆိုရင်လည်း ကိုယ့်ကိုထားသွားတဲ့ရည်းစားဟောင်းက နိုင်ငံခြားရောက်နေတယ်ဆိုရင် ရှိစုမဲ့စုပိုုက်ဆံလေးတွေထုတ်ပြီး သွားတွေ့ဖို့ကြိုးစားကြပါတယ်။ ဒါတွေက ရုပ်ရှင်တွေထဲမှာပဲ အလုပ်ဖြစ်နိုင်ပါတယ်။ အပြင်လောကမှာတော့ ပြတ်စဲဖို့ဆုံးဖြတ်ချက်ခိုင်မာပြီးသား လူတစ်ယောက်ဟာ ဘယ်နည်းနဲ့မှစိတ်ပြောင်းမှာမဟုတ်ပါဘူး။ (သူ့ရဲ့ရည်းစားအသစ်ကလည်း သူ့ကိုထားသွားလို့ ကိုယ့်ကိုယာယီကောက်ချိတ်တာမျိုးက လွဲရင်ပေါ့။)
၄။ Facebook ပေါ်မှာအောက်ဖဲတွေလှန်တာ
လူမှုကွန်ရက် (Facebook) ကိုအချိန်အတိုင်းအတာတစ်ခုထိ သုံးဖူးတဲ့သူတွေဆိုရင် စုံတွဲတွေပြတ်ရင် အောက်ဖဲလှန်ကြတာတွေကိုလည်း ကြုံဖူးမှာပါ။ (အောက်ဖဲလှန်တယ်ဆိုတာ သူလုပ်ခဲ့ဖူးတဲ့ မကောင်းတဲ့အရာတစ်ခုခုကို လူအများသိအောင် အွန်လိုင်းပေါ်တက်ရေးတာ။) ကိုယ်သာအမှန်၊ သူကအမှားပုံစံနဲ့ "share ပေးကြပါ" အစချီပြီး အောက်ဖဲလှန်တာတွေကို ထားသွားခံရတဲ့သူတွေ လုပ်လေ့ရှိကြပါတယ်။
အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင်ချစ်ခဲ့ဖူးပြီး (ချစ်နေဆဲလည်းဖြစ်နိုင်တဲ့) ကိုယ့်ရဲ့ Ex ပူပူနွေးနွေးကို Facebook ပေါ်မှာအောက်ဖဲလှန်တာဟာ အကြံကောင်းတော့မဟုတ်ပါဘူး။ လက်စားချေလိုက်ရသလို ခံစားချက်ကြောင့် ခဏတာအချိန်အတွင်းမှာတော့ နာကျင်မှုတွေသက်သာသလိုလိုရှိပေမယ့် နောက်ပိုင်းကျရင် ကိုယ်လုပ်ခဲ့မိတာတွေကို ပြန်နောင်တရလာမှာပါ။ ရင့်ကျက်တဲ့လူတွေကတော့ သမီးရည်းစားပြတ်ခါစမှာ ဟိုရေးဒီရေးလုပ်မိမှာစိုးလို့ Facebook account ကိုပဲ deactivate ထားလိုက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ဒီနည်းဟာအကောင်းဆုံးဖြေရှင်းနည်းပါပဲ။
၅။ အရက်တွေအလွန်အကျွံသောက်တာ
သမီးရည်းစားပြတ်စဲရင် လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံးနည်းကတော့ အရက်တွေမူးအောင်သောက်လိုက်တာပါပဲ။ အရက်က လူကိုပျော်ရွှင်စေတဲ့၊ စိတ်ကိုတက်ကြွစေတဲ့ ဂုဏ်သတ္တိရှိပြီး ခံစားချက်တွေကိုလည်း ယာယီထုံထိုင်းစေတော့ ပြန်မတွေးချင်တဲ့ နာကျင်စရာအမှတ်တရတွေရှိနေတဲ့လူတွေကတော့ အရက်မူးအောင်သောက်လိုက်တဲ့နည်းလမ်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။ ဒီလို ထုံထိုင်းခြင်းက ယာယီပဲဖြစ်လို့ အမူးပြေတာနဲ့နာကျင်စရာခံစားချက်တွေ ပြန်ဝင်လာမှာပါ။ ဒါနဲ့ပဲ နာကျင်စရာတွေကိုမေ့အောင် ထပ်သောက်ရပြန်ရော။ ဒီလိုနဲ့ပဲ ယစ်ထုပ်ကြီးဘဝကို ရောက်ရပါတော့တယ်။ အချိန်ပြည့်အရက်အမူးလွန်နေခြင်းက ကျန်းမာရေးအတွက်သာမက လူမှုရေးနဲ့အလုပ်အကိုင်အတွက်လည်း မကောင်းပါဘူး။ တစ်ခါတလေ စိတ်ပြေလက်ပျောက်အရက်သောက်တာ ဘာမှမဖြစ်ပေမယ့် နာကျင်မှုတွေပြေပျောက်ဖို့ အရက်သောက်တာကတော့ မလုပ်သင့်တဲ့အမှားမျိုးပဲဖြစ်ပါတယ်။
ရည်းစားနဲ့ပြတ်တာဟာ ဘဝကြီးပျက်သွားတာမဟုတ်ပါဘူး။ ဘယ်လောက်ပဲနာကျင်ရပါစေ... ကိုယ့်အတွက်ကိုယ်ပဲကြည့်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေမယ့်အလုပ်မျိုးဆိုရင် ရှောင်ရှားသင့်ပြီး သူမရှိလည်း ပျော်ရွှင်နိုင်မယ့်ဘဝမျိုးကိုရှာဖွေသင့်ပါတယ်။ စစချင်းတော့ခက်တယ်ထင်ရပေမယ့် နောက်ပိုင်းတော့ အဆင်ပြေသွားမှာပါ။
Credit:Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လမ္းခြဲခ်ိန္ေနာက္ပိုင္းမွာ လုပ္မိတတ္ၾကတဲ႔ အမွား (၅) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။