iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ဆိုတဲ႔အရာက လွပပါတယ္။ ဘဝလက္တြဲေဖာ္အစစ္အမွန္နဲ႕ၾကံဳရရင္ အခ်စ္ဟာပိုလုိ႕ေတာင္လွပပါေသးတယ္။ ကိုယ္႔ရဲ႕ဖူးစာရွင္အစစ္ဆိုတာ ခင္ဗ်ားရဲ႕ေကာင္းကြက္ေတြကုိ ရွာၾကံၾကည္႔ေပးမယ္႔သူျဖစ္ၿပီး ခင္ဗ်ားရဲ႕အားနည္းခ်က္ေတြကိုလိုက္ေျပာၿပီး စိတ္ရႈပ္ေအာင္လုပ္မယ္႔လူစားမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ္႔ ကိုယ္႔ရဲ႕ဖူးစာရွင္အမွန္ကိုရွာေဖြရတာ လြယ္ကူတဲ႔ကိစၥရပ္တစ္ခု မဟုတ္သလို ရွာေတြ႕ခဲ႔ရင္ေတာင္မွ ခင္ဗ်ားတို႔ရဲ႕သမီးရည္းစားဆက္ဆံေရးက ပန္းခင္းလမ္းခ်ည္းပဲျဖစ္ေနမွာေတာ႔မဟုတ္ပါဘူး။ ေပ်ာ္ရႊင္တဲ႔စံုတြဲေတြၾကားမွာေတာင္ မတူကြဲျပားမႈနဲ႔ ကေတာက္ကဆျဖစ္ရပ္ေလးေတြ ရွိတတ္ပါတယ္။ ေအာက္ပါရိုးရွင္းတဲ႔အခ်က္ေလးေတြကိုလိုက္နာမယ္ဆိုရင္ အတြဲေတြၾကားမွာ ၾကံဳေတြ႕ရတတ္တဲ႔ မတူကြဲျပားမႈေလးေတြကို ေျပေျပလည္လည္ေျဖရွင္းႏိုင္မွာပါ။

၁။ ေသခ်ာနားေထာင္ေပးပါ

ဒဂၤ ါးျပားတစ္ခ်ပ္မွာေတာင္မွ ေခါင္းနဲ႔ပန္းရွိသလို ကိစၥတိုင္းမွာလည္း သူ႔ဘက္နဲ႔ ကိုယ္႔ဘက္ဆိုၿပီး မ်က္ႏွာ (၂) ဘက္ရွိပါတယ္။ ေနရာတိုင္းမွာကိုယ္႔ဘက္ခ်ည္းပဲ ၾကည္႔လို႔မရပါဘူး။ ကိုယ္႔ခ်စ္သူရဲ႕ဘက္ကိုလည္း ၾကည္႔ရပါေသးတယ္။ ခင္ဗ်ားဘက္္ကၾကည္႔ရင္မွန္ေနသလို သူ႕ဘက္ကၾကည္႔ရင္လည္း မွန္ေနပါတယ္။ တစ္ခါတေလ (၂) ဘက္စလံုးက မွန္ေနတာေတြလည္း ရွိေနႏိုင္ပါတယ္။ သမီးရည္းစားေတြၾကားမွာ တကယ္ေတာ႔ ဘယ္သူမွန္တယ္၊ မွားတယ္ဆိုတာက သိပ္အေရးမႀကီးဘဲ တစ္ဘက္လူရဲ႕အျမင္ကို ေလးေလးစားစားနားေထာင္ေပးဖို႔ပဲလိုတာပါ။ သမီးရည္းစားေတြၾကားမွာ ျပသနာအမ်ားစုုကလည္း တစ္ဘက္လူရဲ႕ရႈေထာင္႔ကို ေသခ်ာမၾကည္႔ေပးရာကပဲ စၾကတာပါပဲ။ သူစကားေျပာေနရင္ ကိုယ္႔ဘက္က ဘယ္ေလာက္ပဲေျပာခ်င္ေနေန ျဖတ္မေျပာပါနဲ႔။ ကိုယ္႔အလွည္႔က်ရင္လည္း ျဖတ္မေျပာဖို႔ ေတာင္းဆိုပါ။ ဒီလိုနည္းနဲ႔ ေစ႔စပ္ညွိႏိႈင္းလိုက္ရင္ ျပသနာရဲ႕တစ္ဝက္ေလာက္က ေျပလည္ဖို႔မ်ားပါတယ္။ က်န္တဲ႔တစ္ဝက္ကေတာ႔ ျပသနာဘယ္ေလာက္ႀကီးလဲဆိုတာေပၚ မူတည္တာေပါ႔ေနာ္။

၂။ စိတ္ထဲရွိတဲ႔အတိုင္းပြင္႔လင္းစြာေျပာပါ

သမီးရည္းစားဆက္ဆံေရးတစ္ခုမွာ မေျပလည္ရတဲ႔အေၾကာင္းရင္းေနာက္တစ္ခုက စိတ္ခံစားခ်က္ေတြကို ၿမိဳသိပ္ထားတတ္တာပါပဲ။ ေနာက္ၿပီး တစ္ဖက္လူက ကိုယ္ခံစားေနရတာကို ကိုယ္မေျပာလည္း သိရမယ္လို႔ ေမွ်ာ္လင္႔တတ္ၾကတာလည္း မွားပါတယ္။ တခ်ိဳ႕ကိစၥေတြက်ေတာ႔ သူ႕ဘက္၊ ကိုယ္႔ဘက္အျမင္မတူၾကတဲ႔အတြက္ ကိုုယ္႔ဘက္က အရမ္းႀကီးအေလးအနက္ထားတဲ႔ကိစၥတစ္ခုက တစ္ဘက္လူအတြက္ေတာ႔ ဘာမွမဟုတ္ေလာက္ပါဘူးဆိုၿပီးထင္ေနတတ္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါေၾကာင္႔စိတ္ထဲရွိတာေတြကို ပြင္႔ပြင္႔လင္းလင္းထုတ္ေျပာၿပီး ညွိႏိႈင္းသင္႔ပါတယ္။ စိတ္ထဲမွာ ခံစားေနရတာေတြကို ထုတ္ျပလိုက္ၿပီဆိုရင္ ေနာက္တစ္ဆင္႔အေနနဲ႕ ဒီျပသနာေတြကိုဘယ္လိုေျဖရွင္းၾကမလဲဆိုတာကို ဆက္ၿပီးတိုင္ပင္ေဆြးေႏြးလို႕ရပါၿပီ။

၃။ အတိတ္ကိုျပန္အစမေဖာ္ပါနဲ႔

အရပ္သံုးဗန္းစကားနဲ႔ေျပာရရင္ ေအာက္ဖဲမလွန္ပါနဲ႔။ "လြန္ခဲ႔တဲ႔ (၄) လေလာက္က မင္းဘာလုပ္ခဲ႔တာေလ" တို႔၊ "လြန္ခဲ႔တဲ႔ (၅) ႏွစ္ေလာက္တံုးက ငါဒီလိုလုပ္ေပးခဲ႔တာေလ" တို႔က ျပသနာျဖစ္ေနခ်ိန္မွာ အေရးမပါ ပါဘူး။ အတိတ္ဆိုတာ အတိတ္မွာက်န္ခဲ႔ၿပီျဖစ္လို႔ ျပန္ေခၚမလာသင္႔ေတာ႔ပါဘူး။ လက္ရွိအခ်ိန္မွာ အေရးႀကီးတာက ခင္ဗ်ားတို႔ (၂) ေယာက္ရဲ႕မတူကြဲျပားမႈေတြကို ေျပလည္ေအာင္ ဘယ္လိုညွိႏႈိင္းၾကမလဲ ဆိုတာပါပဲ။ ထက္ျမက္တဲ႔စံုတြဲေတြကေတာ႔ ျပသနာတစ္ခုကိုေက်လည္ေအာင္မရွင္းၿပီးမခ်င္း ေရွ႕ဆက္မတိုးတတ္ၾကပါဘူး။ ဘာလို႔လဲဆိုေတာ႔ တစ္ေယာက္ေယာက္ရဲ႕စိတ္ထဲမွာ ၾကြင္းက်န္ရစ္ခဲ႔တဲ႔ အစိုင္အခဲက ေနာင္တစ္ခ်ိန္မွာ အဖုအထစ္ျဖစ္လာႏိုင္လို႔ပါပဲ။ ေနာက္ၿပီး ထက္ျမက္တဲ႔စံုတြဲေတြက အတိတ္ကိုအတိတ္မွာပဲ ထားခဲ႔ရေကာင္းမွန္းသိၾကပါတယ္။ အတိတ္ကိုပစၥဳပၸန္ကိုယူလာတဲ႔သူေတြကေတာ႔ ေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ပါဘူး။

၄။ ေအာ္ဟစ္ေျပာဆိုျခင္းမျပဳပါနဲ႔

လူဆိုတာကေတာ႔ စိတ္ဆိုးရင္ စကားသံကက်ယ္လာတတ္တာကို နားလည္ပါတယ္။ စကားတစ္ခြန္းေတာင္ရွိပါေသးတယ္။ "သမီးရည္းစား (၂) ေယာက္အဆင္ေျပေနခ်ိန္မွာ ႏွလံုုးသားခ်င္းနီးကပ္ေနလို႔ ႏွစ္ကိုယ္ၾကားရံုေလာက္ေလသံေလးေတြနဲ႕ စကားေျပာၾကတယ္။ အဆင္မေျပခ်ိန္က်ေတာ႔ ႏွလံုးသားေတြေဝးကြာသြားလို႔ ေအာ္ဟစ္ေျပာဆိုရတယ္" တဲ႔။ ဒါေပမယ္႔ အရြယ္ေရာက္သူေတြျဖစ္ေနၿပီပဲ။ စိတ္လိုက္ မာန္ပါမလုပ္သင္႔ေတာ႔ပါဘူး။ အေျခအတင္ျဖစ္ရင္ ေအာ္ဟစ္ေျပာဆိုတာတို႔၊ စိတ္ဆိုးဆိုးနဲ႔ "ကို" ေတြ၊ "ခ်စ္" ေတြမလာေတာ႔ဘဲဲ "နင္" ေတြ၊ "ငါ" ေတြျဖစ္ကုန္တာတို႔ ရွိတတ္ပါတယ္။ ဒါဟာထက္ျမက္တဲ႔စံုတြဲေတြ လုပ္ေလ႔ရွိတဲ႔အရာမဟုတ္ပါဘူး။ ထက္ျမက္တဲ႔စံုတြဲေတြက ကိစၥတစ္ခုကို ေအးေအးေဆးေဆးပဲ ေျဖရွင္းပါတယ္။ ေအာ္ဟစ္ေနလို႔ျပသနာကိုေျပလည္ေစတာမွ မဟုတ္ပဲ။ တစ္ခါတေလ ေအာ္ရင္း ဟစ္ရင္း ေနာင္တစ္ခ်ိန္မွာ ျပန္ေနာင္တရေစမယ္႔စကားေတြကိုေတာင္ ေျပာမိသြားတတ္ပါတယ္။

၅။ မတူူကြဲျပားမႈေတြကို လက္ခံေပးလိုက္ပါ

အေမတစ္ေယာက္တည္းရဲ႕ဗိုက္ထဲကေန ထြက္လာတဲ႔တအူတံုဆင္း ေမာင္ႏွမအရင္းေတြေတာင္ ကိစၥတိုင္းမွာ သေဘာထားခ်င္းမတိုက္ဆိုင္တတ္ၾကပါဘူး။ ဘယ္ေလာက္ပဲ စိတ္ခ်င္းနီးတယ္ဆိုပါေစ။ ခင္ဗ်ားနဲ႔ ခင္ဗ်ားခ်စ္သူလည္း ေနရာတိုင္းမွာ သေဘာထားခ်င္းတိုက္ဆိုင္ေနမွာမဟုတ္ပါဘူး။ ဒါေတြကို လူႀကီးလူေကာင္းပီပီ လက္ခံေပးႏိုင္ဖို႔လိုပါတယ္။ ခင္ဗ်ားက Metal သီခ်င္းေတြ၊ Hard Rock သီခ်င္းေတြ ၾကိဳက္ေပမယ္႔ ခင္ဗ်ားေကာင္မေလးက Exo Fan ျဖစ္ခ်င္လည္း ျဖစ္ေနႏိုင္တယ္ေလ။ (ဒါကေတာ႔ ျဖစ္ႏိုင္ေျခအနည္းဆံုး ဥပမာကိုေပးထားတာပါ :3 ) အဓိက ကေတာ႔ ႏွစ္ဦးၾကားက မတူကြဲျပားမႈေတြကို လက္ခံၿပီးေရွ႕ဆက္သြားဖို႔ပါပဲ။ တစ္ေယာက္ကိုယ္တစ္ေယာက္အျပန္အလွန္ေလးစားမႈရွိတဲ႔အတြဲေတြဟာ ျပသနာျဖစ္ႏိုင္ေျခအရမ္းနည္းပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

အချစ်ဆိုတဲ့အရာက လှပပါတယ်။ ဘဝလက်တွဲဖော်အစစ်အမှန်နဲ့ကြုံရရင် အချစ်ဟာပိုလို့တောင်လှပပါသေးတယ်။ ကိုယ့်ရဲ့ဖူးစာရှင်အစစ်ဆိုတာ ခင်ဗျားရဲ့ကောင်းကွက်တွေကို ရှာကြံကြည့်ပေးမယ့်သူဖြစ်ပြီး ခင်ဗျားရဲ့အားနည်းချက်တွေကိုလိုက်ပြောပြီး စိတ်ရှုပ်အောင်လုပ်မယ့်လူစားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဖူးစာရှင်အမှန်ကိုရှာဖွေရတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခု မဟုတ်သလို ရှာတွေ့ခဲ့ရင်တောင်မှ ခင်ဗျားတို့ရဲ့သမီးရည်းစားဆက်ဆံရေးက ပန်းခင်းလမ်းချည်းပဲဖြစ်နေမှာတော့မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့စုံတွဲတွေကြားမှာတောင် မတူကွဲပြားမှုနဲ့ ကတောက်ကဆဖြစ်ရပ်လေးတွေ ရှိတတ်ပါတယ်။ အောက်ပါရိုးရှင်းတဲ့အချက်လေးတွေကိုလိုက်နာမယ်ဆိုရင် အတွဲတွေကြားမှာ ကြုံတွေ့ရတတ်တဲ့ မတူကွဲပြားမှုလေးတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်မှာပါ။

၁။ သေချာနားထောင်ပေးပါ

ဒင်္ဂ ါးပြားတစ်ချပ်မှာတောင်မှ ခေါင်းနဲ့ပန်းရှိသလို ကိစ္စတိုင်းမှာလည်း သူ့ဘက်နဲ့ ကိုယ့်ဘက်ဆိုပြီး မျက်နှာ (၂) ဘက်ရှိပါတယ်။ နေရာတိုင်းမှာကိုယ့်ဘက်ချည်းပဲ ကြည့်လို့မရပါဘူး။ ကိုယ့်ချစ်သူရဲ့ဘက်ကိုလည်း ကြည့်ရပါသေးတယ်။ ခင်ဗျားဘက်ကကြည့်ရင်မှန်နေသလို သူ့ဘက်ကကြည့်ရင်လည်း မှန်နေပါတယ်။ တစ်ခါတလေ (၂) ဘက်စလုံးက မှန်နေတာတွေလည်း ရှိနေနိုင်ပါတယ်။ သမီးရည်းစားတွေကြားမှာ တကယ်တော့ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာက သိပ်အရေးမကြီးဘဲ တစ်ဘက်လူရဲ့အမြင်ကို လေးလေးစားစားနားထောင်ပေးဖို့ပဲလိုတာပါ။ သမီးရည်းစားတွေကြားမှာ ပြသနာအများစုုကလည်း တစ်ဘက်လူရဲ့ရှုထောင့်ကို သေချာမကြည့်ပေးရာကပဲ စကြတာပါပဲ။ သူစကားပြောနေရင် ကိုယ့်ဘက်က ဘယ်လောက်ပဲပြောချင်နေနေ ဖြတ်မပြောပါနဲ့။ ကိုယ့်အလှည့်ကျရင်လည်း ဖြတ်မပြောဖို့ တောင်းဆိုပါ။ ဒီလိုနည်းနဲ့ စေ့စပ်ညှိနှိုင်းလိုက်ရင် ပြသနာရဲ့တစ်ဝက်လောက်က ပြေလည်ဖို့များပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ ပြသနာဘယ်လောက်ကြီးလဲဆိုတာပေါ် မူတည်တာပေါ့နော်။

၂။ စိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွာပြောပါ

သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ မပြေလည်ရတဲ့အကြောင်းရင်းနောက်တစ်ခုက စိတ်ခံစားချက်တွေကို မြိုသိပ်ထားတတ်တာပါပဲ။ နောက်ပြီး တစ်ဖက်လူက ကိုယ်ခံစားနေရတာကို ကိုယ်မပြောလည်း သိရမယ်လို့ မျှော်လင့်တတ်ကြတာလည်း မှားပါတယ်။ တချို့ကိစ္စတွေကျတော့ သူ့ဘက်၊ ကိုယ့်ဘက်အမြင်မတူကြတဲ့အတွက် ကိုုယ့်ဘက်က အရမ်းကြီးအလေးအနက်ထားတဲ့ကိစ္စတစ်ခုက တစ်ဘက်လူအတွက်တော့ ဘာမှမဟုတ်လောက်ပါဘူးဆိုပြီးထင်နေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်စိတ်ထဲရှိတာတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး ညှိနှိုင်းသင့်ပါတယ်။ စိတ်ထဲမှာ ခံစားနေရတာတွေကို ထုတ်ပြလိုက်ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဒီပြသနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်ပြီးတိုင်ပင်ဆွေးနွေးလို့ရပါပြီ။

၃။ အတိတ်ကိုပြန်အစမဖော်ပါနဲ့

အရပ်သုံးဗန်းစကားနဲ့ပြောရရင် အောက်ဖဲမလှန်ပါနဲ့။ "လွန်ခဲ့တဲ့ (၄) လလောက်က မင်းဘာလုပ်ခဲ့တာလေ" တို့၊ "လွန်ခဲ့တဲ့ (၅) နှစ်လောက်တုံးက ငါဒီလိုလုပ်ပေးခဲ့တာလေ" တို့က ပြသနာဖြစ်နေချိန်မှာ အရေးမပါ ပါဘူး။ အတိတ်ဆိုတာ အတိတ်မှာကျန်ခဲ့ပြီဖြစ်လို့ ပြန်ခေါ်မလာသင့်တော့ပါဘူး။ လက်ရှိအချိန်မှာ အရေးကြီးတာက ခင်ဗျားတို့ (၂) ယောက်ရဲ့မတူကွဲပြားမှုတွေကို ပြေလည်အောင် ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာပါပဲ။ ထက်မြက်တဲ့စုံတွဲတွေကတော့ ပြသနာတစ်ခုကိုကျေလည်အောင်မရှင်းပြီးမချင်း ရှေ့ဆက်မတိုးတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်ရဲ့စိတ်ထဲမှာ ကြွင်းကျန်ရစ်ခဲ့တဲ့ အစိုင်အခဲက နောင်တစ်ချိန်မှာ အဖုအထစ်ဖြစ်လာနိုင်လို့ပါပဲ။ နောက်ပြီး ထက်မြက်တဲ့စုံတွဲတွေက အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ရကောင်းမှန်းသိကြပါတယ်။ အတိတ်ကိုပစ္စုပ္ပန်ကိုယူလာတဲ့သူတွေကတော့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

၄။ အော်ဟစ်ပြောဆိုခြင်းမပြုပါနဲ့

လူဆိုတာကတော့ စိတ်ဆိုးရင် စကားသံကကျယ်လာတတ်တာကို နားလည်ပါတယ်။ စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "သမီးရည်းစား (၂) ယောက်အဆင်ပြေနေချိန်မှာ နှလုံုးသားချင်းနီးကပ်နေလို့ နှစ်ကိုယ်ကြားရုံလောက်လေသံလေးတွေနဲ့ စကားပြောကြတယ်။ အဆင်မပြေချိန်ကျတော့ နှလုံးသားတွေဝေးကွာသွားလို့ အော်ဟစ်ပြောဆိုရတယ်" တဲ့။ ဒါပေမယ့် အရွယ်ရောက်သူတွေဖြစ်နေပြီပဲ။ စိတ်လိုက် မာန်ပါမလုပ်သင့်တော့ပါဘူး။ အခြေအတင်ဖြစ်ရင် အော်ဟစ်ပြောဆိုတာတို့၊ စိတ်ဆိုးဆိုးနဲ့ "ကို" တွေ၊ "ချစ်" တွေမလာတော့ဘဲ "နင်" တွေ၊ "ငါ" တွေဖြစ်ကုန်တာတို့ ရှိတတ်ပါတယ်။ ဒါဟာထက်မြက်တဲ့စုံတွဲတွေ လုပ်လေ့ရှိတဲ့အရာမဟုတ်ပါဘူး။ ထက်မြက်တဲ့စုံတွဲတွေက ကိစ္စတစ်ခုကို အေးအေးဆေးဆေးပဲ ဖြေရှင်းပါတယ်။ အော်ဟစ်နေလို့ပြသနာကိုပြေလည်စေတာမှ မဟုတ်ပဲ။ တစ်ခါတလေ အော်ရင်း ဟစ်ရင်း နောင်တစ်ချိန်မှာ ပြန်နောင်တရစေမယ့်စကားတွေကိုတောင် ပြောမိသွားတတ်ပါတယ်။

၅။ မတူူကွဲပြားမှုတွေကို လက်ခံပေးလိုက်ပါ

အမေတစ်ယောက်တည်းရဲ့ဗိုက်ထဲကနေ ထွက်လာတဲ့တအူတုံဆင်း မောင်နှမအရင်းတွေတောင် ကိစ္စတိုင်းမှာ သဘောထားချင်းမတိုက်ဆိုင်တတ်ကြပါဘူး။ ဘယ်လောက်ပဲ စိတ်ချင်းနီးတယ်ဆိုပါစေ။ ခင်ဗျားနဲ့ ခင်ဗျားချစ်သူလည်း နေရာတိုင်းမှာ သဘောထားချင်းတိုက်ဆိုင်နေမှာမဟုတ်ပါဘူး။ ဒါတွေကို လူကြီးလူကောင်းပီပီ လက်ခံပေးနိုင်ဖို့လိုပါတယ်။ ခင်ဗျားက Metal သီချင်းတွေ၊ Hard Rock သီချင်းတွေ ကြိုက်ပေမယ့် ခင်ဗျားကောင်မလေးက Exo Fan ဖြစ်ချင်လည်း ဖြစ်နေနိုင်တယ်လေ။ (ဒါကတော့ ဖြစ်နိုင်ခြေအနည်းဆုံး ဥပမာကိုပေးထားတာပါ :3 ) အဓိက ကတော့ နှစ်ဦးကြားက မတူကွဲပြားမှုတွေကို လက်ခံပြီးရှေ့ဆက်သွားဖို့ပါပဲ။ တစ်ယောက်ကိုယ်တစ်ယောက်အပြန်အလှန်လေးစားမှုရှိတဲ့အတွဲတွေဟာ ပြသနာဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top