အပါယ္ေလးပါးဆုိတာက ငရဲ၊တိရိစာၦန္၊ျပိတၱာ၊ အသုရကာယ္တုိ႔ျဖစ္ပါတယ္။
အပါယ္ဆုိတာက(အပါယ) ဆုိတဲ့ပါဠိပုဒ္ကေန ဆင္းသက္လာတာပါ။ (အပါယ)မွာ (အပ
+အယ)ဆုိျပီးႏွစ္ပုဒ္ရွိပါတယ္။ အပ=ကင္းျခင္း၊
အယ=ကုသုိလ္တရား၊ႏွစ္ပုဒ္ေပါင္းလုိက္ေတာ့
ကုသုိလ္တုိ႔မွကင္းျခင္းလုိ႔အဓိပၸါယ္ရပါတယ္။ဆုိလ ုိတာက
အပါယ္ေလးဘုံးသားတုိ႔မွာ ကုသုိလ္ေတြမွကင္းျခင္း၊ ကုသုိလ္တရားတုိ႔
ကုိျပဳလုပ္နဳိင္စြမ္း မရွိျခင္း ခ်မ္းသာျခင္းတရာ
းတုိ႔မွကင္းျခင္းလုိ႔အဓိပၸါယ္ရပါတယ္။ မွန္ပါတယ္။
အပါယ္ေလးဘုံကုိေရာက္သြားျပီဆုိရင္ ကုသုိလ္တရားေတြကုိျပဳလုပ္နုိင္စြမ္း
မရွိသည့္အတြက္ ေကာင္းေသာဘုံဌာနကုိ ျပန္ေရာက္ဖုိ႔အင္မတန္မွ ခက္ခဲပါတယ္။
Justify Fullအကုသုိလ္ကံ အဟုန္ေတြကုန္ဆုံ းမွသာ ေကာင္းရာဘုံကုိေရာက္ေစတာပါ။
ငရဲဘုံဆုိရင္လည္းငရဲသူ၊ ငရဲသားတုိ႔ရဲ႕ ဆင္းရဲဒုကၡအလြန္ၾကီးပါတယ္။
သံရည္ပူမ်ားႏွင္
ေလာင္းခံရျခင္း ၊ေခြးနက္ၾကီးမ်ားရဲ့ ကုိက္ခဲျခင္းကုိ ခံရျခင္း၊ ဓါး၊
လွံတုိ႔ျဖင့္ထုိးခံရျခင္း စသည္ျဖင့္ ဒုကၡမ်ားစြာျဖစ္ေနတဲ့ေနရာ၊
ခ်မ္းသာဆုိလုိ႔ျမဴမွဳန္တစ္မွဳန္မ်ွမရွိလို႕
ငရဲလုိ႔ေခၚတာပါ။ဒုကၡမ်ားစြာျဖစ္တည္ ခံစားေနရတဲ့ေနရာ၊ခ်မ္းသာကင္းတဲ့ေနရာကုိ
ငရဲလုိ႔ေခၚပါတယ္။အိပ္ျခင္း၊ စားျခင္း၊ ကာမဂုဏ္မွီဝဲျခင္းမွလြဲျပီး
ကုသုိလ္ကံကုိမသိ၊ ကုသုိလ္ကံရဲ႕ ေကာင္းက်ဳိးခ်မ္းသာကုိမသိ၊
အကုသုိလ္ကံကုိမသိ၊အကုသုိလ္ကံရဲ့ဆု ိးက်ဳိးကုိမသိ၊ ဘုရား၊တရားသံဃာ၊မိဘ၊
ဆရာဆုိတာမသိ၊ႏွမသားခ်င္းမွန္းမသိပဲ မဂ္တရား
ဖုိလ္တရားတုိ႔မွဖီလာကန္႔လန္႔သြားတတ္ျခင္း ကုိတိရိစာၦန္လုိ႔ေခၚတာပါ၊
တိရိစာၦန္ဘဝကုိစ ဥ္းစားၾကည့္ပါ၊မိဘ ႏွမသားခ်င္းကုိေတာင္
မိဘႏွမသားခ်င္းမွန္း မသိသည့္အတြက္ မွားယြင္းစြာေဖာက္ျပန္မွဳေတြ ရွိပါတယ္။
ကုသုိလ္ကုိ ကုသုိလ္ပါလုိ႔ နားမလည္ပါဘူး။
အကုသုိလ္ဆုိတာကုိလည္းအကုသုိလ္လု႔ိမသိ
ရတဲ့ဘဝပါ။ဒါျဖင့္ ယခုေခတ္အေနထားနဲ အကုသိုလ္အလုပ္ကုိ အကုသုိလ္အလုပ္လု
မသိတဲ့သူမ်ားအထူးသတိထားသင့္ပါတယ္။ သတၱဝါတစ္ေကာင္ကုိ လည္ပင္းျဖတ္လုိ႔
အကုသုိလ္မျဖစ္ဘူးကုသုိလ္ျဖစ္တယ္။ သတ္တဲ့သူမခံရဘူး၊ျဖတ္တဲ့ဓါးပဲခံရတယ္ဆုိရင္
အဲလုိပုဂၢဳိလ္ဟာ ဘယ္လုိအေနထားကုိ ေရာက္သြားျပီဆုိတာသိသာပါတယ္။
ဒါကတိရိစာၦန္ပါ။ ျပိတၱာဆုိတာကေပတဆုိတဲ့ပါဠိကေန ဆင္းသက္လာတာပါ။
ခ်မ္းသာျခင္းတရာ းအေပါင္းတုိ႔မွ ေဝးကြာေသာသတၱဝါ၊လူ႔ခႏၶာကုိယ္ အတၱေဘာမွ
ကင္းကြာသြားတဲ့အတြက္ေၾကာင့္ ေပတ(ျပိတၱာ)လုိ႔ေခၚကာ ဒီေပတအရ ၿပိတၱာဘုံကုိ
ေရာက္သြားသူတုိ႔ကုိ ဆုိေၾကာင္း စာေပမ်ားက ဖြင့္ဆုိျပပါတယ္။
စာေပအဖြင့္ေတြအရ
ၿပိတၱာဆုိတာ ေတာၿခဳံပိေပၸါင္း ေတာင္ေစာင္းဂူလႈိဏ္ စတဲ့အရပ္ေတြမွာ
မွီခုိၿပီး ဆင္းရဲထူေျပာစြာ ခံစားေနရတဲ့ သတၱဝါတစ္မ်ိဳးကု ိဆုိေၾကာင္း
မွတ္သားႏုိင္ပါတယ္။ လူ႔ျပည္ေလာကမွာ လူျဖစ္စဥ္က ျငဴစူဝန္တုိျခင္း
မ်ားျပားၿပီး ကုိယ္ကုိယ္တုိင္လည္းေပးကမ္းလွဴဒါန္း ျခင္းမရွိ၊ သူတပါး
ေပးကမ္းလွဴဒါန္းတာကုိလည္း တားျမစ္ကာ ကုသုိလ္ မလုပ္ျဖစ္ေအာင္
အႏၲရာယ္ျပဳခဲ့ၾကတဲ့ သူေတြဟာ မ်ားေသာအားျဖင့္ ၿပိတၱာဘဝမွာ
အျဖစ္မ်ားၾကတယ္လုိ႔ဆုိပါတယ္။ ၿပိတၱာဘဝကုိ ေရာက္ရွိသြားၾကတ့ဲသတၱဝါေတြဟာ
မိမိတုိ႔လုပ္ခဲ့တဲ့ မေကာင္းမႈကံေၾကာင့္ အစာေရစာ ငတ္မြတ္ျခင္း ဒုကၡကုိ
ခံစားကာ ႏွစ္ေပါင္းရာေထာ င္း သိန္းသန္းမက ခံစားၾကရသလုိ ဘုရားတစ္ဆူနဲ႔
တစ္ဆူၾကားကာလအထိမကၽြတ္မလြတ္ႏုိင္ဘဲ ရွိေနတတ္ၾကတဲ့ ၿပိတၱာမ်ားလည္းအမ်ားအျပား
ရွိေေၾကာင္းဆုိပါတယ္။ အဲဒီလုိ အခ်ိန္ကာလ ၾကာျမင့္စြာ အစာေရစာ
မစားမေသာက္ရဘဲ ဆင္းရဲဒုကၡကုိ ခံစားၾကရေပမယ့္ အကုသုိလ္ကံ
အရွိန္မကုန္ေသးတဲ့အတြက္ ကြယ္လြန္ေသဆုံး၊ ဘဝတုံးျခင္း မရွိေသးဘဲ
အသားအေသြးမရွိ အေရအေၾကာ အ႐ုိးမွ်သာရွိကာ အလြန္ဆုိးဝါးတဲ့
အဆင္းနဲ႔ေၾကာက္ရြ႔ံ႕ထိတ္လန္႔ဖြယ္ရာ တည္ရွိေနရတယ္လုိ႔ဆုိပါတယ္။
ၿပိတၱာတစ္ဦးရဲ႕
အဆင္းဆုိးဝါးပုံကုိ ေပတဝတၳဳမွာ ဖြင့္ျပထားတာကုိ ေတြ႕ရပါတယ္။ အဲဒီအဖြင့္အရ
“ၿပိတၱာတစ္ဦးရဲ႕ ကုိယ္ပမာဏဟာ ထန္းပင္လုံးပမာဏရွိၿပီး ကုိယ္အေရဟာလည္း
အလြန္ၾကမ္းတမ္းေၾကာင္း၊ေဖာက္ျပန္တဲ့ဆံအ ေမြးရွိၿပီး
ေၾကာက္မက္ဖြယ္အဆင္းရွိကာ အလြန္ေဖာက္ျပန္ ဆုိးဝါးလ်က္ စက္ဆုတ္ရြံရွာဖြယ္
အျမင္ရွိေၾကာင္း၊ထုိၿပိတၱာသည္ ငါးဆယ့္ငါးႏွစ္လ ုးလုံး ထမင္းတစ္လုံး
ေရတစ္ေပါက္ကုိမွ်မရရွိဘဲ ေျခာက္ကပ္ေသာ လည္ေခ်ာင္းႏႈတ္ခမ္းရွိလ်က္
ဆာေလာင္မြတ္သိပ္ျခင္း ႏွိပ္စက္ကာ ဟုိဟုိဒီဒီ ေျပးလႊားေနရတတ္ေၾကာင္း”စသျဖင့္
သိရပါတယ္။ ဒါက ဒီဝတၳဳမွာပါတဲ့ ၿပိတၱာအေၾကာင္း ဖြင့္ဆုိခ်က္ပဲ ျဖစ္ပါတယ္။
ၿပိတၱာအမ်ိဳးအစားမ်ားသေလာက္ ခံစားရပုံခ်င္းလည္းမတူညီလွပါဘူး။
သဂၤါယနာတင္
အ႒ကထာ ဋီကာက်မ္းအဖြင့္ မ်ားအရ ေယဘုယ်အားျဖင့္ ၿပိတၱာအမ်ိဳးအစား
ေလးမ်ိဳးရွိေၾကာင္းလည္းမွတ္သားရပါတယ္။ အဲဒီေလးမ်ိဳးက.........
၁။ သူတပါးတုိ႔ေပးအပ္တဲ့ အစားအစာကုိ အမွီျပဳၿပီး အသက္ရွင္ရေသာ ပရဒတၱဴပဇီဝိကၿပိတၱာ
၂။ ထမင္းငတ္ျခင္း၊ ေရမြတ္သိပ္ျခင္းတုိ႔ မျပတ္ႏွိပ္စက္ခံေနရတဲ့ ခုပၸိပါသိကၿပိတၱာ
၃။ အၿမဲအၾကြင္းမဲ့ ေလာင္ကၽြမ္းခံေနရတဲ့အတြက္ ပူပန္ျခင္းရွိေနရေသာ နိဇၥ်ာမတဏွိကၿပိတၱာ
၄။ အသုရကာယ္လုိ႔သီးသန္႔ေခၚဆုိအပ္တဲ့ အသုရာကာယေခၚ ကာလကဥၥိကၿပိတၱာ တုိ႔ပဲ ျဖစ္ပါတယ္။
ဒီၿပိတၱာေလးမ်ိဳးမွာ
နံပါတ္တစ္အမ်ိဳးအစား ၿပိတၱာကေတာ့ လူ႔ဘဝက ေဆြမ်ိဳးဉာတကာ စသူေတြရဲ႕
ရည္စူးၿပီး လွဴဒါန္းေပးတဲ့ အလွဴကုိ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆုိႏုိင္ပါက
စားဖြယ္ေသာက္ဖြယ္မ်ားကုိ ရရွိခံစားႏုိင္ေၾကာင္း ဆုိပါတယ္။ဒါကျပတၱာပါ။
အသုရကာယ္ဆုိတာကေတာ့
နတ္ေတြလုိ ရဲရင့္ျခင္း၊ေတာက္ပျခင္း၊တင့္တယ္ျခင္းကင္းေနတဲ့ သတၱဝါ၊မွင္စာ
နတ္ေသးနတ္ငယ္၊ နတ္စုတ္၊ နတ္ျပတ္ နတ္မႊားေလးေတြကုိေခၚတာပါ။(မရယ္လ
ုိက္နဲ႔ေနာ္)။ ဒါကအပါယ္ေလးဘုံပါ။ အဲဒီအပါယ္ေလးဘုံကုိ ေရာက္သြားမယ္ဆုိရင္
အေတာ္ေၾကာက္စရာ ေကာင္းပါတယ္။ ကုသုိလ္ေကာင္းမွဳေတြ ျပဳလုပ္ခြင့္မရသလုိ
ခ်မ္းသာျခင္းလည္းကင္းပါတယ္။လူဘု လူေလာကမွာၾကုံဆုံေနရတဲ့ ဒုကၡမ်ားပင္
အင္မတန္မွေၾကာက္စရာ ေကာင္းတယ္ဆုိရင္ အပါယ္ေလးဘုံသားမ်ား ၾကဳံဆုံေနရတဲ့
ေဘးဒုကၡမ်ားဟာ လူ႔ေလာက…က ဒုကၡမ်ားထက္ အဆေပါင္းေျမာက္မ်ားစြာ သာလြန္ေနပါတယ္။
ျပီးေတာ့
အပါယ္ေလးဘုံေရာက္သြားရင္လည္း ေကာင္းေသာဘုံဌာနသုိ႔ျပန္ေရာက္ဖုိ႔သာ
မလြယ္ေသာေၾကာင့္ ထုိအပါယ္ေလးဘုံမ အျပီးပုိင္ကင္းလြတ္ေအာင္ ဒါန သီလ
အစထားျပီး ဝိပႆနာတရားမ်ားကုိ ၾကိဳးစားအားထုတ္ သင့္တယ္ဆုိတာ ေျပာျပခ်င္တာပါ။
ဝိပႆနာအားထုတ္လုိ႔ေသာတာပန္ပုဂၢဳိလ အဆင့္ေရာက္သြားမယ္ဆုိရင္ အျပီးပုိင္
အပါယ္ေလးပါးက ကင္းလြတ္ပါတယ္။ ဒီဘဝမွာ တပည့္ေတာ္တုိ႔ ဝိပႆနာေတာ့ၾကိဳးစား
အားထုတ္ပါမယ္။ ဒါေပမယ့္ ေသာတာပန္တည္၊ မတည္ဆုိတာေတာ့အာမခံလုိ႔မရပါ။
ေသာတာပန္မတည္ရင္ေရာ အပါယ္ေလးပါးက မလြတ္ေတာ့ဘူးလား။ဒီဘဝကေနျပီးေတာ့
အပါယ္ေလးပါးလြတ္ေျမာက္ခ်င္ရင္ ဘယ္လုိေကာင္းမွဳေတြျပဳလုပ္ရမလဲ။
ဘယ္လုိေကာင္းမွဳေတြျပဳလုပ္ရင္ အပါယ္ေလးပါးလြတ္ကင္းမလဲ။ စသည္ျဖင့္ေပါ့ေလ
ေမးဖြယ္ရာရွိပါတယ္။အဲဒီေတာ့ ေနာက္ဘဝ အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္ရင္
အပါယ္ေလးပါးေရာက္ေၾကာင္း(တနည္း) အပါယ္ေလးပါးက လြတ္ေျမာက္ေစနုိ
င္တဲ့ကုသုိလ္ေတြရွိေနပါတယ္။
အဲဒီကုသုိလ္ေတြကခုနစ္မ်ဳိးရွိပါတယ္။
အဲဒါေတြကဘာေတြလဲလုိ႔ဆုိေတာ့ (၁)။ဘုရား၊တရား၊သံဃာေတာ္မ်ားရဲ့ ဂုဏ္မ်ားကုိ
မိရုိးဖလာဗုဒၶဘာသာ လုိမကုိးကြယ္ မဆည္းကပ္ပဲ တကယ့္စစ္မွန္ေသာ ခုိင္ျမဲေသာ
သဒၶါ၊ ပညာဦးစီးတဲ့စိတ္ထားနဲ႔ ၾကည္ညုိျခင္းလုိ႔ဆုိတဲ့
(သရဏဂုံကုသုိလ္)။အဲဒီကုသုိလ္မ်ဳိးရွိထားရင္ အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္။
(ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးက လြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္
ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)
(၂)။ငါးပါးသီလျမဲျခင္း(ပဥၥသီလကုသုိလ္)။
ငါးပါးသီလျမဲတဲ့ပုဂၢဳိလ္ဟာလည္း အပါယ္ေလးပါးကလြတ္
ေျမာက္ပါတယ္။(ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ
ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ ္နဲ႔အဆင့္ခ်င္းတူပါတယ္။)
(၃)။စာေရးတံ
မဲခ်ျခင္းကုသုိလ္၊ဆုိလုိတာက ဦးဇင္းတုိ႔ဗုဒၶဘာသာမ်ားသီတင္းက်ြတ္ကာလမွာ
ဆုိရင္ ေက်ာင္းတုိက္မ်ားမွ သံဃာမ်ားကုိ မဲခ်ျပီး က်တဲ့ သံဃာေတာ္ကုိ
ဆြမ္းစတဲ့လွဴဘြယ ္ပစၥည္းမ်ားကုိ ေပးလွဴတဲ့ကုသုိလ္မ်ဳိးပါ။ကထိန္ရ
ာသီမွာဆုိရင္ ပေဒသာပင္မ်ား လွဴဒါန္းတဲ့ကုသု
ိလ္ပါ။မိမိလွဴလုိက္တဲ့ပစၥည္းဝတၳဳမ်ားက မဲေပါက္တဲ့ ေက်ာင္းတုိက္က
သံဃာေတာ္မ်ားကုိ ကပ္လွဴျခင္းျဖစ္ပါတယ္။ မိမိလွဴလုိက္ျပီဆုိတည္းက
ပုဂၢဳိလ္ကုိမငဲ့ကြက္ပဲ(ဆုိလုိတာက ငါနဲ႔သိတဲ့ဦးဇင ္းအတြက္
ငါတုိ႔ကုိးကြယ္ေနတဲ့ ေက်ာင္းအတြက္) ဆုိျပီး ပုဂၢဳိလ္ကုိမငဲ့ပဲ
က်ရာသံဃာေတာ္ေတြ ခ်မ္းခ်မ္းသာသာသုံးေဆာင္မွီဝဲေစလို႔တဲ့အတြက္
သံဃာဂုဏ္ကုိရည္မွန္းျပီးလွဴဒါန္းတဲ့အလွဴ
မ်ဳိးကုိေခၚမယ္ဆုိရင္ေခၚလုိ႔ရပါတယ္။ ဒါကုိ စာေရးတံဆြမ္း
ဝတ္လုိ႔ေခၚတာပါ။အလြယ္မွတ္ခ်င္ရင စာေရးတံမဲခ်တဲ့ကုသုိလ္လုိ႔မွတ္လုိက္ပါ။
အဲဒီကုသုိလ္ဟာ အင္မတန္မွျပဳရလြယ္ျပီး အကုန္က်နည္းေပမယ့္ ရလုိက္တဲ့
အက်ဳိးတရားကေတာ့ အပါယ္ေလးပါးကေတာင္ လြတ္ေျမာက္တယ္ဆုိေတာ့ အင္မတန္ကုိမွ
အက်ဳိးေက်းဇူးမ်ားပါတယ္။ ဒီကုသုိလ္မ်ားဟာ တကယ္ဘုန္းရွင္ကံရွင္မ်ားျဖစ္တဲ့
ဗုဒၶဘာသာဝင္မ်ားသာ ျပဳလုပ္ခြင့္ရတဲ့ ဒါနမ်ဳိးပါ။ ဗုဒၶဘာသာျဖစ္ရတာ
အင္မတန္ေက်နပ္စရ ာေကာင္းပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ
အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ
္နဲ႔အဆင့္ခ်င္းတူပါတယ္။)
(၄)ပကၡိယဘတ္လုိ႔ေခၚတဲ့ ကုသုိလ္ပါ။
ရွင္းေအာင္ေျပာမယ္ဆုိရင္ မိမိတုိ႔ကုိးကြယ္ေနတဲ့ ေက်ာင္းတုိက္မ်ားကုိ တစ္လ
ဆြမ္းတစ္ခ်ဳိင့္ ေသာ္လည္း၊တစ္လဆြမ္းႏွစ္ခ်ဳိင့္ေသာ္လည္းေက ာင္း
လွဴတဲ့အလွဴကုိ ေခၚတာပါ။လဆန္းပကၡမွာလွဴရ င္
လဆန္းပကၡဆြမ္းေပါ့၊လဆုတ္မွာလွဴရင္ လဆုတ္ပကၡဆြမး္လုိ႔ေခၚတာပါ။ အဲဒီလုိ
တစ္လကုိႏွစ္ၾကိမ္ေသာ္လည္းေကာင္း၊
တစ္ၾကိမ္ေသာ္လည္းေကာင္းလွဴတဲ့အလွဴဒါနမ်ဳိးကုိ
(ပကၡိယဘတၱ)ကုသုိလ္လုိ႔ေခၚပါတယ္။ ဒီကုသုိလ္ေလးကေငြကုန္ေက်းက်လည ္းနည္းပါတယ္။
ပင္ပန္းမွဳလည္းမၾကီးေလးပဲ ရလုိက္တဲ့ကုသုိလ္ကအပါယ္ေလးပါး
လြတ္ေျမာက္တဲ့အထိအက်ဳိးေက်းဇူး မ်ားပါတယ္။ ဒီကုသုိလ္ကုိလည္း အသက္ထက္ဆုံး
ျပဳလုပ္ပါလုိ႔တုိက္တြန္းလုိတာပါ။(ေသာတာပန္ပုဂၢဳိ လ္ေတြ အပါယ္ေလးပါးက
လြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ
္နဲ႔အဆင့္ခ်င္းတူပါတယ္။)
(၅)။ေဝႆဝါသိကကုသုိလ္ပါ။
ဗမာလုိရွင္းရွင္ းေျပာရင္ ဝါဆုိသကၤန္းကပ္လွဴတဲ့ကုသုိလ္ပါ။
ႏွစ္စဥ္ႏွစ္တုိင္းဝါဆုိ ဝါကပ္ေတာ္မူၾကတဲ သံဃာေတာ္အရွင္ျမတ္မ်ားကုိ
ႏွစ္စဥ္ႏွစ္တုိင ္းဝါဆုိသကၤန္း ကပ္လွဴမယ္ဆုိရင္(မွတ္ခ်က္
မိမိတတ္နုိင္သေလာက္ေပါ့ေနာ္ တစ္စုံတတ္နုိင္ရ င္တစ္စုံ။
ႏွစ္စုံတတ္နိုင္ရင္ႏွစ္စုံေပါ့) အဲဒီကုသုိလ္ဟာလည္းျပဳလုပ္လုိက္တဲ့
ကုသုိလ္ေလးပါး ေသးေပမယ့္ရလုိက္တဲ့အက်ဳိးက အပါယ္ေလးပါးကေတာင္
လြတ္ေျမာက္ခ်င္းဆုိတဲ့ အက်ဳိးမ်ဳိးကုိခံစားရတာပါ။ေသာတာပန္ပုဂၢဳိလ
္နဲ႔အလားသ႑န္ တူတယ္လုိ႔ဆုိပါတယ္။ ေသာတာပန္ ပုဂၢဳိလ္ကအပါယ္ေလးပါးက
လြတ္ေျမာက္သလုိ ဒီကုသုိလ္ကုိႏွစ္စဥ္ႏွစ္တုိင္းလ ုပ္သြားမယ္ဆုိရင္
စိတ္သာခ်ပါ။အပါယ ္ေလးပါးကလြတ္ေျမာက္ပါတယ္။
(၆)။ဧေကာအာဝါေသာ
ဆုိတဲ့ကုသုိလ္ပါ။ ဆုိလုိတာက ေက်ာင္းတစ္ေဆာင္ ေသာ္လည္းေကာင္း၊ ဇရပ္တစ္ေစာင္
ေသာ္လည္းေကာင္း လွဴဒါန္းတဲ့အလွဴဒါနကို ဆုိလုိျခင္းျဖစ္ပါတယ္။
ေက်ာင္းတစ္ေဆာင္လုံး တပည့္ေတာ္တုိ႔မတတ္နုိင္ပါဘူးဘုရား။ ဆုိရင္ေတာ့
တစ္ေဆာင္လုံးမတတ္နိဳင္ရင္ တတ္နိဳင္သေလာက္ လွဴပါလုိ႔ေျပာခ်င္ပါတယ္။အဓိက
ေက်ာင္းေဆာက္တဲ့ကုသုိလ္ထဲမွာ မိမိရဲ့ဒါနပါဖုိ႔သာ အေရးၾကီးပါတယ္။
အဲဒီကုသုိလ္ဟာလည္း က်န္တဲ့ေကာင္းက်ဳိးခ်မ္းသာကုိ မေျပာလုိေတာ့ပါဘ
ူးအပါယ္ေလးပါးက လြတ္ေျမာက္ျခင္းဆုိတဲ့ အဆင့္ျမင့္တဲ့
အက်ဳိးကုိပဲေျပာခ်င္ပါတယ္။အဲလုိ ေက်ာင္းတစ္ေဆာင္။ဒါမွမဟုတ္တတ္နုိ င္သေလာက္
လွဴဒါန္းလုိက္မယ္ဆုိရင္ အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္။
ေသာတာပန္ပုဂၢဳိလ္နဲ႔အလားတူျဖစ္ပါတယ္။ ဒီကုသုိလ္ကုိလည္းတတ္နုိင္သေလာက္
လွဴဒါန္းပါလုိ႔ေျပာျပ အသိေပးပါတယ္။
ေနာက္ဆုံး(၇)။ဧကာေပါကၡရဏီတဲ့
ဆုိလုိတာက ေရတြင္းေရကန္မ်ားကုိ တူးေဖာ္ျခင္း၊ လွဴဒါန္းျခင္း၊ ေရတြင္းေရကန္
အေဟာင္းမ်ားကုိျပဳျပင္ လွဴဒါန္းျခင္းဆုိတဲ့ကုသုိလ္မ်ဳိးပါ။အဲေလာက္ထိ
မလုပ္နုိင္ေသးဘူးဘုရား ဆုိရင္ မိမိအိမ္ေရွ့မွာ ေသာ္လည္းေကာင္း
လမ္းေထာင့္တစ္ေနရာရာမွာ ေသာ္လည္းေကာင္း ေရအုိးစင္ေလးေဆာက္ျပီး
ေသာက္ေရအုိးေလး တည္ထားမယ္ဆုိရင္လည္း ရပါတယ္။အဲေလာက္ထိမလုပ္နုိင္ဘူးဆုိရင္
ေအာက္ထစ္ဆုံး ေရသန္႔ဗူးေလးကိုတည္ထားျပီး ခရီးသြား
ရဟန္း၊ရွင္၊လူမ်ားေသာက္သုံးဖုိ႔ တည္ထားမယ္ဆုိရင္လည္းအဲဒီဒါနဟာ
ေငြေၾကးနဲ႔တုိင္းတာမယ္ဆုိရင္ ေသးေပမယ့္ ရလုိက္တဲ့ အက်ဳိးကအပါယ္ေလးပါးလြတ္
ေျမာက္တဲ့အထိ တန္ဘုိးၾကီး၊အက်ဳးိမ်ားပါတယ္။
ေသာတာပန္ပုဂၢဳိလ္မ်ားနဲ႔အလားတူျဖစ္တာပါ။
ဒါျဖင့္ရင္ အားလုံးေသာ
ဒကာ ဒကာမမ်ား ဆုိခဲ့ ျပီးတဲ့ ကုသုိလ္(၇)မ်ဳိးထဲကတစ္မ်ဳိးကုိေသာ္လည္း၊
ႏွစ္မ်ဳိးကုိေသာ္လည္းေကာင္း၊(၇)မ်ဳိးလုံးကုိ ေသာ္လည္း
အျမဲတန္းဝတ္ထားျပီးျပဳလုပ္မယ္ဆုိရင္ ျမတ္စြာဘုရားက ေသာတာပန္ပုဂၢဳိလ
္ႏွင့္အလားတူပါတယ္
၊ေသာတာပန္ပုဂၢဳိလ္မ်ား အပါယ္ေလးပါးက လြတ္ေျမာက္သလုိ
အဲဒီကုသုိလ္မ်ားကုိ အျမဲတန္းျပဳလုပ္တဲ့ ပုဂၢဳိလ္မ်ားလည္းအပါယ္ေလးပါးက
လြတ္ေျမာက္ပါတယ္လုိ႔ေသေသခ်ာခ်ာေဟာထာ းခဲ့တာပါ။ တစ္ၾကိမ္ေလာက္လုပ္ျပီး
အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္လ ုိ႔ေတာ့မရဘူးေနာ္၊(နိဗဒၶ)ဆုိတဲ့ပါဠိက
ပါေနေတာ့ အျမဲတန္းဝတ္ထားျပီး ျပဳလုပ္ရမယ္လုိ႔ေျပာတာပါ။
ဝါဆုိသကၤန္းဆုိလည္းႏွစ္စဥ္၊စာေရးတံမဲဆုိရင္
လည္းႏွစ္စဥ္၊ ဆြမ္းခ်ဳိင့္ဆုိရင္လည္း လစဥ္၊
ေရအုိးစင္ဆုိရင္လည္းေန႔စဥ္ေန႔တုိင္းေပါ့။ ရတနာသုံးပါးကုိလည္းအသက္ထက္ဆုံး
ကုိးကြယ္ဆည္းကပ္ရမယ္။ ငါးပါးသီလကုိလည္း အတတ္နိဳင္ဆုံး ေစာင့္ထိန္းမယ္ဆုိရင္
အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္လုိ႔ တုိက္တြန္း အသိေပးခ်င္တာပါ။အားလုံးေသာ
ဒကာ၊ဒကာမ မ်ား မိမိႏွင့္ပတ္သတ္တဲ့ေဆြမ်ဳိး မိတ္ေဆြ အေပါင္းသင္းမ်ားကုိလည္း
ဒီကုသိုလ္(၇)ခ်က္ကုိတစ္ဆင့္ေျပာျပ ေပးပါလုိ႔တုိက္တြန္းခ်င္ပါတယ္။ျပီးေတာ့
မိမိကုိယ္တုိင္လည္းတတ္နုိင္သေလာက္ တစ္မ်ဳိးကုိျဖစ္ေစ၊ ႏွစ္မ်ဳိးကုိျဖစ္ေစ၊
(၇)မ်ဳိးလုံးကုိ ျဖစ္ေစဝတ္ထားျပီးအားထုတ္ပါလုိ႔တု ိက္တြန္းလုိက္ရပါတယ္။
အားလုံးကုိယ္စိတ္ႏွစ္ပါး
က်န္းမာခ်မ္းသာၾကပါေစ၊ သာသနာေတာ္အက်ဳိးကုိလည္း ေဆာင္ရြတ္နဳိင္တ သာသနာျပဳ
အမ်ဳိးေကာင္းသား၊အမ်ဳိးေကာင္းသမ ီးမ်ားျဖစ္ၾကပါေစ။
Credit:အရွင္ ဣႏၵက
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အပါယ်လေးပါးဆိုတာက ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။
အပါယ်ဆိုတာက(အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ (အပါယ)မှာ (အပ
+အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ=ကင်းခြင်း၊
အယ=ကုသိုလ်တရား၊နှစ်ပုဒ်ပေါင်းလိုက်တော့
ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလ ိုတာက
အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့
ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်းတရာ
းတို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။
အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်း
မရှိသည့်အတွက် ကောင်းသောဘုံဌာနကို ပြန်ရောက်ဖို့အင်မတန်မှ ခက်ခဲပါတယ်။
Justify Fullအကုသိုလ်ကံ အဟုန်တွေကုန်ဆုံ းမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။
ငရဲဘုံဆိုရင်လည်းငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။
သံရည်ပူများနှင်
လောင်းခံရခြင်း ၊ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကို ခံရခြင်း၊ ဓါး၊
လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊
ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့
ငရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည်
ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။အိပ်ခြင်း၊
စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့
ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆု
ိးကျိုးကိုမသိ၊ ဘုရား၊တရားသံဃာ၊မိဘ၊ ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ
မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း
ကိုတိရိစ္ဆာန်လို့ခေါ်တာပါ၊ တိရိစ္ဆာန်ဘဝကိုစ ဉ်းစားကြည့်ပါ၊မိဘ
နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်း မသိသည့်အတွက်
မှားယွင်းစွာဖောက်ပြန်မှုတွေ ရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့
နားမလည်ပါဘူး။
အကုသိုလ်ဆိုတာကိုလည်းအကုသိုလ်လု့ိမသိ
ရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လု
မသိတဲ့သူများအထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့
အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင်
အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကို ရောက်သွားပြီဆိုတာသိသာပါတယ်။
ဒါကတိရိစ္ဆာန်ပါ။ ပြိတ္တာဆိုတာကပေတဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။
ချမ်းသာခြင်းတရာ းအပေါင်းတို့မှ ဝေးကွာသောသတ္တဝါ၊လူ့ခန္ဓာကိုယ် အတ္တဘောမှ
ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို
ရောက်သွားသူတို့ကို ဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။
စာပေအဖွင့်တွေအရ
ပြိတ္တာဆိုတာ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ
မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကု ိဆိုကြောင်း
မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း
များပြားပြီး ကိုယ်ကိုယ်တိုင်လည်းပေးကမ်းလှူဒါန်း ခြင်းမရှိ၊ သူတပါး
ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင်
အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ
အဖြစ်များကြတယ်လို့ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့သတ္တဝါတွေဟာ
မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို
ခံစားကာ နှစ်ပေါင်းရာထော င်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့
တစ်ဆူကြားကာလအထိမကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့
ပြိတ္တာများလည်းအများအပြား ရှိေကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ
ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့်
အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ
အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့
အဆင်းနဲ့ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ဆိုပါတယ်။
ပြိတ္တာတစ်ဦးရဲ့
အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ
“ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း
အလွန်ကြမ်းတမ်းကြောင်း၊ဖောက်ပြန်တဲ့ဆံအ မွေးရှိပြီး
ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ်
အမြင်ရှိကြောင်း၊ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လ ုးလုံး ထမင်းတစ်လုံး
ရေတစ်ပေါက်ကိုမျှမရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက်
ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ
ပြေးလွှားနေရတတ်ကြောင်း”စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့
ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစားများသလောက်
ခံစားရပုံချင်းလည်းမတူညီလှပါဘူး။
သင်္ဂါယနာတင် အဋ္ဌကထာ
ဋီကာကျမ်းအဖွင့် များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား
လေးမျိုးရှိကြောင်းလည်းမှတ်သားရပါတယ်။ အဲဒီလေးမျိုးက.........
၁။ သူတပါးတို့ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၄။ အသုရကာယ်လို့သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။
ဒီပြိတ္တာလေးမျိုးမှာ
နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့
ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက
စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။
အသုရကာယ်ဆိုတာကတော့
နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊တင့်တယ်ခြင်းကင်းနေတဲ့ သတ္တဝါ၊မှင်စာ
နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လ
ိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကို ရောက်သွားမယ်ဆိုရင်
အတော်ကြောက်စရာ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခွင့်မရသလို
ချမ်းသာခြင်းလည်းကင်းပါတယ်။လူဘု လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင်
အင်မတန်မှကြောက်စရာ ကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများ ကြုံဆုံနေရတဲ့
ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ
သာလွန်နေပါတယ်။
ပြီးတော့ အပါယ်လေးဘုံရောက်သွားရင်လည်း
ကောင်းသောဘုံဌာနသို့ပြန်ရောက်ဖို့သာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမ
အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကို
ကြိုးစားအားထုတ် သင့်တယ်ဆိုတာ ပြောပြချင်တာပါ။
ဝိပဿနာအားထုတ်လို့သောတာပန်ပုဂ္ဂိုလ အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင်
အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား
အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။
သောတာပန်မတည်ရင်ရော အပါယ်လေးပါးက မလွတ်တော့ဘူးလား။ဒီဘဝကနေပြီးတော့
အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။
ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ။ စသည်ဖြင့်ပေါ့လေ
မေးဖွယ်ရာရှိပါတယ်။အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင်
အပါယ်လေးပါးရောက်ကြောင်း(တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနို
င်တဲ့ကုသိုလ်တွေရှိနေပါတယ်။
အဲဒီကုသိုလ်တွေကခုနစ်မျိုးရှိပါတယ်။
အဲဒါတွေကဘာတွေလဲလို့ဆိုတော့ (၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို
မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော
သဒ္ဓါ၊ ပညာဦးစီးတဲ့စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့
(သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။
(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင်
သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။
ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်
မြောက်ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို
ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ ်နဲ့အဆင့်ချင်းတူပါတယ်။)
(၃)။စာရေးတံ
မဲချခြင်းကုသိုလ်၊ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများသီတင်းကျွတ်ကာလမှာ
ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို
ဆွမ်းစတဲ့လှူဘွယ ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ကထိန်ရ
ာသီမှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ကုသု
ိလ်ပါ။မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများက မဲပေါက်တဲ့ ကျောင်းတိုက်က
သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက
ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာက ငါနဲ့သိတဲ့ဦးဇင ်းအတွက်
ငါတို့ကိုးကွယ်နေတဲ့ ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ
ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလို့တဲ့အတွက်
သံဃာဂုဏ်ကိုရည်မှန်းပြီးလှူဒါန်းတဲ့အလှူ
မျိုးကိုခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကို စာရေးတံဆွမ်း
ဝတ်လို့ခေါ်တာပါ။အလွယ်မှတ်ချင်ရင စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။
အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်ကျနည်းပေမယ့် ရလိုက်တဲ့
အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ
အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့
ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ
အင်မတန်ကျေနပ်စရ ာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ
အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ
်နဲ့အဆင့်ချင်းတူပါတယ်။)
(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။
ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လ
ဆွမ်းတစ်ချိုင့် သော်လည်း၊တစ်လဆွမ်းနှစ်ချိုင့်သော်လည်းကေ ာင်း
လှူတဲ့အလှူကို ခေါ်တာပါ။လဆန်းပက္ခမှာလှူရ င်
လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို
တစ်လကိုနှစ်ကြိမ်သော်လည်းကောင်း၊
တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို
(ပက္ခိယဘတ္တ)ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးကငွေကုန်ကျေးကျလည
်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်ကအပါယ်လေးပါး
လွတ်မြောက်တဲ့အထိအကျိုးကျေးဇူး များပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံး
ပြုလုပ်ပါလို့တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂို လ်တွေ အပါယ်လေးပါးက
လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ
်နဲ့အဆင့်ချင်းတူပါတယ်။)
(၅)။ဝေဿဝါသိကကုသိုလ်ပါ။
ဗမာလိုရှင်းရှင် းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။
နှစ်စဉ်နှစ်တိုင်းဝါဆို ဝါကပ်တော်မူကြတဲ သံဃာတော်အရှင်မြတ်များကို
နှစ်စဉ်နှစ်တိုင ်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင်(မှတ်ချက်
မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရ င်တစ်စုံ။
နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်းပြုလုပ်လိုက်တဲ့
ကုသိုလ်လေးပါး သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင်
လွတ်မြောက်ချင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ
်နဲ့အလားသဏ္ဍန် တူတယ်လို့ဆိုပါတယ်။ သောတာပန် ပုဂ္ဂိုလ်ကအပါယ်လေးပါးက
လွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလ ုပ်သွားမယ်ဆိုရင်
စိတ်သာချပါ။အပါယ ်လေးပါးကလွတ်မြောက်ပါတယ်။
(၆)။ဧကောအာဝါသော
ဆိုတဲ့ကုသိုလ်ပါ။ ဆိုလိုတာက ကျောင်းတစ်ဆောင် သော်လည်းကောင်း၊ ဇရပ်တစ်စောင်
သော်လည်းကောင်း လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။
ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရား။ ဆိုရင်တော့
တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ပြောချင်ပါတယ်။အဓိက
ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ အရေးကြီးပါတယ်။
အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကို မပြောလိုတော့ပါဘ
ူးအပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့
အကျိုးကိုပဲပြောချင်ပါတယ်။အဲလို ကျောင်းတစ်ဆောင်။ဒါမှမဟုတ်တတ်နို င်သလောက်
လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။
သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်းတတ်နိုင်သလောက်
လှူဒါန်းပါလို့ပြောပြ အသိပေးပါတယ်။
နောက်ဆုံး(၇)။ဧကာပေါက္ခရဏီတဲ့
ဆိုလိုတာက ရေတွင်းရေကန်များကို တူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်
အဟောင်းများကိုပြုပြင် လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိ
မလုပ်နိုင်သေးဘူးဘုရား ဆိုရင် မိမိအိမ်ရှေ့မှာ သော်လည်းကောင်း
လမ်းထောင့်တစ်နေရာရာမှာ သော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး
သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်း ရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင်
အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား
ရဟန်း၊ရှင်၊လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်းအဲဒီဒါနဟာ
ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးကအပါယ်လေးပါးလွတ်
မြောက်တဲ့အထိ တန်ဘိုးကြီး၊အကျုးိများပါတယ်။
သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။
ဒါဖြင့်ရင် အားလုံးသော
ဒကာ ဒကာမများ ဆိုခဲ့ ပြီးတဲ့ ကုသိုလ်(၇)မျိုးထဲကတစ်မျိုးကိုသော်လည်း၊
နှစ်မျိုးကိုသော်လည်းကောင်း၊(၇)မျိုးလုံးကို သော်လည်း
အမြဲတန်းဝတ်ထားပြီးပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ
်နှင့်အလားတူပါတယ်
၊သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို
အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးက
လွတ်မြောက်ပါတယ်လို့သေသေချာချာဟောထာ းခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး
အပါယ်လေးပါးက လွတ်မြောက်ချင်လ ို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက
ပါနေတော့ အမြဲတန်းဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။
ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင်
လည်းနှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊
ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်းအသက်ထက်ဆုံး
ကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံး စောင့်ထိန်းမယ်ဆိုရင်
အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။အားလုံးသော
ဒကာ၊ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း
ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြ ပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့
မိမိကိုယ်တိုင်လည်းတတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊
(၇)မျိုးလုံးကို ဖြစ်စေဝတ်ထားပြီးအားထုတ်ပါလို့တု ိက်တွန်းလိုက်ရပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တ သာသနာပြု
အမျိုးကောင်းသား၊အမျိုးကောင်းသမ ီးများဖြစ်ကြပါစေ။
Credit:အရှင် ဣန္ဒက
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အပါယ္ေလးပါးမွလြတ္ေျမာက္ေစနုိင္ေသာ ကုသုိလ္(၇)မ်ဳိး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။