တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ကၽြမ္းဝင္ၾကၿပီး သိပ္မၾကာခင္မွာ ေတြးလာတတ္ၾကတာက ခိုင္ၿမဲတဲ့ ခ်စ္ျခင္း ျဖစ္မလား ဆိုတာကိုပါ။ အထူးသျဖင့္ ေပ်ာ္႐ႊင္ရတဲ့ အခ်စ္ေရးကို ႀကံဳရတဲ့အခါ ခိုင္ၿမဲဖို႔ ပိုႀကိဳးစားတတ္ၾကပါတယ္။
ေအာက္ပါအခ်က္ (၄) ခ်က္ သင္တို႔အခ်စ္ေရးမွာ ေတြ႔ရၿပီဆိုရင္ ၾကာရွည္ခိုင္ၿမဲမယ့္ အခ်စ္ေရးဆိုတာ ေသခ်ာသေလာက္ ရွိပါတယ္။
၁။ ႐ုပ္ရည္က အဓိကမဟုတ္ဘူး
တစ္ေယာက္နဲ႔ တစ္ေယာက္ ႐ုပ္ရည္ထက္ ဥာဏ္ပညာနဲ႔ အေတြးအေခၚကို ပိုၿပီးသေဘာက်မယ္။ မတူတဲ့ အက်င့္ေတြရွိေနလည္း နားလည္ၿပီး ေဘးက ပံ့ပိုုးလိုစိတ္ရွိမယ္။ သူ႔အေတြးအေခၚကို ကိုယ္သေဘာက်သလို ကိုယ့္ရဲ႕ အေတြးအေခၚကိုလည္း သူသေဘာက်တယ္။
၂။ သူက ယံုၾကည္အားကိုးထိုက္တယ္လို႔ ထင္တယ္
တခ်ိဳ႕က ႐ုပ္ရည္ေခ်ာေမာလွပတာကို ေငြေၾကး၊ ဂုဏ္ျဒပ္ေတြထက္ ပိုဦးစားေပးတတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ဒါနဲ႔ ေျပာင္းျပန္ပါ။ သင့္ရဲ႕ ခ်စ္သူဟာ သင့္ကိုလည္း ၾကင္ၾကင္နာနာဆက္ဆံသလို အျခားသူေတြကိုလည္း ၾကင္ၾကင္နာနာဆက္ဆံတတ္မယ္။ သူ႔ရဲ႕လုပ္ရပ္ေတြက ယံုၾကည္ကိုးစားထိုက္မယ္ ဆိုရင္ေတာ့ တြဲလက္ၿမဲဖို႔ ေသခ်ာပါတယ္။
၃။ တန္းတူဆက္ဆံျခင္း
ငါက ေယာက်္ားေလးျဖစ္လို႔၊ မင္းက မိန္းကေလးျဖစ္လို႔ဆိုတာမ်ိဳး သင္တို႔ ဆက္ဆံေရးမွာ မရွိပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ လိင္ကြဲျပားမႈကို အသားေပးမျမင္ၾကဘဲ ကိုယ့္ရဲ႕ လက္တြဲေဖာ္ အျဖစ္ပဲ ျမင္ၾကတယ္ဆိုရင္ အေတာ္အေျခအေန ေကာင္းပါၿပီ။ ျပႆနာအမ်ားစုဟာ ေယာက္်ားေလးျဖစ္လို႔၊ မိန္းကေလး ျဖစ္လို႔ ဆိုတာေတြနဲ႔ စတင္တတ္ၾကတာပါ။
၄။ သင့္ကို ကူညီဖို႔ အၿမဲေတြးေနမယ္
ေပ်ာ္႐ႊင္ရတဲ့ ဆက္ဆံေရးမွာ ေနထိုင္ၾကသူေတြဟာ တစ္ဦးအခက္အခဲကို တစ္ဦးကူညီဖို႔ အၿမဲအဆင္သင့္ ရွိေနတတ္ၾကပါတယ္။ သူ႔ကို ကိုယ္ေရာစိတ္ပါ ကူညီေပးလိုက္ရလို႔ အျပန္အလွန္ ေပ်ာ္႐ႊင္သြားတတ္ၾကတယ္ ဆိုရင္လည္း သင္တို႔ ဆက္ဆံေရး ၾကာရွည္ခိုင္ၿမဲႏုိင္မွာပါ။
Credit:Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်ယောက်နဲ့ တစ်ယောက် ချစ်ကျွမ်းဝင်ကြပြီး သိပ်မကြာခင်မှာ တွေးလာတတ်ကြတာက ခိုင်မြဲတဲ့ ချစ်ခြင်း ဖြစ်မလား ဆိုတာကိုပါ။ အထူးသဖြင့် ပျော်ရွှင်ရတဲ့ အချစ်ရေးကို ကြုံရတဲ့အခါ ခိုင်မြဲဖို့ ပိုကြိုးစားတတ်ကြပါတယ်။
အောက်ပါအချက် (၄) ချက် သင်တို့အချစ်ရေးမှာ တွေ့ရပြီဆိုရင် ကြာရှည်ခိုင်မြဲမယ့် အချစ်ရေးဆိုတာ သေချာသလောက် ရှိပါတယ်။
၁။ ရုပ်ရည်က အဓိကမဟုတ်ဘူး
တစ်ယောက်နဲ့ တစ်ယောက် ရုပ်ရည်ထက် ဉာဏ်ပညာနဲ့ အတွေးအခေါ်ကို ပိုပြီးသဘောကျမယ်။ မတူတဲ့ အကျင့်တွေရှိနေလည်း နားလည်ပြီး ဘေးက ပံ့ပိုုးလိုစိတ်ရှိမယ်။ သူ့အတွေးအခေါ်ကို ကိုယ်သဘောကျသလို ကိုယ့်ရဲ့ အတွေးအခေါ်ကိုလည်း သူသဘောကျတယ်။
၂။ သူက ယုံကြည်အားကိုးထိုက်တယ်လို့ ထင်တယ်
တချို့က ရုပ်ရည်ချောမောလှပတာကို ငွေကြေး၊ ဂုဏ်ဒြပ်တွေထက် ပိုဦးစားပေးတတ်ကြပါတယ်။ တချို့ကတော့ ဒါနဲ့ ပြောင်းပြန်ပါ။ သင့်ရဲ့ ချစ်သူဟာ သင့်ကိုလည်း ကြင်ကြင်နာနာဆက်ဆံသလို အခြားသူတွေကိုလည်း ကြင်ကြင်နာနာဆက်ဆံတတ်မယ်။ သူ့ရဲ့လုပ်ရပ်တွေက ယုံကြည်ကိုးစားထိုက်မယ် ဆိုရင်တော့ တွဲလက်မြဲဖို့ သေချာပါတယ်။
၃။ တန်းတူဆက်ဆံခြင်း
ငါက ယောကျ်ားလေးဖြစ်လို့၊ မင်းက မိန်းကလေးဖြစ်လို့ဆိုတာမျိုး သင်တို့ ဆက်ဆံရေးမှာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိင်ကွဲပြားမှုကို အသားပေးမမြင်ကြဘဲ ကိုယ့်ရဲ့ လက်တွဲဖော် အဖြစ်ပဲ မြင်ကြတယ်ဆိုရင် အတော်အခြေအနေ ကောင်းပါပြီ။ ပြဿနာအများစုဟာ ယောက်ျားလေးဖြစ်လို့၊ မိန်းကလေး ဖြစ်လို့ ဆိုတာတွေနဲ့ စတင်တတ်ကြတာပါ။
၄။ သင့်ကို ကူညီဖို့ အမြဲတွေးနေမယ်
ပျော်ရွှင်ရတဲ့ ဆက်ဆံရေးမှာ နေထိုင်ကြသူတွေဟာ တစ်ဦးအခက်အခဲကို တစ်ဦးကူညီဖို့ အမြဲအဆင်သင့် ရှိနေတတ်ကြပါတယ်။ သူ့ကို ကိုယ်ရောစိတ်ပါ ကူညီပေးလိုက်ရလို့ အပြန်အလှန် ပျော်ရွှင်သွားတတ်ကြတယ် ဆိုရင်လည်း သင်တို့ ဆက်ဆံရေး ကြာရှည်ခိုင်မြဲနိုင်မှာပါ။
Credit:Loveshop
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» စံုတြဲေတြ ျမဲမွာလား၊ ကြဲမွာလားဆိုတာ သိနိုင္တဲ႔ အခ်က္ (၄) ခ်က္
စံုတြဲေတြ ျမဲမွာလား၊ ကြဲမွာလားဆိုတာ သိနိုင္တဲ႔ အခ်က္ (၄) ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။