iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ လူငယ္ဆိုတာ တက္ၾကြမႈေတြအျမဲရွိေနရမယ့္အခ်ိန္ပါ။ စိတ္ေတြက အျမဲလန္းဆန္းေနျပီး အရာရာကို ထက္သန္စြာ ၾကိဳးစားခ်င္စိတ္ရွိတဲ့ အခ်ိန္ပါ။ ဒါေပမယ့္လည္း လူငယ္အမ်ားစုမွာ ရုန္းကန္ေနရတဲ့ အေျခအေနေတြရွိေနပါတယ္။ ဘဝမွာ သူတို႔ စိတ္ပင္ပန္းရဆံုးလို႔ ေျပာလို႔ရတဲ့ အခ်ိန္ေတြရွိပါတယ္။

၁ - ရပ္တန္႔သြားတဲ့ ဆက္ဆံေရး

တစ္ဦးတစ္ဦးနဲ႔ သူငယ္ခ်င္းအျဖစ္က ရပ္စဲသြားတာပါ။ ဒီလိုရပ္စဲရတဲ့ အေၾကာင္းအရင္းကို ေကာင္းေကာင္းလည္း မသိပါဘူး။ အျမဲတမ္းတြဲျဖစ္သြားမယ္လို႔ ထင္ရတဲ့ သူငယ္ခ်င္းျဖစ္ေပမယ့္ အခုေတာ့ စကားေတာင္ မေျပာျဖစ္ၾကေတာ့ပါဘူး။ ေျပာျဖစ္ရင္လည္း အရင္လို ခင္မင္မႈမရွိတဲ့အရိပ္အေငြ႕ေတြနဲ႔သာ ေျပာျဖစ္ပါတယ္။ ဒါနဲ႔ပဲ မိတ္ေဆြသူငယ္ခ်င္းရဲ႕ တန္ဖိုးကို သံသယရွိလာပါတယ္။ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အျမဲတမ္းခင္မင္ေနမယ့္ နည္းလမ္းေရာ ရွိရဲ႕လားလို႔လည္း သံသယရွိမိပါတယ္။ ဘဝကုိ စိတ္ပ်က္မိတဲ့အခ်ိန္လည္း ျဖစ္တတ္ပါတယ္။

၂ - ထင္သလိုမဟုတ္တဲ့ အလုပ္

တကယ္ေပ်ာ္တဲ့ အရပ္ပဲ ဆိုျပီး အခ်ိန္ေတြႏွစ္ျမႇပ္လုပ္ကိုင္လာပါတယ္။ ဒါေပမယ့္ အခ်ိန္ေတြၾကာလာတဲ့အခါ သင္ေပးဆပ္သေလာက္ သင့္အလုပ္က မထိုက္တန္တာကို ေတြ႕လာရပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း အရင္ကေလာက္ ေႏြးေထြးရင္းႏွီးမႈမ်ိဳး မရွိပါဘူး။ သင့္အထက္လူၾကီးကလည္း အရင္လူမဟုတ္ေတာ့တာ၊ အရင္လိုမဟုတ္ေတာ့တာေတြ ၾကံဳရပါတယ္။ လုပ္ငန္းခြင္ဟာ သင္ထင္သလို မဟုတ္ပါလားဆိုတာကို ေလးေလးနက္နက္ ခံစားမိတဲ့အခ်ိန္ပါ။

၃ - မေရာက္ႏုိင္တဲ့ ပန္းတုိင္

ဘဝမွာ ရည္မွန္းခ်က္ ပန္းတိုင္ရွိေပမယ့္ ဒီရည္မွန္းခ်က္ဆီမေရာက္ႏုိင္ဘဲ ျဖစ္ေနပါတယ္။ ေရာက္ဖို႔ ေဝးကြားလြန္းသလိုလည္း ျဖစ္ေနပါတယ္။ ခုခ်ိန္ထိေတာင္ သြားမယ့္ လမ္းေၾကာင္းကို အစမျပဳရေသးဘူးဆိုရင္ေတာ့ သင့္ကိုယ္သင္စိတ္ပ်က္လာပါတယ္။ ကိုယ့္ဘဝကို ကိုယ့္စိတ္ၾကိဳက္တည္ေဆာက္ႏုိင္ပါ့မလားလို႔ သံသယေတြ ရွိလာပါတယ္။ ေန႔စဥ္ မယံုၾကည္မႈေတြ မ်ားျပားလာပါတယ္။ ငါမ်ား က်ရႈံးသြားေတာ့မလား၊ ေရာက္ႏုိင္ပါေတာ့မလားလို႔ စိုးရိမ္မႈေတြ ၾကီးစုိးလာပါတယ္။

၄ - ေငြေၾကးျပသနာ ႏွစ္ေပါင္းမ်ားစြာ

ေငြေၾကးၾကပ္တည္းမႈကို ႏွစ္ေပါင္းမ်ားစြာကို ၾကံဳေနရတာ ျဖစ္ပါတယ္။ တတ္ႏုိင္သေလာက္၊ ရႏုိင္သေလာက္ ၾကိဳးစားေပမယ့္လည္း ေငြေၾကးၾကပ္တည္းမႈက အျမဲရွိေနတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ခ်ိဳ႕တဲ့တဲ့မိသားစုက လာရသူေတြမွာ ငယ္စဥ္ကတည္းက တစ္ကိုယ္စာအတြက္တင္မကဘဲ မိသားစုအတြက္ပါ ရုန္းကန္ေနရသူေတြ ျဖစ္ပါတယ္။ တစ္ခါတစ္ေလ ေငြေၾကးၾကပ္တည္းေနတဲ့ ဒီအျဖစ္ၾကီးကို ဆက္မၾကံဳခ်င္ေတာ့ေလာက္ေအာင္ စိတ္ပင္ပန္းမႈေတြ ျဖစ္ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တကယ်တော့ လူငယ်ဆိုတာ တက်ကြွမှုတွေအမြဲရှိနေရမယ့်အချိန်ပါ။ စိတ်တွေက အမြဲလန်းဆန်းနေပြီး အရာရာကို ထက်သန်စွာ ကြိုးစားချင်စိတ်ရှိတဲ့ အချိန်ပါ။ ဒါပေမယ့်လည်း လူငယ်အများစုမှာ ရုန်းကန်နေရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဘဝမှာ သူတို့ စိတ်ပင်ပန်းရဆုံးလို့ ပြောလို့ရတဲ့ အချိန်တွေရှိပါတယ်။

၁ - ရပ်တန့်သွားတဲ့ ဆက်ဆံရေး

တစ်ဦးတစ်ဦးနဲ့ သူငယ်ချင်းအဖြစ်က ရပ်စဲသွားတာပါ။ ဒီလိုရပ်စဲရတဲ့ အကြောင်းအရင်းကို ကောင်းကောင်းလည်း မသိပါဘူး။ အမြဲတမ်းတွဲဖြစ်သွားမယ်လို့ ထင်ရတဲ့ သူငယ်ချင်းဖြစ်ပေမယ့် အခုတော့ စကားတောင် မပြောဖြစ်ကြတော့ပါဘူး။ ပြောဖြစ်ရင်လည်း အရင်လို ခင်မင်မှုမရှိတဲ့အရိပ်အငွေ့တွေနဲ့သာ ပြောဖြစ်ပါတယ်။ ဒါနဲ့ပဲ မိတ်ဆွေသူငယ်ချင်းရဲ့ တန်ဖိုးကို သံသယရှိလာပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အမြဲတမ်းခင်မင်နေမယ့် နည်းလမ်းရော ရှိရဲ့လားလို့လည်း သံသယရှိမိပါတယ်။ ဘဝကို စိတ်ပျက်မိတဲ့အချိန်လည်း ဖြစ်တတ်ပါတယ်။

၂ - ထင်သလိုမဟုတ်တဲ့ အလုပ်

တကယ်ပျော်တဲ့ အရပ်ပဲ ဆိုပြီး အချိန်တွေနှစ်မြှပ်လုပ်ကိုင်လာပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတဲ့အခါ သင်ပေးဆပ်သလောက် သင့်အလုပ်က မထိုက်တန်တာကို တွေ့လာရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရင်ကလောက် နွေးထွေးရင်းနှီးမှုမျိုး မရှိပါဘူး။ သင့်အထက်လူကြီးကလည်း အရင်လူမဟုတ်တော့တာ၊ အရင်လိုမဟုတ်တော့တာတွေ ကြုံရပါတယ်။ လုပ်ငန်းခွင်ဟာ သင်ထင်သလို မဟုတ်ပါလားဆိုတာကို လေးလေးနက်နက် ခံစားမိတဲ့အချိန်ပါ။

၃ - မရောက်နိုင်တဲ့ ပန်းတိုင်

ဘဝမှာ ရည်မှန်းချက် ပန်းတိုင်ရှိပေမယ့် ဒီရည်မှန်းချက်ဆီမရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ ရောက်ဖို့ ဝေးကွားလွန်းသလိုလည်း ဖြစ်နေပါတယ်။ ခုချိန်ထိတောင် သွားမယ့် လမ်းကြောင်းကို အစမပြုရသေးဘူးဆိုရင်တော့ သင့်ကိုယ်သင်စိတ်ပျက်လာပါတယ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်ပါ့မလားလို့ သံသယတွေ ရှိလာပါတယ်။ နေ့စဉ် မယုံကြည်မှုတွေ များပြားလာပါတယ်။ ငါများ ကျရှုံးသွားတော့မလား၊ ရောက်နိုင်ပါတော့မလားလို့ စိုးရိမ်မှုတွေ ကြီးစိုးလာပါတယ်။

၄ - ငွေကြေးပြသနာ နှစ်ပေါင်းများစွာ

ငွေကြေးကြပ်တည်းမှုကို နှစ်ပေါင်းများစွာကို ကြုံနေရတာ ဖြစ်ပါတယ်။ တတ်နိုင်သလောက်၊ ရနိုင်သလောက် ကြိုးစားပေမယ့်လည်း ငွေကြေးကြပ်တည်းမှုက အမြဲရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ချို့တဲ့တဲ့မိသားစုက လာရသူတွေမှာ ငယ်စဉ်ကတည်းက တစ်ကိုယ်စာအတွက်တင်မကဘဲ မိသားစုအတွက်ပါ ရုန်းကန်နေရသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ငွေကြေးကြပ်တည်းနေတဲ့ ဒီအဖြစ်ကြီးကို ဆက်မကြုံချင်တော့လောက်အောင် စိတ်ပင်ပန်းမှုတွေ ဖြစ်ရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top