iMyanmarHouse.com - Best Property Website for Myanmar
×

မီးဖုိေခ်ာင္ထဲမွာ ႐ွိေနတဲ့ ဂ်င္းဟာ ခ်က္ျပဳတ္ရံုတင္ အသံုးဝင္တာမဟုတ္မွန္း အေတာ္မ်ားမ်ားက သိၾကပါတယ္။ ဂ်င္းရဲ႕အရသာက ပူစပ္စပ္ရွိတယ္၊ အနံ႔အသက္ေမႊးတယ္။ ဒါေၾကာင့္မုိ႔လို႔လည္း ေ႐ွးယခင္တည္းက အေအးမိျခင္းကို သက္သာေအာင္ ကုသရာမွာ ဂ်င္းကိုသံုးခဲ့ၾကပါတယ္။ အျခား ေဆးဘက္ဝင္တဲ့နည္းေတြလည္း ရွိေသးတယ္။

၁။ ၾကြက္သားနာက်င္မႈ

ဂ်င္းမွာပါဝင္တဲ့ gingerol ျဒပ္ေပါင္းဟာ နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေစပါတယ္။ ဂ်င္းကိုေန႔စဥ္စားေပးရင္ ေရာင္ရမ္းမႈကိုေလ်ာ့သြားေစၿပီး ေလ့က်င့္ခန္းလုပ္လို႔ ၾကြက္သားနာက်င္ရတာကို သက္သာေစေၾကာင္း The Journal of Pain က ေဖာ္ျပဖူးပါတယ္။ ကာယေလ့က်င့္ခန္းလုပ္ၿပီးေနာက္ ဂ်င္းေလးနည္းနည္းေလာက္ စားေပးတဲ့အခါ ၾကြက္သားေတြမနာေတာ့ပါဘူး။

၂။ ဓမၼတာလာခ်ိန္

အမ်ိဳးသမီးေတြဟာ လစဥ္ဓမၼာတာလာခ်ိန္ေတြမွာ နာက်င္ကိုက္ခဲမႈကို အနည္းနဲ႔အမ်ားဆိုသလို ခံစားရပါတယ္။ ရာသီလာတဲ့ပထမ ၃ရက္မွာ ဂ်င္းကိုမွီဝဲရင္ စီးဆင္းမႈလည္းမွန္ၿပီး နာက်င္မႈေတြ ေလ်ာ့ပါးသြားပါတယ္။ ဒါေၾကာင့္လည္း လူႀကီးေတြက ဂ်င္းနဲ႔ထန္းလ်က္ကို ျပဳတ္ေသာက္ခိုင္းေလ့ရိွိတယ္။ ေရေႏြးထဲကို ဂ်င္းေလး ၂ျပားေလာက္ ထည့္ေသာက္ၾကည့္ပါ။ တကယ္သက္သာတယ္။

၃။ Morning Sickness

ကိုယ္ဝန္ေဆာင္ေတြ ျဖစ္ေလ့႐ွိတဲ့ morning sickness (မနက္ပိုင္းေတြမွာ ပ်ိဳ႕အန္မႈ) ကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္တုိင္းကိုေတာ့ သက္သာေစတာ မေတြ႔ရဘူး။ ဂ်င္းေလးငံုထားတာက မူးေမာ္တာကိုသက္သာေစၿပီး ပ်ိဳ႕အန္မႈကို ေပ်ာက္ေစပါတယ္။
၄။ ကားမူးသက္သာေစ

ကားစီးခ်ိန္၊ ေလယာဥ္စီးခ်ိန္ေတြမွာ ျဖစ္တတ္တဲ့ motion sickness လို႔ေခၚတဲ့ မူးေဝမႈကိုလည္း သက္သာေစပါတယ္။ ဂ်င္းျပားေလးနည္းနည္းေလာက္ကို ဝါးစားေပးလို႔ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဂျင်းဟာ ချက်ပြုတ်ရုံတင် အသုံးဝင်တာမဟုတ်မှန်း အတော်များများက သိကြပါတယ်။ ဂျင်းရဲ့အရသာက ပူစပ်စပ်ရှိတယ်၊ အနံ့အသက်မွှေးတယ်။ ဒါကြောင့်မို့လို့လည်း ရှေးယခင်တည်းက အအေးမိခြင်းကို သက်သာအောင် ကုသရာမှာ ဂျင်းကိုသုံးခဲ့ကြပါတယ်။ အခြား ဆေးဘက်ဝင်တဲ့နည်းတွေလည်း ရှိသေးတယ်။

၁။ ကြွက်သားနာကျင်မှု

ဂျင်းမှာပါဝင်တဲ့ gingerol ဒြပ်ပေါင်းဟာ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဂျင်းကိုနေ့စဉ်စားပေးရင် ရောင်ရမ်းမှုကိုလျော့သွားစေပြီး လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားနာကျင်ရတာကို သက်သာစေကြောင်း The Journal of Pain က ဖော်ပြဖူးပါတယ်။ ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် ဂျင်းလေးနည်းနည်းလောက် စားပေးတဲ့အခါ ကြွက်သားတွေမနာတော့ပါဘူး။

၂။ ဓမ္မတာလာချိန်

အမျိုးသမီးတွေဟာ လစဉ်ဓမ္မာတာလာချိန်တွေမှာ နာကျင်ကိုက်ခဲမှုကို အနည်းနဲ့အများဆိုသလို ခံစားရပါတယ်။ ရာသီလာတဲ့ပထမ ၃ရက်မှာ ဂျင်းကိုမှီဝဲရင် စီးဆင်းမှုလည်းမှန်ပြီး နာကျင်မှုတွေ လျော့ပါးသွားပါတယ်။ ဒါကြောင့်လည်း လူကြီးတွေက ဂျင်းနဲ့ထန်းလျက်ကို ပြုတ်သောက်ခိုင်းလေ့ရှိတယ်။ ရေနွေးထဲကို ဂျင်းလေး ၂ပြားလောက် ထည့်သောက်ကြည့်ပါ။ တကယ်သက်သာတယ်။

၃။ Morning Sickness

ကိုယ်ဝန်ဆောင်တွေ ဖြစ်လေ့ရှိတဲ့ morning sickness (မနက်ပိုင်းတွေမှာ ပျို့အန်မှု) ကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တိုင်းကိုတော့ သက်သာစေတာ မတွေ့ရဘူး။ ဂျင်းလေးငုံထားတာက မူးမော်တာကိုသက်သာစေပြီး ပျို့အန်မှုကို ပျောက်စေပါတယ်။
၄။ ကားမူးသက်သာစေ

ကားစီးချိန်၊ လေယာဉ်စီးချိန်တွေမှာ ဖြစ်တတ်တဲ့ motion sickness လို့ခေါ်တဲ့ မူးဝေမှုကိုလည်း သက်သာစေပါတယ်။ ဂျင်းပြားလေးနည်းနည်းလောက်ကို ဝါးစားပေးလို့ရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top