မ်က္ႏွာေပၚမွာ မလိုခ်င္တဲ့အေမြးအမွင္ေတြ႐ွိတယ္။ တခ်ိဳ႕ေတြက ႏႈတ္ခမ္းေမြးစစေလးနဲ႔။ တခ်ိဳ႕က်ျပန္ေတာ့လည္း ပါးျပင္မွာေပၚေနတဲ့ အေမြးႏုေလးေတြက သိသိသာသာ ႐ွည္လ်ားေနတာ။ ဒါေတြကိုဖယ္႐ွားမယ္ဆုိ နာက်င္မႈေၾကာက္ၾကတယ္။ မနာေအာင္ဖယ္႐ွားႏိုင္မယ့္နည္း ႐ွိပါတယ္။
အသားအေရလည္း မပ်က္စီးဘူး၊ မနာမက်င္ဘူး၊ အေမြးေတြလည္း ေျပာင္သြားေစရမယ္။ အဲ့ဒီအတြက္ အဆင့္ ၆ ဆင့္နဲ႔ ျပဳလုပ္သြားရမွာပါ။ ေလာေလာဆယ္ေတာ့ သၾကားအညိဳ - ထမင္းစားဇြန္း ၁ ဇြန္း၊ ပ်ားရည္အစစ္ - ထမင္းစားဇြန္း ၁ ဇြန္း၊ ေရ - ထမင္းစားဇြန္း ၁ ဇြန္းနဲ႔ ကပ္ခြာလုပ္ဖုိ႔ အဝတ္စ/ဂြမ္းစတို႔ကို အရင္႐ွာထားလိုက္ပါ။
အဆင့္ ၁ ။ ။ သၾကား၊ ပ်ားရည္၊ ေရတုိ႔ကို ခြက္ထဲမွာထည့္ေမြၿပီး ခြက္ကို မိုက္ခရိုေဝ့ဗ္ထဲမွာ ထည့္လိုက္ပါ။
အဆင့္ ၂ ။ ။ ဖေယာင္းလိုမ်ိဳး ေပ်ာ္သြားဖုိ႔အတြက္ မိုက္ခ႐ိုေဝ့ဗ္ထဲမွာ အပူေပးရပါမယ္။ အခ်ိန္အားျဖင့္ စကၠန္႔ ၃၀ ေလာက္ဆုိရင္ ဆူပြက္လာပါလိမ့္မယ္။ အေရာင္ကလည္း အညိဳေရာင္ပ်စ္ေစးေစးျဖစ္သြားၿပီ။
အဆင့္ ၃ ။ ။ မိုက္ခရိုေဝ့ဗ္ထဲကထုတ္ၿပီး အေအးခံထားလိုက္ပါ။ သဘာဝအတုိင္းပဲ အေအးခံပါ။ ေလနဲ႔မႈတ္တာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္ခံႏိုင္ရည္ရွိေလာက္တဲ့ အပူခ်ိန္ေလာက္ဆုိရင္ အသံုးျပဳႏုိင္ပါတယ္။ လံုးဝေအးသြားေအာင္လုပ္လိုက္ရင္ ခဲၿပီးသံုးမရေတာ့ဘူး။
အဆင့္ ၄ ။ ။ ကိုယ္တုိင္လုပ္ထားတဲ့ wax ေလးကို ဖယ္ရွားခ်င္တဲ့ဧရိယာေပၚမွာ လိမ္းေပးလိုက္ပါ။
အဆင့္ ၅ ။ ။ အေပၚကေန ဂြမ္းစ/အဝတ္စကို ကပ္ေပးရပါမယ္။ ေသေသခ်ာခ်ာေလး ကပ္ေပးဖုိ႔လုိတယ္။ လက္ေခ်ာင္းေလးေတြနဲ႔ဖိၿပီး တင္းတင္းရင္းရင္းရွိေအာင္ကပ္ေပးပါ။
အဆင့္ ၆ ။ ။ အေမြးထြက္တ့ဲေနရာရဲ႕ ဆန္႔က်င္ဘက္ကိုဦးတည္ၿပီး အဝတ္စကို ဆတ္ခနဲခြာလိုက္ပါ။ မနာပါဘူး။ အေပၚမွာေျပာထားသလို ေသေသခ်ာခ်ာ ညီေအာင္ကပ္ထားရင္ ဆတ္ခနဲခြာလိုက္တဲ့အခါ လုံုးဝမနာဘူး။ မလိုခ်င္တဲ့အေမြးေတြလည္း ကၽြတ္ၿပီးပါသြားတာကို ေတြ႔ရမွာျဖစ္ပါတယ္ေနာ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မျက်နှာပေါ်မှာ မလိုချင်တဲ့အမွေးအမှင်တွေရှိတယ်။ တချို့တွေက နှုတ်ခမ်းမွေးစစလေးနဲ့။ တချို့ကျပြန်တော့လည်း ပါးပြင်မှာပေါ်နေတဲ့ အမွေးနုလေးတွေက သိသိသာသာ ရှည်လျားနေတာ။ ဒါတွေကိုဖယ်ရှားမယ်ဆို နာကျင်မှုကြောက်ကြတယ်။ မနာအောင်ဖယ်ရှားနိုင်မယ့်နည်း ရှိပါတယ်။
အသားအရေလည်း မပျက်စီးဘူး၊ မနာမကျင်ဘူး၊ အမွေးတွေလည်း ပြောင်သွားစေရမယ်။ အဲ့ဒီအတွက် အဆင့် ၆ ဆင့်နဲ့ ပြုလုပ်သွားရမှာပါ။ လောလောဆယ်တော့ သကြားအညို - ထမင်းစားဇွန်း ၁ ဇွန်း၊ ပျားရည်အစစ် - ထမင်းစားဇွန်း ၁ ဇွန်း၊ ရေ - ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ကပ်ခွာလုပ်ဖို့ အဝတ်စ/ဂွမ်းစတို့ကို အရင်ရှာထားလိုက်ပါ။
အဆင့် ၁ ။ ။ သကြား၊ ပျားရည်၊ ရေတို့ကို ခွက်ထဲမှာထည့်မွေပြီး ခွက်ကို မိုက်ခရိုဝေ့ဗ်ထဲမှာ ထည့်လိုက်ပါ။
အဆင့် ၂ ။ ။ ဖယောင်းလိုမျိုး ပျော်သွားဖို့အတွက် မိုက်ခရိုဝေ့ဗ်ထဲမှာ အပူပေးရပါမယ်။ အချိန်အားဖြင့် စက္ကန့် ၃၀ လောက်ဆိုရင် ဆူပွက်လာပါလိမ့်မယ်။ အရောင်ကလည်း အညိုရောင်ပျစ်စေးစေးဖြစ်သွားပြီ။
အဆင့် ၃ ။ ။ မိုက်ခရိုဝေ့ဗ်ထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။ သဘာဝအတိုင်းပဲ အအေးခံပါ။ လေနဲ့မှုတ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံနိုင်ရည်ရှိလောက်တဲ့ အပူချိန်လောက်ဆိုရင် အသုံးပြုနိုင်ပါတယ်။ လုံးဝအေးသွားအောင်လုပ်လိုက်ရင် ခဲပြီးသုံးမရတော့ဘူး။
အဆင့် ၄ ။ ။ ကိုယ်တိုင်လုပ်ထားတဲ့ wax လေးကို ဖယ်ရှားချင်တဲ့ဧရိယာပေါ်မှာ လိမ်းပေးလိုက်ပါ။
အဆင့် ၅ ။ ။ အပေါ်ကနေ ဂွမ်းစ/အဝတ်စကို ကပ်ပေးရပါမယ်။ သေသေချာချာလေး ကပ်ပေးဖို့လိုတယ်။ လက်ချောင်းလေးတွေနဲ့ဖိပြီး တင်းတင်းရင်းရင်းရှိအောင်ကပ်ပေးပါ။
အဆင့် ၆ ။ ။ အမွေးထွက်တဲ့နေရာရဲ့ ဆန့်ကျင်ဘက်ကိုဦးတည်ပြီး အဝတ်စကို ဆတ်ခနဲခွာလိုက်ပါ။ မနာပါဘူး။ အပေါ်မှာပြောထားသလို သေသေချာချာ ညီအောင်ကပ်ထားရင် ဆတ်ခနဲခွာလိုက်တဲ့အခါ လုံးဝမနာဘူး။ မလိုချင်တဲ့အမွေးတွေလည်း ကျွတ်ပြီးပါသွားတာကို တွေ့ရမှာဖြစ်ပါတယ်နော်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မနာမက်င္ဘဲနဲ႔ မ်က္ႏွာေပၚက အေမြးအမွင္ေတြဖယ္႐ွားၾကစို႔
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။