iMyanmarHouse.com - Best Property Website for Myanmar
×

သမီးေတြနဲ႔ဖခင္ေတြရဲ႕ ဆက္ဆံေရးဟာ သားေတြနဲ႔ ယွဥ္ရင္ သိပ္ေႏြးေထြးမႈမရွိတာမ်ိဳး ျဖစ္တတ္ပါတယ္။ သားေတြဟာ သူတို႔နဲ႔ ပိုျပီးနီးစပ္တယ္လို႔ ထင္တာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အမွန္ေတာ့ ဒီလိုေတြးေခၚတာဟာ မမွန္ပါဘူး။ သမီးေတြနဲ႔လည္း ဖခင္ေတြဟာ ေႏြးေထြးပြင့္လင္းတဲ့ ဆက္ဆံေရးမ်ိဳး ရရွိႏုိင္ပါတယ္။ ဖခင္ေတြနဲ႔ ေႏြးေထြးပြင့္လင္းတဲ့ ဆက္ဆံေရးမ်ိဳးရွိတဲ့ သမီးေတြဟာ ပိုမိုေအာင္ျမင္ ထင္ရွားသူေတြလည္း ျဖစ္တတ္ပါတယ္။ သမီးေတြနဲ႔ ေအးဆက္တဲ့ ဆက္ဆံေရးမ်ိဳး ျဖစ္မေနေစဖို႔ ဒီအခ်က္ေလးေတြ သိထားသင့္ပါတယ္။

၁ - ေမြးကတည္းက စ

ေမြးပါျပီဆုိကတည္းက သမီးျဖစ္သူကို အစစအရာရာ ဂရုစိုက္တာဟာ အေကာင္းဆံုးပါပဲ။ ေဘဘီေလးဘဝမွာကတည္းက သူ႔ကို ဂရုစိုက္ေပးဖို႔လိုတာ ျဖစ္ပါတယ္။ အေစာပိုင္းကတည္းက သူ႔ကို ဂရုစိုက္တဲ့အခါ ေနာက္ပိုင္းမွာ ေႏြးေထြးမႈမရွိတာမ်ိဳးကို ေရွာင္ႏုိင္ပါမယ္။

၂ - အသစ္ေတြ သင္ေပး

အသစ္အဆန္းတစ္ခုခုကို သင္ေပးတာက သင္ျဖစ္ရပါမယ္။ ဥပမာ - သမီးအတြက္ စက္ဘီးစီးသင္ေပးတာ၊ စာဖတ္သင္ေပးတာေတြဟာ သင္ျဖစ္သင့္ပါတယ္။ မိန္းကေလးမို႔ မတတ္သင့္ဘူးဆိုတာ မရွိပါဘူး။ နည္းနည္းၾကီးလာရင္ ကားျပင္တာ၊ အိမ္ျပင္တာေတြက အစ သင္ေပးလို႔ရပါတယ္။ သင့္ေၾကာင့္ သမီးျဖစ္သူဟာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ပိုရွိလာမွာျဖစ္သလို သင့္အေပၚခ်စ္ခင္တြယ္တာမႈလည္း ပိုလာမွာပါ။

၃ - မ်ားမ်ားနားေထာင္ပါ

မ်ားမ်ားနားေထာင္သူလည္း ျဖစ္ရမွာပါ။ သင္ေျပာတာကိုလုပ္၊ သင္ေျပာတာကိုပဲ နားေထာင္ဆိုတာၾကီးက သမီးေတြမွ မဟုတ္ပါဘူး၊ သားေတြနဲ႔ပါ ေႏြးေထြးတဲ့ ဆက္ဆံေရးရရွိဖို႔ မလိုပါဘူး။ အတူတကြရွိခ်ိန္မွာ သူတို႔ေျပာတာကို မ်ားမ်ား နားေထာင္ေပးရမွာ ျဖစ္ပါတယ္။ ဒီလိုနားေထာင္ရာကေန သမီးျဖစ္သူ ဘာေတြေတြးေနတယ္၊ ဘာေတြကို စိတ္ဝင္စားတတ္တယ္၊ ဘဝမွာ ဘယ္လိုလူမ်ိဳး ျဖစ္ခ်င္တယ္ဆိုတာကို သင္သိရွိမွာပါ။

၄ - ေပ်ာ္စရာအခ်ိန္ဖန္တီးပါ

သမီးေတြကို အခ်ိန္ေပးပါ။ ငယ္စဥ္ကတည္းက ကစားကြင္းလိုက္ပို႔ေပးတာ၊ စားေသာက္ဆုိင္ အတူသြားစားတာ၊ လမ္းေလွ်ာက္ထြက္ၾကတာ စတဲ့အေလ့အက်င့္ေလးေတြကို ဖန္တီးေပးထားရမွာ ျဖစ္ပါတယ္။ သူတို႔ၾကိဳက္တဲ့ ပစၥည္းကို ဝယ္လာေပးရုံနဲ႔ မရပါဘူး။ သူ႔ကိုေခၚျပီး အတူသြားဝယ္ပါ။

၅ - ဥပမာ

သင့္ဇနီးေပၚ ဆက္ဆံပံုေတြ၊ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္တဲ့ သင့္ရဲ႕ အျမင္ေတြဟာ သင့္သားသမီးေတြေပၚသက္ေရာက္မႈ ရွိပါတယ္။ အထူးသျဖင့္ သူတို႔အရြယ္ေရာက္တဲ့အခါ လူေတြနဲ႔ ပတ္သက္ျပီး သူတို႔ျမင္ပံုေတြဟာ သင့္လႊမ္းမိုးမႈ မ်ားစြာ ရွိေနမွာပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သမီးတွေနဲ့ဖခင်တွေရဲ့ ဆက်ဆံရေးဟာ သားတွေနဲ့ ယှဉ်ရင် သိပ်နွေးထွေးမှုမရှိတာမျိုး ဖြစ်တတ်ပါတယ်။ သားတွေဟာ သူတို့နဲ့ ပိုပြီးနီးစပ်တယ်လို့ ထင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒီလိုတွေးခေါ်တာဟာ မမှန်ပါဘူး။ သမီးတွေနဲ့လည်း ဖခင်တွေဟာ နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး ရရှိနိုင်ပါတယ်။ ဖခင်တွေနဲ့ နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ သမီးတွေဟာ ပိုမိုအောင်မြင် ထင်ရှားသူတွေလည်း ဖြစ်တတ်ပါတယ်။ သမီးတွေနဲ့ အေးဆက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်မနေစေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

၁ - မွေးကတည်းက စ

မွေးပါပြီဆိုကတည်းက သမီးဖြစ်သူကို အစစအရာရာ ဂရုစိုက်တာဟာ အကောင်းဆုံးပါပဲ။ ဘေဘီလေးဘဝမှာကတည်းက သူ့ကို ဂရုစိုက်ပေးဖို့လိုတာ ဖြစ်ပါတယ်။ အစောပိုင်းကတည်းက သူ့ကို ဂရုစိုက်တဲ့အခါ နောက်ပိုင်းမှာ နွေးထွေးမှုမရှိတာမျိုးကို ရှောင်နိုင်ပါမယ်။

၂ - အသစ်တွေ သင်ပေး

အသစ်အဆန်းတစ်ခုခုကို သင်ပေးတာက သင်ဖြစ်ရပါမယ်။ ဥပမာ - သမီးအတွက် စက်ဘီးစီးသင်ပေးတာ၊ စာဖတ်သင်ပေးတာတွေဟာ သင်ဖြစ်သင့်ပါတယ်။ မိန်းကလေးမို့ မတတ်သင့်ဘူးဆိုတာ မရှိပါဘူး။ နည်းနည်းကြီးလာရင် ကားပြင်တာ၊ အိမ်ပြင်တာတွေက အစ သင်ပေးလို့ရပါတယ်။ သင့်ကြောင့် သမီးဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမှာဖြစ်သလို သင့်အပေါ်ချစ်ခင်တွယ်တာမှုလည်း ပိုလာမှာပါ။

၃ - များများနားထောင်ပါ

များများနားထောင်သူလည်း ဖြစ်ရမှာပါ။ သင်ပြောတာကိုလုပ်၊ သင်ပြောတာကိုပဲ နားထောင်ဆိုတာကြီးက သမီးတွေမှ မဟုတ်ပါဘူး၊ သားတွေနဲ့ပါ နွေးထွေးတဲ့ ဆက်ဆံရေးရရှိဖို့ မလိုပါဘူး။ အတူတကွရှိချိန်မှာ သူတို့ပြောတာကို များများ နားထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ရာကနေ သမီးဖြစ်သူ ဘာတွေတွေးနေတယ်၊ ဘာတွေကို စိတ်ဝင်စားတတ်တယ်၊ ဘဝမှာ ဘယ်လိုလူမျိုး ဖြစ်ချင်တယ်ဆိုတာကို သင်သိရှိမှာပါ။

၄ - ပျော်စရာအချိန်ဖန်တီးပါ

သမီးတွေကို အချိန်ပေးပါ။ ငယ်စဉ်ကတည်းက ကစားကွင်းလိုက်ပို့ပေးတာ၊ စားသောက်ဆိုင် အတူသွားစားတာ၊ လမ်းလျှောက်ထွက်ကြတာ စတဲ့အလေ့အကျင့်လေးတွေကို ဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့ ပစ္စည်းကို ဝယ်လာပေးရုံနဲ့ မရပါဘူး။ သူ့ကိုခေါ်ပြီး အတူသွားဝယ်ပါ။

၅ - ဥပမာ

သင့်ဇနီးပေါ် ဆက်ဆံပုံတွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သင့်ရဲ့ အမြင်တွေဟာ သင့်သားသမီးတွေပေါ်သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် သူတို့အရွယ်ရောက်တဲ့အခါ လူတွေနဲ့ ပတ်သက်ပြီး သူတို့မြင်ပုံတွေဟာ သင့်လွှမ်းမိုးမှု များစွာ ရှိနေမှာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top