iMyanmarHouse.com - Best Property Website for Myanmar
×








Credit:Duwun

#Unicode Version#
အဓိကအားဖြင့်တော့ ခေါင်းဆောင်ကောင်း (၂) မျိုးရှိပါတယ်။

ပထမတစ်မျိုးမှာပါဝင်တဲ့ ခေါင်းဆောင်တွေဟာ အသင်းအဖွဲ့အားလုံးကို သူတို့ကိုယ်တိုင် တိုက်ရိုက် ဆုံးဖြတ်ပြီး ဖွဲ့စည်းတည်ဆောက်ကြတယ်။ သူတို့ဟာ ကပ္ပတိန်(captain) တွေပေါ့။ အနားတစ်ဝိုက်မှာ သူတို့တွေရှိရင် အဖွဲ့ဝင်တွေဟာလည်း အားစိုက်လုပ်ဆောင်ကြတယ်။

ဒါပေမဲ့ သူတို့တွေ အနီးနားတစ်ဝိုက်မှာ မရှိကြတော့ဘူးဆိုရင်တော့ ရှိနေစဉ်ကနဲ့ တခြားစီပဲ။ အဲဒီအဖွဲ့သားတွေမှာ ရည်ရွယ်ချက်တို့၊ ဦးတည်ချက်တို့ဆိုတာ မရှိကြဘူး။ တလွဲတွေပဲ ပြုမူလုပ်ဆောင်လေ့ရှိကြတယ်။ သူတို့ဟာလည်း ထက်ထက်မြက်မြက်ရှိတဲ့ ခေါင်းဆောင်တွေပါပဲ။

ဒါပေမဲ့ အဖွဲ့ရဲ့အောင်မြင်ဖြစ်မြောက်မှုကတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုပေါ်မှာပဲ လုံးဝကို တည်မှီနေတယ်။

ဒုတိယအမျိုးအစားကတော့ အဖွဲ့အစည်းတွေကို ကျွမ်းကျင်မှု၊ အလေ့အထ၊ စည်းကမ်းနဲ့ အကောင်းဆုံး လေ့ကျင့်မှုတွေပေါ်မူတည်ပြီး ဆုံးဖြတ်တည်ဆောက်ကြတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြတယ်။ သူတို့ဟာ ပဲ့ကိုင်ရှင်တွေပေါ့။

ဒါပေမဲ့ အဖွဲ့ရဲ့ အောင်မြင်မှုဟာ သူ့တို့ပေါ်မှာ မူတည်ရတာမျိုး မရှိဘူး။ သူတို့ဟာ ကာချာ(calture)ကို တည်ဆောက်ကြတယ်။ ရာထူးဂုဏ်သိမ်တွေကို မတည်ဆောက်ဘူး။

အကောင်းဆုံး အလုပ်ရှင်တွေဟာလည်း culture ကို ဖန်တီးတည်ဆောက်နေကြသူတွေပါ။ ဒါကြောင့် သူတို့တွေဟာ နာမည်ကြီးတာတွေ၊ မိုက်တာတွေ၊ သြဇာအာဏာကြီးမားတာတွေနဲ့ ထွိတ်တွေဝိတ်တွေကို သိပ်စိတ်မစား ကြပါဘူး။ ရှင်သန်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးတည်ဆောက်တဲ့အပေါ်မှာပဲ အတော်များများ ပိုအာရုံစိုက် လုပ်ဆောင်ကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြပြီး စည်းရုံးမှုကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ကြတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top