ကဲ auntymay ပရိသတ္ႀကီးေရ … ေအာက္မွာ ေဖာ္ျပထားတဲ့ လက္ထပ္သူေတြဟာ မွားယြင္းေသာ အယူအဆေတြနဲ႔ လက္ထပ္ၾကသူေတြ ျဖစ္ပါတယ္။ လက္မထပ္ခင္ ေသခ်ာ မဆင္ျခင္ပဲ လက္ထပ္လုိက္တဲ့အခါ လင္ေရာ မယားေရာ မသာယာတဲ့ အိမ္ ေထာင္သည္ဘ၀ကုိ ေသသည္အထိ၊ သုိ႔မဟုတ္ သည္းခံမႈအတုိင္းအတာ ကုန္သည္အထိ ေက်ာ္ျဖတ္ရ
ေတာ့တာပါဘဲ။ ဒါမ်ိဳးကို ေရွာင္ၾကဥ္ၾကပါလုိ႔ တုိက္တြန္းခ်င္ပါတယ္။
(၁) လိင္ေၾကာင့္
အခ်ိဳ႕က အေပါစားစိတ္ဓာတ္နဲ႔ လက္ထပ္တာဗ်။ ဘယ္လုိ အေပါစားစိတ္ဓာတ္နဲ႔ဆုိရင္ သူ႕ကုိသာ လက္ထပ္လုိက္ရင္ ငါ
အာသာဆႏၵရွိတဲ့ လိင္ကိစၥေတာ့ တစ္ဘ၀စာ ဖူလုံသြားၿပီ-ဆုိတဲ့ အေတြးနဲ႔ လက္ထပ္ၾကတာ။ ကၽြန္ေတာ့္မွာ နာမည္ေခၚၿပီး
ဥပမာအေနနဲ႔ ေရးျပစရာေတြ ရွိပါတယ္။ နာမည္ေတာ့ မေဖာ္ေတာ့ပါဘူး။ ပရိသတ္ႀကီးနဲ႔ နီးစပ္တဲ့ အသုိင္းအ၀ုိင္းမွာေတာင္ ရွာၾကည့္ရင္ ရွိႏုိင္ပါတယ္။
(၂) ေငြေၾကးေၾကာင့္
ေငြေၾကးဟာ တစ္ဘ၀လုံး စိတ္ခ်မ္းသာေစမယ့္ အာမခံ ပစၥည္းမဟုတ္ပါဘူး။ ဒါကို ခပ္ညံ့ညံ့မိဘေတြကုိ ကုိယ့္သားသမီး ဆင္စီးၿပီးျမင္းရံတာပဲ ျမင္ခ်င္တယ္ဆုိကာ ေငြေၾကးခ်မ္းသာသူတစ္ေယာက္နဲ႔ ဇြတ္အတင္းေပးစားတယ္။ ကာယကံရွင္
ကုိယ္တုိင္က ဟုိဘက္က ေငြေၾကးခ်မ္းသာေတာ့ ပြၿပီဆုိၿပီး ဘာမွ အင္းမလုပ္အဲမလုပ္ ၿငိမ္ေနလုိက္တယ္။ အဲဒီမွာ သူတုိ႔
ႀကိဳတင္တြက္ဆမထားတဲ့ ျပႆနာေတြက လာၿပီ။
(၃) အေၾကြးေၾကာင့္
ဒီလုိလက္ထပ္ပြဲမ်ိဳးကို ခ်စ္တီးမယားသိမ္းလက္ထပ္ပြဲ-လုိ႔ အညာဘက္မွာ နစ္နစ္နာနာ ေျပာၾကေလ့ရွိပါတယ္။ တစ္စုံတစ္
ေယာက္ဟာ ဘ၀နဲ႔ခ်ီၿပီး မဆပ္ႏုိင္တဲ့ အေၾကြးမ်ိဳး တစ္စုံတစ္ေယာက္ဆီမွာ တင္ရွိေနတဲ့အခါမ်ိဳးမွာ ေၾကြးရွင္ရဲ႕ ဆင္ႀကံ
ႀကံျခင္း ခံရတတ္ပါတယ္။ အငယ္အေႏွာင္းလည္း ျဖစ္ခ်င္ျဖစ္မယ္၊ ကံေကာင္းလုိ႔ အႀကီးလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္
ေငြနဲ႔ ၀ယ္ယူျခင္းခံလုိက္ရတဲ့ ဘ၀မုိ႔ ေပ်ာ္စရာရယ္ေတာ့ ဘယ္ရွိမလဲ။
(၄) ေၾကာက္ရြံ႕မႈေၾကာင့္
ေၾကာက္ရြံ႕မႈေၾကာင့္ လက္ထပ္တယ္ဆုိတာက တစ္စုံတစ္ေယာက္အေပၚမွာ ၾသဇာအရလည္း ေၾကာက္ရတာျဖစ္ေစ၊ အာဏာအရလည္း ေၾကာက္ရတာျဖစ္ေစ၊ လူမႈေရးအရလည္း မလြန္ဆန္ႏုိင္တာျဖစ္ေစ လက္ထပ္လုိက္ရတာမ်ိဳး ရွိတတ္ပါ
တယ္။ လြဲမွားေသာ ေၾကာက္ရြံ႕စိတ္ျဖင့္ လက္ထပ္ျခင္းျဖစ္လုိ႔ အိမ္ေထာင္ေရး သာယာဖုိ႔ မရွိ။
(၅) မိဘေတြေၾကာင့္
မိဘေတြဟာ သားသမီးကို ခ်စ္တယ္ခ်စ္တယ္နဲ႔ သူတုိ႔တစ္ေတြရဲ႕ တစ္ကုိယ္ေကာင္းအတၱနဲ႔ ခ်ဳပ္ခ်ယ္မိတတ္ပါတယ္။ ေပးစားတဲ့သူကိုမွ မယူဘူးျငင္းရင္ ႏွလုံးေရာဂါေဖာက္သလုိလုိ၊ ေသြးေတြ တအားတုိးသလုိလုိနဲ႔ သားသမီးေတြအေပၚ အၾကပ္ကုိင္တတ္ပါတယ္။ ရွက္စရာလည္း ေကာင္းသလုိ၊ သားသမီးကို တစ္ဘ၀လုံး စိတ္မခ်မ္းသာေစမယ့္ ဘစႀကီးထဲ ထားခဲ့ဖုိ႔ဆုိတာ ေတာ္႐ုံရက္စက္တဲ့ မိဘေတြေတာင္ သိပ္လုပ္ေလ့မရွိပါဘူး။
(၆) အေပါင္းသင္းေၾကာင့္
အေပါင္းအသင္း အေလွာ္ေကာင္းလုိ႔ ဟုတ္မလားဆုိၿပီး လက္ထပ္မိတဲ့သူေတြလည္း တစ္ပုံႀကီးပါဘဲ။ ေနာက္ဆုံးေတာ့ သားေတြ သမီးေတြနဲ႔ အပ်ိဳရည္/လူပ်ိဳရည္ပ်က္ၿပီး ဒုကၡပင္လယ္ေ၀တာပဲ အဖက္တင္တတ္ပါတယ္။
(၇) အားနာမႈေၾကာင့္
အားနာလုိ႔ လက္ထပ္လုိက္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ေၾသာ္ သူ ခဏခဏ လုိခ်င္လုိ႔ လာေတာင္း/လာပုိးေနတာ ငါ့
လည္း အျခား ခ်စ္ရမယ့္သူ ရွိတာမဟုတ္ဘူး။ ရတုန္းေလး ဆြဲစိထားလုိက္တာ ေကာင္းပါတယ္ေလ။ ခဏခဏ လာေတာင္း/လာပုိးေနရတာ အားနာဖုိ႔ ေကာင္းလွပါၿပီဆုိတဲ့ သေဘာနဲ႔ လက္ထပ္လုိက္တယ္။ ဒါေပမယ့္ ဘ၀ဒုကၡေတြကေတာ့ အားနာမွာ မဟုတ္ပါဘူး။
Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကဲ auntymay ပရိသတ်ကြီးရေ … အောက်မှာ ဖော်ပြထားတဲ့ လက်ထပ်သူတွေဟာ မှားယွင်းသော အယူအဆတွေနဲ့ လက်ထပ်ကြသူတွေ ဖြစ်ပါတယ်။ လက်မထပ်ခင် သေချာ မဆင်ခြင်ပဲ လက်ထပ်လိုက်တဲ့အခါ လင်ရော မယားရော မသာယာတဲ့ အိမ်ထောင်သည်ဘဝကို သေသည်အထိ၊ သို့မဟုတ် သည်းခံမှုအတိုင်းအတာ ကုန်သည်အထိ ကျော်ဖြတ်ရ
တော့တာပါဘဲ။ ဒါမျိုးကို ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
(၁) လိင်ကြောင့်
အချို့က အပေါစားစိတ်ဓာတ်နဲ့ လက်ထပ်တာဗျ။ ဘယ်လို အပေါစားစိတ်ဓာတ်နဲ့ဆိုရင် သူ့ကိုသာ လက်ထပ်လိုက်ရင် ငါ
အာသာဆန္ဒရှိတဲ့ လိင်ကိစ္စတော့ တစ်ဘဝစာ ဖူလုံသွားပြီ-ဆိုတဲ့ အတွေးနဲ့ လက်ထပ်ကြတာ။ ကျွန်တော့်မှာ နာမည်ခေါ်ပြီး
ဥပမာအနေနဲ့ ရေးပြစရာတွေ ရှိပါတယ်။ နာမည်တော့ မဖော်တော့ပါဘူး။ ပရိသတ်ကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာတောင် ရှာကြည့်ရင် ရှိနိုင်ပါတယ်။
(၂) ငွေကြေးကြောင့်
ငွေကြေးဟာ တစ်ဘဝလုံး စိတ်ချမ်းသာစေမယ့် အာမခံ ပစ္စည်းမဟုတ်ပါဘူး။ ဒါကို ခပ်ညံ့ညံ့မိဘတွေကို ကိုယ့်သားသမီး ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်တယ်ဆိုကာ ငွေကြေးချမ်းသာသူတစ်ယောက်နဲ့ ဇွတ်အတင်းပေးစားတယ်။ ကာယကံရှင်
ကိုယ်တိုင်က ဟိုဘက်က ငွေကြေးချမ်းသာတော့ ပွပြီဆိုပြီး ဘာမှ အင်းမလုပ်အဲမလုပ် ငြိမ်နေလိုက်တယ်။ အဲဒီမှာ သူတို့
ကြိုတင်တွက်ဆမထားတဲ့ ပြဿနာတွေက လာပြီ။
(၃) အကြွေးကြောင့်
ဒီလိုလက်ထပ်ပွဲမျိုးကို ချစ်တီးမယားသိမ်းလက်ထပ်ပွဲ-လို့ အညာဘက်မှာ နစ်နစ်နာနာ ပြောကြလေ့ရှိပါတယ်။ တစ်စုံတစ်
ယောက်ဟာ ဘဝနဲ့ချီပြီး မဆပ်နိုင်တဲ့ အကြွေးမျိုး တစ်စုံတစ်ယောက်ဆီမှာ တင်ရှိနေတဲ့အခါမျိုးမှာ ကြွေးရှင်ရဲ့ ဆင်ကြံ
ကြံခြင်း ခံရတတ်ပါတယ်။ အငယ်အနှောင်းလည်း ဖြစ်ချင်ဖြစ်မယ်၊ ကံကောင်းလို့ အကြီးလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့်
ငွေနဲ့ ဝယ်ယူခြင်းခံလိုက်ရတဲ့ ဘဝမို့ ပျော်စရာရယ်တော့ ဘယ်ရှိမလဲ။
(၄) ကြောက်ရွံ့မှုကြောင့်
ကြောက်ရွံ့မှုကြောင့် လက်ထပ်တယ်ဆိုတာက တစ်စုံတစ်ယောက်အပေါ်မှာ သြဇာအရလည်း ကြောက်ရတာဖြစ်စေ၊ အာဏာအရလည်း ကြောက်ရတာဖြစ်စေ၊ လူမှုရေးအရလည်း မလွန်ဆန်နိုင်တာဖြစ်စေ လက်ထပ်လိုက်ရတာမျိုး ရှိတတ်ပါ
တယ်။ လွဲမှားသော ကြောက်ရွံ့စိတ်ဖြင့် လက်ထပ်ခြင်းဖြစ်လို့ အိမ်ထောင်ရေး သာယာဖို့ မရှိ။
(၅) မိဘတွေကြောင့်
မိဘတွေဟာ သားသမီးကို ချစ်တယ်ချစ်တယ်နဲ့ သူတို့တစ်တွေရဲ့ တစ်ကိုယ်ကောင်းအတ္တနဲ့ ချုပ်ချယ်မိတတ်ပါတယ်။ ပေးစားတဲ့သူကိုမှ မယူဘူးငြင်းရင် နှလုံးရောဂါဖောက်သလိုလို၊ သွေးတွေ တအားတိုးသလိုလိုနဲ့ သားသမီးတွေအပေါ် အကြပ်ကိုင်တတ်ပါတယ်။ ရှက်စရာလည်း ကောင်းသလို၊ သားသမီးကို တစ်ဘဝလုံး စိတ်မချမ်းသာစေမယ့် ဘစကြီးထဲ ထားခဲ့ဖို့ဆိုတာ တော်ရုံရက်စက်တဲ့ မိဘတွေတောင် သိပ်လုပ်လေ့မရှိပါဘူး။
(၆) အပေါင်းသင်းကြောင့်
အပေါင်းအသင်း အလှော်ကောင်းလို့ ဟုတ်မလားဆိုပြီး လက်ထပ်မိတဲ့သူတွေလည်း တစ်ပုံကြီးပါဘဲ။ နောက်ဆုံးတော့ သားတွေ သမီးတွေနဲ့ အပျိုရည်/လူပျိုရည်ပျက်ပြီး ဒုက္ခပင်လယ်ဝေတာပဲ အဖက်တင်တတ်ပါတယ်။
(၇) အားနာမှုကြောင့်
အားနာလို့ လက်ထပ်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ သြော် သူ ခဏခဏ လိုချင်လို့ လာတောင်း/လာပိုးနေတာ ငါ့
လည်း အခြား ချစ်ရမယ့်သူ ရှိတာမဟုတ်ဘူး။ ရတုန်းလေး ဆွဲစိထားလိုက်တာ ကောင်းပါတယ်လေ။ ခဏခဏ လာတောင်း/လာပိုးနေရတာ အားနာဖို့ ကောင်းလှပါပြီဆိုတဲ့ သဘောနဲ့ လက်ထပ်လိုက်တယ်။ ဒါပေမယ့် ဘဝဒုက္ခတွေကတော့ အားနာမှာ မဟုတ်ပါဘူး။
Credit:Si Si (auntymay)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မွားယြင္းစြာ လက္ထပ္ၾကသူမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။