iMyanmarHouse.com - Best Property Website for Myanmar
×


#ပထမသီတင်းပတ်








#ဒုတိယသီတင်းပတ်








Credit:Auntymay

#Unicode Version#
၀လာလို့စိတ်ညစ်နေတယ်ဆိုတဲ့ ပျိုမေတို့ အတွက် ဝိတ်ချနည်းကို ဖော်ြ ပပေး ချင်ပါတယ်။အားကစားလုပ်ပြီး ဝိတ်ချတဲ့ နည်းကတော့ အကော င်းဆုံး ဆိုပေမယ့် အချိန်မရလို့ပဲ ဖြစ်ဖြစ် အရေးပေါ် အမြန်ဆုံး နည်းနဲ့ ဝိတ် ချချင်တယ်ဆိုတဲ့ သူတွေ အတွက် ကြက်ဥပြုတ်နဲ့ဝိတ်ချနည်းကို ဖော်ပြပေးချင်ပါတယ်။အခုနောက်ပိုင်းမှာတော့ ကြက်ဥပြုတ်ဟာ ဝိတ် ချဖို့ အတွက် အကောင်းဆုံး ပစ္စည်း တစ်ခုဖြစ်လာခဲ့ပါတယ်။နှစ်ပတ် လောက် အပင်ပမ်းခံရုံနဲ့ ပေါင်(၂၀)ကျော်လောက် ကျသွားစေမှာပါ။ ဒါပေမယ့် ဆက်တိုက်စားဖို့ကတော့ ထင်သလောက်တော့မ လွယ်ကူပါဘူး။ရောဂါရှိသူတွေ၊ကျန်းမာရေးမကောင်းသူတွေ အနေနဲ့ ကတော့ ဒီလိုနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။ကြက်ဥ မဟုတ်ပဲ ဘဲဥကို သုံးလို့လည်းရပါတယ်။

#ပထမသီတင်းပတ်

Monday- မနက်စာကို ကြက်ဥပြုတ်နှစ်လုံးနဲ့ကြိုက်နှစ်သက်ရာ သစ် သီး တစ်လုံးကို သုံးဆောင်ပါ။နေ့လယ်စာကိုတော့ ပေါင်မုန့်ကြမ်း နှစ် ချပ်နဲ့ သစ်သီးတစ်လုံး၊ညစာကိုတော့ အရွက်သုပ်နဲ့ကြက်သား။(ကြက် သားကို ပြုတ်ထားတာမျိုးကိုစားပါ။ချက်ထားတာဆိုရင်လည်း အဆီန ည်းတာစားပါ။အကြော်ကိုတော့ မစားပါနဲ့)

Tuesday-မနက်စာကို ကြက်ဥပြုတ်နဲ့သစ်သီး၊နေ့လယ်စာကတော့ အရွက်သုပ်နဲ့ကြက်သား၊ညစာကတော့ လိမ္မော်သီးတစ်လုံး၊ကြက်ဥပြုတ် နှစ်လုံးနဲ့ဆလတ်။

Wednesday – မနက်စာ ကြက်ဥပြုတ်နှစ်လုံးနဲ့သစ်သီးတစ်လုံး၊နေ့ လယ်စာ ခရမ်းချဉ်းသီးတစ်လုံး၊ပေါင်မုန့်တစ်ချပ်နဲ့ အဆီလျော့ထားတဲ့ ချိစ်၊ညစာကတော့ ဆလတ်နဲ့ကြက်သား။

Thursday- မနက်စာ ကြက်ဥပြုတ်နှစ်လုံး၊သစ်သီး တစ်လုံး၊နေ့ လယ်စာ သစ်သီးတစ်လုံး၊ညစာ ကိုတော့ ကြက်ပေါင်း။

Friday- မနက်စာကြက်ဥပြုတ်နှစ်လုံး၊သစ်သီးတစ်လုံး၊နေ့လယ်စာ ကြက်ဥပြုတ်နှစ်လုံး၊အရွက်ပြုတ်၊ညစာကတော့ အရွက်သုပ်၊ငါးကင် (သို့)ငါးပြုတ်။

Saturday- မနက်စာ ကြက်ဥပြုတ်နှစ်လုံး၊နေ့လယ်စာ သစ်သီး တ စ် လုံး၊ညစာ အရွက်သုပ်နဲ့ကြက်ပေါင်း။

Sunday- မနက်စာ ကြက်ဥပြုတ်နှစ်လုံးနဲ့သစ်သီးတစ်လုံး၊နေ့ လယ် စာ အသီးအရွက်နဲ့ ကြက်ပေါင်း၊ညစာ အသီးအရွက်ပြုတ်။ပထမ တစ် ပတ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ ဝိတ်က သိသိသာ သာ ကျသွားမှာပါ။ဒုတိယအပတ်ပါ ဆက်ကြိုးစားမယ့်သူတွေ အတွက်….

#ဒုတိယသီတင်းပတ်

Monday – မနက်စာကြက်ဥပြုတ်နှစ်လုံး၊နေ့လယ်စာ ကြက်သားနဲ့ အရွက် သုပ်၊ညစာ လိမ္မော်သီးတစ်လုံး၊ကြက်ဥပြုတ်နှစ်လုံးနဲ့ အရွက် သုပ်။

Tuesday- မနက်စာ ကြက်ဥပြုတ် နှစ်လုံး၊နေ့လယ်စာ ကြက်ဥ ပြုတ် နှစ်လုံးနဲ့အရွက်ပြုတ်၊ညစာကတော့ ငါးကင်(သို့)ငါးပြုတ် နဲ့ အရွက်သုပ်။

Wednesday – မနက်စာ ကြက်ဥပြုတ် နှစ်လုံးနဲ့ သစ်သီး တစ် လုံး၊နေ့လယ်စာ အရွက်သုပ်နဲ့ကြက်သားချက်(သို့)ပြုတ်၊ညစာ ကြက် ဥပြုတ်နှစ်လုံး၊လမ္မော်သီးနဲ့အရွက်သုပ်။

Thursday- မနက်စာ ကြက်ဥပြုတ်နှစ်လုံးနဲ့သစ်သီး၊နေ့လယ်စာ အရွက် ပြုတ်၊ကြက်ဥပြုတ်နှစ်လုံးနဲ့ချိစ်၊ညစာ အရွက်သုပ်နဲ့ ကြက်သား ပြုတ်။

Friday- မနက်စာ ကြက်ဥပြုတ် နှစ်လုံးနဲ့ သစ်သီး၊တူနာသုပ်၊ညစာ  အရွက်သုပ်နဲ့ကြက်ဥပြုတ်နှစ်လုံး။

Saturday-မနက်စာ ကြက်ဥပြုတ် နှစ်လုံးနဲ့သစ်သီး တစ်လုံး။နေ့ လယ်စာ အရွက်သုပ်နဲ့ကြက်သားချက်(သို့)ပြုတ် ၊ညစာ သစ်သီး။

Sunday- မနက်စာ ကြက်ဥပြုတ် နှစ်လုံး၊နေ့လယ်စာနဲ့ ညစာအ တွက်ကတော့ ကြက်ပေါင်း(သို့)ကြက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top