iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Ref;brightside.me

#Unicode Version
ပျိုမေတို့ရဲ့ လက်ချောင်းလေးတွေ လှပဖို့အထောက်အကူဖြစ်စေတဲ့ လက်သည်း ဆိုးဆေးတွေဟာ မကြာခဏ မဆိုးသင့်ပါဘူး။သတိထားမိကောင်း ထားမိမှာပါ။ လက်သည်း ဆိုးထားပြီး ပြန်ဖျက်ရင် လက်သည်းရဲ့ အရောင်ဟာ နဂိုမူလအေ ရာင် မျိုး မဟုတ်တော့ပဲနည်းနည်းဝါညစ်ညစ်ဖြစ်သွားတတ်ပါတယ်။(လက်သည်း ဆိုးေ ဆး)လက်သည်းနီမှာပါတဲ့ ပါဝင်ပစ္စည်းတွေမှာ ဘေးထွက်ဆိုးကျိုး တွေ အ များကြီးရှိပါတယ်။အခုနောက်ပိုင်းမှာတော့ လက်သည်းဆိုးဆေးထုတ်တဲ့ ကုမ္ပ ဏီေ တွဟာ လူကို ဘေးဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ နည်းနိုင်သမျှ နည်းလာေ အာင် ထုတ်လာကြပါတယ်။လက်သည်းနီမှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ သူတို့ရဲ့ ဆိုးကျိုးတွေကတော့…

#Toluene – toluol လို့ လူသိများပါတယ်။အရောင်မဲ့ပြီး မပျော်ဝင်နိုင်တဲ့ အ ရည်တစ်မျိုးပါ။ဒီပစ္စည်းကတော့ အာရုံကြောစနစ်ကို သွားပြီး ထိခိုက် စေပါ တယ်။ဒါ့အပြင်မျိုးပွားတဲ့ ဟော်မုန်းတွေကိုပါ ကစဉ့်ကလျားဖြစ်စေပါတယ်။ သိ သာတဲ့ ဆိုးကျိုးကို ပြောရမယ်ဆိုရင်တော့ ခေါင်းကိုက်တာ၊ပျို့အန် တာ၊ မအီမသာ ဖြစ်တာ၊အားနည်းပြီး နုံးနေတာမျိုးခံစားရတတ်ပါတယ်။အရည်အသွေး အဆင့်မမီတဲ့ လက်သည်းနီ အပေါစားတွေကို သုံးရင် ဒီလို ဆိုးကျိုးတွေကို ပိုခံစားရတတ်ပါတယ်။

#Formaldehyde – Chemical compound တစ်မျိုး၊အရောင်မဲ့ gAS ပါ။လက်သည်းနီကို ကြာရှည်သိုလှောင်လို့ရအောင် ထားလို့ ရအောင် ဒီပစ္စည်း ကို သုံးပါတယ်။လက်သည်းနီဆိုးရင် ခန္ဓာကိုယ်မှာ ဓါတ်မတည့်တဲ့ ဝေဒနာ ခံစားရစေတဲ့ အဓိက တရားခံပါ။ဘယ်လောက်အထိ ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေသလဲဆိုရင်တော့ နှလုံးခုန်နှုန်းကို ပုံမှန်မဟုတ်တာ၊တတ်တာ၊ အကြော ဆွဲတာနဲ့နောက်ဆုံး ကင်ဆာရောဂါကို ဖြစ်စေတဲ့ အထိ အန္တရာယ်များပါတယ်။

#Dibutyl Рhthalate- သူ့ကိုတော့ အနံ့ အဖြစ် သုံးကြပါတယ်။Glands တွေကို စုစည်းပေးတဲ့ endocrine System ကို မူမမှန်ဖြစ်စေတာ၊အမျိုး သမီးတွေရဲ့ မျိုးပွား အင်္ဂါတွေမှာရောဂါဖြစ်စေ တာ(သားအိမ်၊ရင်သား..)နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ လည်း ဖြစ်စေနိုင်ပါတယ်။

ဒီလိုဆိုရင် လုံးဝမဆိုးရတော့ဘူးလားဆိုရင်တော့ မဟုတ်ပါ ဘူး။ ဒါပေမယ့် လက်သည်းဆိုးဆေးဝယ်ရင်တော့ ဒါလေးတွေကို ဂရုစိုက်ပေးပါ။တစ်ချို့ လက်သည်းဆိုးဆေးတွေမှာ အမှတ်အသားတွေပါပါတယ်။“5-Free“ ဆို တာကတော့ သူ့မှာ formaldehyde,  toluene, dibutyl phthalates, or camphor ဆိုတဲ့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မပါဘူးလို့ ဆိုလိုတာပါ။

”3-Free” ဆိုတာကတော့  formaldehyde, dibutyl phthalate, နဲ့ toluene တို့ မပါဝင်ဘူးလို့ ဆိုလိုတာပါ။ဒါကြောင့် လက်သည်းနီဝယ်မ ယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို ဂရုစိုက်ပါ။အပေါ်မှာ ဖော်ပြထားတဲ့ ဓါတု ပစ္စည်းတွေ ပါတဲ့ လက်သည်းနီမျိုးကို ရှောင်ပါ။
Ref;brightside.me
Credit:Auntymay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Auntymay
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top