iMyanmarHouse.com - Best Property Website for Myanmar
×

ေယာဂက်င့္စဥ္ေတြမွာ သင္ထင္မွတ္ထားတဲ့ ေကာင္းက်ိဳးေတြေရာ၊ မထင္မွတ္ထားတဲ့ေကာင္းက်ိဳးေတြပါ ရိွပါတယ္။ ယခု ေဖာ္ျပေပးမယ့္ ေယာဂက်င့္စဥ္ရဲ႕ ေကာင္းက်ိဳး(၅)မ်ိဳးကို သိရိွသြားတဲ့အခါ ေယာဂ pants ေကာက္၀တ္ၿပီး ေယာဂက်င့္တဲ့ ဖ်ာေပၚမွာ ေျပးက်င့္ခ်င္သြားမယ္ဆိုတာ ေကာင္းေကာင္းအာမခံပါတယ္။

လိုက္ေလ်ာညီေထြေနထိုင္ႏိုင္မႈကို တိုးတက္ေစပါတယ္။

ေယာဂက်င့္စဥ္ေတြဟာ ပုံစံေတြ setလိုက္ ကြဲျပားေပမယ့္ အားလုံးမွာ တူညီတဲ့အခ်က္ ရိွပါတယ္။ ဒါကေတာ့ လိုက္ေလ်ာညီေထြစြာ ေျပေျပျပစ္ျပစ္ ေနထိုင္ျခင္းပါပဲ။ ပုံစံတစ္မ်ိဳးနဲ႔တစ္မ်ိဳး ေျပာင္းလဲရာမွာ ခႏၶၶၶာကိုယ္က ၾကြက္သားေတြ၊ အရြတ္ေတြကို ဆန္႔ထုတ္ရျခင္းဟာ စစခ်င္းမွာေတာ့ ခက္ခဲေကာင္းခက္ခဲႏိုင္ပါတယ္။ ဒါေပမယ့္ ဆက္လက္လုပ္သြားမယ္ ဆုိရင္ သိသာတဲ့ တိုးတက္ေျပာင္းလဲမႈကို ေတြ႔ရပါလိမ့္မယ္။ ရက္သတၱပတ္အနည္းငယ္အတြင္းမွာပဲ ယခင္က ေျခဖ်ားကို မထိႏိုင္ခဲ့တဲ့ အေျခအေနကေန သာသာယာယာ ေျခဖ်ားထိပ္ေလးကို ထိႏိုင္လာတာမ်ိဳး ေတြ႔ရပါလိမ့္မယ္။ တစ္ပတ္မွာ ဘယ္ႏွႀကိမ္ ေလ့က်င့္သလည္းဆိုတာနဲ႔ ေလ့က်င့္ခ်ိန္တိုင္းမွာ မိမိကိုယ္ကို ဘယ္ေလာက္ တြန္းအားေပးသလည္းဆိုတဲ့ေပၚ မူတည္ၿပီး သင့္ရဲ႕ ေျပျပစ္စြာ ေနထိုင္ႏိုင္မႈဟာ သိသိသာသာ ေျပာင္းလဲလာပါလိမ့္မယ္။

မွားယြင္းေနတဲ့ ကိုယ္ဟန္ေနထားကို ျပဳျပင္ေပးပါတယ္။

ေယာဂက်င့္စဥ္ရဲ႕ အစိတ္အပိုင္းအမ်ားစုဟာ ခႏၶၶၶာကိုယ္ေျဖာင့္တန္းမႈနဲ႔ မ်ားစြာသက္ဆိုင္ေနပါတယ္။ သင္တန္းမွာ ဆရာနဲ႔ သြားေလ့က်င့္တဲ့အခါ ေက်ာကိုမတ္မတ္ထားၿပီး မိမိကုိယ္ဟန္ေနထားအေပၚမွာ သတိကပ္ထားဖို႔ သင္တန္းဆရာက ညႊန္ၾကားပါလိမ့္မယ္။ ဒီအေလ့အက်င့္ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္ရဲ႕ ေန႔စဥ္ဘ၀မွာပါ လိုက္ပါကပ္ၿငိလာႏိုင္ၿပီး မွန္ကန္လွပတဲ့ ကိုယ္ဟန္ေနထားကို ရရိွႏိုင္ပါလိမ့္မယ္။ ေယာဂဟာ ေက်ာရိုးကို ဆန္႔ထုတ္ၿပီး ေက်ာနာ၊ခါးနာစတဲ့ ေ၀ဒနာေတြကို သက္သာေပ်ာက္ကင္းေစႏိုင္တာေၾကာင့္ မွန္ကန္တဲ့ ကိုယ္ေနဟန္ထား ရရိွဖို႔ လြယ္ကူေစပါလိမ့္မယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာေစပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ရျခင္းရဲ႕ အေၾကာင္းရင္းကို ေသခ်ာစြာ မသိရိွၾကေပမယ့္လည္း အမ်ားစုရဲ႕ ေကာက္ခ်က္ခ်မႈေတြအရ စိတ္ဖိစီးမႈမ်ားျခင္း၊ ကြန္ပ်ဴတာ၊ဖုန္း အသုံးမ်ားျခင္းနဲ႔ အိပ္ေရးပ်က္ျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ အျပဳအမူ၊ အေနအထိုင္ေတြေပၚ မူတည္ၿပီး ခံစားရတဲ့ ေ၀ဒနာနဲ႔ အေၾကာင္းရင္း ကြဲျပားႏိုင္တယ္လို႔ လည္း ဆိုၾကပါတယ္။ သို႔ေသာ္လည္း ေလ့လာခ်က္မ်ားအရ ေယာဂက်င့္စဥ္ ေလ့က်င့္ေလ့ရိွသူေတြဟာ ေခါင္းတစ္ျခမ္း ကိုက္ေ၀ဒနာ ခံစားရေလ့နည္းၿပီး အကယ္၍ ခံစားရပါကလည္း သိပ္မျပင္းထန္ဘူးလို႔ သိရပါတယ္။ ၾကြက္သားေတြနဲ႔ ေက်ာရိုးမႀကီးက အေၾကာေတြကို ေျဖေလွ်ာ႔ထုတ္လုိက္ျခင္းအားျဖင့္ ေခါင္းကိုက္ေစတဲ့ ဖိအားေတြကို ေလ်ာ႔နည္းေစတာ ျဖစ္ပါတယ္။

မွတ္ဥာဏ္အားေကာင္းေစပါတယ္။

ေယာဂက်င့္ျခင္းအားျဖင့္ စိတ္ညစ္၊ စိတ္ဖိစီးစရာ အေတြးေတြကို ဖယ္ရွားရွင္းလင္းေပးၿပီး စိတ္ကိုၾကည္လင္ေစပါတယ္။ မေကာင္းတဲ့အေတြးေတြကို ေခါင္းထဲက ဖယ္ရွားလိုက္ျခင္းအားျဖင့္ အရာရာကို ထိုးေဖာက္သိျမင္ႏိုင္စြမ္းေတြ တိုးတက္ လာေစပါတယ္။ အက်ိဳးေက်းဇူးအားျဖင့္ အာရုံစိုက္ႏိုင္စြမ္း ပိုေကာင္းလာျခင္း၊ ပိုၿပီးၾကည္လင္ရွင္းလင္းစြာ ေတြးေတာလာ ႏိုင္ျခင္းနဲ႔ ျဖစ္ၿပီးခဲ့တဲ့ အျဖစ္အပ်က္ေတြရဲ႕ မွတ္ဥာဏ္ေတြကို အလြယ္တကူ ျပန္လည္မွတ္မိေစႏိုင္ျခင္းစတာေတြ ရရိွႏိုင္ပါ တယ္။ ေယာဂက်င့္ေနစဥ္မွာ စိတ္ရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈကို ရရိွႏိုင္တဲ့အတြက္ စိတ္အစဥ္ကို အလိုေလ်ာက္ ျပန္လည္ လတ္ဆတ္ေစၿပီး မေလ့က်င့္ျဖစ္တဲ့အခ်ိန္မွာေတာင္ ေအးၿငိမ္းမႈကို ခံစားရႏိုင္ပါတယ္။

ေကာင္းမြန္စြာ အိပ္စက္ႏိုင္ေစပါတယ္။

လူအေျမာက္အမ်ားဟာ အလြန္စိတ္ဖိစီးၾကတဲ့အခါ ညဘက္အိပ္မေပ်ာ္ႏိုင္တဲ့ ေ၀ဒနာကို ခံစားၾကရေလ့ ရိွပါတယ္။ ညဘက္ အိပ္မေပ်ာ္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းဟာ စိတ္ဖိစီးမႈတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ေပမယ့္ အမ်ားစုဟာ ထိုအေၾကာင္းေၾကာင့္ အိပ္မေပ်ာ္ရျခင္း ျဖစ္ပါတယ္။ ေယာဂဟာ စိတ္ဖိစီးမႈကို ေျဖေလွ်ာ႔သက္သာေစႏိုင္ၿပီး စိတ္ကို ၾကည္လင္လန္းဆန္းေစတဲ့အတြက္ ပင္ပန္းႏုံးခ်ိမႈကို သက္သာေစတဲ့အျပင္ ညဘက္ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ဖို႔ကိုပါ ကူညီေပးပါတယ္။

ေယာဂ ပုံမွန္ေလ့က်င့္တဲ့သူေတြ အရြယ္တင္ ႏုပ်ိဳၿပီး လန္းဆန္းဖ်တ္လတ္တယ္ဆိုတာ အပိုမဟုတ္ပါဘူးေနာ္။ ရုပ္ပိုင္း ဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ အက်ိဳးေက်းဇူးမ်ားစြာ ေပးႏိုင္တာမို႔ လွပေအးခ်မ္းတဲ့ ေန႔စဥ္ဘ၀အတြက္ ေယာဂ ေလ့က်င့္ၾကပါစို႔။

Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယောဂကျင့်စဉ်တွေမှာ သင်ထင်မှတ်ထားတဲ့ ကောင်းကျိုးတွေရော၊ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေပါ ရှိပါတယ်။ ယခု ဖော်ပြပေးမယ့် ယောဂကျင့်စဉ်ရဲ့ ကောင်းကျိုး(၅)မျိုးကို သိရှိသွားတဲ့အခါ ယောဂ pants ကောက်ဝတ်ပြီး ယောဂကျင့်တဲ့ ဖျာပေါ်မှာ ပြေးကျင့်ချင်သွားမယ်ဆိုတာ ကောင်းကောင်းအာမခံပါတယ်။

လိုက်လျောညီထွေနေထိုင်နိုင်မှုကို တိုးတက်စေပါတယ်။

ယောဂကျင့်စဉ်တွေဟာ ပုံစံတွေ setလိုက် ကွဲပြားပေမယ့် အားလုံးမှာ တူညီတဲ့အချက် ရှိပါတယ်။ ဒါကတော့ လိုက်လျောညီထွေစွာ ပြေပြေပြစ်ပြစ် နေထိုင်ခြင်းပါပဲ။ ပုံစံတစ်မျိုးနဲ့တစ်မျိုး ပြောင်းလဲရာမှာ ခန္ဓ္ဓ္ဓာကိုယ်က ကြွက်သားတွေ၊ အရွတ်တွေကို ဆန့်ထုတ်ရခြင်းဟာ စစချင်းမှာတော့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဆက်လက်လုပ်သွားမယ် ဆိုရင် သိသာတဲ့ တိုးတက်ပြောင်းလဲမှုကို တွေ့ရပါလိမ့်မယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ယခင်က ခြေဖျားကို မထိနိုင်ခဲ့တဲ့ အခြေအနေကနေ သာသာယာယာ ခြေဖျားထိပ်လေးကို ထိနိုင်လာတာမျိုး တွေ့ရပါလိမ့်မယ်။ တစ်ပတ်မှာ ဘယ်နှကြိမ် လေ့ကျင့်သလည်းဆိုတာနဲ့ လေ့ကျင့်ချိန်တိုင်းမှာ မိမိကိုယ်ကို ဘယ်လောက် တွန်းအားပေးသလည်းဆိုတဲ့ပေါ် မူတည်ပြီး သင့်ရဲ့ ပြေပြစ်စွာ နေထိုင်နိုင်မှုဟာ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။


မှားယွင်းနေတဲ့ ကိုယ်ဟန်နေထားကို ပြုပြင်ပေးပါတယ်။

ယောဂကျင့်စဉ်ရဲ့ အစိတ်အပိုင်းအများစုဟာ ခန္ဓ္ဓ္ဓာကိုယ်ဖြောင့်တန်းမှုနဲ့ များစွာသက်ဆိုင်နေပါတယ်။ သင်တန်းမှာ ဆရာနဲ့ သွားလေ့ကျင့်တဲ့အခါ ကျောကိုမတ်မတ်ထားပြီး မိမိကိုယ်ဟန်နေထားအပေါ်မှာ သတိကပ်ထားဖို့ သင်တန်းဆရာက ညွှန်ကြားပါလိမ့်မယ်။ ဒီအလေ့အကျင့်ဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ နေ့စဉ်ဘဝမှာပါ လိုက်ပါကပ်ငြိလာနိုင်ပြီး မှန်ကန်လှပတဲ့ ကိုယ်ဟန်နေထားကို ရရှိနိုင်ပါလိမ့်မယ်။ ယောဂဟာ ကျောရိုးကို ဆန့်ထုတ်ပြီး ကျောနာ၊ခါးနာစတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်တာကြောင့် မှန်ကန်တဲ့ ကိုယ်နေဟန်ထား ရရှိဖို့ လွယ်ကူစေပါလိမ့်မယ်။


ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရခြင်းရဲ့ အကြောင်းရင်းကို သေချာစွာ မသိရှိကြပေမယ့်လည်း အများစုရဲ့ ကောက်ချက်ချမှုတွေအရ စိတ်ဖိစီးမှုများခြင်း၊ ကွန်ပျူတာ၊ဖုန်း အသုံးများခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ တစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အနေအထိုင်တွေပေါ် မူတည်ပြီး ခံစားရတဲ့ ဝေဒနာနဲ့ အကြောင်းရင်း ကွဲပြားနိုင်တယ်လို့ လည်း ဆိုကြပါတယ်။ သို့သော်လည်း လေ့လာချက်များအရ ယောဂကျင့်စဉ် လေ့ကျင့်လေ့ရှိသူတွေဟာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာ ခံစားရလေ့နည်းပြီး အကယ်၍ ခံစားရပါကလည်း သိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။ ကြွက်သားတွေနဲ့ ကျောရိုးမကြီးက အကြောတွေကို ဖြေလျှော့ထုတ်လိုက်ခြင်းအားဖြင့် ခေါင်းကိုက်စေတဲ့ ဖိအားတွေကို လျော့နည်းစေတာ ဖြစ်ပါတယ်။


မှတ်ဉာဏ်အားကောင်းစေပါတယ်။

ယောဂကျင့်ခြင်းအားဖြင့် စိတ်ညစ်၊ စိတ်ဖိစီးစရာ အတွေးတွေကို ဖယ်ရှားရှင်းလင်းပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။ မကောင်းတဲ့အတွေးတွေကို ခေါင်းထဲက ဖယ်ရှားလိုက်ခြင်းအားဖြင့် အရာရာကို ထိုးဖောက်သိမြင်နိုင်စွမ်းတွေ တိုးတက် လာစေပါတယ်။ အကျိုးကျေးဇူးအားဖြင့် အာရုံစိုက်နိုင်စွမ်း ပိုကောင်းလာခြင်း၊ ပိုပြီးကြည်လင်ရှင်းလင်းစွာ တွေးတောလာ နိုင်ခြင်းနဲ့ ဖြစ်ပြီးခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်တွေကို အလွယ်တကူ ပြန်လည်မှတ်မိစေနိုင်ခြင်းစတာတွေ ရရှိနိုင်ပါ တယ်။ ယောဂကျင့်နေစဉ်မှာ စိတ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်တဲ့အတွက် စိတ်အစဉ်ကို အလိုလျောက် ပြန်လည် လတ်ဆတ်စေပြီး မလေ့ကျင့်ဖြစ်တဲ့အချိန်မှာတောင် အေးငြိမ်းမှုကို ခံစားရနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်နိုင်စေပါတယ်။

လူအမြောက်အများဟာ အလွန်စိတ်ဖိစီးကြတဲ့အခါ ညဘက်အိပ်မပျော်နိုင်တဲ့ ဝေဒနာကို ခံစားကြရလေ့ ရှိပါတယ်။ ညဘက် အိပ်မပျော်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ စိတ်ဖိစီးမှုတစ်ခုတည်းကြောင့်တော့ မဟုတ်ပေမယ့် အများစုဟာ ထိုအကြောင်းကြောင့် အိပ်မပျော်ရခြင်း ဖြစ်ပါတယ်။ ယောဂဟာ စိတ်ဖိစီးမှုကို ဖြေလျှော့သက်သာစေနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့အတွက် ပင်ပန်းနုံးချိမှုကို သက်သာစေတဲ့အပြင် ညဘက် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ကိုပါ ကူညီပေးပါတယ်။

ယောဂ ပုံမှန်လေ့ကျင့်တဲ့သူတွေ အရွယ်တင် နုပျိုပြီး လန်းဆန်းဖျတ်လတ်တယ်ဆိုတာ အပိုမဟုတ်ပါဘူးနော်။ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးကျေးဇူးများစွာ ပေးနိုင်တာမို့ လှပအေးချမ်းတဲ့ နေ့စဉ်ဘဝအတွက် ယောဂ လေ့ကျင့်ကြပါစို့။

Credit:Auntymay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top