iMyanmarHouse.com - Best Property Website for Myanmar
×

Glasgow တကၠသိုလ္က ပညာ႐ွင္ေတြ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ တစ္ေန႔ကို လက္ဖက္ရည္ ၇ ခြက္အထက္ ေသာက္သံုးေလ့ရွိသူေတြဟာ တစ္ေန႔ကို ၃ ခြက္ ပံုမွန္ေသာက္တဲ့လူေတြနဲ႔ယွဥ္ရင္ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ပိုမ်ားေၾကာင္း သိရပါတယ္။ လက္ဖက္ရည္မ်ားမ်ားေသာက္သူေတြဟာ အဝလြန္ႏိုင္ေျခနည္းသလို အရက္ေသာက္သံုးမႈနည္းပါးျခင္း ဒါမွမဟုတ္ ေသြးတြင္းအဆီဓာတ္ (ကိုလက္စထေရာ) ျမင့္တက္မႈနည္းျခင္းတုိ႔နဲ႔ ဆက္စပ္ေနတာကို ေတြ႔ရွိၿပီးေနာက္ ေနာက္ဆက္တြဲဆက္စပ္မႈေတြကို ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။ ဆီးက်ိတ္ကင္ဆာဟာ အမ်ိဳးသားေတြမွာ အျဖစ္မ်ားေလ့ရွိတဲ့ ကင္ဆာတစ္မ်ိဳးပါ။ လက္ဖက္ရည္ေသာက္တဲ့ႏႈန္းကိုသာ ေလ်ာ့ခ်လိုက္မယ္ဆုိရင္ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေျခလည္း နည္းသြားႏိုင္ပါတယ္။

ဒါေပမဲ့ ဒီေလ့လာမႈရလဒ္ကိုေတာ့ လက္ဖက္ထုတ္လုပ္ေရးပိုင္းေတြက လက္မခံၾကပါဘူး။ အရင္ေလ့လာမႈေတြမွာလည္း black tea နဲ႔ ဆီးက်ိတ္ကင္ဆာ ဆက္စပ္မႈရွိတာကို မေတြ႔ခဲ့ရသလို ယင္းေရာဂါကို ကာကြယ္ႏိုင္တဲ့လကၡဏာေတြလည္း မေတြ႔ခဲ့ရလို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ ယခင္ေလ့လာမႈေတြမွာ ပါဝင္ခဲ့သူဟာ လူေပါင္း ၆၀၀၀ ထက္ နည္းေနၿပီး သူတုိ႔ရဲ႕လူမႈဘဝေနထုိင္မႈဆုိင္ရာ အခ်က္အလက္ရယူမႈေတြ နည္းေနခဲ့တယ္လို႔ Health and Wellbeing အင္စတီက်ဳက ေကာက္ခ်က္ခ်ပါတယ္။

ယခုသုေတသနကို ဦးေဆာင္သူ ေဒါက္တာ Kashif Shafique ကေတာ့ လက္ဖက္ရည္နဲ႔ဆီးက်ိတ္ကင္ဆာ ဆက္စပ္ေနတာကို ေတြ႔ခဲ့ရခ်ိန္မွာ အံ့ၾသသြားခဲ့မိတယ္လို႔ဆုိတယ္။ တစ္ေန႔ကို လက္ဖက္ရည္ ၇ ခြက္ထက္ ၁ ထက္ပိုေက်ာ္လြန္ၿပီးေသာက္ေလေလ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ပိုႀကီးမားေလေလပဲလို႔ သူက ဆုိပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
Glasgow တက္ကသိုလ်က ပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို လက်ဖက်ရည် ၇ ခွက်အထက် သောက်သုံးလေ့ရှိသူတွေဟာ တစ်နေ့ကို ၃ ခွက် ပုံမှန်သောက်တဲ့လူတွေနဲ့ယှဉ်ရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။ လက်ဖက်ရည်များများသောက်သူတွေဟာ အဝလွန်နိုင်ခြေနည်းသလို အရက်သောက်သုံးမှုနည်းပါးခြင်း ဒါမှမဟုတ် သွေးတွင်းအဆီဓာတ် (ကိုလက်စထရော) မြင့်တက်မှုနည်းခြင်းတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိပြီးနောက် နောက်ဆက်တွဲဆက်စပ်မှုတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များလေ့ရှိတဲ့ ကင်ဆာတစ်မျိုးပါ။ လက်ဖက်ရည်သောက်တဲ့နှုန်းကိုသာ လျော့ချလိုက်မယ်ဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီလေ့လာမှုရလဒ်ကိုတော့ လက်ဖက်ထုတ်လုပ်ရေးပိုင်းတွေက လက်မခံကြပါဘူး။ အရင်လေ့လာမှုတွေမှာလည်း black tea နဲ့ ဆီးကျိတ်ကင်ဆာ ဆက်စပ်မှုရှိတာကို မတွေ့ခဲ့ရသလို ယင်းရောဂါကို ကာကွယ်နိုင်တဲ့လက္ခဏာတွေလည်း မတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်လေ့လာမှုတွေမှာ ပါဝင်ခဲ့သူဟာ လူပေါင်း ၆၀၀၀ ထက် နည်းနေပြီး သူတို့ရဲ့လူမှုဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်ရယူမှုတွေ နည်းနေခဲ့တယ်လို့ Health and Wellbeing အင်စတီကျုက ကောက်ချက်ချပါတယ်။

ယခုသုတေသနကို ဦးဆောင်သူ ဒေါက်တာ Kashif Shafique ကတော့ လက်ဖက်ရည်နဲ့ဆီးကျိတ်ကင်ဆာ ဆက်စပ်နေတာကို တွေ့ခဲ့ရချိန်မှာ အံ့သြသွားခဲ့မိတယ်လို့ဆိုတယ်။ တစ်နေ့ကို လက်ဖက်ရည် ၇ ခွက်ထက် ၁ ထက်ပိုကျော်လွန်ပြီးသောက်လေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုကြီးမားလေလေပဲလို့ သူက ဆိုပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top