ဘ၀မွာ ေအာင္ျမင္ေပ်ာ္ရႊင္ရဖို႔အတြက္ ေျပာၾကတဲ့အခါမွာ မိမိကိုယ္ကိုယ္ယုံၾကည္မႈရွိဖုိ႔ မိမိကိုယ္ကို တန္ဖိုးထားဖို႔ စသျဖင့္ ေျပာေလ့ရွိၾကပါတယ္။ မိမိကိုယ္ကို ယုံၾကည္မႈနဲ႔ တန္ဖိုးထားမႈက တူသလိုရွိေပမယ့္ မတူညီတဲ့သေဘာတရားႏွစ္ခု ျဖစ္ပါတယ္။
မိမိကိုယ္ကိုတန္ဖိုးထားမႈဆိုတာက ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုခံစားရလဲ၊ ကိုယ့္ကိုယ္ကိုယ္ ဘယ္ေလာက္ထိ သေဘာက်လဲ၊ ကိုယ့္ရဲ႕ျဖစ္တည္မႈအလံုးစံုနဲ႔ သက္ဆိုင္ပါတယ္။ မိမိကိုယ္ကို တန္ဖိုးထားမႈကို အေတြ႕အၾကံဳေတြ၊ ႀကီးျပင္းခဲ့ရတဲ့ ပတ္၀န္က်င္ေတြ၊ မိသားစု၀င္ေတြ၊ စာသင္ေက်ာင္းနဲ႔ လူမႈ၀န္းက်င္အသိုင္းအ၀ိုင္းေတြက ပံုေဖာ္ေပးခဲ့တာျဖစ္ပါတယ္။
မိမိကိုယ္ကို ယုံၾကည္မႈကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ စြမ္းေအာင္ရည္နဲ႔ အရည္အခ်င္းေတြေပၚမွာ ဘယ္လိုသေဘာထားလဲ၊ ဘယ္လိုခံစားရလဲ၊ တခ်ိဳ႕ေသာအရာေတြနဲ႔ မတူညီတဲ့အေျခအေနေတြကို လုပ္ေဆာင္ကိုင္တြယ္ႏိုင္စြမ္း ဘယ္ေလာက္ရွိလဲဆိုတာေတြနဲ႔ သက္ဆိုင္ပါတယ္။
စစ္မွန္တဲ့ မိမိကိုယ္ကို တန္ဖိုးထားမႈနဲ႔ အရည္အခ်င္းေတြအေပၚယုံၾကည္မႈရွိျခင္းက ဘ၀မွာ အဓိပၸါယ္ျပည့္စံုတဲ့ ေရြးခ်ယ္မႈေတြကို လုပ္ေဆာင္ႏိုင္ၿပီး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိေစမွာ ျဖစ္ပါတယ္။ ဒီလို စစ္မွန္တဲ့ တန္ဖိုးထားမႈနဲ႔ ယုံၾကည္မႈရွိဖို႔အတြက္ သိထားသင့္တဲ့ ဘ၀ရဲ႕အမွန္တရား (၇)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ မိမိကိုယ္ကို ခ်စ္ပါ။
ကၽြန္ေတာ္တို႔ရဲ႕ စိတ္၊ ခႏၶာနဲ႔ ခံစားမႈအလုံးစံုကို ခ်စ္တတ္ဖို႔လိုပါတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္တာက အတၱႀကီးတာ၊ တစ္ကိုယ္ေကာင္းဆန္တာမဟုတ္ပါဘူး။ က်န္းမာေပ်ာ္ရႊင္တဲ့ ဘ၀ရဖို႔ လိုအပ္ခ်က္တစ္ခုပါ။ အျခားသူေတြကို ကူညီႏိုင္ဖို႔ ကၽြန္ေတာ္တို႔မွာ အရင္ျပည့္၀ေနဖို႔ လိုပါတယ္။
၂။ ၿပီးျပည့္စံုမႈဆိုတာ စိတ္ကူးယဥ္မႈတစ္ခုပါ။
လုပ္မိခဲ့တဲ့ အမွားေတြကို ေက်းဇူးတင္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမွားေတြက ကၽြန္ေတာ္တို႔ကို အမွန္တရားနဲ႔ ပိုၿပီးနီးစပ္ေအာင္ ကူညီေပးႏိုင္လို႔ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ အႏိုင္ရေအာင္ျမင္ပါတယ္။ တစ္ခါတစ္ေလမွာ ပညာရပါတယ္။ ဘယ္ေတာ့မွ ႐ႈံးတယ္ဆိုတာ မရွိပါဘူး။ ဒါ့ေၾကာင့္ ဘာကိုပဲျဖစ္ျဖစ္ ၿပီးျပည့္စံုေအာင္ လုပ္ဖို႔ႀကိဳးစားမေနပဲ ေကာင္းဖို႔ပဲ ႀကိဳးစားပါ။
၃။ အားလံုးက ကိုယ္ကိုယ္တုိင္ရဲ႕ ေရြးခ်ယ္မႈပါ
ကၽြန္ေတာ္တို႔ရဲ႕ အတိတ္ေတြက အနာဂတ္အတြက္ ဘာမွသိပ္အေရးမပါသလို အရင္ကကန္႔သတ္ခ်က္ေတြကလည္း ဒီေန႔ကို အဓိပၸါယ္သက္ေရာက္မႈမရွိပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ အခ်ိန္ေတြ၊ ေငြေတြနဲ႔ အခ်စ္ေတြကို အျခားသူေတြကို ေပးလိုက္ရတာအတြက္ သူတို႔ကိုအျပစ္တင္ေနတာက မျဖစ္သင့္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္တို႔ကိုယ္တိုင္က သူတို႔ကိုေပးလိုက္ဖုိ႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ တကယ္ဆိုရင္ ကၽြန္ေတာ္တို႔ဖက္က ခြင့္မျပဳရင္ ဘယ္သူကမွ နာက်င္ေအာင္၊ စိတ္ညစ္ရေအာင္ မလုပ္ႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ေဆာင္မႈတိုင္းအတြက္ ကၽြန္ေတာ္တို႔ကိုယ္တိုင္မွာပဲ တာ၀န္ရွိသလို႔ အနာဂတ္ဆိုတာကလည္း လက္ရွိေရြးခ်ယ္မႈေတြရဲ႕ ရလဒ္ပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အတိတ္နဲ႔ အျခားသူေတြကို အျပစ္မတင္ေတာ့တာနဲ႔ လြတ္လပ္သြာပါလိမ့္မယ္။
၄။ အျခားသူေတြ ဘယ္လိုထင္မလဲ စိုးရိမ္ေနတာကလည္း အခ်ိန္ျဖဳန္းတာပါပဲ
ကၽြန္ေတာ္တို႔ ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား လူတိုင္းကို ေက်နပ္ေအာင္ မလုပ္ႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔နဲ႔ ပတ္သက္ၿပီး လူေတြဘယ္လိုထင္လဲဆိုတာက သူတို႔ရဲ႕အယူအဆသက္သက္ပါ။ သူတို႔နဲ႔ပဲ သက္ဆိုင္ပါတယ္။ ကၽြန္ေတာ္တို႔နဲ႔ ဘာမွမဆိုင္ပါဘူး။ လူေတြ ကၽြန္ေတာ္တို႔ကို သေဘာက်ႏွစ္သက္လာေအာင္ သူတို႔စိတ္ေက်နပ္ေစဖို႔ ႀကိဳးစားေနရတာကို ရပ္လိုက္ပါ။ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ပါ။ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈဟာ ကိုယ့္တာ၀န္ျဖစ္ၿပီး အျခားက်န္တာအားလံုးက အပိုဆုျဖစ္ပါတယ္။
၅။ ျငင္းသင့္တာေတြကို ျငင္းႏိုင္တာကလည္း ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ျခင္းျဖစ္တယ္
တစ္ခါတစ္ေလမွာ လုပ္သင့္တာမွန္ေပမယ့္ လုပ္ဖို႔မလုိပါဘူး။ လုပ္ခ်င္စိတ္ရွိမွ လုပ္တာအေကာင္းဆံုးပါပဲ။ လုပ္ခ်င္စိတ္ဆိုတာက ကိုယ္တိုင္က စိတ္ပါမွျဖစ္ပါတယ္။ အျခားသူေတြက လုပ္ခိုင္းတာမ်ိဳး မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ တန္ဖိုးရွိတဲ့ကိုယ္ပိုင္အခ်ိန္ေတြကို မွန္မွန္ကန္ကန္အသံုးခ်ႏိုင္ဖို႔ ျငင္းသင့္တာေတြကို ျငင္းဖို႔ အားနာမေနပါနဲ႔။
၆။ ဘ၀က တိုက္ပြဲတစ္ခု ဒါမွမဟုတ္ ၿပိဳင္ပြဲတစ္ခုလို ျဖစ္စရာမလိုပါဘူး
အျခားသူေတြနဲ႔ မိမိကိုယ္ကို ႏိႈင္းယွဥ္တာ၊ ခိုင္းႏႈိင္းတာေတြကို ရပ္လိုက္ပါ။ ကိုယ့္ဘ၀ကို အာ႐ုံစိုက္ၿပီး အျခားသူေတြရဲ႕ ေအာင္ျမင္မႈေတြကို မုဒိတာပြား ဂုဏ္ျပဳလိုက္ပါ။ ဘ၀ကို ခ်စ္တဲ့စိတ္နဲ႔ ျဖတ္သန္းပါ။ စိုးရိမ္ေသာကေတြနဲ႔ မျဖတ္သန္းပါနဲ႔။ သမုဒၵရာေရ တစ္ေယာက္တည္းေသာက္လို႔ မကုန္ႏိုင္ပါဘူး။ လူတိုင္းအတြက္ အရာတိုင္းက အလုံအေလာက္ရွိေနတဲ့ ေလာကႀကီးမွာ ရွင္သန္ေနရတာ ျဖစ္ပါတယ္။
၇။ ႐ိုးသားေျဖာင့္မတ္ျခင္းက အေရးႀကီးပါတယ္
မိမိကိုယ္ကို ဘာလဲဆိုတာ ႐ိုးသားစြာ သိျမင္ပါ။ ေပ်ာ္ရႊင္စြာ ေနထိုင္ဖို႔က လူတိုင္းရဲ႕ေမြးရာပါ အခြင့္အေရးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေတာင္းပန္ခယမႈေတြ၊ ေနာင္တေတြနဲ႔ မရွင္သန္ရေအာင္ ႐ိုးသားေျဖာင့္မတ္တဲ့ မွန္ကန္တဲ့ ေရြးခ်ယ္မႈေတြကို လုပ္ေဆာင္ပါ။
ကၽြန္ေတာ္တို႔အမ်ားစုက ဘ၀မွာ လုိခ်င္တာကို မရတတ္ၾကပါဘူး။ ကၽြန္ေတာ္တို႔နဲ႔ ထိုက္တန္တယ္ ထင္ရတဲ့အရာကိုပဲ ရၾကပါတယ္။ ဒါေၾကာင့္ မိမိကိုယ္ကိုယုံၾကည္တန္ဖိုးထားၿပီး၊ ဘ၀မွာ အေကာင္းဆံုးအရာေတြနဲ႔ ထိုက္တန္မႈရွိတယ္လို႔ ယူဆထားႏိုင္ဖို႔က လိုအပ္ခ်က္တစ္ခုပဲျဖစ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘဝမှာ အောင်မြင်ပျော်ရွှင်ရဖို့အတွက် ပြောကြတဲ့အခါမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ မိမိကိုယ်ကို တန်ဖိုးထားဖို့ စသဖြင့် ပြောလေ့ရှိကြပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တန်ဖိုးထားမှုက တူသလိုရှိပေမယ့် မတူညီတဲ့သဘောတရားနှစ်ခု ဖြစ်ပါတယ်။
မိမိကိုယ်ကိုတန်ဖိုးထားမှုဆိုတာက ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားရလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ သဘောကျလဲ၊ ကိုယ့်ရဲ့ဖြစ်တည်မှုအလုံးစုံနဲ့ သက်ဆိုင်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားမှုကို အတွေ့အကြုံတွေ၊ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်ကျင်တွေ၊ မိသားစုဝင်တွေ၊ စာသင်ကျောင်းနဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းတွေက ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုကတော့ ကျွန်တော်တို့ရဲ့ စွမ်းအောင်ရည်နဲ့ အရည်အချင်းတွေပေါ်မှာ ဘယ်လိုသဘောထားလဲ၊ ဘယ်လိုခံစားရလဲ၊ တချို့သောအရာတွေနဲ့ မတူညီတဲ့အခြေအနေတွေကို လုပ်ဆောင်ကိုင်တွယ်နိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။
စစ်မှန်တဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုနဲ့ အရည်အချင်းတွေအပေါ်ယုံကြည်မှုရှိခြင်းက ဘဝမှာ အဓိပ္ပါယ်ပြည့်စုံတဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်နိုင်ပြီး အကျိုးကျေးဇူးတွေလည်း အများကြီးရှိစေမှာ ဖြစ်ပါတယ်။ ဒီလို စစ်မှန်တဲ့ တန်ဖိုးထားမှုနဲ့ ယုံကြည်မှုရှိဖို့အတွက် သိထားသင့်တဲ့ ဘဝရဲ့အမှန်တရား (၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ မိမိကိုယ်ကို ချစ်ပါ။
ကျွန်တော်တို့ရဲ့ စိတ်၊ ခန္ဓာနဲ့ ခံစားမှုအလုံးစုံကို ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တာက အတ္တကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ ကျန်းမာပျော်ရွှင်တဲ့ ဘဝရဖို့ လိုအပ်ချက်တစ်ခုပါ။ အခြားသူတွေကို ကူညီနိုင်ဖို့ ကျွန်တော်တို့မှာ အရင်ပြည့်ဝနေဖို့ လိုပါတယ်။
၂။ ပြီးပြည့်စုံမှုဆိုတာ စိတ်ကူးယဉ်မှုတစ်ခုပါ။
လုပ်မိခဲ့တဲ့ အမှားတွေကို ကျေးဇူးတင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှားတွေက ကျွန်တော်တို့ကို အမှန်တရားနဲ့ ပိုပြီးနီးစပ်အောင် ကူညီပေးနိုင်လို့ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ အနိုင်ရအောင်မြင်ပါတယ်။ တစ်ခါတစ်လေမှာ ပညာရပါတယ်။ ဘယ်တော့မှ ရှုံးတယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဘာကိုပဲဖြစ်ဖြစ် ပြီးပြည့်စုံအောင် လုပ်ဖို့ကြိုးစားမနေပဲ ကောင်းဖို့ပဲ ကြိုးစားပါ။
၃။ အားလုံးက ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါ
ကျွန်တော်တို့ရဲ့ အတိတ်တွေက အနာဂတ်အတွက် ဘာမှသိပ်အရေးမပါသလို အရင်ကကန့်သတ်ချက်တွေကလည်း ဒီနေ့ကို အဓိပ္ပါယ်သက်ရောက်မှုမရှိပါဘူး။ ကျွန်တော်တို့ရဲ့ အချိန်တွေ၊ ငွေတွေနဲ့ အချစ်တွေကို အခြားသူတွေကို ပေးလိုက်ရတာအတွက် သူတို့ကိုအပြစ်တင်နေတာက မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သူတို့ကိုပေးလိုက်ဖို့ ရွေးချယ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ဖက်က ခွင့်မပြုရင် ဘယ်သူကမှ နာကျင်အောင်၊ စိတ်ညစ်ရအောင် မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့ကိုယ်တိုင်မှာပဲ တာဝန်ရှိသလို့ အနာဂတ်ဆိုတာကလည်း လက်ရှိရွေးချယ်မှုတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အတိတ်နဲ့ အခြားသူတွေကို အပြစ်မတင်တော့တာနဲ့ လွတ်လပ်သွာပါလိမ့်မယ်။
၄။ အခြားသူတွေ ဘယ်လိုထင်မလဲ စိုးရိမ်နေတာကလည်း အချိန်ဖြုန်းတာပါပဲ
ကျွန်တော်တို့ ဘယ်လောက်ပဲကြိုးစားကြိုးစား လူတိုင်းကို ကျေနပ်အောင် မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့နဲ့ ပတ်သက်ပြီး လူတွေဘယ်လိုထင်လဲဆိုတာက သူတို့ရဲ့အယူအဆသက်သက်ပါ။ သူတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လူတွေ ကျွန်တော်တို့ကို သဘောကျနှစ်သက်လာအောင် သူတို့စိတ်ကျေနပ်စေဖို့ ကြိုးစားနေရတာကို ရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်တာဝန်ဖြစ်ပြီး အခြားကျန်တာအားလုံးက အပိုဆုဖြစ်ပါတယ်။
၅။ ငြင်းသင့်တာတွေကို ငြင်းနိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဖြစ်တယ်
တစ်ခါတစ်လေမှာ လုပ်သင့်တာမှန်ပေမယ့် လုပ်ဖို့မလိုပါဘူး။ လုပ်ချင်စိတ်ရှိမှ လုပ်တာအကောင်းဆုံးပါပဲ။ လုပ်ချင်စိတ်ဆိုတာက ကိုယ်တိုင်က စိတ်ပါမှဖြစ်ပါတယ်။ အခြားသူတွေက လုပ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ကိုယ်ပိုင်အချိန်တွေကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ ငြင်းသင့်တာတွေကို ငြင်းဖို့ အားနာမနေပါနဲ့။
၆။ ဘဝက တိုက်ပွဲတစ်ခု ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုလို ဖြစ်စရာမလိုပါဘူး
အခြားသူတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်တာ၊ ခိုင်းနှိုင်းတာတွေကို ရပ်လိုက်ပါ။ ကိုယ့်ဘဝကို အာရုံစိုက်ပြီး အခြားသူတွေရဲ့ အောင်မြင်မှုတွေကို မုဒိတာပွား ဂုဏ်ပြုလိုက်ပါ။ ဘဝကို ချစ်တဲ့စိတ်နဲ့ ဖြတ်သန်းပါ။ စိုးရိမ်သောကတွေနဲ့ မဖြတ်သန်းပါနဲ့။ သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့ မကုန်နိုင်ပါဘူး။ လူတိုင်းအတွက် အရာတိုင်းက အလုံအလောက်ရှိနေတဲ့ လောကကြီးမှာ ရှင်သန်နေရတာ ဖြစ်ပါတယ်။
၇။ ရိုးသားဖြောင့်မတ်ခြင်းက အရေးကြီးပါတယ်
မိမိကိုယ်ကို ဘာလဲဆိုတာ ရိုးသားစွာ သိမြင်ပါ။ ပျော်ရွှင်စွာ နေထိုင်ဖို့က လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်းပန်ခယမှုတွေ၊ နောင်တတွေနဲ့ မရှင်သန်ရအောင် ရိုးသားဖြောင့်မတ်တဲ့ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ပါ။
ကျွန်တော်တို့အများစုက ဘဝမှာ လိုချင်တာကို မရတတ်ကြပါဘူး။ ကျွန်တော်တို့နဲ့ ထိုက်တန်တယ် ထင်ရတဲ့အရာကိုပဲ ရကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယုံကြည်တန်ဖိုးထားပြီး၊ ဘဝမှာ အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်မှုရှိတယ်လို့ ယူဆထားနိုင်ဖို့က လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Credit:Gentleman Magazine
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သိထားသင့္သည့္ ဘ၀အတြက္ အမွန္တရား (၇)ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။