တစ္ခါတေလ တစ္ခ်ိဳ႕ခံစားမႈေတြဟာ ကုိယ့္ခံစားခ်က္နဲ႔တုိက္ဆုိင္ၾကည့္တဲ့အခါ မဟုတ္သလုိလုိ၊ အုိဗာေတြလုိလုိ၊ သ႐ုပ္ေဆာင္ေနသလုိသလုိ သင္ထင္ပါလိ့မ္မယ္။ ဥပမာ သင္က အသဲမကြဲဖူးေသးဘူးဆုိပါေတာ့။ အသဲကြဲသူတစ္ေယာက္ရဲ႕ ခံစားခ်က္ဟာ ဘာဆုိတာကုိ သင္ နားလည္ဖုိ႔ ခက္ပါလိ့မ္မယ္။ ဒီလုိပါဘဲ။ လူဆုိတာ ကိုယ္နာဖူးမွ ကိုယ္ခ်င္းစာတတ္တာပါ။ ဒါေၾကာင့္ auntymay ပရိတသတ္ႀကီးအတြက္ အသဲကြဲတဲ့အခါမွ နားလည္တတ္တဲ့ခံစားမႈေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။
(၁) ဟာသမဟုတ္ေတာ့ေသာ ဟာသမ်ား
အသဲကြဲၿပီဆုိမွေတာ့ ဘယ္ေလာက္ပဲရယ္စရာေကာင္းတဲ့ အရာေတြျဖစ္ပါေစ ရယ္ခ်င္စိတ္ မျဖစ္ေတာ့ပါဘူး။ တစ္ခါတ
ေလ ရယ္စရာကာတြန္းကားကို ထုိင္ၾကည့္ေနရင္းနဲ႔ ငုိေနတာမ်ိဳးေတာင္ ရွိပါေသးတယ္။
(၂) ေသာက္စရာက အေဖာ္
ေယာက္်ားေလးဆုိရင္ အရက္ကုိ စြဲေသာက္ခ်င္သြားတယ္။ အရက္ေသာက္လုိ႔ အသဲကြဲေျပတာ မဟုတ္ပါဘူး။ အရက္မူးမွ အသဲကြဲရတာ ပုိၿပီးဇိမ္ရွိတယ္လုိ႔ ေတြးမိၾကလုိ႔ပါ။ တစ္ခ်ိဳ႕က ဘုမသိဘမသိနဲ႔ ေျပာတယ္၊ အသဲကြဲလုိ႔ အရက္ေသာက္
တယ္၊ အခုေတာ့ အသဲကၽြမ္းၿပီး ေသၿပီေပါ့-တဲ့။ ဒါက ေစာေစာကေျပာသလုိ ခံစားခ်က္ကုိ နားမလည္လုိ႔ပါ။ အသဲကြဲလုိ႔ အရက္ေသာက္တာဟာ ႀကိဳက္လုိ႔၊ ေသမွာမွန္း မသိလုိ႔ မဟုတ္ပါဘူး။ မူးေနရင္ အသဲကြဲရတာ ပုိအရသာရွိတယ္ေလ။
(၃) ဘာမွမရွိေတာ့ဘူးအသဲကြဲၿပီးေနာက္ပိုင္း စိတ္ထဲမွာ လုံး၀ ဘာမွမရွိေတာ့ဘူး … သြားၿပီ ကုန္ၿပီ … ဘာဆုိဘာမွ မက်န္ေတာ့ဘူး-လုိ႔ စိတ္ထဲက ခံစားရတတ္ပါတယ္။ တကယ္လည္း အခ်စ္မရွိဘူးဆုိရင္ ျပင္ပ ပုဂၢိဳလ္ေရးဘ၀ဟာ ဘယ္ေလာက္ သာယာႏုိင္မွာလဲ။ ဒါေၾကာင့္ ရွိေနျခင္းေတြသည္ပင္လွ်င္ အခ်စ္ေပ်ာက္ဆုံးတဲ့အခါ တစ္ပါတည္း ေပ်ာက္ကြယ္သြားရေတာ့တာပါဘဲ။
(၄) ျဗဳန္းစားႀကီး ငုိခ်လုိက္မႈ
အသဲကြဲတဲ့သူေတြထဲမွာ ေတာ္ေတာ္စိတ္ခုိင္သူေတြဟာ ဒါကို ေရွာင္ႏုိင္ပါတယ္။ ေတာ္႐ုံအသဲႏုတဲ့သူေတြကေတာ့ ကြယ္ရာေရာက္တာနဲ႔ ၿဗဳံးစားႀကီး ငိုခ်မိတာမ်ိဳး ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕ဆုိ တစိမ့္စိမ့္ေတြးၿပီး ၀မ္းနည္း၊ လူျမင္ကြင္းမွာေတာင္ ပစ္လွဲၿပီး ငိုတာမ်ိဳး ရွိတတ္ပါတယ္။
(၅) ေနကာမ်က္မွန္ကုိခ်စ္တတ္သြားမယ္
ေနာက္တစ္ခုက ေနကာမ်က္မွန္ဟာ အသဲကြဲၿပီး တစ္လေလာက္ၾကာတဲ့အခါ ခင္တြယ္စရာ အေကာင္းဆုံး ပစၥည္း
ျဖစ္သြားတတ္ပါတယ္။ ဘာေၾကာင့္ဆုိ လူေတြ ကိုယ့္မ်က္လုံးကို ဖတ္ၿပီး ကုိယ့္ခံစားခ်က္ကုိ မသိႏုိင္ဖုိ႔ မ်က္လုံးေတြကုိ
ဟန္ေဆာင္ဖုံးကြယ္ရင္း ေနကာမ်က္မွန္ဟာ အသုံးအေတာ္၀င္တယ္ဆုိတာ သိသာပါလိ့မ္မယ္။
source : metro.co.uk
Credit:Aunty May
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်ခါတလေ တစ်ချို့ခံစားမှုတွေဟာ ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်ကြည့်တဲ့အခါ မဟုတ်သလိုလို၊ အိုဗာတွေလိုလို၊ သရုပ်ဆောင်နေသလိုသလို သင်ထင်ပါလိ့မ်မယ်။ ဥပမာ သင်က အသဲမကွဲဖူးသေးဘူးဆိုပါတော့။ အသဲကွဲသူတစ်ယောက်ရဲ့ ခံစားချက်ဟာ ဘာဆိုတာကို သင် နားလည်ဖို့ ခက်ပါလိ့မ်မယ်။ ဒီလိုပါဘဲ။ လူဆိုတာ ကိုယ်နာဖူးမှ ကိုယ်ချင်းစာတတ်တာပါ။ ဒါကြောင့် auntymay ပရိတသတ်ကြီးအတွက် အသဲကွဲတဲ့အခါမှ နားလည်တတ်တဲ့ခံစားမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဟာသမဟုတ်တော့သော ဟာသများ
အသဲကွဲပြီဆိုမှတော့ ဘယ်လောက်ပဲရယ်စရာကောင်းတဲ့ အရာတွေဖြစ်ပါစေ ရယ်ချင်စိတ် မဖြစ်တော့ပါဘူး။ တစ်ခါတ
လေ ရယ်စရာကာတွန်းကားကို ထိုင်ကြည့်နေရင်းနဲ့ ငိုနေတာမျိုးတောင် ရှိပါသေးတယ်။
(၂) သောက်စရာက အဖော်
ယောက်ျားလေးဆိုရင် အရက်ကို စွဲသောက်ချင်သွားတယ်။ အရက်သောက်လို့ အသဲကွဲပြေတာ မဟုတ်ပါဘူး။ အရက်မူးမှ အသဲကွဲရတာ ပိုပြီးဇိမ်ရှိတယ်လို့ တွေးမိကြလို့ပါ။ တစ်ချို့က ဘုမသိဘမသိနဲ့ ပြောတယ်၊ အသဲကွဲလို့ အရက်သောက်
တယ်၊ အခုတော့ အသဲကျွမ်းပြီး သေပြီပေါ့-တဲ့။ ဒါက စောစောကပြောသလို ခံစားချက်ကို နားမလည်လို့ပါ။ အသဲကွဲလို့ အရက်သောက်တာဟာ ကြိုက်လို့၊ သေမှာမှန်း မသိလို့ မဟုတ်ပါဘူး။ မူးနေရင် အသဲကွဲရတာ ပိုအရသာရှိတယ်လေ။
(၃) ဘာမှမရှိတော့ဘူးအသဲကွဲပြီးနောက်ပိုင်း စိတ်ထဲမှာ လုံး၀ ဘာမှမရှိတော့ဘူး … သွားပြီ ကုန်ပြီ … ဘာဆိုဘာမှ မကျန်တော့ဘူး-လို့ စိတ်ထဲက ခံစားရတတ်ပါတယ်။ တကယ်လည်း အချစ်မရှိဘူးဆိုရင် ပြင်ပ ပုဂ္ဂိုလ်ရေးဘဝဟာ ဘယ်လောက် သာယာနိုင်မှာလဲ။ ဒါကြောင့် ရှိနေခြင်းတွေသည်ပင်လျှင် အချစ်ပျောက်ဆုံးတဲ့အခါ တစ်ပါတည်း ပျောက်ကွယ်သွားရတော့တာပါဘဲ။
(၄) ဗြုန်းစားကြီး ငိုချလိုက်မှု
အသဲကွဲတဲ့သူတွေထဲမှာ တော်တော်စိတ်ခိုင်သူတွေဟာ ဒါကို ရှောင်နိုင်ပါတယ်။ တော်ရုံအသဲနုတဲ့သူတွေကတော့ ကွယ်ရာရောက်တာနဲ့ ဗြုံးစားကြီး ငိုချမိတာမျိုး ရှိတတ်ပါတယ်။ တစ်ချို့ဆို တစိမ့်စိမ့်တွေးပြီး ဝမ်းနည်း၊ လူမြင်ကွင်းမှာတောင် ပစ်လှဲပြီး ငိုတာမျိုး ရှိတတ်ပါတယ်။
(၅) နေကာမျက်မှန်ကိုချစ်တတ်သွားမယ်
နောက်တစ်ခုက နေကာမျက်မှန်ဟာ အသဲကွဲပြီး တစ်လလောက်ကြာတဲ့အခါ ခင်တွယ်စရာ အကောင်းဆုံး ပစ္စည်း
ဖြစ်သွားတတ်ပါတယ်။ ဘာကြောင့်ဆို လူတွေ ကိုယ့်မျက်လုံးကို ဖတ်ပြီး ကိုယ့်ခံစားချက်ကို မသိနိုင်ဖို့ မျက်လုံးတွေကို
ဟန်ဆောင်ဖုံးကွယ်ရင်း နေကာမျက်မှန်ဟာ အသုံးအတော်ဝင်တယ်ဆိုတာ သိသာပါလိ့မ်မယ်။
source : metro.co.uk
Credit:Aunty May
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသဲကြဲဖူးမွသိႏိုုင္တဲ့ ခံစားမႈမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။