အလုပ္ၾကိဳးစားတာ ေကာင္းပါတယ္။ ဒါေပမယ္႔ တစ္ပတ္စာအလုပ္ေတြျပီးေအာင္ ညဘက္မအိပ္ဘဲ အလုပ္လုပ္တာမ်ိဳးကေကာ ေကာင္းတယ္ထင္ပါသလား။ အိပ္ေရးမဝျခင္းက အာရံုစူးစိုက္မႈကိုေလ်ာ႔နည္းေစၿပီး လုပ္ရည္ကိုင္ရည္ကိုေလ်ာ႔က်ေစပါတယ္။ မအိပ္မေန ၾကိဳးစားကာမွ အလုပ္မတြင္က်ယ္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ အိပ္ေရးပ်က္ျခင္းရဲ႕က်န္းမာေရးကို ထိခိုက္ေစတဲ႔အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ေသြးတိုးျခင္း
တစ္ညအိပ္ခ်ိန္္ (၆) နာရီထက္ေလ်ာ႔နည္းမယ္ဆိုရင္ ေသြးတိုးေရာဂါျဖစ္ေစႏိုင္ျပီး တစ္ညအိပ္ခ်ိန္ (၅) နာရီေအာက္ ေရာက္သြားမယ္ဆိုရင္ေတာ႔ ေသြးေပါင္ခ်ိန္အရမ္းျမင္႔တက္လာေစႏိုင္ၿပီး မူးေဝတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ အိပ္စက္ျခင္းက စိတ္ဖိစီးမႈကိုျဖစ္ေစတဲ႔ေဟာ္မုန္းေတြကို ထိန္းညွိေပးၿပီး အာရံုေၾကာစနစ္ကိုလည္း ေကာင္းမြန္ေစတဲ႔အတြက္ အိပ္ေရးပ်က္ျခင္းက က်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။
၂။ အေရျပားေယာင္ရမ္းျခင္း
တစ္ညအိပ္ခ်ိန္ (၆) နာရီေအာက္ေလ်ာ႔နည္းမယ္ဆိုရင္ ေသြးထဲမွာ အေရျပားေယာင္ရမ္းျခင္း (imflammation) ကိုျဖစ္ေစတဲ႔ဆဲလ္ေတြ တိုးပြားလာႏိုင္ေျခပိုမ်ားပါတယ္။ အေရျပားေယာင္ရမ္းျခင္းက ႏွလံုးေရာဂါ၊ ေသြးတိုး၊ Type (2) ဆီးခ်ိဳေသြးခ်ိဳေရာဂါတို႔နဲ႕လည္း ဆက္စပ္ေနပါတယ္။
၃။ အာရံုစူးစိုက္ႏိုင္စြမ္း ေလ်ာ႔က်ေစျခင္း
တခ်ိဳ႕လူေတြက (၂)ည (၃) ညဆက္တိုက္မအိပ္ဘဲ အလုပ္လုပ္ႏိုင္ၾကပါတယ္။ အဲဒီလို အားျဖည္႔အခ်ိဳရည္ေတြရဲ႕အကူအညီနဲ႔ မအိပ္ဘဲအလုပ္လုပ္တာ (၂၄) နာရီမွ (၇၂) နာရီၾကားထိ ၾကာလာတဲ႔အခါ ဘာေတြျဖစ္လာမလဲဆိုေတာ႔ အာရံုစူးစိုက္ႏိုင္စြမ္းမရွိေတာ႔ပါဘူး။ မွတ္ဉာဏ္အားနည္းလာမယ္။ အတိတ္ေမ႔ေရာဂါ (အယ္လ္ဇိုင္းမား) ျဖစ္ႏိုင္ေျခမ်ားလာမယ္။ ေက်ာက္ကပ္ထိခိုက္မယ္။ ဒီထက္ၾကာလာရင္ ေက်ာက္ကပ္ရပ္သြားတဲ႔အထိ ျဖစ္လာႏိုင္ပါတယ္။
၄။ စိတ္တိုစိတ္ရႈပ္လြယ္လာတယ္
ပန္ေဆလ္ေဗးနီးယားတကၠသိုလ္ (University of Pennsylvania) ရဲ႕ေလ႔လာမႈတစ္ခုအရေတာ႔ တစ္ပတ္လံုးလံုး တစ္ညကို (၄) နာရီေလာက္ပဲ အိပ္တဲ႔သူေတြက စိတ္ဖိစီးမႈပုိမ်ားလာမယ္။ စိတ္တိုစိတ္ရႈပ္လြယ္လာတယ္။ ဝမ္းနည္းလြယ္လာတယ္။ ေသာကမ်ားလာတယ္။ ဒါေၾကာင္႔ အလုပ္ အရမ္းမ်ားတဲ႔လူတစ္ေယာက္ကို ရည္းစားေတာ္ထားရတယ္ဆိုရင္ အျမဲရန္ျဖစ္ေနရႏိုင္တာေတာ႔ အေသအခ်ာပါပဲ။
၅။ အသက္တိုလာမယ္
တစ္ညကို (၅) နာရီေအာက္ပဲ အိပ္ခ်ိန္ရွိတဲ႔လူေတြဟာ အသက္တိုလာမယ္လို႔ ေလ႔လာမႈေတြက ေဖာ္ျပထားပါတယ္။
၆။ ကိုယ္အေလးခ်ိန္တက္လာမယ္
တစ္ညကို (၆)နာရီဝန္းက်င္ပဲအိပ္တဲ႔သူေတြမွာ Body Mass Index (BMI) လို႔ေခၚတဲ႔ဓာတ္တစ္မ်ိဳး ပိုမ်ားေနတတ္ပါတယ္။ BMI မ်ားေနတဲ႔အခါ လူက စားခ်င္ေသာက္ခ်င္စိတ္ပိုမ်ားေနတတ္ျပီး ဇီဝကမၼလုပ္ေဆာင္မႈေတြလည္း ကေမာက္ကမျဖစ္လာတဲ႔အတြက္ ကိုယ္အေလးခ်ိန္လည္း ပိုမ်ားလာတတ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အလုပ်ကြိုးစားတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ပတ်စာအလုပ်တွေပြီးအောင် ညဘက်မအိပ်ဘဲ အလုပ်လုပ်တာမျိုးကကော ကောင်းတယ်ထင်ပါသလား။ အိပ်ရေးမဝခြင်းက အာရုံစူးစိုက်မှုကိုလျော့နည်းစေပြီး လုပ်ရည်ကိုင်ရည်ကိုလျော့ကျစေပါတယ်။ မအိပ်မနေ ကြိုးစားကာမှ အလုပ်မတွင်ကျယ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သွေးတိုးခြင်း
တစ်ညအိပ်ချိန် (၆) နာရီထက်လျော့နည်းမယ်ဆိုရင် သွေးတိုးရောဂါဖြစ်စေနိုင်ပြီး တစ်ညအိပ်ချိန် (၅) နာရီအောက် ရောက်သွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်အရမ်းမြင့်တက်လာစေနိုင်ပြီး မူးဝေတာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတဲ့အတွက် အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
၂။ အရေပြားယောင်ရမ်းခြင်း
တစ်ညအိပ်ချိန် (၆) နာရီအောက်လျော့နည်းမယ်ဆိုရင် သွေးထဲမှာ အရေပြားယောင်ရမ်းခြင်း (imflammation) ကိုဖြစ်စေတဲ့ဆဲလ်တွေ တိုးပွားလာနိုင်ခြေပိုများပါတယ်။ အရေပြားယောင်ရမ်းခြင်းက နှလုံးရောဂါ၊ သွေးတိုး၊ Type (2) ဆီးချိုသွေးချိုရောဂါတို့နဲ့လည်း ဆက်စပ်နေပါတယ်။
၃။ အာရုံစူးစိုက်နိုင်စွမ်း လျော့ကျစေခြင်း
တချို့လူတွေက (၂)ည (၃) ညဆက်တိုက်မအိပ်ဘဲ အလုပ်လုပ်နိုင်ကြပါတယ်။ အဲဒီလို အားဖြည့်အချိုရည်တွေရဲ့အကူအညီနဲ့ မအိပ်ဘဲအလုပ်လုပ်တာ (၂၄) နာရီမှ (၇၂) နာရီကြားထိ ကြာလာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတော့ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့ပါဘူး။ မှတ်ဉာဏ်အားနည်းလာမယ်။ အတိတ်မေ့ရောဂါ (အယ်လ်ဇိုင်းမား) ဖြစ်နိုင်ခြေများလာမယ်။ ကျောက်ကပ်ထိခိုက်မယ်။ ဒီထက်ကြာလာရင် ကျောက်ကပ်ရပ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
၄။ စိတ်တိုစိတ်ရှုပ်လွယ်လာတယ်
ပန်ဆေလ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania) ရဲ့လေ့လာမှုတစ်ခုအရတော့ တစ်ပတ်လုံးလုံး တစ်ညကို (၄) နာရီလောက်ပဲ အိပ်တဲ့သူတွေက စိတ်ဖိစီးမှုပိုများလာမယ်။ စိတ်တိုစိတ်ရှုပ်လွယ်လာတယ်။ ဝမ်းနည်းလွယ်လာတယ်။ သောကများလာတယ်။ ဒါကြောင့် အလုပ် အရမ်းများတဲ့လူတစ်ယောက်ကို ရည်းစားတော်ထားရတယ်ဆိုရင် အမြဲရန်ဖြစ်နေရနိုင်တာတော့ အသေအချာပါပဲ။
၅။ အသက်တိုလာမယ်
တစ်ညကို (၅) နာရီအောက်ပဲ အိပ်ချိန်ရှိတဲ့လူတွေဟာ အသက်တိုလာမယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
၆။ ကိုယ်အလေးချိန်တက်လာမယ်
တစ်ညကို (၆)နာရီဝန်းကျင်ပဲအိပ်တဲ့သူတွေမှာ Body Mass Index (BMI) လို့ခေါ်တဲ့ဓာတ်တစ်မျိုး ပိုများနေတတ်ပါတယ်။ BMI များနေတဲ့အခါ လူက စားချင်သောက်ချင်စိတ်ပိုများနေတတ်ပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေလည်း ကမောက်ကမဖြစ်လာတဲ့အတွက် ကိုယ်အလေးချိန်လည်း ပိုများလာတတ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိပ္ေရးပ်က္ျခင္းရဲ႕ဆိုးက်ိဳးမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။