iMyanmarHouse.com - Best Property Website for Myanmar
×

 အပ်ဳိႀကီးဆိုတိုင္း ေရာင္းမစံြတဲ့ပစၥည္းလိုလို ဘာလိုလိုနဲ႔ အထင္ေသးလိုက္ၾကတာေတာ္။ ေနာက္ကြယ္မွာ ကြ်န္မတို႔က ဘယ္ႏွစ္ေယာက္ေတာင္မွ ျငင္းခဲ့ရလဲ သိလို႔လား။

လာပါၿပီ။ ဟိုေနရာလာလည္း အပ်ဳိႀကီး။ ဒီေနရာလာလည္း အပ်ဳိဟိုင္းႀကီး။ အရပ္ေျပာနဲ႔တင္အားမရ သီခ်င္းထဲပါ ထည့္ဆိုထားၾကေသးတယ္။ ဒီေတာ့ သေကာင့္သားေတြ စေနာက္ဖို႔ရာ ဂြင္ေပါေလေပါ့။ တကတည္း တစ္ခါလာလည္း အပ်ဳိႀကီး အပ်ဳိႀကီးမမနဲ႔ ျဖစ္ေနရေအာင္ ကြ်န္မတို႔အပ်ဳိႀကီးမမေတြက ေကာင္ေလး ဘယ္ႏွစ္ေယာက္ကို ျငင္းခဲ့လဲ ရွင္တို႔ေတြ သိလို႔လား။

တကယ္တို႔ ကြ်န္မတို႔ အပ်ဳိႀကီးမမေတြက စံနမူထားတဲ့ပံုစံေတြက အျမင့္ေရာက္ေနလို႔ပါေလ။ သူမ်ားမေျပာပါဘူး ဝင္ဒီဆိုရင္ ဝင္ဒီ့ကို လာလာၾကဴတဲ့ ေကာင္ေလးမွန္သမွ် တာ့တာျပခဲ့တာခ်ည္းပဲ။ မ်က္လံုးထဲမယ္ တစ္ေယာက္မွ ေထာင့္မက်ဳိးတာေတြခ်ည္းပဲ။ ဒါမွမဟုတ္ ကိုယ္စံထားတဲ့ေကာင္ေလးေတြက ဂြ်န္ေစာတို႔ လီယိုနာဒိုတို႔လို အမွန္းျမင့္ေနလို႔မ်ားလား မသိ။ 😀

တစ္ခ်ဳိ႕က်ေတာ့ အခ်စ္ဦးနဲ႔ လဲြလို႔ အပ်ဳိႀကီးျဖစ္သြားတဲ့ မမေတြလည္း ရွိတယ္။

ဝင္ဒီ့အသိမမတစ္ေယာက္အေၾကာင္း ေျပာျပမယ္။ သူက ေက်ာင္းတတ္ကတည္းက သူ႔သူငယ္ခ်င္းေကာင္ေလးကို တစ္ဖက္သတ္ႀကိတ္ေႂကြေနတာ။ ဟိုကလည္း သူ႔ကို ျပန္ေႂကြေနတာ၊ အဲ… တစ္ေယာက္နဲ႔တစ္ေယာက္က ထုတ္မေျပာၾကဘူး။ ေျပာလိုက္ရင္ အျငင္းခံရမွာစိုးလို႔တဲ့။ အဲ့အမကက် သူႀကိတ္ေႂကြေနတာကို ကာယကံရွင္ကသာ မသိတယ္။ ေဘးလူေတြက အကုန္သိ။ (ႏံုတဲ့အျပစ္ေပါ့ေလ။ :P) တစ္ေယာက္နဲ႔တစ္ေယာက္က သူဖြင့္ေျပာႏိုးႏိုး၊ ငါဖြင့္ေျပာႏိုးႏိုးနဲ႔ ေကာင္ေလးက ေကာက္ခါငင္ခါနဲ႔ မိန္းမခိုးေျပးသြားပါေလေရာ။ အဲ့အမမွာေတာ့ ကဲြလိုက္ရတဲ့အသည္းဆိုတာေလ။ တငိုငိုတရယ္ရယ္နဲ႔။ ဟိုက သူ႔အခ်စ္ဦးကိုး။ ဒါေပမဲ့ သူလည္း ဘယ္ေလာက္မွ မခံစားလိုက္ရပါဘူး။ သူ႔အိမ္က ပညာေတာ္သင္ပို႔လို႔ အေမရိကန္ေရာက္သြားရွာတယ္။ ႏွစ္ေတြေတာ့ ေတာ္ေတာ္ၾကာသြားတယ္။ အဲ့အမကေတာ့ ဆရာဝန္ျဖစ္ၿပီး ျမန္မာျပည္ကို ခဏျပန္လာတယ္။ သူျပန္ေျပာျပတာ။ ငါ့မွာေတာ့ ႏိုင္ငံျခားေရာက္တဲ့အထိ သူ႔လြမ္းတိုင္း စာေတြ၊ အလုပ္ေတြ ဖိလုပ္လိုက္ရတာတဲ့။ သူကေတာ့ ကေလးတိုးလို႔တဲြေလာင္းဘဝမွာ ေပ်ာ္ေနတယ္တဲ့ေလ။ စိတ္နာလို႔ ဒီတစ္သက္ေယာက်ာၤးယူဖို႔ စိတ္ေတာင္မကူးေတာ့ဘူး။ ငါသာ သူ႔ယူမိရင္ အခုလို ဆရာဝန္ျဖစ္ဖို႔ေနေနသာသာ ကေလးတဲြေလာင္းနဲ႔ျဖစ္ေနမွာ ဆိုၿပီး သူ႔အေတြ႕အၾကံဳကို လာေဖာက္သည္ခ်သြားေလရဲ႕။ သူကေတာ့ အခု အေမရိကမွာ ႀကီးပြားလို႔။
Readအလြမ္းအခံရွိသူမ်ား အပ်ိဳၾကီးလူပ်ိဳၾကီးျဖစ္တတ္

ဒါေၾကာင့္ အခ်စ္ဦးနဲ႔ လဲြလို႔၊ ခရပ္ရွ္က ေယာက်ာၤးယူသြားလို႔ ဆိုတဲ့ ေယာင္းေတြ သူတို႔ထက္ အဆတစ္ရာေလာက္ သာေအာင္လုပ္ၿပီး သူတို႔အထက္မွာ ေနပစ္လိုက္။

အပ်ိဳၾကီးဆိုတာလဲသူ႔မာန္နဲ႔သူပဲ ေယာင္းတို႔ေရ။ ျပီးေတာ့သူတို႔က ရင့္က်က္ျပီး ဘယ္သူ႔ကိုမွမွီမခိုတတ္ၾကဘူး။ အဲ့ဒါေၾကာင့္လည္း အပ်ိဳၾကီးေတြကိုၾကည့္ရင္ အားက်ိဳးမာန္တက္ အလုပ္လုပ္ေနၾကတာ လက္ေတြ႔မွာအမ်ားၾကီးပဲ။ဒါေၾကာင့္အပ်ိဳၾကီးတစ္ေယာက္ဆုိျပီး တစ္ေယာက္ေယာက္အထင္ေသးေျပာလာရင္ ခပ္ေခ်ေခ်ျပံဳးျပလုိက္ပါ။

တေလာကေတာင္မွ သတင္းတစ္ပုဒ္ေတြ႕မိပါေသးတယ္။ ထက္ျမက္တဲ့အမ်ဳိးသမီးေတြက Single ေတြတဲ့။ ဘယ္သူဘာပဲေျပာေျပာ ကိုယ္တို႔အပ်ဳိႀကီးေတြက စင္ျမင့္ထက္မွာပါပဲ။ ေခ်ေခ်ပဲေလ။ ဆီး ယူ အက္ သယ္ ေတာ့ပ္ ပါ။ 😛

Credit:Windy (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 အပျိုကြီးဆိုတိုင်း ရောင်းမစွံတဲ့ပစ္စည်းလိုလို ဘာလိုလိုနဲ့ အထင်သေးလိုက်ကြတာတော်။ နောက်ကွယ်မှာ ကျွန်မတို့က ဘယ်နှစ်ယောက်တောင်မှ ငြင်းခဲ့ရလဲ သိလို့လား။

လာပါပြီ။ ဟိုနေရာလာလည်း အပျိုကြီး။ ဒီနေရာလာလည်း အပျိုဟိုင်းကြီး။ အရပ်ပြောနဲ့တင်အားမရ သီချင်းထဲပါ ထည့်ဆိုထားကြသေးတယ်။ ဒီတော့ သကောင့်သားတွေ စနောက်ဖို့ရာ ဂွင်ပေါလေပေါ့။ တကတည်း တစ်ခါလာလည်း အပျိုကြီး အပျိုကြီးမမနဲ့ ဖြစ်နေရအောင် ကျွန်မတို့အပျိုကြီးမမတွေက ကောင်လေး ဘယ်နှစ်ယောက်ကို ငြင်းခဲ့လဲ ရှင်တို့တွေ သိလို့လား။

တကယ်တို့ ကျွန်မတို့ အပျိုကြီးမမတွေက စံနမူထားတဲ့ပုံစံတွေက အမြင့်ရောက်နေလို့ပါလေ။ သူများမပြောပါဘူး ဝင်ဒီဆိုရင် ဝင်ဒီ့ကို လာလာကြူတဲ့ ကောင်လေးမှန်သမျှ တာ့တာပြခဲ့တာချည်းပဲ။ မျက်လုံးထဲမယ် တစ်ယောက်မှ ထောင့်မကျိုးတာတွေချည်းပဲ။ ဒါမှမဟုတ် ကိုယ်စံထားတဲ့ကောင်လေးတွေက ဂျွန်စောတို့ လီယိုနာဒိုတို့လို အမှန်းမြင့်နေလို့များလား မသိ။ 😀

တစ်ချို့ကျတော့ အချစ်ဦးနဲ့ လွဲလို့ အပျိုကြီးဖြစ်သွားတဲ့ မမတွေလည်း ရှိတယ်။

ဝင်ဒီ့အသိမမတစ်ယောက်အကြောင်း ပြောပြမယ်။ သူက ကျောင်းတတ်ကတည်းက သူ့သူငယ်ချင်းကောင်လေးကို တစ်ဖက်သတ်ကြိတ်ကြွေနေတာ။ ဟိုကလည်း သူ့ကို ပြန်ကြွေနေတာ၊ အဲ… တစ်ယောက်နဲ့တစ်ယောက်က ထုတ်မပြောကြဘူး။ ပြောလိုက်ရင် အငြင်းခံရမှာစိုးလို့တဲ့။ အဲ့အမကကျ သူကြိတ်ကြွေနေတာကို ကာယကံရှင်ကသာ မသိတယ်။ ဘေးလူတွေက အကုန်သိ။ (နုံတဲ့အပြစ်ပေါ့လေ။ :P) တစ်ယောက်နဲ့တစ်ယောက်က သူဖွင့်ပြောနိုးနိုး၊ ငါဖွင့်ပြောနိုးနိုးနဲ့ ကောင်လေးက ကောက်ခါငင်ခါနဲ့ မိန်းမခိုးပြေးသွားပါလေရော။ အဲ့အမမှာတော့ ကွဲလိုက်ရတဲ့အသည်းဆိုတာလေ။ တငိုငိုတရယ်ရယ်နဲ့။ ဟိုက သူ့အချစ်ဦးကိုး။ ဒါပေမဲ့ သူလည်း ဘယ်လောက်မှ မခံစားလိုက်ရပါဘူး။ သူ့အိမ်က ပညာတော်သင်ပို့လို့ အမေရိကန်ရောက်သွားရှာတယ်။ နှစ်တွေတော့ တော်တော်ကြာသွားတယ်။ အဲ့အမကတော့ ဆရာဝန်ဖြစ်ပြီး မြန်မာပြည်ကို ခဏပြန်လာတယ်။ သူပြန်ပြောပြတာ။ ငါ့မှာတော့ နိုင်ငံခြားရောက်တဲ့အထိ သူ့လွမ်းတိုင်း စာတွေ၊ အလုပ်တွေ ဖိလုပ်လိုက်ရတာတဲ့။ သူကတော့ ကလေးတိုးလို့တွဲလောင်းဘဝမှာ ပျော်နေတယ်တဲ့လေ။ စိတ်နာလို့ ဒီတစ်သက်ယောကျာၤးယူဖို့ စိတ်တောင်မကူးတော့ဘူး။ ငါသာ သူ့ယူမိရင် အခုလို ဆရာဝန်ဖြစ်ဖို့နေနေသာသာ ကလေးတွဲလောင်းနဲ့ဖြစ်နေမှာ ဆိုပြီး သူ့အတွေ့အကြုံကို လာဖောက်သည်ချသွားလေရဲ့။ သူကတော့ အခု အမေရိကမှာ ကြီးပွားလို့။
Readအလွမ်းအခံရှိသူများ အပျိုကြီးလူပျိုကြီးဖြစ်တတ်

ဒါကြောင့် အချစ်ဦးနဲ့ လွဲလို့၊ ခရပ်ရှ်က ယောကျာၤးယူသွားလို့ ဆိုတဲ့ ယောင်းတွေ သူတို့ထက် အဆတစ်ရာလောက် သာအောင်လုပ်ပြီး သူတို့အထက်မှာ နေပစ်လိုက်။

အပျိုကြီးဆိုတာလဲသူ့မာန်နဲ့သူပဲ ယောင်းတို့ရေ။ ပြီးတော့သူတို့က ရင့်ကျက်ပြီး ဘယ်သူ့ကိုမှမှီမခိုတတ်ကြဘူး။ အဲ့ဒါကြောင့်လည်း အပျိုကြီးတွေကိုကြည့်ရင် အားကျိုးမာန်တက် အလုပ်လုပ်နေကြတာ လက်တွေ့မှာအများကြီးပဲ။ဒါကြောင့်အပျိုကြီးတစ်ယောက်ဆိုပြီး တစ်ယောက်ယောက်အထင်သေးပြောလာရင် ခပ်ချေချေပြုံးပြလိုက်ပါ။

တလောကတောင်မှ သတင်းတစ်ပုဒ်တွေ့မိပါသေးတယ်။ ထက်မြက်တဲ့အမျိုးသမီးတွေက Single တွေတဲ့။ ဘယ်သူဘာပဲပြောပြော ကိုယ်တို့အပျိုကြီးတွေက စင်မြင့်ထက်မှာပါပဲ။ ချေချေပဲလေ။ ဆီး ယူ အက် သယ် တော့ပ် ပါ။ 😛

Credit:Windy (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top