၅။ ရေမွှေး
၆။ ဘဏ်စာအုပ်
၇။ ကိုယ်ပိုင်နေရာ
ကဲ ယောင်းတို့ရေ ကိုယ်က အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်နေပြီဆိုရင် အကုန်သုံးမပစ်ပဲ အပေါ်က ၇ ခုအတွက် ရင်းနှီးမြှုပ်နှံထားလိုက်ရအောင်နော်။
#Unicode Version#
အသက်၂၀၀န်းကျင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေဖို့ ဒီအရာ (၇)ခုအတွက် ငွေရင်းနှီးမြှုပ်နှံထားဖို့လိုတယ်နော်။
အသက်လေး ၂၀ ပတ်လည်ရှိလာပြီး ကိုယ်ပိုင်ရပ်တည်ဖို့အတွက်အစပြုနေကြတဲ့ယောင်းတို့ဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် စဉ်းစားနေရပြီဟုတ်။ အလုပ်လုပ်နေရတဲ့သူတွေဆို ဟိုဟာလေးဝယ်ချင် ဒီဟာလေးဝယ်ချင်ပေမဲ့ အိမ်အတွက်လည်းကြည့်ရသေးတာမို့ ဈေးကြီးတာတွေမဝယ်ဖြစ်ပဲ ဈေးအသင့်အတင့် ပစ္စည်းလေးတွေနဲ့ပဲ ရောင့်ရဲတင်းတိမ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေဖို့နဲ့ ကိုယ့်ကိုယ်ကို brand တစ်ခုအဖြစ်သတ်မှတ်ဖို့ဆို ဒီ ၇ ခုကို ယောင်းတို့ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံထားသင့်တယ်နော်။
၁။ အနက်ရောင်ဂါဝန်တစ်ထည်
မိန်းကလေးတစ်ယောက်အနေနဲ့ဘယ်လိုပုံစံမျိုးပဲ ဝတ်နေပါစေ အနက်ရောင်ဂါဝန်တစ်ထည်လောက်တော့ရှိသင့်ပါတယ်။ အဲ့လို ဂါဝန်မျိုးက ပွဲတိုးသလို ယောင်းတို့ကိုမိန်းမပိုဆန်၊ ကိုယ်လုံးအလှပိုပေါ်လွင်ပြီး ပရော်ဖက်ရှင်နယ်ကျစေမှာပါ။ တဖြတ်ဖြတ်တောက်နေတဲ့ ဂါဝန်မဟုတ်ရင်တောင် ရိုးရိုးလေးနဲ့ကျော့ရှင်းနေတဲ့ ဒီဇိုင်းတစ်ခုတော့ ရွေးချယ်သင့်ပါတယ်။
၂။ သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တစ်စုံ
ဒေါက်ဖိနပ်၊ စနိကာ၊ ကြိုးသိုင်း ဘာပဲစီးစီး သက်တောင့်သက်သာဖြစ်နေဖို့လိုအပ်ပါတယ်။ မိန်းကလေးအများစုက လှချင်ဇောနဲ့ သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်ရွေးချယ်တဲ့အခါ ကိုယ်နေဟန်ထားကပါ အဆင်မပြေနိုင်ပါဘူး။
၃။ ဘရန်းကောင်းကောင်းနာရီတစ်ခု
အခုနောက်ပိုင်းမှာ မိန်းကလေးအများစုက နာမည်ကြီးတံဆိပ်နာရီတွေကို ဝတ်ဆင်လာကြပါတယ်။ ရွှေလက်ကောက်တွေ ဟန်းချိန်းတွေပတ်တာမျိုးထက် စမတ်ကျတဲ့ကောင်မလေးအများစုက နာရီကောင်းတစ်ခုကိုသာရွေးချယ်လေ့ရှိပါတယ်။
၄။ ပိုက်ဆံအိတ်ကြီးကြီးတစ်ခု
ကျောပိုးအိတ်၊ ဝက်ဝံရုပ်အိတ်ကလေး၊ ပိုက်ဆံအိတ်သေးသေးလေးတွေက မိန်းကလေးအများစုမှာရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်က ၂၀ ကျော်လာပြီဆိုရင်တော့ အိတ်အနက်ကြီးကြီးတစ်ခု ဒါမှမဟုတ် ဘရန်းကောင်းကောင်းနဲ့ များများဆံ့မဲ့ ပိုက်ဆံအိတ်တစ်လုံးလောက်တော့ ရှိနေသင့်ပါပြီ။
၅။ ရေမွှေး
စမတ်ကျပြီး လှပနေတဲ့မိန်းကလေးတစ်ယောက်အနားကပ်လိုက်ရင် အရင်ဆုံးဆွဲဆောင်တာက သူ့ရဲ့အနံ့လေးပေါ့။ အပေါစားသုံးလို့အနံ့ထောင်းထောင်းထနေတာမျိုးထက် သင်းသင်လေးနဲ့ဆွဲဆောင်မှုရှိနေအောင် ရေမွှေးကောင်းကောင်းလေး တစ်ပုလင်းလောက် ဝယ်ထားသင့်တယ်နော်။ ဥပမာ YSL ရေမွှေးမျိုးပေါ့။
၆။ ဘဏ်စာအုပ်
ဘယ်လောက်ပဲဗီရိုထဲမှာအဝတ်တွေပစ္စည်းတွေပြည့်နှက်နေပါစေ ယောင်းတို့ ဘဝရေရှည်ရပ်တည်မှုအတွက်တော့ ဒီပစ္စည်းတွေက အာမမခံပေးနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လိုချင်တာတွေအကုန်လိုက်မဝယ်ပဲနဲ့ ဘဏ်စာအုပ်ထဲမှာလည်း ကိန်းဂဏန်းတွေတိုးပွားလာအောင် အားထုတ်ပါ။
၇။ ကိုယ်ပိုင်နေရာ
ဘယ်လောက်ပဲမိဘရင်ခွင်မှာနေနေ တစ်ချိန်ရည်ရွယ်ထားတဲ့သူနဲ့လက်ထပ်တဲ့အခါ နေစရာရှိအောင် ကိုယ်ပိုင်အိမ်ဖြစ်ဖြစ်ရှိသင့်ပါတယ်။ လခစားယောင်းတို့အတွက်ကတော့ ခက်ခဲမယ်ဆိုပေမဲ့ ကြိုးစားကြည့့်၇အောင်နော်။ မိဘက အိမ်ပိုင်မဟုတ်ရင်တောင် ကိုယ်ကအိမ်ဝယ်ပေးနိုင်တယ်ဆို အတိုင်းထက်အလွန်ပေါ့။ မိဘကလည်း အိမ်ရှိတယ်ဆိုရင် ကိုယ်စိတ်ညစ်တဲ့အချိန်နားဖို့ဖြစ်ဖြစ်၊ ကိုယ့်ဘာကို တစ်ယောက်တည်းရပ်တည်ဖို့ပဲဖြစ်ဖြစ် အိမ်လေးတစ်လုံးလောက်တော့ ဝယ်ဖို့တွေးထားသင့်တယ်နော်။
ကဲ ယောင်းတို့ရေ ကိုယ်က အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုုင်နေပြီဆိုရင် အကုန်သုံးမပစ်ပဲ အပေါ်က ၇ ခုအတွက် ရင်းနှီးမြှုပ်နှံထားလိုက်ရအောင်နော်။
Credit:Miko (For Her Myanmar)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသက်၂၀ ဝန်းကျင်မှာ ရင်းနှီးမြှုပ်နှံထားသင့်တဲ့အရာ (၇) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။