အသားညိဳတဲ့သူေတြအတြက္ ေတာ္ေတ္ာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ နည္းေလးပါပဲ ။ အသားျဖဴေဆးေတြ ၊ လိုးရွင္းေတြ ေပၚေနေပမယ့္လည္း Side Effect ေတြရွိမွာစိုးလို႕ မေသာက္ရဲဘူး ။ အခုေတြ႕လိုက္တဲ့ နည္းလမ္းက အသံုးျပဳျပီးတာနဲ႕ ေတာ္ေတာ္ေလးကို သိသိသာသာ ျဖဴဝင္းသြားေစတယ္ဆိုလို႕ နည္းလမ္းကို မွ်ေဝေပးလိုက္ခ်င္ပါတယ္ ။ တကယ္ျဖဴခ်င္ရင္ေတာ့ စိတ္ရွည္ရွည္ လုပ္ရမွာေပါ့ေန္ာ..
ပထမဦးစြာ Body Scrub လုပ္ရမွာ ျဖစ္ပါတယ္ ။ ပန္းကန္လံုး တစ္ခုထဲကို သၾကား လက္ဖက္ရည္ဇြန္း ၁ဇြန္းထည့္ပါ ။ ျပီလွ်င္ ညွစ္ထားေသာ လိေမၼာ္ရည္ ၃ဇြန္း ၊ သံလြင္ဆီ ၁ဇြန္း ၊ ပ်ားရည္ ၁ဇြန္း ထပ္ထည့္ပါ ။ အကုန္လံုးထည့္ျပီးျပီဆိုရင္ေတာ့ သမေအာင္ေမႊျပီး Scrub လုပ္လို႕ရပါျပီ ။Scrub လုပ္ဖို႕အတြက္ ေစာေစာက ေမႊထားတဲ့အရည္ကို အသားအေရေပၚမွာ နွိပ္နယ္လိမ္းေပးပါ ။ျပီးလွ်င္ ေရစိုဝတ္ျဖင့္ ပြတ္တိုက္ေပးပါ ။ အခ်ိန္အေတ္ာၾကာ ပြတ္တိုက္ျပီးျပီဆိုရင္ေတာ့ ေရေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ ။ဒါဆိုရင္ေတာ့ Scrub လုပ္လို႔ျပီးပါျပီ ။
Scrub လုပ္ျပီးသြားရင္ ေနာက္တစ္ဆင့္လုပ္ရမွာကို အသားအေရ ထိန္းသိမ္းဖို႔ပါ ။ ပန္းကန္လံုးတစ္ခုထဲသို႔ ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း ၂ဇြန္း ၊ Baking Soda ¼ ဇြန္း ၊ လိေမၼာ္ရည္ ၆ဇြန္း တို႔ကို ေရာေမႊေပးပါ ။ ရလာေသာ အနွစ္ကို အရည္ျပားေပၚ အနွံ႕ လိမ္းေပးပါ ။ လိမ္းျပီး မိနစ္ ၂၀ခန္႔ထားျပီးလွ်င္ ၂မိနစ္ခန္႔ ပြတ္တိုက္ေပးပါ ။ ထို႔ေနာက္ ေရေဆးခ်လို႕ရပါျပီ ။
ဒီနည္းလမ္းေလးက အသားအေရျဖဴစင္လွပခ်င္တဲ့သူေတြအတြက္ အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အသားညိုတဲ့သူတွေအတွက် တော်တေ်ာ စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလေးပါပဲ ။ အသားဖြူဆေးတွေ ၊ လိုးရှင်းတွေ ပေါ်နေပေမယ့်လည်း Side Effect တွေရှိမှာစိုးလို့ မသောက်ရဲဘူး ။ အခုတွေ့လိုက်တဲ့ နည်းလမ်းက အသုံးပြုပြီးတာနဲ့ တော်တော်လေးကို သိသိသာသာ ဖြူဝင်းသွားစေတယ်ဆိုလို့ နည်းလမ်းကို မျှဝေပေးလိုက်ချင်ပါတယ် ။ တကယ်ဖြူချင်ရင်တော့ စိတ်ရှည်ရှည် လုပ်ရမှာပေါ့နေ်ာ..
ပထမဦးစွာ Body Scrub လုပ်ရမှာ ဖြစ်ပါတယ် ။ ပန်းကန်လုံး တစ်ခုထဲကို သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပါ ။ ပြီလျှင် ညှစ်ထားသော လိမ္မော်ရည် ၃ဇွန်း ၊ သံလွင်ဆီ ၁ဇွန်း ၊ ပျားရည် ၁ဇွန်း ထပ်ထည့်ပါ ။ အကုန်လုံးထည့်ပြီးပြီဆိုရင်တော့ သမအောင်မွှေပြီး Scrub လုပ်လို့ရပါပြီ ။Scrub လုပ်ဖို့အတွက် စောစောက မွှေထားတဲ့အရည်ကို အသားအရေပေါ်မှာ နှိပ်နယ်လိမ်းပေးပါ ။ပြီးလျှင် ရေစိုဝတ်ဖြင့် ပွတ်တိုက်ပေးပါ ။ အချိန်အတေ်ာကြာ ပွတ်တိုက်ပြီးပြီဆိုရင်တော့ ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။ဒါဆိုရင်တော့ Scrub လုပ်လို့ပြီးပါပြီ ။
Scrub လုပ်ပြီးသွားရင် နောက်တစ်ဆင့်လုပ်ရမှာကို အသားအရေ ထိန်းသိမ်းဖို့ပါ ။ ပန်းကန်လုံးတစ်ခုထဲသို့ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ၊ Baking Soda ¼ ဇွန်း ၊ လိမ္မော်ရည် ၆ဇွန်း တို့ကို ရောမွှေပေးပါ ။ ရလာသော အနှစ်ကို အရည်ပြားပေါ် အနှံ့ လိမ်းပေးပါ ။ လိမ်းပြီး မိနစ် ၂၀ခန့်ထားပြီးလျှင် ၂မိနစ်ခန့် ပွတ်တိုက်ပေးပါ ။ ထို့နောက် ရေဆေးချလို့ရပါပြီ ။
ဒီနည်းလမ်းလေးက အသားအရေဖြူစင်လှပချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Credit:CHAN (ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပံုမွန္အသားအေရထက္ ပိုျပီး သိသိသာသာ ျဖဴဝင္းသြားေစမယ့္ နည္လမ္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။