လူတိုင္းကေတာ့ တစ္ေနရာရာမွာ ေအာင္ျမင္ခ်င္ၾကတာခ်ည္း။ ကိုယ္ဝါသနာပါတဲ့အလုပ္အကိုင္မွာ ေအာင္ျမင္ခ်င္တယ္၊ ပညာေရးမွာ ထူးခၽြန္ခ်င္တယ္။ ေအာင္ျမင္ခ်င္စိတ္ေတာ့ ရွိပါရဲ႕။ ဘယ္ေလာက္ပဲလုပ္လုပ္ မေအာင္ျမင္ဘူးျဖစ္ေနတာ ကိုယ့္ရဲ႕စ႐ိုက္ေတြေၾကာင့္မ်ားလားလို႔ တစ္ခ်က္ေလာက္ ျပန္သံုးသပ္ၾကည့္ပါဦး။ ေအာင္ျမင္မႈမရွိသူေတြဆီမွာ အေတြ႔မ်ားဆံုး အက်င့္ေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ တိတ္ဆိတ္လြန္းတယ္
ေခါင္းငံု႔ထားတယ္၊ စကားလည္းမေျပာဘူး။ လူေရွ႕ထြက္ဖုိ႔ သတၱိမရွိဘူး။ လက္ရွိအလုပ္ဟာ ကိုယ့္ရဲ႕ယံုၾကည္မႈ၊ ရဲရင့္တက္ၾကြမႈေတြကို ခ်ိဳးႏွိမ္ဖိႏွိပ္ထားတဲ့ လုပ္ငန္းခြင္မ်ိဳးျဖစ္ေနရင္ သင့္ကို အဆိပ္ခပ္ေနတဲ့ လုပ္ငန္းခြင္မ်ိဳးပါပဲ။ ဒီိလိုမဟုတ္ဘဲ ကိုယ္တုိင္က လူၾကားထဲမထြက္ရဲ မေျပာရဲမဆိုရဲဘူးဆုိရင္ ကိုယ့္အရည္အေသြးေတြကို က်ဆင္းေအာင္လုပ္ေနတာပါ။ တုိးတက္လာဖုိ႔ လမ္းစမရွိတဲ့အျပင္ က်႐ႈံးဖို႔ေတြဆီကိုသာ ဦးတည္ေနပါၿပီ။
၂။ ဂဏွာမၿငိမ္ဘူး
တိတ္ဆိတ္လြန္းတာလည္း မေကာင္းသလို ထြန္႔ထြန္႔လူး ဂဏွာမၿငိမ္တာကလည္း မေကာင္းပါဘူး။ အဓိကအခ်က္ကေတာ့ အာ႐ံုစူးစိုက္မႈ ေလ်ာ့နည္းသြားတာပါ။ ေဘးလူေတြကိုလည္း အာရံုေထြျပားေစတဲံ အျပဳအမူေတြပါ။
၃။ ေနာက္က်တယ္
အလုပ္မွာ အၿမဲတမ္းေနာက္က်သူဟာ ကိုယ္ျဖစ္ေနၿပီလား? ေနာက္က်တတ္သူတစ္ေယာက္ဟာ ကိုယ္ပိုင္လုပ္ငန္းတစ္ခု တည္ေထာင္တယ္ဆုိရင္လည္း ေအာင္ျမင္ဖုိ႔မလြယ္ပါဘူး။
၄။ လမ္းေဟာင္းလိုက္သူ
ေ႐ွ႕လူေတြေဖာက္ခဲ့တဲ့လမ္းအတိုင္း လိုက္ေလွ်ာက္ရတာေတာ့ လြယ္တာေပါ့။ သူမ်ားေနာက္ကလိုက္ေနသမွ်ေတာ့ ေအာင္ျမင္မႈနဲ႔ ေဝးေနဦးမယ္ဆုိတာလည္း သိထားဖုိ႔လိုပါတယ္။ မတူတဲ့လမ္းကေန ၾကိဳးစားပါ။
၅။ ျဖဳန္းလြန္းတယ္
သံုးတာမ်ားၿပီး ျဖဳန္းတဲ့အျဖစ္ကို ေရာက္ေနမိၿပီလားဆုိတာ ျပန္ဆန္းစစ္ပါ။ ကမၻာေက်ာ္သူေဌးႀကီးေတြေတာင္မွ ပိုက္ဆံကို အသံုးနဲ႔အျဖဳန္း ခြဲျခားထားသူေတြခ်ည္းပဲ။ ေငြဆိုတာ တြင္းထဲကႏႈိက္ရတာမဟုတ္ဘူး။
၆။ အခ်ိန္ဆြဲတယ္
လုပ္စရာရွိတာေတြ ခ်က္ျခင္းလုပ္လိုက္ပါ။ အခ်ိန္ဆြဲေနတာမ်ိဳးက ေအာင္ျမင္သူေတြရဲ႕ အေလ့အထမဟုတ္ပါဘူး။ ရႈံးနိမ့္ဖုိ႔ လမ္းစေတြသာ ျဖစ္ပါတယ္။
၇။ အလြယ္စကားေတြ
စကားေျပာေတာ့မယ္ဆုိရင္ အရင္စဥ္းစားပါ။ ၿပီးစလြယ္ေျပာလိုက္တဲ့ စကားေတြေၾကာင့္ ေနာင္တစ္ခ်ိန္မွာ ဒုကၡေရာက္သြားႏိုင္ပါတယ္။
၈။ ေစာဒကတက္လြန္းတယ္
ကိုယ္လုပ္ရမယ့္အလုပ္ကို အလြယ္တကူမလုပ္ဘူး။ အေၾကာင္းျပခ်က္ေတြ အမ်ိဳးမ်ိဳးနဲ႔ ေစာဒကတက္တယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်းကတော့ တစ်နေရာရာမှာ အောင်မြင်ချင်ကြတာချည်း။ ကိုယ်ဝါသနာပါတဲ့အလုပ်အကိုင်မှာ အောင်မြင်ချင်တယ်၊ ပညာရေးမှာ ထူးချွန်ချင်တယ်။ အောင်မြင်ချင်စိတ်တော့ ရှိပါရဲ့။ ဘယ်လောက်ပဲလုပ်လုပ် မအောင်မြင်ဘူးဖြစ်နေတာ ကိုယ့်ရဲ့စရိုက်တွေကြောင့်များလားလို့ တစ်ချက်လောက် ပြန်သုံးသပ်ကြည့်ပါဦး။ အောင်မြင်မှုမရှိသူတွေဆီမှာ အတွေ့များဆုံး အကျင့်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ တိတ်ဆိတ်လွန်းတယ်
ခေါင်းငုံ့ထားတယ်၊ စကားလည်းမပြောဘူး။ လူရှေ့ထွက်ဖို့ သတ္တိမရှိဘူး။ လက်ရှိအလုပ်ဟာ ကိုယ့်ရဲ့ယုံကြည်မှု၊ ရဲရင့်တက်ကြွမှုတွေကို ချိုးနှိမ်ဖိနှိပ်ထားတဲ့ လုပ်ငန်းခွင်မျိုးဖြစ်နေရင် သင့်ကို အဆိပ်ခပ်နေတဲ့ လုပ်ငန်းခွင်မျိုးပါပဲ။ ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်က လူကြားထဲမထွက်ရဲ မပြောရဲမဆိုရဲဘူးဆိုရင် ကိုယ့်အရည်အသွေးတွေကို ကျဆင်းအောင်လုပ်နေတာပါ။ တိုးတက်လာဖို့ လမ်းစမရှိတဲ့အပြင် ကျရှုံးဖို့တွေဆီကိုသာ ဦးတည်နေပါပြီ။
၂။ ဂဏှာမငြိမ်ဘူး
တိတ်ဆိတ်လွန်းတာလည်း မကောင်းသလို ထွန့်ထွန့်လူး ဂဏှာမငြိမ်တာကလည်း မကောင်းပါဘူး။ အဓိကအချက်ကတော့ အာရုံစူးစိုက်မှု လျော့နည်းသွားတာပါ။ ဘေးလူတွေကိုလည်း အာရုံထွေပြားစေတဲံ အပြုအမူတွေပါ။
၃။ နောက်ကျတယ်
အလုပ်မှာ အမြဲတမ်းနောက်ကျသူဟာ ကိုယ်ဖြစ်နေပြီလား? နောက်ကျတတ်သူတစ်ယောက်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်တယ်ဆိုရင်လည်း အောင်မြင်ဖို့မလွယ်ပါဘူး။
၄။ လမ်းဟောင်းလိုက်သူ
ရှေ့လူတွေဖောက်ခဲ့တဲ့လမ်းအတိုင်း လိုက်လျှောက်ရတာတော့ လွယ်တာပေါ့။ သူများနောက်ကလိုက်နေသမျှတော့ အောင်မြင်မှုနဲ့ ဝေးနေဦးမယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။ မတူတဲ့လမ်းကနေ ကြိုးစားပါ။
၅။ ဖြုန်းလွန်းတယ်
သုံးတာများပြီး ဖြုန်းတဲ့အဖြစ်ကို ရောက်နေမိပြီလားဆိုတာ ပြန်ဆန်းစစ်ပါ။ ကမ္ဘာကျော်သူဌေးကြီးတွေတောင်မှ ပိုက်ဆံကို အသုံးနဲ့အဖြုန်း ခွဲခြားထားသူတွေချည်းပဲ။ ငွေဆိုတာ တွင်းထဲကနှိုက်ရတာမဟုတ်ဘူး။
၆။ အချိန်ဆွဲတယ်
လုပ်စရာရှိတာတွေ ချက်ခြင်းလုပ်လိုက်ပါ။ အချိန်ဆွဲနေတာမျိုးက အောင်မြင်သူတွေရဲ့ အလေ့အထမဟုတ်ပါဘူး။ ရှုံးနိမ့်ဖို့ လမ်းစတွေသာ ဖြစ်ပါတယ်။
၇။ အလွယ်စကားတွေ
စကားပြောတော့မယ်ဆိုရင် အရင်စဉ်းစားပါ။ ပြီးစလွယ်ပြောလိုက်တဲ့ စကားတွေကြောင့် နောင်တစ်ချိန်မှာ ဒုက္ခရောက်သွားနိုင်ပါတယ်။
၈။ စောဒကတက်လွန်းတယ်
ကိုယ်လုပ်ရမယ့်အလုပ်ကို အလွယ်တကူမလုပ်ဘူး။ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ စောဒကတက်တယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေအာင္ျမင္မႈမ႐ွိသူေတြထံမွာ ေတြ႔ရေလ့႐ွိတဲ့ အက်င့္ (၈) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။