Credit:Momolay
#Unicode Version
Lacey Barratt လို့ အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ် ကလေးအမေတစ်ယောက်ဟာ ကလေးကို ကိုယ်တိုင်မွေးဖွားပြီး နာရီဝက်လောက်အကြာမှာတော့ သူမရဲ့ချက်ကြိုးကို မီးထွန်းထားတဲ့ ဖယောင်းတိုင်ကို အသုံးပြုလို့ သူမရဲ့ သားကြီးနဲ့အတူ ဖြတ်တောက်ခဲ့ပါတယ်။
Lacey Barratt ဟာ မြေ၊ ရေ ၊ လေ၊ မီးဆိုတဲ့ ဓာတ်ကြီး လေးပါးနဲ့အတူ သူမရဲ့မွေးဖွားခြင်းကို ပြုလုပ်ဖို့ သူမဆန္ဒရှိခဲ့ပါတယ်။
သူမရဲ့သားလေးကို မြေဓာတ်ရှိတဲ့ ကမ္ဘာမြေပြင်ပေါ်မှာ မွေးဖွားခဲ့ပြီး မွေးဖွားနေစဉ်မှာပဲ ရှုရှိုက်လိုက်တဲ့လေနဲ့အတူ သူမသားကို လူ့လောကကိုခေါ်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ မွေးဖွားတဲ့အခါမှာလည်း သူမဟာ ရေကူးကန်အသေးစားလေးထဲမှာ ရေနဲ့အတူ မွေးဖွားမှုကိုပြု
လုပ်ခဲ့ပြီး ချက်ကြိုးဖြတ်တဲ့အခါမှာတော့ မီးကိုအသုံးပြုလို့ ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
Oqdbw3dh3vu32gdajvki
ချက်ကြိုးဖြတ်တဲ့အခါမှာ သူမရဲ့ အသက် (၅) နှစ်ရှိပြီဖြစ်တဲ့ သားကြီးနဲ့အတူ ဖယောင်းတိုင်ကို တစ်ယောက်တစ်ဖက်ကိုင်လို့ သားငယ်လေးနဲ့ သူမကို ဆက်သွယ်ထားတဲ့ ချက်ကြိုးကို ဖြတ်တောက်ခဲ့တာပါ။
ချက်ကြိုးကို ၁၀ မိနစ် ကျော်ကျော် ၁၅ မိနစ်နီးပါးလောက်လောင်ကျွမ်းစေခဲ့ပါတယ်။ ဘာကြောင့် ကတ်ကြေးနဲ့ မဖြတ်လဲလို့ မေးချင်ကြမှာပါ။ ဆေးရုံတွေမှာလို ကတ်ကြေးနဲ့ ဖြတ်တောက်တဲ့ နည်းလမ်းထက် ဒီနည်းလမ်းက ပိုပြီးညင်သာတယ်လို့ သူမထင်တဲ့အတွက်ကြောင့်ပါပဲ ဆိုပြီး သူမပြောကြားခဲ့ပါတယ်။
Credit:Momolay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
Home
»
လူမှု့ဘဝ
»
သတင်း
»
နိုင်ငံတကာ
» ကလေးကို ကိုယ်တိုင်မွေးပြီး ချက်ကြိုးကို ဖယောင်းတိုင်မီးနဲ့ ဖြတ်ခဲ့တဲ့အမျိုးသမီး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။