iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ရွည္လမ်ားတြဲလာတဲ႔ရည္းစားက  ကိုယ္နဲ႔ျပတ္ခ်င္တဲ႔အရိပ္အေယာင္ေတြေဖာ္ျပေနျပီလား။ ကိုယ္႔ရဲ႕ဂရုစိုက္မႈေတြ၊ အၾကင္နာေတြကို စိတ္ရႈပ္စရာခ်ဳပ္ေႏွာင္မႈေတြသဖြယ္ ျမင္ေနျပီလား။ ဒီလိုအခ်ိန္မ်ိဳးမွာ ဘာဆက္လုပ္ရမလဲမသိတာဟာ ထံုးစံပါပဲ။ ကိုယ္႔ဖက္က မျပတ္ႏိုင္ေသးေတာ႔ ဒီအခ်ိန္မ်ိဳးမွာျပန္ဆြဲထားဖို႔ကိုပဲ ၾကိဳးစားမိၾကမွာပါ။ ဒါေပမယ္႔ ကြ်န္ေတာ္တို႔ဆြဲထားတိုင္းေကာ အလုပ္ျဖစ္မွာတဲ႔လား။ ျပတ္ခါနီး Relationship တစ္ခုက ျပတ္ခါနီးၾကိဳးတစ္ေခ်ာင္းလိုပါပဲ။ တစ္ဖက္ဖက္က အားအနည္းငယ္သက္ေရာက္လိုက္ရံုနဲ႔ျပတ္သြားႏိုင္တဲ႔အေနအထားပါ။ ဒါေပမယ္႔လည္း အေျခအေနၾကီးကိုဒီတိုင္းဆက္ထားလို႔လည္း မျဖစ္ဘူးေလ။ ဒီတိုင္းတန္းလန္းၾကီးျဖစ္ေနတာက ႏွစ္ဖက္စလံုးအတြက္မေကာင္းပါဘူး။ ဒီလိုအေျခအေနမ်ိဳးဆိုတာ ႏွစ္ဖက္စလံုးက သူစေျပာႏိုးႏိုးဆိုျပီး ေစာင္႔ေနတဲ႔အေနအထားဆိုေတာ႔ ေယာက်္ားေလးဘက္ကပဲ လာမယ္႔ေဘးေျပးေတြ႕လိုက္တာေကာင္းပါတယ္။ ျပတ္ကိုျပတ္ရေတာ႔မယ္႔အေျခအေနဆိုရင္လည္း ကိုယ္႔ဘက္က ၾကိဳတင္ျပင္ဆင္ထားျပီးမွ ႏွစ္ဦးသေဘာတူလမ္းခြဲလိုက္တာက အေကာင္းဆံုးပါပဲ။ ဒီလိုအေျခအေနမ်ိဳးမွာလုပ္သင္႔တဲ႔အခ်က္ေလးေတြကို အဆင္႔လိုက္ေဖာ္ျပေပးထားပါတယ္။
သင္စိတ္ဝင္စားႏိုင္တဲ႔အေၾကာင္းအရာ (ဒီလိုေတြျဖစ္ေနၿပီဆိုရင္ ေကာင္မေလးကကိုယ္႔ကိုျဖတ္ေတာ႔မယ္)

အဆင္႔ (၁)

ခင္ဗ်ားတို႔စကားေျပာဖို႔လိုျပီျဖစ္တဲ႔အေၾကာင္း ေလးေလးနက္နက္ပံုစံနဲ႔ေျပာပါ။ ဒီေနရာကအေရးၾကီးပါတယ္။ ဘာလို႔လဲဆိုေတာ႔ ခင္ဗ်ားအေနနဲ႔ သူ႔ကို ျပႆနာတစ္ခုခုရွိေနျပီျဖစ္ေၾကာင္းသိေအာင္ ဟန္အမူအရာေတြ ျပသရမွာမို႔ပါပဲ။ ခင္ဗ်ားအဲဒီလိုေျပာလိုက္တာက သူ႔ရဲ႕အာရံုကိုဆြဲေဆာင္ႏိုင္ပါလိမ္႔မယ္။ ခင္ဗ်ားေျပာဖို႔လိုတာက "ကိုယ္တို႔စကားေျပာဖို႔လိုေနျပီထင္တယ္။ ကိုယ္တို႕ၾကားမွာ တစ္ခုခုမွားေနျပီလို႔ ကိုယ္ခံစားေနရတယ္" ဆိုတာေလာက္ပါပဲ။

အဆင္႔ (၂)

သူ႔ရဲ႕အာရံုစူးစိုက္မႈကိုရျပီဆိုရင္ သူ႔ကိုအျပစ္တင္တဲ႔ေလသံ၊ ေဝဖန္တဲ႔ေလသံကိုေရွာင္ရွားျပီး အေျခအေနကိုပဲဦးတည္ေျပာပါ။ ဥပမာ... "ခ်စ္ၾကည္႔ရတာအရင္လိုမဟုတ္ေတာ႔ဘူး။ ကိုယ္႔ကိုအရင္ကေလာက္ အခ်ိန္မေပးေတာ႔ဘူး။ အဆင္မေျပတာမ်ားတစ္ခုခုရွိလို႔လား" ဆိုျပီးေျပာၾကည္႔သင္႔ပါတယ္။ ဒီလိုေျပာျခင္းက သူ႔ကို အျပစ္တင္ရာလည္းမေရာက္၊ ျဖစ္ေနတဲ႔ျပႆနာကို တိတိလင္းလင္းရင္ဆိုင္လိုက္ရာလည္းေရာက္ပါတယ္။ တကယ္လို႔သူသာ ခင္ဗ်ားကို ခင္ဗ်ားတို႔ၾကားက ျပႆနာေတြကိုေျပာခ်င္ေနေပမယ္႔ ဘယ္ကစေျပာရမွန္းမသိျဖစ္ေနတယ္ဆိုရင္ ခင္ဗ်ားဆီက အဲဒီလို လမ္းဖြင္႔ေပးတဲ႔စကားကို ၾကားရျပီးေနာက္မွာ သူခံစားေနရတဲ႔ျပႆနာေတြကို ထုတ္ေျပာလာပါလိမ္႔မယ္။

အဆင္႔ (၃)

ဒီေနရာကအေရးအၾကီးဆံုးပါပဲ။ သူက ဘာမွျပန္ေျဖမလာေသးဘူးဆိုရင္ သူ႔ရဲ႕အေျဖကိုပဲေစာင္႔ပါ။ စိတ္မရွည္ဘဲ ကိုယ္ေမးလိုက္တဲ႔ေမးခြန္းကို ကိုယ္ဝင္ေျဖေပးလိုက္တာမ်ိဳး မလုပ္ပါနဲ႕။ ခင္ဗ်ားတို႔ႏွစ္ေယာက္ၾကားမွာ ေနာက္တစ္ၾကိမ္စကားစေျပာမယ္႔သူက သူပဲျဖစ္ပါေစ။ သြားလည္းမတြန္းပါနဲ႔။ အသာေလးပဲေစာင္႔ေနျပီး ခင္ဗ်ားတို႔ၾကားက တိတ္ဆိတ္မႈကို သူကိုယ္တိုင္ျဖိဳခြဲပါေစ။ စိတ္မလံုမလဲ ျဖစ္ေနသူက တိတ္ဆိတ္မႈကိုေၾကာက္ပါတယ္။ သူသာစိတ္မလံုမလဲျဖစ္ေနရင္ တိတ္ဆိတ္မႈကိုအျမန္ဆံုးျဖိဳခြဲပါလိမ္႔မယ္။ သူကခင္ဗ်ားဘာကိုဆိုလိုတာလဲျပန္ေမးရင္ ခင္ဗ်ားခံစားေနရတဲ႔ ခင္ဗ်ားတို႕ၾကားက အဆင္မေျပမႈေတြကိုထုတ္ေျပာျပလိုက္ပါ။

အဆင္႔ (၄)

သူ႔ရဲ႕တံု႕ျပန္မႈကိုေစာင္႔ၾကည္႔အကဲခတ္ပါ။ သိပ္ျပီးေအးစက္တဲ႔ပံုစံလည္း မျပပါနဲ႔။ လက္ၾကီးပိုက္၊ မ်က္ေမွာင္ၾကီးကုတ္ျပီး တရားခံစစ္ လာစစ္တာကိုမိန္းကေလးေတြ မုန္းပါတယ္။ ပံုစံအတိုင္းပဲ ဂရုစိုက္တဲ႔ပံုစံနဲ႔ ေသခ်ာနားေထာင္ပါ။ ဒါေပမယ္႔ သူဘယ္လိုတံု႕ျပန္လာမလဲ ဆိုတာကိုလည္း ေသေသခ်ာခ်ာေစာင္႔ၾကည္႔အကဲခတ္သင္႔ပါတယ္။ တကယ္လို႔ သူက သူ႔ဘက္ကလြန္တဲ႔အေၾကာင္းကိုဝန္ခံျပီး ေတာင္းပန္လာတယ္။ ဒါေပမယ္႔ တစ္ပတ္အတြင္းဘာမွထူးထူးျခားျခားေျပာင္းလဲမလာဘူးဆိုရင္ေတာ႔ သူကခင္ဗ်ားကိုအခ်ိန္ဆြဲေနတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ သူ႔ကိုယ္သူကာကြယ္ေျပာဆိုတာမ်ိဳးလုပ္ျပီး တစ္ပတ္အတြင္းဘာမွေျပာင္းလဲမလာဘူးဆိုရင္ေတာ႔ ခင္ဗ်ားစိတ္ကိုျပတ္ျပတ္သားသားဆံုးျဖတ္ျပီး လမ္းခြဲစကားစေျပာဖို႔အခ်ိန္ေရာက္ပါျပီ။ ကံေကာင္းရင္ (ဒါမွမဟုတ္) ကံဆိုးရင္ ခင္ဗ်ားေမးလိုက္တဲ႔အခ်ိန္မွာပဲ သူက လမ္းခြဲမယ္႔အေၾကာင္းေျပာခ်င္ေျပာလာႏိုင္ပါေသးတယ္။ ခံစားရေပမယ္႔ တစ္ခါတေလ အနာဆိုတာ စိမ္းေနတံုးအနာခံျပီး အပ္နဲ႔ခ်ဳပ္လိုက္တာက အက်က္ပိုျမန္ေစပါတယ္။

ခင္ဗ်ားက သူ႔အေၾကာင္းကို သူ႔မိဘကလြဲရင္အသိဆံုးလူတစ္ဦးျဖစ္ေနႏိုင္ေတာ႔ သူ႔ရဲ႕တံု႕ျပန္မႈေတြကိုေသခ်ာေလ႔လာအကဲခတ္ပါ။ အရမ္းၾကီးခက္္ခက္ခဲခဲၾကီးလည္းမလိုပါဘူး။ သူတံု႕ျပန္လိုက္တဲ႔ တံု႕ျပန္မႈေတြနဲ႕ ပတ္သက္ျပီးခင္ဗ်ားဘယ္လိုခံစားရလဲဆိုတာကိုပဲ ခင္ဗ်ားကိုယ္ခင္ဗ်ားျပန္ေမးပါ။ ဆက္ေစာင္႔ၾကည္႔လို႔အေျခအေနက တိုးတက္မလာဘူးဆိုရင္ေတာ႔ ကိုယ္႔လမ္းကိုယ္ဆက္ေလွ်ာက္ဖို႔ အခ်ိန္က်ပါျပီ။ ေအးေအးေဆးေဆးပဲ လမ္းခြဲေပးလိုက္ပါ။ ကမၻာေပၚမွာခင္ဗ်ားရဲ႕ဖူးစာရွင္အစစ္အမွန္က တစ္ေနရာရာမွာ ရွိေနဦးမွာပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
နှစ်ရှည်လများတွဲလာတဲ့ရည်းစားက  ကိုယ်နဲ့ပြတ်ချင်တဲ့အရိပ်အယောင်တွေဖော်ပြနေပြီလား။ ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊ အကြင်နာတွေကို စိတ်ရှုပ်စရာချုပ်နှောင်မှုတွေသဖွယ် မြင်နေပြီလား။ ဒီလိုအချိန်မျိုးမှာ ဘာဆက်လုပ်ရမလဲမသိတာဟာ ထုံးစံပါပဲ။ ကိုယ့်ဖက်က မပြတ်နိုင်သေးတော့ ဒီအချိန်မျိုးမှာပြန်ဆွဲထားဖို့ကိုပဲ ကြိုးစားမိကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဆွဲထားတိုင်းကော အလုပ်ဖြစ်မှာတဲ့လား။ ပြတ်ခါနီး Relationship တစ်ခုက ပြတ်ခါနီးကြိုးတစ်ချောင်းလိုပါပဲ။ တစ်ဖက်ဖက်က အားအနည်းငယ်သက်ရောက်လိုက်ရုံနဲ့ပြတ်သွားနိုင်တဲ့အနေအထားပါ။ ဒါပေမယ့်လည်း အခြေအနေကြီးကိုဒီတိုင်းဆက်ထားလို့လည်း မဖြစ်ဘူးလေ။ ဒီတိုင်းတန်းလန်းကြီးဖြစ်နေတာက နှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးဆိုတာ နှစ်ဖက်စလုံးက သူစပြောနိုးနိုးဆိုပြီး စောင့်နေတဲ့အနေအထားဆိုတော့ ယောကျ်ားလေးဘက်ကပဲ လာမယ့်ဘေးပြေးတွေ့လိုက်တာကောင်းပါတယ်။ ပြတ်ကိုပြတ်ရတော့မယ့်အခြေအနေဆိုရင်လည်း ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားပြီးမှ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာလုပ်သင့်တဲ့အချက်လေးတွေကို အဆင့်လိုက်ဖော်ပြပေးထားပါတယ်။
သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ဒီလိုတွေဖြစ်နေပြီဆိုရင် ကောင်မလေးကကိုယ့်ကိုဖြတ်တော့မယ်)

အဆင့် (၁)

ခင်ဗျားတို့စကားပြောဖို့လိုပြီဖြစ်တဲ့အကြောင်း လေးလေးနက်နက်ပုံစံနဲ့ပြောပါ။ ဒီနေရာကအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ သူ့ကို ပြဿနာတစ်ခုခုရှိနေပြီဖြစ်ကြောင်းသိအောင် ဟန်အမူအရာတွေ ပြသရမှာမို့ပါပဲ။ ခင်ဗျားအဲဒီလိုပြောလိုက်တာက သူ့ရဲ့အာရုံကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ ခင်ဗျားပြောဖို့လိုတာက "ကိုယ်တို့စကားပြောဖို့လိုနေပြီထင်တယ်။ ကိုယ်တို့ကြားမှာ တစ်ခုခုမှားနေပြီလို့ ကိုယ်ခံစားနေရတယ်" ဆိုတာလောက်ပါပဲ။

အဆင့် (၂)

သူ့ရဲ့အာရုံစူးစိုက်မှုကိုရပြီဆိုရင် သူ့ကိုအပြစ်တင်တဲ့လေသံ၊ ဝေဖန်တဲ့လေသံကိုရှောင်ရှားပြီး အခြေအနေကိုပဲဦးတည်ပြောပါ။ ဥပမာ... "ချစ်ကြည့်ရတာအရင်လိုမဟုတ်တော့ဘူး။ ကိုယ့်ကိုအရင်ကလောက် အချိန်မပေးတော့ဘူး။ အဆင်မပြေတာများတစ်ခုခုရှိလို့လား" ဆိုပြီးပြောကြည့်သင့်ပါတယ်။ ဒီလိုပြောခြင်းက သူ့ကို အပြစ်တင်ရာလည်းမရောက်၊ ဖြစ်နေတဲ့ပြဿနာကို တိတိလင်းလင်းရင်ဆိုင်လိုက်ရာလည်းရောက်ပါတယ်။ တကယ်လို့သူသာ ခင်ဗျားကို ခင်ဗျားတို့ကြားက ပြဿနာတွေကိုပြောချင်နေပေမယ့် ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ်ဆိုရင် ခင်ဗျားဆီက အဲဒီလို လမ်းဖွင့်ပေးတဲ့စကားကို ကြားရပြီးနောက်မှာ သူခံစားနေရတဲ့ပြဿနာတွေကို ထုတ်ပြောလာပါလိမ့်မယ်။

အဆင့် (၃)

ဒီနေရာကအရေးအကြီးဆုံးပါပဲ။ သူက ဘာမှပြန်ဖြေမလာသေးဘူးဆိုရင် သူ့ရဲ့အဖြေကိုပဲစောင့်ပါ။ စိတ်မရှည်ဘဲ ကိုယ်မေးလိုက်တဲ့မေးခွန်းကို ကိုယ်ဝင်ဖြေပေးလိုက်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ နောက်တစ်ကြိမ်စကားစပြောမယ့်သူက သူပဲဖြစ်ပါစေ။ သွားလည်းမတွန်းပါနဲ့။ အသာလေးပဲစောင့်နေပြီး ခင်ဗျားတို့ကြားက တိတ်ဆိတ်မှုကို သူကိုယ်တိုင်ဖြိုခွဲပါစေ။ စိတ်မလုံမလဲ ဖြစ်နေသူက တိတ်ဆိတ်မှုကိုကြောက်ပါတယ်။ သူသာစိတ်မလုံမလဲဖြစ်နေရင် တိတ်ဆိတ်မှုကိုအမြန်ဆုံးဖြိုခွဲပါလိမ့်မယ်။ သူကခင်ဗျားဘာကိုဆိုလိုတာလဲပြန်မေးရင် ခင်ဗျားခံစားနေရတဲ့ ခင်ဗျားတို့ကြားက အဆင်မပြေမှုတွေကိုထုတ်ပြောပြလိုက်ပါ။

အဆင့် (၄)

သူ့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်အကဲခတ်ပါ။ သိပ်ပြီးအေးစက်တဲ့ပုံစံလည်း မပြပါနဲ့။ လက်ကြီးပိုက်၊ မျက်မှောင်ကြီးကုတ်ပြီး တရားခံစစ် လာစစ်တာကိုမိန်းကလေးတွေ မုန်းပါတယ်။ ပုံစံအတိုင်းပဲ ဂရုစိုက်တဲ့ပုံစံနဲ့ သေချာနားထောင်ပါ။ ဒါပေမယ့် သူဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကိုလည်း သေသေချာချာစောင့်ကြည့်အကဲခတ်သင့်ပါတယ်။ တကယ်လို့ သူက သူ့ဘက်ကလွန်တဲ့အကြောင်းကိုဝန်ခံပြီး တောင်းပန်လာတယ်။ ဒါပေမယ့် တစ်ပတ်အတွင်းဘာမှထူးထူးခြားခြားပြောင်းလဲမလာဘူးဆိုရင်တော့ သူကခင်ဗျားကိုအချိန်ဆွဲနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ကိုယ်သူကာကွယ်ပြောဆိုတာမျိုးလုပ်ပြီး တစ်ပတ်အတွင်းဘာမှပြောင်းလဲမလာဘူးဆိုရင်တော့ ခင်ဗျားစိတ်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လမ်းခွဲစကားစပြောဖို့အချိန်ရောက်ပါပြီ။ ကံကောင်းရင် (ဒါမှမဟုတ်) ကံဆိုးရင် ခင်ဗျားမေးလိုက်တဲ့အချိန်မှာပဲ သူက လမ်းခွဲမယ့်အကြောင်းပြောချင်ပြောလာနိုင်ပါသေးတယ်။ ခံစားရပေမယ့် တစ်ခါတလေ အနာဆိုတာ စိမ်းနေတုံးအနာခံပြီး အပ်နဲ့ချုပ်လိုက်တာက အကျက်ပိုမြန်စေပါတယ်။

ခင်ဗျားက သူ့အကြောင်းကို သူ့မိဘကလွဲရင်အသိဆုံးလူတစ်ဦးဖြစ်နေနိုင်တော့ သူ့ရဲ့တုံ့ပြန်မှုတွေကိုသေချာလေ့လာအကဲခတ်ပါ။ အရမ်းကြီးခက်ခက်ခဲခဲကြီးလည်းမလိုပါဘူး။ သူတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်ပြီးခင်ဗျားဘယ်လိုခံစားရလဲဆိုတာကိုပဲ ခင်ဗျားကိုယ်ခင်ဗျားပြန်မေးပါ။ ဆက်စောင့်ကြည့်လို့အခြေအနေက တိုးတက်မလာဘူးဆိုရင်တော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ အချိန်ကျပါပြီ။ အေးအေးဆေးဆေးပဲ လမ်းခွဲပေးလိုက်ပါ။ ကမ္ဘာပေါ်မှာခင်ဗျားရဲ့ဖူးစာရှင်အစစ်အမှန်က တစ်နေရာရာမှာ ရှိနေဦးမှာပါ။
Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top