iMyanmarHouse.com - Best Property Website for Myanmar
×

အျမဲတမ္း စမတ္က်ေနဖို႔ဆို ဒီအခ်က္ေလးေတြပဲလိုတာပါ။

ႀကည့္ေကာင္းတယ္ ဆြဲေဆာင္မႈရွိတယ္ဆိုတာ ရုပ္ရည္နဲ႔ပဲမဆိုင္ဘူးေနာ္။ လူတစ္ေယာက္ရဲ႕ေနပံုထိုင္ပံုနဲ႔လည္း အမ်ားၾကီးသက္ဆိုင္ပါတယ္။ စမတ္က်က်ေနတတ္ဖို႔ပဲ လိုပါတယ္။ စမတ္က်တယ္ဆိုတာလည္း မိတ္ကပ္ေတြ အဝတ္အစားေတြ ေစ်းႀကီးေပးဝယ္ျပီး ဝတ္စားထားမွ မဟုတ္ပါဘူး။ ဒီအခ်က္ေလးေတြပဲလိုတာပါ။

၁။ဆံပင္သပ္သပ္ရပ္ရပ္ထားပါ။ ဆံပင္ပံုစံက လူတစ္ေယာက္ကို ရုပ္ေခ်ာေစသလို ရုပ္ဆိုးေအာင္လည္းလုပ္နိုင္ပါတယ္။ အ၀တ္အစားဘယ္ေလာက္ၾကီးပဲ လန္ျပန္ေနေအာင္၀တ္ထားပါေစ၊ ဆံပင္ကေတာ့ ရႈပ္ပြညစ္ေပေနရင္ ဂြမ္းတာပဲ ။ ဒါေၾကာင့္ ဆံပင္ကို ဂရုစိုက္ျပီးအျမဲထိန္းသိမ္းေပးပါ။ သပ္သပ္ရပ္ရပ္ေလး ျဖီးထားပါ။

၂။သင့္ေတာ္တဲ့မိတ္ကပ္လိမ္းပါ။ မိတ္ကပ္ထူထူၾကီးေတြလိမ္းခိုင္းတာ မဟုတ္ဘူးေနာ္။ မိတ္ကပ္ပါးပါးေလးကိုပဲ သင့္ေတာ္တဲ့ႏႈတ္ခမ္းနီေလးနဲ႔ တြဲဆိုးဖို႔ေျပာတာ။ မ်က္ႏွာေျပာင္ၾကီးထက္စာရင္ မိတ္ကပ္ပါးပါးေလး လိမ္းထားေတာ့ ပိုၾကည့္ေကာင္းတာေပါ့ ။ ဟုတ္ဘူးလား။

၃။အ၀တ္အစားေတြကို ေသခ်ာမီးပူတိုက္ပါ။ ေၾကမြေနတဲ့ အ၀တ္အစားၾကီး၀တ္ထားရင္ ဘယ္လိုလုပ္ၾကည့္ေကာင္းမွာလဲ။ အ၀တ္အစားေတြကို ေသခ်ာေလးမီးပူတိုက္ျပီး၀တ္မွ သန္႔သန္႔ျပန္႔ျပန္႔နဲ႔ ပိုၾကည့္ေကာင္းမွာ။ ကိုယ္ကအေရးၾကီးတဲ့ေနရာေတြ ၊ ပြဲေတြသြားဖို႔ ရွိတယ္ဆိုရင္ မသြားခင္ညထဲက မီးပူျပန္တိုက္ထားပါ။ ျပန္ျပီးမေၾကမြေအာင္ အကၤ် ီခ်ိတ္ေလးနဲ႔ ခ်ိတ္ထားေပါ့။ အ၀တ္အစားသပ္ရပ္မႈက စမတ္က်ေအာင္ေနဖို႔ အေရးၾကီးဆံုးပါ။
Readကြ်န္မတို႔ မိန္းကေလးေတြဆိုတာ

၄။ဖိနပ္ တစ္ကိုယ္လံုးလွေအာင္ ဆင္ျပီးပါျပီတဲ့။ ဖိနပ္ကိုၾကည့္လိုက္မွ ဂြမ္းေနရင္ေတာ့ မျဖစ္ေသးဘူးေလေနာ္။ ဖိနပ္ကို ကိုယ္၀တ္မယ့္အ၀တ္အစားနဲ႔ လိုက္ဖက္ေအာင္ေသခ်ာေရြးခ်ယ္ပါ။ ေဒါက္ဖိနပ္ခၽြန္ခၽြန္ေလးေတြကလည္း စမတ္က်ပါတယ္။ ျဖစ္နိုင္ရင္ေတာ့ ေဒါက္ဖိနပ္ပဲစီးပါ။ ေဒါက္မစီးတတ္ဘူးဆိုရင္ေတာ့ ခံုျမင့္ဖိနပ္ေလးစီးေပါ့။

၅။ခႏၶာကိုယ္နဲ႔လိုက္ဖက္ေအာင္၀တ္ပါ။ ကိုယ္ဟန္အခ်ိဳးအစားကိုလိုက္ျပီး ၀တ္စားဆင္ယင္ပါ။ ခႏၶာကိုယ္ပံုစံကိုလိုက္ျပီး ၀ရင္၀သလို၊ ပိန္ရင္ပိန္သလို၊ အရပ္ပုရင္ပုတဲ့သူေတြ၀တ္တာ ၊ အရပ္ရွည္ရင္ ရွည္တဲ့သူေတြ၀တ္တာ ပံုစံအမ်ိဳးမ်ိဳးရွိပါတယ္။ ကိုယ္နဲ႔လိုက္ဖက္တဲ့အကၤ်ီကို ေရြးခ်ယ္တတ္မွသာ အျမဲစမတ္က်လွပေနမွာပါေယာင္းတို႔ေရ။

၆။ကိုယ္ဟန္အေနအထားကိုျပင္ဆင္ပါ။ လမ္းေလွ်ာက္ရင္ ခပ္ကုန္းကုန္းေလွ်ာက္တဲ့သူကို “ဟယ္ ဒီေကာင္မေလးမိုက္တယ္” လို႔ မေျပာၾကဘူးေနာ္။ ရင္ကိုေကာ့ ပခံုးကိုမတ္ျပီး ၾကြၾကြရြရြေလး ေလွ်ာက္သြားတဲ့သူေတြကိုမွသာ လိုက္ေငးၾကတာပါ။ မတ္တပ္ရပ္တဲ့အခါမွာလည္း ကုန္းကုန္းၾကီးေနမယ့္အစား ခပ္မတ္မတ္ရပ္ပါေနာ္ ထိုင္တဲ့အခါမွာလည္း ဟိုမွီဒီမွီမထိုင္နဲ႔ေနာ္။ မတ္မတ္ပဲထိုင္ပါ။ ေယာင္းတို႔ ဒီအခ်က္ကေလးေတြကိုသာ ဂရုစိုက္ျပင္နိုင္မယ္ဆိုရင္ေတာ့ ရုပ္ေခ်ာစရာမလိုပဲ အျမဲစမတ္က်လွပတဲ့သူ ျဖစ္ျပီလို႔သာ မွတ္ယူလိုက္ပါေတာ့လို႔။

Credit:Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အမြဲတမ်း စမတ်ကျနေဖို့ဆို ဒီအချက်လေးတွေပဲလိုတာပါ။

ကြည့်ကောင်းတယ် ဆွဲဆောင်မှုရှိတယ်ဆိုတာ ရုပ်ရည်နဲ့ပဲမဆိုင်ဘူးနော်။ လူတစ်ယောက်ရဲ့နေပုံထိုင်ပုံနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ စမတ်ကျကျနေတတ်ဖို့ပဲ လိုပါတယ်။ စမတ်ကျတယ်ဆိုတာလည်း မိတ်ကပ်တွေ အဝတ်အစားတွေ ဈေးကြီးပေးဝယ်ပြီး ဝတ်စားထားမှ မဟုတ်ပါဘူး။ ဒီအချက်လေးတွေပဲလိုတာပါ။

၁။ဆံပင်သပ်သပ်ရပ်ရပ်ထားပါ။ ဆံပင်ပုံစံက လူတစ်ယောက်ကို ရုပ်ချောစေသလို ရုပ်ဆိုးအောင်လည်းလုပ်နိုင်ပါတယ်။ အဝတ်အစားဘယ်လောက်ကြီးပဲ လန်ပြန်နေအောင်ဝတ်ထားပါစေ၊ ဆံပင်ကတော့ ရှုပ်ပွညစ်ပေနေရင် ဂွမ်းတာပဲ ။ ဒါကြောင့် ဆံပင်ကို ဂရုစိုက်ပြီးအမြဲထိန်းသိမ်းပေးပါ။ သပ်သပ်ရပ်ရပ်လေး ဖြီးထားပါ။

၂။သင့်တော်တဲ့မိတ်ကပ်လိမ်းပါ။ မိတ်ကပ်ထူထူကြီးတွေလိမ်းခိုင်းတာ မဟုတ်ဘူးနော်။ မိတ်ကပ်ပါးပါးလေးကိုပဲ သင့်တော်တဲ့နှုတ်ခမ်းနီလေးနဲ့ တွဲဆိုးဖို့ပြောတာ။ မျက်နှာပြောင်ကြီးထက်စာရင် မိတ်ကပ်ပါးပါးလေး လိမ်းထားတော့ ပိုကြည့်ကောင်းတာပေါ့ ။ ဟုတ်ဘူးလား။

၃။အဝတ်အစားတွေကို သေချာမီးပူတိုက်ပါ။ ကြေမွနေတဲ့ အဝတ်အစားကြီးဝတ်ထားရင် ဘယ်လိုလုပ်ကြည့်ကောင်းမှာလဲ။ အဝတ်အစားတွေကို သေချာလေးမီးပူတိုက်ပြီးဝတ်မှ သန့်သန့်ပြန့်ပြန့်နဲ့ ပိုကြည့်ကောင်းမှာ။ ကိုယ်ကအရေးကြီးတဲ့နေရာတွေ ၊ ပွဲတွေသွားဖို့ ရှိတယ်ဆိုရင် မသွားခင်ညထဲက မီးပူပြန်တိုက်ထားပါ။ ပြန်ပြီးမကြေမွအောင် အင်္ကျ ီချိတ်လေးနဲ့ ချိတ်ထားပေါ့။ အဝတ်အစားသပ်ရပ်မှုက စမတ်ကျအောင်နေဖို့ အရေးကြီးဆုံးပါ။
Readကျွန်မတို့ မိန်းကလေးတွေဆိုတာ

၄။ဖိနပ် တစ်ကိုယ်လုံးလှအောင် ဆင်ပြီးပါပြီတဲ့။ ဖိနပ်ကိုကြည့်လိုက်မှ ဂွမ်းနေရင်တော့ မဖြစ်သေးဘူးလေနော်။ ဖိနပ်ကို ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်အောင်သေချာရွေးချယ်ပါ။ ဒေါက်ဖိနပ်ချွန်ချွန်လေးတွေကလည်း စမတ်ကျပါတယ်။ ဖြစ်နိုင်ရင်တော့ ဒေါက်ဖိနပ်ပဲစီးပါ။ ဒေါက်မစီးတတ်ဘူးဆိုရင်တော့ ခုံမြင့်ဖိနပ်လေးစီးပေါ့။

၅။ခန္ဓာကိုယ်နဲ့လိုက်ဖက်အောင်ဝတ်ပါ။ ကိုယ်ဟန်အချိုးအစားကိုလိုက်ပြီး ဝတ်စားဆင်ယင်ပါ။ ခန္ဓာကိုယ်ပုံစံကိုလိုက်ပြီး ဝရင်ဝသလို၊ ပိန်ရင်ပိန်သလို၊ အရပ်ပုရင်ပုတဲ့သူတွေဝတ်တာ ၊ အရပ်ရှည်ရင် ရှည်တဲ့သူတွေဝတ်တာ ပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့အင်္ကျီကို ရွေးချယ်တတ်မှသာ အမြဲစမတ်ကျလှပနေမှာပါယောင်းတို့ရေ။

၆။ကိုယ်ဟန်အနေအထားကိုပြင်ဆင်ပါ။ လမ်းလျှောက်ရင် ခပ်ကုန်းကုန်းလျှောက်တဲ့သူကို “ဟယ် ဒီကောင်မလေးမိုက်တယ်” လို့ မပြောကြဘူးနော်။ ရင်ကိုကော့ ပခုံးကိုမတ်ပြီး ကြွကြွရွရွလေး လျှောက်သွားတဲ့သူတွေကိုမှသာ လိုက်ငေးကြတာပါ။ မတ်တပ်ရပ်တဲ့အခါမှာလည်း ကုန်းကုန်းကြီးနေမယ့်အစား ခပ်မတ်မတ်ရပ်ပါနော် ထိုင်တဲ့အခါမှာလည်း ဟိုမှီဒီမှီမထိုင်နဲ့နော်။ မတ်မတ်ပဲထိုင်ပါ။ ယောင်းတို့ ဒီအချက်ကလေးတွေကိုသာ ဂရုစိုက်ပြင်နိုင်မယ်ဆိုရင်တော့ ရုပ်ချောစရာမလိုပဲ အမြဲစမတ်ကျလှပတဲ့သူ ဖြစ်ပြီလို့သာ မှတ်ယူလိုက်ပါတော့လို့။

Credit:Hana (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top