iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြဆိုတာကေလ ကိုယ့္ခ်စ္သူေရွ႕မွာေတာ့ အေကာင္းဆံုးျဖစ္ခ်င္ၾကတာခ်ည္းပဲ။ အလွဆံုး၊ စမတ္က်ဆံုး အမ်ိဳးသမီးအျဖစ္နဲ႔ ျမင္ေနေစခ်င္တယ္ေလ။ သဘာဝအတိုင္းမဟုတ္ဘဲ အတင္းႀကိဳးစားထားရတာေတြဟာ တကယ္တမ္းမွာ တစ္ဖက္သားကို ဖိအားေတြသက္ေရာက္ေစၿပီး စိတ္မၾကည္ႏိုင္ေတာ့တဲ့အထိ ျဖစ္သြားေစတယ္။ ေယာက္်ားေလးေတြ ေျပာတာကေတာ့ သူတုိ႔နဲ႔ဒိတ္ေနတဲ့ အမ်ိဳးသမီးတစ္ဦးဆီမွာ ဒါေတြကို ေတြ႔ရတာ သေဘာမက်ဘူးလို႔ ဆုိတယ္။

၁။ ဆက္စီက်ခ်င္လြန္းတာ

ပင္ကိုယ္အတိုင္းေလးပဲေနပါ။ သဘာဝအတုိင္းကိုပဲ သေဘာက်မိတာမုိ႔လို႔ အတင္းကာေရာႀကီး ဆက္စီက်ျပေနရင္ အျမင္မၾကည္ေတာ့ဘူး။ ရယ္စရာလည္းမေကာင္းဘူး။ စိတ္ပ်က္စရာလို႔ပဲ ျမင္လာတယ္။

၂။ စိတ္ဖတ္ႏိုင္တယ္လို႔မ်ား ထင္ေနလား?

တစ္ခုခုဆုိ မေျပာဘဲနဲ႔ ဘယ္လုိလုပ္သိမွာလဲ။ မေျပာလည္း သိေနရေအာင္ ေယာက္်ားေတြကို စိတ္ဖတ္ႏိုင္သူ၊ အၾကားအျမင္ရတဲ့လူလို႔မ်ား ထင္ေနတာလားဆိုတာ ေမးပါရေစ။ ျဖစ္ခ်င္တာရွိရင္ ေျပာသာေျပာလိုက္ ၊ အဆင္ေျပေအာင္လုပ္ေပးလို႔ရတယ္။ ဘာမွမေျပာဘဲနဲ႔ အလုိက္မသိရေကာင္းလားဆုိၿပီး အျပစ္တင္ရင္ ေတာ္ေတာ္စိတ္႐ႈပ္ရတယ္။

၃။ ဘာမွမစားဘူး

ခ်ိန္းေတြ႕တဲ့အခ်ိန္မွာ ဘာမွမစားဘဲ ေရေလးေသာက္၊ အေအးေလးေသာက္ၿပီး အငတ္မခံပါနဲ႔။ ဝမွာစိုးလို႔ ဘာမွမစားဘူးဆိုတဲ့ စကားေတြကလည္း အျမင္ကတ္ဖုိ႔ေကာင္းပါတယ္။ ပြင့္ပြင့္လင္းလင္း႐ွိစမ္းပါ။

၄။ တံုဏွိဘာေဝ

စကားတစ္ခြန္းမွမေျပာဘဲ သူမ်ားေျပာသမွ်ကို မလႈပ္မယွက္နဲ႔ထိုင္နားေထာင္တာမ်ိဳးေလ။ ေျပာေနရတဲ့ တစ္ဖက္လူမွာ ငေပါႀကီးလိုျဖစ္မသြားဘူးလား။

၅။ သဝန္တုိေအာင္လုပ္တာ

တျခားေယာက္်ားေလးေတြအေၾကာင္းေျပာၿပီး သဝန္တိုလာေအာင္ လုပ္တာက တကယ္တမ္းမွာ စိတ္ပ်က္စရာေကာင္းတယ္ဆိုတာ သိပါသလား။ မသိေသးဘူးဆုိလည္း မွတ္သြားလိုက္ပါဦး။

၆။ ကိုယ့္အေၾကာင္းပဲေျပာတယ္

တိုင္ပင္စရာ၊ ရင္ဖြင့္စရာ၊ အသိေပးစရာေတြရွိတယ္ဆုိရင္ နားေထာင္ေပးပါ့မယ္။ ဒါေပမဲ့ ႏွစ္ေယာက္သား ခ်ိန္းေတြ႕ေနခ်ိန္ေလးမွာေတာ့ ကိုယ့္အေၾကာင္းေတြခ်ည္း ေတာက္ေလွ်ာက္ေျပာေနတာ မမုိက္ဘူးေပါ့။ အျပန္အလွန္စကားေလးေတြ ေျပာၾကမွ သာယာမွာပါ။ ကိုယ့္အေၾကာင္းကိုပဲ တစ္ဖက္သတ္ေျပာလြန္းတာ အတၱႀကီးပံုလည္းေပါက္တယ္။

၇။ ကေလးသံေပါက္ေအာင္ တမင္လုပ္ေျပာတာ

တခ်ိဳ႕က်ေတာ့လည္း  ပဲမ်ားတယ္ေခၚမလား၊ အသံက အရမ္းကိုတိုးသြားၿပီး ခၽြဲပစ္ေနေအာင္ ေညႇာင္နာနာသံေလးနဲ႔ေျပာတာ ရွိေသးတယ္။ ပင္ကိုယ္သံက ဘာလဲဆုိတာ သိထားၿပီးသားမုိ႔ အသံတုေတြနဲ႔ အတင္းလုပ္ေျပာေနတာကို ၾကားရရင္ စိတ္ထဲ ကသိကေအာင့္ျဖစ္ရတယ္။

၈။ ဘာမွ မလုပ္တတ္၊ မကိုင္တတ္သူ

မလိုအပ္ဘဲနဲ႔ အတင္းကာေရာ ေၾကာက္လန္႔ျပ၊ ႏုံအျပေနတာ စိတ္ပ်က္စရာေကာင္းပါတယ္။ ကိုယ္လုပ္ႏိုင္ေနတဲ့ ကိစၥတစ္ခုကို မလုပ္တတ္ခ်င္သေယာင္ ဟန္ေဆာင္တာမ်ိဳးက တစ္ခါတစ္ေလဆုိ ခြင့္လႊတ္ႏုိင္ေသးတယ္။ အၿမဲတမ္းလုပ္ၿပေနရင္ စိတ္ဝင္စားဖုိ႔မေကာင္းေတာ့ဘူး။ ကိုယ့္အားကိုယ္ကိုးတဲ့ မိန္းကေလးေတြကမွ စမတ္က်ၿပီး ဆြဲေဆာင္မႈရွိတာ။

၉။ မူလြန္းတယ္

တခ်ိဳ႕မိန္းကေလးေတြ ရွိတယ္။ ဘာမွမဟုတ္ဘဲနဲ႔ကို ေခ်ေနတာ။ အမူလြန္ၿပီး ေခ်ျပေနရင္ ေယာက္်ားေလးေတြက ပိုၿပီးစိတ္ဝင္စားလာမယ္ဆုိတာ ရာခိုင္ႏႈန္းနည္းနည္းေလာက္ပဲ မွန္ပါတယ္။ အရမ္းေခ်ျပေနတဲ့ မိန္းမမ်ိဳးဆို အဖက္မလုပ္ေတာ့တဲ့အထိကို ျဖစ္သြားတတ္တယ္။ ဒီလိုေခ်ေနရင္ ဘယ္လိုလုပ္ၿပီး ေရွ႕ဆက္လက္တြဲၾကမလဲ?

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေးတွေဆိုတာကလေ ကိုယ့်ချစ်သူရှေ့မှာတော့ အကောင်းဆုံးဖြစ်ချင်ကြတာချည်းပဲ။ အလှဆုံး၊ စမတ်ကျဆုံး အမျိုးသမီးအဖြစ်နဲ့ မြင်နေစေချင်တယ်လေ။ သဘာဝအတိုင်းမဟုတ်ဘဲ အတင်းကြိုးစားထားရတာတွေဟာ တကယ်တမ်းမှာ တစ်ဖက်သားကို ဖိအားတွေသက်ရောက်စေပြီး စိတ်မကြည်နိုင်တော့တဲ့အထိ ဖြစ်သွားစေတယ်။ ယောက်ျားလေးတွေ ပြောတာကတော့ သူတို့နဲ့ဒိတ်နေတဲ့ အမျိုးသမီးတစ်ဦးဆီမှာ ဒါတွေကို တွေ့ရတာ သဘောမကျဘူးလို့ ဆိုတယ်။

၁။ ဆက်စီကျချင်လွန်းတာ

ပင်ကိုယ်အတိုင်းလေးပဲနေပါ။ သဘာဝအတိုင်းကိုပဲ သဘောကျမိတာမို့လို့ အတင်းကာရောကြီး ဆက်စီကျပြနေရင် အမြင်မကြည်တော့ဘူး။ ရယ်စရာလည်းမကောင်းဘူး။ စိတ်ပျက်စရာလို့ပဲ မြင်လာတယ်။

၂။ စိတ်ဖတ်နိုင်တယ်လို့များ ထင်နေလား?

တစ်ခုခုဆို မပြောဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ။ မပြောလည်း သိနေရအောင် ယောက်ျားတွေကို စိတ်ဖတ်နိုင်သူ၊ အကြားအမြင်ရတဲ့လူလို့များ ထင်နေတာလားဆိုတာ မေးပါရစေ။ ဖြစ်ချင်တာရှိရင် ပြောသာပြောလိုက် ၊ အဆင်ပြေအောင်လုပ်ပေးလို့ရတယ်။ ဘာမှမပြောဘဲနဲ့ အလိုက်မသိရကောင်းလားဆိုပြီး အပြစ်တင်ရင် တော်တော်စိတ်ရှုပ်ရတယ်။

၃။ ဘာမှမစားဘူး

ချိန်းတွေ့တဲ့အချိန်မှာ ဘာမှမစားဘဲ ရေလေးသောက်၊ အအေးလေးသောက်ပြီး အငတ်မခံပါနဲ့။ ဝမှာစိုးလို့ ဘာမှမစားဘူးဆိုတဲ့ စကားတွေကလည်း အမြင်ကတ်ဖို့ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းရှိစမ်းပါ။

၄။ တုံဏှိဘာဝေ

စကားတစ်ခွန်းမှမပြောဘဲ သူများပြောသမျှကို မလှုပ်မယှက်နဲ့ထိုင်နားထောင်တာမျိုးလေ။ ပြောနေရတဲ့ တစ်ဖက်လူမှာ ငပေါကြီးလိုဖြစ်မသွားဘူးလား။

၅။ သဝန်တိုအောင်လုပ်တာ

တခြားယောက်ျားလေးတွေအကြောင်းပြောပြီး သဝန်တိုလာအောင် လုပ်တာက တကယ်တမ်းမှာ စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိပါသလား။ မသိသေးဘူးဆိုလည်း မှတ်သွားလိုက်ပါဦး။

၆။ ကိုယ့်အကြောင်းပဲပြောတယ်

တိုင်ပင်စရာ၊ ရင်ဖွင့်စရာ၊ အသိပေးစရာတွေရှိတယ်ဆိုရင် နားထောင်ပေးပါ့မယ်။ ဒါပေမဲ့ နှစ်ယောက်သား ချိန်းတွေ့နေချိန်လေးမှာတော့ ကိုယ့်အကြောင်းတွေချည်း တောက်လျှောက်ပြောနေတာ မမိုက်ဘူးပေါ့။ အပြန်အလှန်စကားလေးတွေ ပြောကြမှ သာယာမှာပါ။ ကိုယ့်အကြောင်းကိုပဲ တစ်ဖက်သတ်ပြောလွန်းတာ အတ္တကြီးပုံလည်းပေါက်တယ်။

၇။ ကလေးသံပေါက်အောင် တမင်လုပ်ပြောတာ

တချို့ကျတော့လည်း  ပဲများတယ်ခေါ်မလား၊ အသံက အရမ်းကိုတိုးသွားပြီး ချွဲပစ်နေအောင် ညှောင်နာနာသံလေးနဲ့ပြောတာ ရှိသေးတယ်။ ပင်ကိုယ်သံက ဘာလဲဆိုတာ သိထားပြီးသားမို့ အသံတုတွေနဲ့ အတင်းလုပ်ပြောနေတာကို ကြားရရင် စိတ်ထဲ ကသိကအောင့်ဖြစ်ရတယ်။

၈။ ဘာမှ မလုပ်တတ်၊ မကိုင်တတ်သူ

မလိုအပ်ဘဲနဲ့ အတင်းကာရော ကြောက်လန့်ပြ၊ နုံအပြနေတာ စိတ်ပျက်စရာကောင်းပါတယ်။ ကိုယ်လုပ်နိုင်နေတဲ့ ကိစ္စတစ်ခုကို မလုပ်တတ်ချင်သယောင် ဟန်ဆောင်တာမျိုးက တစ်ခါတစ်လေဆို ခွင့်လွှတ်နိုင်သေးတယ်။ အမြဲတမ်းလုပ်ပြနေရင် စိတ်ဝင်စားဖို့မကောင်းတော့ဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေကမှ စမတ်ကျပြီး ဆွဲဆောင်မှုရှိတာ။

၉။ မူလွန်းတယ်

တချို့မိန်းကလေးတွေ ရှိတယ်။ ဘာမှမဟုတ်ဘဲနဲ့ကို ချေနေတာ။ အမူလွန်ပြီး ချေပြနေရင် ယောက်ျားလေးတွေက ပိုပြီးစိတ်ဝင်စားလာမယ်ဆိုတာ ရာခိုင်နှုန်းနည်းနည်းလောက်ပဲ မှန်ပါတယ်။ အရမ်းချေပြနေတဲ့ မိန်းမမျိုးဆို အဖက်မလုပ်တော့တဲ့အထိကို ဖြစ်သွားတတ်တယ်။ ဒီလိုချေနေရင် ဘယ်လိုလုပ်ပြီး ရှေ့ဆက်လက်တွဲကြမလဲ?

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top