iMyanmarHouse.com - Best Property Website for Myanmar
×

တင္းတိတ္ေတြေႀကာင့္ စိတ္ညစ္ေနရၿပီလား ဒါဆိုရင္ေတာ့ ညစ္ေနတာေလးေတြ ခဏေမ့ၿပီး ေအာက္က အိမ္တြင္းကုထံုးေလးေတြကို အခ်ိန္ေပးၿပီး  ဖတ္ၾကည့္လိုက္ေနာ္။

(၁) ေထာပတ္သီးမွည့္
ေထာပတ္သီးမွည့္ကို အနွစ္ျဖစ္ေအာင္ ႀကိတ္ေခ်ပါ။ ထိုအနွစ္ကို တင္းတိတ္ျဖစ္ေနတဲ့ေနရာေတြမွာလိမ္းပါ။
နာရီဝက္ခန္႕ထားၿပီး ၾကက္သီးေႏြးေရနဲ႕ေဆးေႀကာေပးပါ။ ဒါကို တစ္ေန႕ နွစ္ႀကိမ္မွန္မွန္လုပ္ေပးပါေနာ္။

(၂) ႀကက္ဆူဆီ

ႀကက္ဆူဆီနွင့္ ဗီတာမင္အီးကို ေရာၿပီး တင္းတိတ္ေနရာေတြကိုေန႕စဥ္ လိမ္းေပးျခင္းဟာ
ေယာင္းတို႔ရဲ႕ အသားေရကို နူးညံ႕ေခ်ာေမြ႕ေစၿပီး မ်က္နွာအသားေရကိုအားျဖည့္ေပးတာမို႔ တင္းတိတ္ေတြကို ေလ်ာ့ပါးလာေစမွာပါ။

(၃) မာလကာသီးနွင့္ ငွက္ေပ်ာသီး

မာလကာသီးနဲ႔ငွက္ေပ်ာသီးအနွစ္တို႕ကို ေရာၿပီး ေယာင္းတို႔ရဲ႕မ်က္နွာေပၚမွာလိမ္းေပးပါ။ ၁၅-၂၀မိနစ္ေလာက္ ထားၿပီးရင္ ေရေဆးခ်ပါ။ ဒီလို ေန႕စဥ္ပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ျဖင့္ ထူးျခားတဲ့ရလဒ္ရရွိမွာပါ။

(၄) သံပယိုသီး (သံပရာသီး)

ဝါဂြမ္းလံုးေလးအသံုးျပဳၿပီးေတာ့  သံပယိုရည္ကို တင္းတိတ္ေပါက္တဲ့ေနရာေတြမွာ သုတ္လိမ္းေပးပါ။
၁၀-၁၅မိနစ္ခန္႕ထားၿပီး ေရေဆးခ်ပါ။ တစ္ေန႕ကိုနွစ္ႀကိမ္ျပဳလုပ္ေပးမယ္ဆိုရင္ ရလဒ္ျမန္ျမန္ရမွာပါလို႔။
ထိလြယ္ရွလြယ္အသားေရပိုင္ရွင္ ေယာင္းတို႔ကေတာ့ သံပယိုရည္ကို ေရနဲ႕ အနည္းငယ္ေရာၿပီး
အသံုးျပဳေပးသင့္ပါတယ္။ (နည္းနည္းေတာ့စပ္မယ္ေနာ္)

(၅) အာလူး

အာလူးတစ္လံုးကို အခြံခြာၿပီး ထူထူေလးလွီးၿပီး ေရနည္းနည္းစြတ္ပါ။ ေရစြတ္ထားတဲ့အာလူးေလးေတြကို မ်က္နွာေပၚမွာ ၅-၁၀မိနစ္ခန္႕ ပြတ္ေပးပါ။ အဲ့ေနာက္ ႀကက္သီးေႏြးေရေလးနဲ႕ေဆးေႀကာေပးပါ။
ဒါကို တစ္ေန႕ သံုးႀကိမ္မွ ေလးႀကိမ္ခန္႕ျပဳလုပ္ေပးပါ။

(၆) ဆႏြင္း
ဆႏြင္း လဘက္ရည္ဇြန္း၁ဇြန္းနဲ႔ သံပယိုရည္ လဘက္ရည္ဇြန္းတစ္ဇြန္းတို႕ကို ေရာစပ္ၿပီးမ်က္နွာေပၚလိမ္းေပးပါ။
မိနစ္၂၀ခန္႕ထားၿပီး ေရေဆးခ်ပါ။ အသံုးၿပဳၿပီး တစ္နာရီမျပည့္ခင္ အျပင္မထြက္သင့္ပါဘူးေနာ္။ တစ္ေန႕ တစ္ႀကိမ္ မွန္မွန္လုပ္ေပးဖို႕လည္းအေရးႀကီးပါတယ္ေနာ္။ အေရးႀကီးတာက ဆႏြင္းစစ္ဖို႕လည္း စစ္မဖို႔ မေမ့ပါနဲ႔လို႔။

(၇) ရွားေစာင္းလက္ပက္ဂ်ယ္လ္

ညအိပ္ရာမဝင္ခင္ လတ္လတ္ဆတ္ဆတ္ ရွားေစာင္းလက္ပက္ဂ်ယ္လ္ေလးကို တင္းတိတ္ျဖစ္ေနတဲ့ေနရာေတြမွာ လိမ္းၿပီး ညအိပ္ရာဝင္ပါ။ မနက္မိုးလင္းက်ေတာ့မွ မ်က္နွာသစ္ပါ။ ေန႕စဥ္ျပဳလုပ္ေပးသြားမယ္ဆိုရင္
ထူးျခားတဲ့ရလဒ္ကို ရရွိမွာပါေယာင္းတို႔ေရ။

အျပင္ထြက္ေတာ့မယ္ဆိုရင္ ေနေရာင္ခံလိမ္းဆးလိမ္းတာမ်ိဳး၊ ဦးထုပ္နဲ႕ လက္ရွည္ေဆာင္တာမ်ိဳးေတြ
လုပ္ၿပီး ႀကိဳတင္ကာကြယ္သင့္ပါတယ္ေနာ္ ေယာင္းတို႔ေရ။ ေနေရာင္ျခည္နဲ႕ တိုက္ရိုက္မထိေတြ႕တာကေတာ့
အေကာင္းဆံုးပါပဲ။ ၿပီးေတာ့ေလ ေယာင္းတို႔ေရ တစ္ေယာက္နဲ႕တစ္ေယာက္ အသားေရအမ်ိဳးအစား မတူတာမို႔
တစ္နည္းအဆင္မေျပရင္ ေနာက္တစ္နည္းစမ္းသပ္ၾကည့္လိုက္ေနာ္။ တစ္နည္းမဟုတ္ တစ္နည္းေတာ့ အသံုးဝင္ပါလိမ့္မယ္လို႔။

ခ်စ္ျခင္းမ်ားစြာျဖင့္

Credit:Jasmine (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တင်းတိတ်တွေကြောင့် စိတ်ညစ်နေရပြီလား ဒါဆိုရင်တော့ ညစ်နေတာလေးတွေ ခဏမေ့ပြီး အောက်က အိမ်တွင်းကုထုံးလေးတွေကို အချိန်ပေးပြီး  ဖတ်ကြည့်လိုက်နော်။

(၁) ထောပတ်သီးမှည့်
ထောပတ်သီးမှည့်ကို အနှစ်ဖြစ်အောင် ကြိတ်ချေပါ။ ထိုအနှစ်ကို တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာလိမ်းပါ။
နာရီဝက်ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ဆေးကြောပေးပါ။ ဒါကို တစ်နေ့ နှစ်ကြိမ်မှန်မှန်လုပ်ပေးပါနော်။

(၂) ကြက်ဆူဆီ

ကြက်ဆူဆီနှင့် ဗီတာမင်အီးကို ရောပြီး တင်းတိတ်နေရာတွေကိုနေ့စဉ် လိမ်းပေးခြင်းဟာ
ယောင်းတို့ရဲ့ အသားရေကို နူးညံ့ချောမွေ့စေပြီး မျက်နှာအသားရေကိုအားဖြည့်ပေးတာမို့ တင်းတိတ်တွေကို လျော့ပါးလာစေမှာပါ။

(၃) မာလကာသီးနှင့် ငှက်ပျောသီး

မာလကာသီးနဲ့ငှက်ပျောသီးအနှစ်တို့ကို ရောပြီး ယောင်းတို့ရဲ့မျက်နှာပေါ်မှာလိမ်းပေးပါ။ ၁၅-၂၀မိနစ်လောက် ထားပြီးရင် ရေဆေးချပါ။ ဒီလို နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ဖြင့် ထူးခြားတဲ့ရလဒ်ရရှိမှာပါ။

(၄) သံပယိုသီး (သံပရာသီး)

ဝါဂွမ်းလုံးလေးအသုံးပြုပြီးတော့  သံပယိုရည်ကို တင်းတိတ်ပေါက်တဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။
၁၀-၁၅မိနစ်ခန့်ထားပြီး ရေဆေးချပါ။ တစ်နေ့ကိုနှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ရလဒ်မြန်မြန်ရမှာပါလို့။
ထိလွယ်ရှလွယ်အသားရေပိုင်ရှင် ယောင်းတို့ကတော့ သံပယိုရည်ကို ရေနဲ့ အနည်းငယ်ရောပြီး
အသုံးပြုပေးသင့်ပါတယ်။ (နည်းနည်းတော့စပ်မယ်နော်)

(၅) အာလူး

အာလူးတစ်လုံးကို အခွံခွာပြီး ထူထူလေးလှီးပြီး ရေနည်းနည်းစွတ်ပါ။ ရေစွတ်ထားတဲ့အာလူးလေးတွေကို မျက်နှာပေါ်မှာ ၅-၁၀မိနစ်ခန့် ပွတ်ပေးပါ။ အဲ့နောက် ကြက်သီးနွေးရေလေးနဲ့ဆေးကြောပေးပါ။
ဒါကို တစ်နေ့ သုံးကြိမ်မှ လေးကြိမ်ခန့်ပြုလုပ်ပေးပါ။

(၆) ဆနွင်း
ဆနွင်း လဘက်ရည်ဇွန်း၁ဇွန်းနဲ့ သံပယိုရည် လဘက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီးမျက်နှာပေါ်လိမ်းပေးပါ။
မိနစ်၂၀ခန့်ထားပြီး ရေဆေးချပါ။ အသုံးပြုပြီး တစ်နာရီမပြည့်ခင် အပြင်မထွက်သင့်ပါဘူးနော်။ တစ်နေ့ တစ်ကြိမ် မှန်မှန်လုပ်ပေးဖို့လည်းအရေးကြီးပါတယ်နော်။ အရေးကြီးတာက ဆနွင်းစစ်ဖို့လည်း စစ်မဖို့ မမေ့ပါနဲ့လို့။

(၇) ရှားစောင်းလက်ပက်ဂျယ်လ်

ညအိပ်ရာမဝင်ခင် လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်လေးကို တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး ညအိပ်ရာဝင်ပါ။ မနက်မိုးလင်းကျတော့မှ မျက်နှာသစ်ပါ။ နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင်
ထူးခြားတဲ့ရလဒ်ကို ရရှိမှာပါယောင်းတို့ရေ။

အပြင်ထွက်တော့မယ်ဆိုရင် နေရောင်ခံလိမ်းဆးလိမ်းတာမျိုး၊ ဦးထုပ်နဲ့ လက်ရှည်ဆောင်တာမျိုးတွေ
လုပ်ပြီး ကြိုတင်ကာကွယ်သင့်ပါတယ်နော် ယောင်းတို့ရေ။ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တာကတော့
အကောင်းဆုံးပါပဲ။ ပြီးတော့လေ ယောင်းတို့ရေ တစ်ယောက်နဲ့တစ်ယောက် အသားရေအမျိုးအစား မတူတာမို့
တစ်နည်းအဆင်မပြေရင် နောက်တစ်နည်းစမ်းသပ်ကြည့်လိုက်နော်။ တစ်နည်းမဟုတ် တစ်နည်းတော့ အသုံးဝင်ပါလိမ့်မယ်လို့။

ချစ်ခြင်းများစွာဖြင့်

Credit:Jasmine (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top