iMyanmarHouse.com - Best Property Website for Myanmar
×
Ref: Bright side
#Unicode Version#
ဆားဝက် ခြံ တွေက နှာခေါင်း၊ မေးစေ့နေရာတွေမှာ ရှိတာများပါတယ် ။အမည်းစက်အနေနဲ့ ရှိသလို အဖြူအစက်စက်အနေနဲ့လည်း ရှိပါတယ်။ ဘယ်လောက်ညှစ်ညှစ် အချိန်တန်ရင် စိတ်ပျက်စရာကောင်းလောက်အောင် ပြန်ထွက်လာကြတာ ဆားဝက်ခြံတွေပါပဲ။ ဒီလို ဆားဝက်ခြံတွေ ပြန်မထွက်နိုင်အောင် အရှင်းနှင်ထုတ်နိုင်တဲ့ နည်းလမ်းတစ်မျိုး ရှိပါတယ်။ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်တဲ့ ပစ္စည်းပါပဲ။ အဲဒါကတော့ သကြားပါ။
ပထမဆုံး မျက်နှာကို ရေအေးနဲ့ သစ်လိုက်ပါ။ မျက်နှာသစ်ဆေး မသုံးရင် ပိုကောင်းပါတယ်။ သကြားအနည်းငယ်ကို ရေနွေးနွေးလေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ။ သကြားတွေ ကျေအောင်တော့ မဖျော်နဲ့နော်။ သကြားခပ်စိုစိုလေးဆိုရင် ရပါပြီ။ ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ပွတ်တိုက်ပေးပါ။ ဆားဝက်ခြံအဆံလေးတွေ ထွက်လာပါလိမ့်မယ်။ ဆားဝက်ခြံများတဲ့နေရာတွေ ဆိုရင်တော့ (၅) မိနစ်လောက် ကြာအောင် ပွတ်တိုက်ဖို့ လိုပါတယ်။ ဆားဝက်ခြံနည်းတယ်ဆိုရင်တော့ (၃)မိနစ်ဆိုလုံလောက်ပါတယ်။ ပွတ်တိုက်ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီအကြိမ်မျက်နှာသစ်ရင်တော့ မျက်နှာသစ်ဆေး သုံးလို့ ရပါပြီ။ ဆားဝက်ခြံရှိတဲ့နေရာတွေကို လက်လေးနဲ့ ပွတ်ကြည့်လိုက်ပါ။ ဆားဝက်ခြံအဆံလေးတွေ မရှိတော့ပဲ ပြောင်ချောနေတာ သိရပါမှာပါ။
Ref: Bright side
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top