အခုဒီစာကို ဖတ္ေနတဲ႔ ေယာင္းဟာ
၁။ “ဟယ္ ငါနဲ႔မ်ား တိုက္ဆိုင္ေနမား ”
ဆိုျပီး ဝင္ဖတ္သူ
၂။ ေခါင္းစဥ္ျမင္သည္နွင့္ တစ္စံုတစ္ေယာက္ကို ေျပးျမင္၍ ဝင္ဖတ္သူ
၃။ က်ိန္းေသေပါက္ ကိုယ္႔အေၾကာင္းမွန္းသိ၍ လက္ထဲ မုန္႔တစ္ခုခုကိုင္ျပီး ဖတ္ေနသူ
ျဖစ္နိုင္ပါတယ္။
ေယာင္းဟာ ဘယ္နံပါတ္ပဲ ျဖစ္ျဖစ္ ေအာက္ပါ ဂိမ္းေလးကို စိတ္ပါဝင္စားပါက ေဆာ့နိုင္ပါသည္။
ဂိမ္းက…
၁။ ေအာက္ပါ အခ်က္မ်ားကို ဆံုးေအာင္ဆက္ဖတ္ပါ။
၂။ ဖတ္ျပီး ခီြလို႔ ဝျပီဆိုရင္ ရွဲမယ္ဟုတ္။ ရွဲတဲ႔အခါ အထက္ပါ နံပါတ္ထဲက ကိုယ္နဲ႔ တိုက္ဆိုင္တဲ႔ နံပါတ္ကို ေရးျပီး ရွဲပါ။ အကယ္၍ ေယာင္းဟာ နံပါတ္(၁)နဲ႔ (၃)ဆိုရင္ ဘဝတူသယ္ရင္းမ်ားကို tag
တြဲ၍ ရွဲပါ။ နံပါတ္(၂)ဆိုရင္ ၁ နဲ႔ ၃ သမားမ်ားကို tag ပါ။
ကဲ စပါမယ္။
(၁) ဗိုက္ဆာလိုက္တာ ဆိုတဲ႔စကားက အဓိ႒ာန္ဂါထာ
တစ္ေန႔တာအတြင္း အေျပာျဖစ္ဆံုးစကားကို တစ္ေယာက္ေယာက္က အင္တာလာဗ်ဴးရင္ ဗိုက္ဆာတယ္ဆိုတဲ႔စကားက လြဲျပီး ရွာမေတြ႔တတ္။ သူငယ္ခ်င္းေတြၾကားလည္း ဗိုက္ဆာလိုက္တာ။ ခ်စ္ခ်စ္နဲ႔လည္း ဗိုက္ဆာလိုက္တာ ။ တစ္ကိုယ္တည္းပင္လ်ွင္ ဗိုက္ဆာလိုက္တာ ဟုပင္ ညည္းတတ္ၾကသည္။
(၂) ေဖ့စ္ဘြတ္တြင္လည္း အစားအစာမ်ားကိုသာ ဝန္းရံသူတစ္ဦး
အစားသာျဖစ္လို႔ကေတာ့ freemode နဲ႔သံုးလို႔ ဓာတ္ပံုမေပၚေသးေတာင္ လိုက္ခ္ျပီးသားပင္။ အစားအစာေပ့ခ်္မ်ားဆို see first ။ Newsfeed မွာ တက္လာတဲ႔ suggested page ေတြဟာ အစားအစာနဲ႔ ပက္သက္သည္မ်ားသာ။ တျခားပို႔စ္ေတြေတာ့ မေျပာတတ္ အစားအေသာက္နဲ႔ ပက္သက္လို႔ကေတာ့ ခုဝင္ဖတ္ဖုိ႔ ေဘလ္မရွိေတာင္ ေနာက္ေဘလ္ရွိရင္ ဝင္ဖတ္မွဆိုျပီး ေစ့ဗ္ ထားတတ္ၾကသည္။
(၃) ရေသာပိုက္ဆံ အဖတ္မတင္
သူမ်ား မိန္းကေလးေတြ ပိုက္ဆံစုျပီး ဟိုဟာေလး ဝယ္ဦးမွ ဒီဟာေလး ဝယ္ဦးမွ လုပ္ေနခ်ိန္တြင္ foodie သမားတို႔သည္ ရတဲ႔ပိုက္ဆံမ်ားက စားေသာက္ဆိုင္မ်ားသာသြားျပီး ကုန္သည့္အတြက္ အိမ္ေနာက္ေဖးက ဆားဗစ္ကန္ထဲတြင္သာ စုေနတတ္သည္။ ပိုက္ဆံသာကုန္သြားတယ္။ မယ္မယ္ရရ ဝယ္ထားတဲ႔ ပစၥည္းမရွိတဲ႔အခါ ဟယ္ ပိုက္ဆံဆိုတာလည္း အသံုးမခံ ငါ့နွယ္ ဘာမွေတာင္ မသံုးလိုက္ရဘူးဟုေတြးတတ္။ အစားကိုေတာ့ ဘယ္ေတာ့မွ အျပစ္မျမင္။
(၄) ငါကေတာ့ ဗိုက္ဆာလို႔စားတာပဲ။ သူ႔ဘာသာသူ ဝလာတာေတာ့ မတတ္နိုင္။
foodie တို႔အတြက္ အစားကို ဘယ္ေတာ့မွ သစၥာမေဖာက္။ စလင္း(ပိန္)ခ်င္လို႔ ခဏတာ အစားနဲ႔ ေဝးေနမိလည္း စလင္းျပီးရင္ အလြမ္းသယ္ျပီး ျပန္စား ျပန္ဝ။ ဒီသံသရာပဲလည္ေနတတ္တယ္။ သို႔ေသာ္ ဝါရင့္ foodie ေတြကေတာ့ ေအာက္ပါစကားရပ္ကို လက္ကိုင္ထားတတ္ၾကသည္။
“အစားေလွ်ာ့ရင္ စလင္းျဖစ္သြားမယ္ဆိုတာ သိတယ္။ ဒါေပမယ့္ မေလ်ွာ့ဘူး။”
(၅) ခ်စ္သူနဲ႔ ခ်ိန္းေတြ႔ပါက စားေသာက္ဆိုင္ကလြဲ အျခားေနရာ မသြား
“ခ်စ္ ဘယ္သြားမလဲ။ ”
” ဟိုေန႔က review တစ္ခုေတြ႔ထားတယ္။ အဲ႔ဆိုင္ေလး စားေကာင့္မယ့္ပံုပဲ။ အဲ႔သြားရေအာင္။ ”
“ခ်စ္ကလည္း စားေသာက္ဆိုင္ပဲ သြားေနတာပဲ။ တျခားေနရာသြားရေအာင္။ ”
“ဘာာာာာာာာ ရွင္က ကိုယ့္ခ်စ္သူကို ဒါေလး ဝယ္ေကြ်းရတာကို မသဒၵါခ်င္ဘူးလား။ ခ်စ္သူ၂ ဦးေတြ႔တာပဲ။ ဘယ္ေနရာျဖစ္ျဖစ္ေပါ့။ က်ြန္မႀကိဳက္တဲ႔ စားေသာက္ဆိုင္ျဖစ္ေတာ့ ပိုမေကာင္းဘူးလား။ကြ်န္မအစားအေသာက္ႀကိဳက္တာ ရွင္မသိဘူးလား။ ဒီမယ္ ရွင္ က်ြန္မနဲ႔တြဲခ်င္တယ္ဆိုရင္ ဒါကို လက္ခံရမွာပဲ။ လက္မခံႏိုင္ရင္ေတာ့ ရွင္နဲ႔ ကြ်န္မအျပတ္ပဲ။”
foodie မ်ားသည္ အစားကို အခ်စ္နဲ႔ လဲနိုင္သူမ်ားသာ။
ဟုတ္တယ္ဟုတ္။ ဟိတ္..နံပါတ္ ၃ သမားမ်ား လက္က မုန္႔ေလး ခဏခ်၍ ရွဲလိုက္ပါ။ စာေရးသူ အက္မင္ေတာ့ ေရခဲေသတၱာထဲ သြားေမႊလိုက္ဦးမယ္။
ဘိုင္။
Credit:Nilar (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အခုဒီစာကို ဖတ်နေတဲ့ ယောင်းဟာ
၁။ “ဟယ် ငါနဲ့များ တိုက်ဆိုင်နေမား ”
ဆိုပြီး ဝင်ဖတ်သူ
၂။ ခေါင်းစဉ်မြင်သည်နှင့် တစ်စုံတစ်ယောက်ကို ပြေးမြင်၍ ဝင်ဖတ်သူ
၃။ ကျိန်းသေပေါက် ကိုယ့်အကြောင်းမှန်းသိ၍ လက်ထဲ မုန့်တစ်ခုခုကိုင်ပြီး ဖတ်နေသူ
ဖြစ်နိုင်ပါတယ်။
ယောင်းဟာ ဘယ်နံပါတ်ပဲ ဖြစ်ဖြစ် အောက်ပါ ဂိမ်းလေးကို စိတ်ပါဝင်စားပါက ဆော့နိုင်ပါသည်။
ဂိမ်းက…
၁။ အောက်ပါ အချက်များကို ဆုံးအောင်ဆက်ဖတ်ပါ။
၂။ ဖတ်ပြီး ခွီလို့ ဝပြီဆိုရင် ရှဲမယ်ဟုတ်။ ရှဲတဲ့အခါ အထက်ပါ နံပါတ်ထဲက ကိုယ်နဲ့ တိုက်ဆိုင်တဲ့ နံပါတ်ကို ရေးပြီး ရှဲပါ။ အကယ်၍ ယောင်းဟာ နံပါတ်(၁)နဲ့ (၃)ဆိုရင် ဘဝတူသယ်ရင်းများကို tag
တွဲ၍ ရှဲပါ။ နံပါတ်(၂)ဆိုရင် ၁ နဲ့ ၃ သမားများကို tag ပါ။
ကဲ စပါမယ်။
(၁) ဗိုက်ဆာလိုက်တာ ဆိုတဲ့စကားက အဓိဋ္ဌာန်ဂါထာ
တစ်နေ့တာအတွင်း အပြောဖြစ်ဆုံးစကားကို တစ်ယောက်ယောက်က အင်တာလာဗျူးရင် ဗိုက်ဆာတယ်ဆိုတဲ့စကားက လွဲပြီး ရှာမတွေ့တတ်။ သူငယ်ချင်းတွေကြားလည်း ဗိုက်ဆာလိုက်တာ။ ချစ်ချစ်နဲ့လည်း ဗိုက်ဆာလိုက်တာ ။ တစ်ကိုယ်တည်းပင်လျှင် ဗိုက်ဆာလိုက်တာ ဟုပင် ညည်းတတ်ကြသည်။
(၂) ဖေ့စ်ဘွတ်တွင်လည်း အစားအစာများကိုသာ ဝန်းရံသူတစ်ဦး
အစားသာဖြစ်လို့ကတော့ freemode နဲ့သုံးလို့ ဓာတ်ပုံမပေါ်သေးတောင် လိုက်ခ်ပြီးသားပင်။ အစားအစာပေ့ချ်များဆို see first ။ Newsfeed မှာ တက်လာတဲ့ suggested page တွေဟာ အစားအစာနဲ့ ပက်သက်သည်များသာ။ တခြားပို့စ်တွေတော့ မပြောတတ် အစားအသောက်နဲ့ ပက်သက်လို့ကတော့ ခုဝင်ဖတ်ဖို့ ဘေလ်မရှိတောင် နောက်ဘေလ်ရှိရင် ဝင်ဖတ်မှဆိုပြီး စေ့ဗ် ထားတတ်ကြသည်။
(၃) ရသောပိုက်ဆံ အဖတ်မတင်
သူများ မိန်းကလေးတွေ ပိုက်ဆံစုပြီး ဟိုဟာလေး ဝယ်ဦးမှ ဒီဟာလေး ဝယ်ဦးမှ လုပ်နေချိန်တွင် foodie သမားတို့သည် ရတဲ့ပိုက်ဆံများက စားသောက်ဆိုင်များသာသွားပြီး ကုန်သည့်အတွက် အိမ်နောက်ဖေးက ဆားဗစ်ကန်ထဲတွင်သာ စုနေတတ်သည်။ ပိုက်ဆံသာကုန်သွားတယ်။ မယ်မယ်ရရ ဝယ်ထားတဲ့ ပစ္စည်းမရှိတဲ့အခါ ဟယ် ပိုက်ဆံဆိုတာလည်း အသုံးမခံ ငါ့နှယ် ဘာမှတောင် မသုံးလိုက်ရဘူးဟုတွေးတတ်။ အစားကိုတော့ ဘယ်တော့မှ အပြစ်မမြင်။
(၄) ငါကတော့ ဗိုက်ဆာလို့စားတာပဲ။ သူ့ဘာသာသူ ဝလာတာတော့ မတတ်နိုင်။
foodie တို့အတွက် အစားကို ဘယ်တော့မှ သစ္စာမဖောက်။ စလင်း(ပိန်)ချင်လို့ ခဏတာ အစားနဲ့ ဝေးနေမိလည်း စလင်းပြီးရင် အလွမ်းသယ်ပြီး ပြန်စား ပြန်ဝ။ ဒီသံသရာပဲလည်နေတတ်တယ်။ သို့သော် ဝါရင့် foodie တွေကတော့ အောက်ပါစကားရပ်ကို လက်ကိုင်ထားတတ်ကြသည်။
“အစားလျှော့ရင် စလင်းဖြစ်သွားမယ်ဆိုတာ သိတယ်။ ဒါပေမယ့် မလျှော့ဘူး။”
(၅) ချစ်သူနဲ့ ချိန်းတွေ့ပါက စားသောက်ဆိုင်ကလွဲ အခြားနေရာ မသွား
“ချစ် ဘယ်သွားမလဲ။ ”
” ဟိုနေ့က review တစ်ခုတွေ့ထားတယ်။ အဲ့ဆိုင်လေး စားကောင့်မယ့်ပုံပဲ။ အဲ့သွားရအောင်။ ”
“ချစ်ကလည်း စားသောက်ဆိုင်ပဲ သွားနေတာပဲ။ တခြားနေရာသွားရအောင်။ ”
“ဘာာာာာာာာ ရှင်က ကိုယ့်ချစ်သူကို ဒါလေး ဝယ်ကျွေးရတာကို မသဒ္ဒါချင်ဘူးလား။ ချစ်သူ၂ ဦးတွေ့တာပဲ။ ဘယ်နေရာဖြစ်ဖြစ်ပေါ့။ ကျွန်မကြိုက်တဲ့ စားသောက်ဆိုင်ဖြစ်တော့ ပိုမကောင်းဘူးလား။ကျွန်မအစားအသောက်ကြိုက်တာ ရှင်မသိဘူးလား။ ဒီမယ် ရှင် ကျွန်မနဲ့တွဲချင်တယ်ဆိုရင် ဒါကို လက်ခံရမှာပဲ။ လက်မခံနိုင်ရင်တော့ ရှင်နဲ့ ကျွန်မအပြတ်ပဲ။”
foodie များသည် အစားကို အချစ်နဲ့ လဲနိုင်သူများသာ။
ဟုတ်တယ်ဟုတ်။ ဟိတ်..နံပါတ် ၃ သမားများ လက်က မုန့်လေး ခဏချ၍ ရှဲလိုက်ပါ။ စာရေးသူ အက်မင်တော့ ရေခဲသေတ္တာထဲ သွားမွှေလိုက်ဦးမယ်။
ဘိုင်။
Credit:Nilar (For Her Myanmar)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
အေထြေထြ
» အၿမဲတမ္း ဗိုက္ဆာတတ္တဲ႔ မိန္းကေလးေတြသာ နားလည္ႏိုင္တဲ႔ အခ်က္(၅)ခ်က္
အၿမဲတမ္း ဗိုက္ဆာတတ္တဲ႔ မိန္းကေလးေတြသာ နားလည္ႏိုင္တဲ႔ အခ်က္(၅)ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။