iMyanmarHouse.com - Best Property Website for Myanmar
×

ေတာက္ပေပ်ာ့ေျပာင္းတဲ့ ဆံေကသာကို လူတိုင္းလိုခ်င္ၾကမွာပါေနာ္။ အဲဒီအတြက္ ေစ်းႀကီးေပး၀ယ္ရတဲ့ အလွကုန္ပစၥည္းေတြကို မသံုးမျပဳဘဲ သဘာ၀နည္းလမ္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

၁။ ရွားေစာင္းလက္ပက္နဲ႔ ပ်ားရည္

ရွားေစာင္းလက္ပက္အႏွစ္နဲ႔ ပ်ားရည္ကို စတူေရာၿပီး သံုးေပးရမွာပါ။ ေပါင္းေဆးလည္း ထည့္ေပးခ်င္ရင္ရပါတယ္ေနာ္။ ေသခ်ာေမႊေပးၿပီး ဆံပင္အျမစ္ကေန အဖ်ားထိ လိမ္းေပးပါ။ မိနစ္ ၂၀ – ၂၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္လိုက္ပါ။ ေခါင္းေလွ်ာ္ရည္သံုးရပါမယ္ေနာ္။

၂။ အုန္းဆီ

အုန္းဆီကို ဆံေကသာနဲ႔ ဦးေရျပားေပၚလိမ္းေပးၿပီး ညွင္သာစြာ ႏွပ္ႏွယ္ေပးပါ။ အဆီျပန္တတ္တယ္ဆိုရင္ အုန္းဆီေလွ်ာ့သံုးပါ။ မိနစ္ ၂၀ – ၃၀ ေလာက္ထားၿပီးရင္ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ ေခါင္းေလွ်ာ္ရည္သံုးရပါမယ္ေနာ္။

၃။ ၾကက္ဥ နဲ႔ သံလြင္ဆီ

ၾကက္ဥ ၂ လံုးကေန ၄ လံုးထိ သင့္ဆံပင္အထူအပါးေပၚမူတည္ၿပီး အသံုးျပဳႏိုင္ပါတယ္။ ၾကက္ဥအႏွစ္နဲ႔ အကာကို ခြဲထုတ္လိုက္ၿပီး အႏွစ္ကိုပဲအသံုးျပဳေပးပါ။ အႏွစ္ကို ခြက္တစ္လံုးထဲထည့္ထားၿပီး သံလြင္ဆီထည့္ေပးပါ။ အဲဒီေနာက္ ေရေႏြးေႏြးေလးနဲ႔ ေခါင္းေလွ်ာ္ခ်ေပးပါ။ ေခါင္းေလွ်ာ္ရည္သံုးရပါမယ္ေနာ္။

၄။ ပ်ားရည္နဲ႔ သံပုယိုသီး (သံပုရာသီးလည္းသံုးလို႔ရပါတယ္။)

သံပုယုိသီးတစ္၀က္ကိုအရည္ညွစ္ၿပီး ခြက္တစ္လံုးထဲထည့္ပါ။ ၿပီးရင္ ပ်ားရည္ထည့္ပါ။ ေဗာက္ထတာေတြကိုလည္း သက္သာေစၿပီး ဆံေကသာကို ႏူးညံ့ေပ်ာ့ေျပာင္းေစမွာပါ။ ပါ၀င္ပစၥည္းႏွစ္မ်ိဳးကို ေသခ်ာေရာေပးၿပီး ဦးေရျပားကို ၅ မိနစ္ ၆ မိနစ္ေလာက္ လိမ္းေပး ႏွိပ္ေပးကာ ဆံေကသာေပၚ ႏွံစပ္ေအာင္လိမ္းေပးပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။ ေပါင္းေဆးပါသံုးေပးႏိုင္ပါတယ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 တောက်ပပျော့ပြောင်းတဲ့ ဆံကေသာကို လူတိုင်းလိုချင်ကြမှာပါနော်။ အဲဒီအတွက် ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးမပြုဘဲ သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပက်နဲ့ ပျားရည်

ရှားစောင်းလက်ပက်အနှစ်နဲ့ ပျားရည်ကို စတူရောပြီး သုံးပေးရမှာပါ။ ပေါင်းဆေးလည်း ထည့်ပေးချင်ရင်ရပါတယ်နော်။ သေချာမွှေပေးပြီး ဆံပင်အမြစ်ကနေ အဖျားထိ လိမ်းပေးပါ။ မိနစ် ၂၀ – ၂၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်ရည်သုံးရပါမယ်နော်။

၂။ အုန်းဆီ

အုန်းဆီကို ဆံကေသာနဲ့ ဦးရေပြားပေါ်လိမ်းပေးပြီး ညှင်သာစွာ နှပ်နှယ်ပေးပါ။ အဆီပြန်တတ်တယ်ဆိုရင် အုန်းဆီလျှော့သုံးပါ။ မိနစ် ၂၀ – ၃၀ လောက်ထားပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းလျှော်ရည်သုံးရပါမယ်နော်။

၃။ ကြက်ဥ နဲ့ သံလွင်ဆီ

ကြက်ဥ ၂ လုံးကနေ ၄ လုံးထိ သင့်ဆံပင်အထူအပါးပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ကြက်ဥအနှစ်နဲ့ အကာကို ခွဲထုတ်လိုက်ပြီး အနှစ်ကိုပဲအသုံးပြုပေးပါ။ အနှစ်ကို ခွက်တစ်လုံးထဲထည့်ထားပြီး သံလွင်ဆီထည့်ပေးပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ချပေးပါ။ ခေါင်းလျှော်ရည်သုံးရပါမယ်နော်။

၄။ ပျားရည်နဲ့ သံပုယိုသီး (သံပုရာသီးလည်းသုံးလို့ရပါတယ်။)

သံပုယိုသီးတစ်ဝက်ကိုအရည်ညှစ်ပြီး ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ ဗောက်ထတာတွေကိုလည်း သက်သာစေပြီး ဆံကေသာကို နူးညံ့ပျော့ပြောင်းစေမှာပါ။ ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောပေးပြီး ဦးရေပြားကို ၅ မိနစ် ၆ မိနစ်လောက် လိမ်းပေး နှိပ်ပေးကာ ဆံကေသာပေါ် နှံစပ်အောင်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ပေါင်းဆေးပါသုံးပေးနိုင်ပါတယ်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top