ဆရာမပါ တစ္ကိုယ္တည္းေလ့လာသူျဖစ္တာေၾကာင့္ အခက္အခဲေတြ ပိုမ်ားတတ္ပါတယ္။ တခ်ိဳ႕အခက္အခဲေတြကို ေခ်ာေခ်ာေမြ႕ေမြ႕ ေက်ာ္ျဖတ္ႏုိင္ဖို႔ အၾကံညဏ္ေလးေတြ ေဝမွ်ေပးခ်င္ပါတယ္။
၁ - ေသခ်ာပါေစ
တစ္ကိုယ္တည္းေလ့လာေနသူျဖစ္တာေၾကာင့္ သင့္ကို ဖိအားေပးမယ့္အရာမ်ိဳး မရွိပါဘူး။ အိမ္စာေတြလုပ္ရမွာ၊ ဒီတစ္ပတ္အတြင္း မသိလို႔မျဖစ္တဲ့အရာဆုိတာမ်ိဳး မရွိပါဘူး။ ဒီ့အတြက္ မျဖစ္မေန ေလ့လာခ်င္ေနစိတ္ကို သင္ကိုယ္တုိင္ ေမြးျမဴရမွာပါ။ ပထမဆံုးအေရးၾကီး အခ်က္က တကယ္မေလ့လာခ်င္တဲ့ အရာကို တစ္ကိုယ္တည္း မေလ့လာပါနဲ႔။ သင့္အတြက္ တကယ္အေရးၾကီးတယ္လို႔ စိတ္မွာ အျမဲခံစားရတယ္၊ ဒါကို တတ္ခ်င္တာ ေသခ်ာတယ္ဆိုမွ ေလ့လာပါ။
၂ - အခ်က္အလက္ အေထာက္အကူ
လံုေလာက္တဲ့ သတင္းအခ်က္အလက္၊ အေထာက္အကူပစၥည္း ရွိရဲ႕လား ဆိုတာလည္း အစကတည္းက ေမးသင့္ပါတယ္။ ေလ့လာေနရင္း မျပည့္စံုတာေတြ မ်ားလာတဲ့အခါ စိတ္ပ်က္သြားႏုိင္ပါတယ္။ သင့္ေလ့လာခ်င္စိတ္ကိုလည္း ဒီလိုမျပည့္စံုမႈေတြက ဖ်က္ဆီးပါလိမ့္မယ္။ တစ္ကိုယ္တည္းေလ့လာသူ ျဖစ္တာေၾကာင့္ လိုအပ္တဲ့ အခ်က္အလက္၊ အေထာက္အကူပစၥည္းေတြ စံုေနေအာင္ ရွိဖို႔ လိုပါတယ္။
၃ - စမ္းၾကည့္ပါ
ေလ့လာရမယ့္နည္းလမ္း အမ်ိဳးမ်ိဳးကိုလည္း စမ္းသပ္ၾကည့္သင့္ပါတယ္။ ဆရာနဲ႔ေလ့လာသူေတြက ဒီပံုစံမ်ိဳးေလ့လာျပီး တတ္ေျမာက္ေနၾကေပမယ့္ သင္က တစ္ကိုယ္တည္း သမားျဖစ္တာေၾကာင့္ အဆင္ေျပခ်င္မွ ေျပမွာပါ။ တစ္ကိုယ္တည္းေလ့လာသူ ျဖစ္တာေၾကာင့္ သင့္မွာ တျခားသူေတြကို ၾကည့္စရာမလိုဘဲ လြပ္လြပ္လပ္လပ္ စိတ္ပါသေလာက္ ေလ့လာလို႔ရပါတယ္။ သံုးေနတဲ့နည္းက မထိေရာက္ဘူးဆိုရင္ ေနာက္တစ္နည္းစမ္းၾကည့္ဖို႔လည္း ဝန္မေလးသင့္ပါဘူး။ ျမန္ျမန္စမ္းၾကည့္ေလ ေကာင္းေလပါပဲ။
၄ - အကဲျဖတ္သူ
သင္ကတစ္ကိုယ္တည္း သမားျဖစ္တာေၾကာင့္ သင့္ကို အကဲျဖတ္ေပးမယ္သူမရွိပါဘူး။ အေတြ႕အၾကံဳကို လက္ဆင့္ကမ္း သင္ရတဲ့အရာမ်ိဳးေတြမွာ သင္အားနည္းႏုိင္ပါတယ္။ ဒီ့အတြက္ သင္ေလ့လာေနတဲ့ နယ္ပယ္ကလူေတြနဲ႔ မိတ္ေဆြဖြဲ႕ထားသင့္ပါတယ္။ အေတြ႕အၾကံမ်ားတဲ့လူေတြနဲ႔ ေတြ႕ဆံုစကားေျပာတာမ်ိဳး လုပ္သင့္ပါတယ္။ သူတို႔ကိုယ္တုိင္လည္း သင့္လို တစ္ကိုယ္တည္းေလ့လာရင္း တတ္လာသူဆိုရင္ေတာ့ မိတ္ေဆြဖြဲ႕ကို ဖြဲ႕ထားရမွာပါ။ သူတို႔နဲ႔ ဆံုၾကရင္း၊ စကားေတြေျပာၾကရင္း သင္အမ်ားၾကီး ပညာရသြားႏုိင္ပါတယ္။
၅ - အႏၱရယ္
တစ္ကုိယ္တည္းေလ့လာသူျဖစ္တာေၾကာင့္ အႏၱရယ္ေတြ နည္းနည္းမ်ားပါတယ္။ အဆိုးဆံုးကေတာ့ ပံုမွန္ေလ့လာခ်ိန္မရွိတာ ျဖစ္ပါတယ္။ ေလ့လာခ်င္တဲ့အခ်ိန္ အားကုန္ေလ့လာျပီး၊ မေလ့လာခ်င္ရင္ လံုးဝလွည့္မၾကည့္တာ ျဖစ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode version#
ဆရာမပါ တစ်ကိုယ်တည်းလေ့လာသူဖြစ်တာကြောင့် အခက်အခဲတွေ ပိုများတတ်ပါတယ်။ တချို့အခက်အခဲတွေကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ဖို့ အကြံညဏ်လေးတွေ ဝေမျှပေးချင်ပါတယ်။
၁ - သေချာပါစေ
တစ်ကိုယ်တည်းလေ့လာနေသူဖြစ်တာကြောင့် သင့်ကို ဖိအားပေးမယ့်အရာမျိုး မရှိပါဘူး။ အိမ်စာတွေလုပ်ရမှာ၊ ဒီတစ်ပတ်အတွင်း မသိလို့မဖြစ်တဲ့အရာဆိုတာမျိုး မရှိပါဘူး။ ဒီ့အတွက် မဖြစ်မနေ လေ့လာချင်နေစိတ်ကို သင်ကိုယ်တိုင် မွေးမြူရမှာပါ။ ပထမဆုံးအရေးကြီး အချက်က တကယ်မလေ့လာချင်တဲ့ အရာကို တစ်ကိုယ်တည်း မလေ့လာပါနဲ့။ သင့်အတွက် တကယ်အရေးကြီးတယ်လို့ စိတ်မှာ အမြဲခံစားရတယ်၊ ဒါကို တတ်ချင်တာ သေချာတယ်ဆိုမှ လေ့လာပါ။
၂ - အချက်အလက် အထောက်အကူ
လုံလောက်တဲ့ သတင်းအချက်အလက်၊ အထောက်အကူပစ္စည်း ရှိရဲ့လား ဆိုတာလည်း အစကတည်းက မေးသင့်ပါတယ်။ လေ့လာနေရင်း မပြည့်စုံတာတွေ များလာတဲ့အခါ စိတ်ပျက်သွားနိုင်ပါတယ်။ သင့်လေ့လာချင်စိတ်ကိုလည်း ဒီလိုမပြည့်စုံမှုတွေက ဖျက်ဆီးပါလိမ့်မယ်။ တစ်ကိုယ်တည်းလေ့လာသူ ဖြစ်တာကြောင့် လိုအပ်တဲ့ အချက်အလက်၊ အထောက်အကူပစ္စည်းတွေ စုံနေအောင် ရှိဖို့ လိုပါတယ်။
၃ - စမ်းကြည့်ပါ
လေ့လာရမယ့်နည်းလမ်း အမျိုးမျိုးကိုလည်း စမ်းသပ်ကြည့်သင့်ပါတယ်။ ဆရာနဲ့လေ့လာသူတွေက ဒီပုံစံမျိုးလေ့လာပြီး တတ်မြောက်နေကြပေမယ့် သင်က တစ်ကိုယ်တည်း သမားဖြစ်တာကြောင့် အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ကိုယ်တည်းလေ့လာသူ ဖြစ်တာကြောင့် သင့်မှာ တခြားသူတွေကို ကြည့်စရာမလိုဘဲ လွပ်လွပ်လပ်လပ် စိတ်ပါသလောက် လေ့လာလို့ရပါတယ်။ သုံးနေတဲ့နည်းက မထိရောက်ဘူးဆိုရင် နောက်တစ်နည်းစမ်းကြည့်ဖို့လည်း ဝန်မလေးသင့်ပါဘူး။ မြန်မြန်စမ်းကြည့်လေ ကောင်းလေပါပဲ။
၄ - အကဲဖြတ်သူ
သင်ကတစ်ကိုယ်တည်း သမားဖြစ်တာကြောင့် သင့်ကို အကဲဖြတ်ပေးမယ်သူမရှိပါဘူး။ အတွေ့အကြုံကို လက်ဆင့်ကမ်း သင်ရတဲ့အရာမျိုးတွေမှာ သင်အားနည်းနိုင်ပါတယ်။ ဒီ့အတွက် သင်လေ့လာနေတဲ့ နယ်ပယ်ကလူတွေနဲ့ မိတ်ဆွေဖွဲ့ထားသင့်ပါတယ်။ အတွေ့အကြံများတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောတာမျိုး လုပ်သင့်ပါတယ်။ သူတို့ကိုယ်တိုင်လည်း သင့်လို တစ်ကိုယ်တည်းလေ့လာရင်း တတ်လာသူဆိုရင်တော့ မိတ်ဆွေဖွဲ့ကို ဖွဲ့ထားရမှာပါ။ သူတို့နဲ့ ဆုံကြရင်း၊ စကားတွေပြောကြရင်း သင်အများကြီး ပညာရသွားနိုင်ပါတယ်။
၅ - အန္တရယ်
တစ်ကိုယ်တည်းလေ့လာသူဖြစ်တာကြောင့် အန္တရယ်တွေ နည်းနည်းများပါတယ်။ အဆိုးဆုံးကတော့ ပုံမှန်လေ့လာချိန်မရှိတာ ဖြစ်ပါတယ်။ လေ့လာချင်တဲ့အချိန် အားကုန်လေ့လာပြီး၊ မလေ့လာချင်ရင် လုံးဝလှည့်မကြည့်တာ ဖြစ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...