လူတိုင္း အသက္အရြယ္ရလာလွ်င္ အိုရမည္မည္မွာ ဓမၼတာပါပဲ ။ အိုမင္းမႈကို ဘယ္သူမွ မလိုခ်င္ၾကပါဘူး ။ အေရးအေၾကာင္းေတြ ေပၚလာမယ္ ၊ အသားအေရေတြတြန္႔လာမယ္ ၊ ခါးကိုင္းလာမယ္ ၊ ဆံပင္ေတြျဖဴလာမယ္ ၊ သြားေတြက်ိဳးနဲ႔လာမယ္..ဒါေတြဟာ ပ်က္စီးမႈ ၊ အိုမင္းလာမႈ ေတြပါပဲ ။ သို႔ေသာ္ အသက္အရြယ္ခ်င္းအတူတူ ကိုယ္က ပိုအိုေနတယ္လို႔ ထင္ေနရျပီလား (သုိ႔မဟုတ္) အရြယ္မတိုင္ခင္ အိုမင္းမႈကို ခံစားေနရျပီလား ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ ေနထိုင္မႈပံုစံကို မွားယြင္းေနပါျပီ ။
၁။ စိတ္ဖိစီးမႈကင္းေဝးေအာင္ေနထိုင္ပါ
စိတ္ပ်ိဳကိုယ္နု ဆိုတဲ့စကားကို ၾကားဖူးၾကမွာပါ ။ စိတ္က အိုမင္းမႈကို ျဖစ္ေစတဲ့ အဓိကအခ်က္ပါပဲ ။ စိတ္ေထာင္းလို႔ကိုယ္ေက် ဆိုတဲ့အတိုင္း စိတ္မက်န္းမာရင္ လူလည္းမက်န္းမာေတာ့ပါဘူး ။ ေန႔စဥ္ အသက္ရွင္ရပ္တည္မႈတိုင္းမွာ စိတ္ဖိစီးမႈဆိုတာ ရွိစၿမဲပါ။ လံုးဝကင္းေဝးေအာင္ ေနလို႔မရဘူးဆိုတာ ဟုတ္ပါတယ္ ။ သို႔ေသာ္ ျဖစ္ေၾကာမရွည္ပါနဲ႔ ။စိတ္ဖိစီးမႈျဖစ္ေနလွ်င္ သတိထားျပီး
ျမန္နိုင္ရင္ျမန္နိုင္သေလာက္ ေမ့ေဖ်ာက္ပစ္လိုက္ပါ ။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ျခင္း ၊ ေယာဂက်င့္ျခင္း ၊ တရားထိုင္ျခင္းတို႔ကို ပံုမွန္ျပဳလုပ္ေပးျခင္းက စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္ ။
၂။ ငါးစားပါ
အိုမင္းရင့္ေရာ္မႈေနွးေကြးေစနိုင္တဲ့ ေနာက္တစ္နည္းကေတာ့ ငါးစားသံုးျခင္းပါပဲ ။ ေဆာလ္မြန္ငါး ၊ ဆာဒင္းငါး ၊ တူနာငါးကဲ့သို႔ေသာ ငါးေတြမွာ ဗီတာင္မင္ ဒီအျပင္ Omega 3 ဖက္တီးအက္ဆီေတြလည္း မ်ားစြာပါဝင္ျပီး အိုမင္းျခင္းကို ေနွးေကြးေစနိုင္ပါတယ္ ။ အသားစားျခင္းထက္ ငါးစားျခင္းက ပိုမိုေကာငး္မြန္ေစျပီး သင့္ကိုလည္း ငယ္ရြယ္နုပ်ိဳေစမွာပါ။
၃။ ေရမ်ားမ်ားေသာက္ပါ
ကြ်န္ပ္တို႔ရဲ႕ ခႏၶာကိုယ္ထဲမွာ ေရဓါတ္ပါဝင္မႈက ပိုမိုမ်ားျပားပါတယ္ ။ ေရေသာက္နည္းလွ်င္ အေရးအေၾကာင္း နွင့္ မွဲ႕ေျခာက္မ်ား ပိုမိုေပၚေပါက္ေစနိုင္ပါသည္ ။ ထို႔ေၾကာင့္ ေရဓါတ္ျဖည့္တင္းဖို႔ရာ တစ္ေန႔လွ်င္ ေရ ၈ခြက္ထက္ မနည္းေစဘဲ ေသာက္သံုးသင့္ပါသည္ ။ ေရမ်ားမ်ားေသာက္ျခင္းက က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစျပီး နုပ်ိဳမႈအတြက္လည္း နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္ ။
၄။ အစိမ္းေရာင္အသီးအရြက္ မ်ားမ်ားစားပါ
အစိမ္းေရာင္ရွိေသာ အသီးအရြက္ေတြမွာ ဗီတာမင္နွင့္သတၱဳဓါတ္မ်ား မ်ားစြာၾကြယ္ဝျပီး အသားအေရ နွင့္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရွိပါတယ္ ။ အသီးအရြက္စားျခင္းက အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစျပီး ကင္ဆာေရာဂါတို႔မွလည္း ကာကြယ္ျပီးသားျဖစ္ပါတယ္ ။ အသီးအရြက္မ်ားမ်ားစားျခင္းက က်န္းမာေရးကို ပိုမိုေကာင္းမြန္ေစျပီး အသားအေရလွပကာ ငယ္ရြယ္နုပ်ိဳမႈကိုလည္း ပိုင္ဆိုင္ရမွာပါ ။
၅။ အရက္၊ ဘီယာ မေသာက္ပါနွင့္
ယခုေနာက္ပိုင္းမွာ လူငယ္ေတြဟာ အေသာက္အစားနဲ႔ မကင္းေတာ့ပါဘူး ။ အမ်ိဳးသားမ်ားတင္မက အမိ်ဳးသမီးမ်ားပါ ေသာက္သံုးေနၾကပါတယ္ ။ အရက္ ၊ ဘီယာေတြဟာ က်န္းမာေရး နွင့္ အသားအေရကို ဆိုးက်ိုးမ်ားစြာ ျဖစ္ေစပါတယ္ ။ ပံုမွန္ေသာက္သံုးေနျခင္းျဖင့္ ေရဓါတ္ခမ္းေျခာက္ျပီး အသားအေရေတြဟာ ညိဳမြဲပ်က္စီးလာမွာပါ ။ အရက္ ၊ဘီယာ ေသာက္မယ့္အစား ဝိုင္နီ တစ္ေန႔ကို တစ္ဖန္ခြက္ ေသာက္သံုးေပးပါက က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစမွာပါ ။
နည္းလမး္ေကာင္းေလးေတြကိုေတာ့ ေဖာ္ျပေပးျပီးသြားပါျပီ ။ လိုက္နာရမယ့္အပိုင္းကေတာ့ သင့္အပို္င္းပါေနာ္..အားလံုးပဲ နုပ်ိဳလွပက်န္းမာၾကပါေစ …..
Credit:CHAN ( ေရႊအင္းေလး )
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်း အသက်အရွယ်ရလာလျှင် အိုရမည်မည်မှာ ဓမ္မတာပါပဲ ။ အိုမင်းမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး ။ အရေးအကြောင်းတွေ ပေါ်လာမယ် ၊ အသားအရေတွေတွန့်လာမယ် ၊ ခါးကိုင်းလာမယ် ၊ ဆံပင်တွေဖြူလာမယ် ၊ သွားတွေကျိုးနဲ့လာမယ်..ဒါတွေဟာ ပျက်စီးမှု ၊ အိုမင်းလာမှု တွေပါပဲ ။ သို့သော် အသက်အရွယ်ချင်းအတူတူ ကိုယ်က ပိုအိုနေတယ်လို့ ထင်နေရပြီလား (သို့မဟုတ်) အရွယ်မတိုင်ခင် အိုမင်းမှုကို ခံစားနေရပြီလား ။ ဒါဆိုရင်တော့ သင့်ရဲ့ နေထိုင်မှုပုံစံကို မှားယွင်းနေပါပြီ ။
၁။ စိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ပါ
စိတ်ပျိုကိုယ်နု ဆိုတဲ့စကားကို ကြားဖူးကြမှာပါ ။ စိတ်က အိုမင်းမှုကို ဖြစ်စေတဲ့ အဓိကအချက်ပါပဲ ။ စိတ်ထောင်းလို့ကိုယ်ကျေ ဆိုတဲ့အတိုင်း စိတ်မကျန်းမာရင် လူလည်းမကျန်းမာတော့ပါဘူး ။ နေ့စဉ် အသက်ရှင်ရပ်တည်မှုတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။ လုံးဝကင်းဝေးအောင် နေလို့မရဘူးဆိုတာ ဟုတ်ပါတယ် ။ သို့သော် ဖြစ်ကြောမရှည်ပါနဲ့ ။စိတ်ဖိစီးမှုဖြစ်နေလျှင် သတိထားပြီး
မြန်နိုင်ရင်မြန်နိုင်သလောက် မေ့ဖျောက်ပစ်လိုက်ပါ ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ၊ ယောဂကျင့်ခြင်း ၊ တရားထိုင်ခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ် ။
၂။ ငါးစားပါ
အိုမင်းရင့်ရော်မှုနှေးကွေးစေနိုင်တဲ့ နောက်တစ်နည်းကတော့ ငါးစားသုံးခြင်းပါပဲ ။ ဆောလ်မွန်ငါး ၊ ဆာဒင်းငါး ၊ တူနာငါးကဲ့သို့သော ငါးတွေမှာ ဗီတာင်မင် ဒီအပြင် Omega 3 ဖက်တီးအက်ဆီတွေလည်း များစွာပါဝင်ပြီး အိုမင်းခြင်းကို နှေးကွေးစေနိုင်ပါတယ် ။ အသားစားခြင်းထက် ငါးစားခြင်းက ပိုမိုကောင်းမွန်စေပြီး သင့်ကိုလည်း ငယ်ရွယ်နုပျိုစေမှာပါ။
၃။ ရေများများသောက်ပါ
ကျွန်ပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်ပါဝင်မှုက ပိုမိုများပြားပါတယ် ။ ရေသောက်နည်းလျှင် အရေးအကြောင်း နှင့် မှဲ့ခြောက်များ ပိုမိုပေါ်ပေါက်စေနိုင်ပါသည် ။ ထို့ကြောင့် ရေဓါတ်ဖြည့်တင်းဖို့ရာ တစ်နေ့လျှင် ရေ ၈ခွက်ထက် မနည်းစေဘဲ သောက်သုံးသင့်ပါသည် ။ ရေများများသောက်ခြင်းက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး နုပျိုမှုအတွက်လည်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ် ။
၄။ အစိမ်းရောင်အသီးအရွက် များများစားပါ
အစိမ်းရောင်ရှိသော အသီးအရွက်တွေမှာ ဗီတာမင်နှင့်သတ္တုဓါတ်များ များစွာကြွယ်ဝပြီး အသားအရေ နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ် ။ အသီးအရွက်စားခြင်းက အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပြီး ကင်ဆာရောဂါတို့မှလည်း ကာကွယ်ပြီးသားဖြစ်ပါတယ် ။ အသီးအရွက်များများစားခြင်းက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အသားအရေလှပကာ ငယ်ရွယ်နုပျိုမှုကိုလည်း ပိုင်ဆိုင်ရမှာပါ ။
၅။ အရက်၊ ဘီယာ မသောက်ပါနှင့်
ယခုနောက်ပိုင်းမှာ လူငယ်တွေဟာ အသောက်အစားနဲ့ မကင်းတော့ပါဘူး ။ အမျိုးသားများတင်မက အမျိုးသမီးများပါ သောက်သုံးနေကြပါတယ် ။ အရက် ၊ ဘီယာတွေဟာ ကျန်းမာရေး နှင့် အသားအရေကို ဆိုးကျိုးများစွာ ဖြစ်စေပါတယ် ။ ပုံမှန်သောက်သုံးနေခြင်းဖြင့် ရေဓါတ်ခမ်းခြောက်ပြီး အသားအရေတွေဟာ ညိုမွဲပျက်စီးလာမှာပါ ။ အရက် ၊ဘီယာ သောက်မယ့်အစား ဝိုင်နီ တစ်နေ့ကို တစ်ဖန်ခွက် သောက်သုံးပေးပါက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာပါ ။
နည်းလမ်းကောင်းလေးတွေကိုတော့ ဖော်ပြပေးပြီးသွားပါပြီ ။ လိုက်နာရမယ့်အပိုင်းကတော့ သင့်အပိုင်းပါနော်..အားလုံးပဲ နုပျိုလှပကျန်းမာကြပါစေ …..
Credit:CHAN ( ရွှေအင်းလေး )
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိုမင္းရင့္ေရာ္မႈကုိ ေႏွးေကြးေစမယ့္ နည္းလမ္းေကာင္းမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။