တစ္ေန႔တစ္မ်ိဳး မ႐ိုးႏုိင္ေအာင္ ျမင္ေနရတဲ့ ဖက္ရွင္အလွအပေတြၾကားမွာ မီေအာင္လိုက္ရတာလည္း ေမာပါတယ္။ ကိုယ္က လုိက္မလုပ္ျဖစ္ဘူးဆိုဦးေတာ့ သိထားေတာ့လည္း ေကာင္းတယ္မဟုတ္လား။ ခုတေလာ ေရပန္းစားေနျပန္တဲ့ လက္သည္းဒီဇိုင္းကေတာ့ ေတာ္႐ံုမိန္းကေလးေတြ မလုပ္ရဲမယ့္ဒီဇိုင္းပါ။ လက္သည္းခြံေပၚမွာ ရင္သားပံုသ႑န္ ပံုေဖာ္ေနၾကတာကို အင္စတာဂရမ္ပို႔စ္ေတြမွာ ေတြ႔လာရပါတယ္။
ဒီလိုဒီဇိုင္းကို စိတ္ကူးရခဲ့တာက လက္သည္းအလွပညာ႐ွင္ Mei Kawajira ျဖစ္ပါတယ္။ သူက အင္စတာဂရမ္ေပၚမွာ Nails by Mei အမည္နဲ႔ လူသိမ်ားတဲ့အေကာင့္ပိုင္ရွင္ပါ။ အင္စတာဂရမ္ဆယ္လီအေကာင့္တစ္ခုျဖစ္တဲ့ Shade Room က ကာဝါဂ်ီရီရဲ႕ပို႔စ္ကို တစ္ဆင့္ျပန္မွ်ေဝလိုက္ရာမွာေတာ့ ပိုၿပီးလူသိမ်ားသြားခဲ့ပါေတာ့တယ္။
သူမရဲ႕သူငယ္ခ်င္းေတြက ရင္သားထိပ္မွာ အေပါက္ေဖာက္ၿပီး ကြင္းေလးေတြတပ္ေနၾကေတာ့ သူလည္း ဒီလိုလက္သည္းဒီဇိုင္းလုပ္ဖုိ႔ အုိင္ဒီယာရလာခဲ့တယ္လို႔ ကာဝါဂ်ီရီက ေျပာပါတယ္။ လက္သည္းေပၚမွာ 3D ပံုစံ ေဖာင္းၾကြေနတဲ့ ရင္သားေလးျဖစ္ေအာင္ acrylic နဲ႔ ဂ်ယ္လ္ဆိုးေဆးကို သံုးပါတယ္။ အေပၚကေန ေကာ္ေလးသံုးၿပီး ကြင္းေလးတပ္ကာ အလယ္တည့္တည့္မွာ ရင္သားထိပ္သီးပံုစံ ေဆးဆိုးထားတာျဖစ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်နေ့တစ်မျိုး မရိုးနိုင်အောင် မြင်နေရတဲ့ ဖက်ရှင်အလှအပတွေကြားမှာ မီအောင်လိုက်ရတာလည်း မောပါတယ်။ ကိုယ်က လိုက်မလုပ်ဖြစ်ဘူးဆိုဦးတော့ သိထားတော့လည်း ကောင်းတယ်မဟုတ်လား။ ခုတလော ရေပန်းစားနေပြန်တဲ့ လက်သည်းဒီဇိုင်းကတော့ တော်ရုံမိန်းကလေးတွေ မလုပ်ရဲမယ့်ဒီဇိုင်းပါ။ လက်သည်းခွံပေါ်မှာ ရင်သားပုံသဏ္ဍန် ပုံဖော်နေကြတာကို အင်စတာဂရမ်ပို့စ်တွေမှာ တွေ့လာရပါတယ်။
ဒီလိုဒီဇိုင်းကို စိတ်ကူးရခဲ့တာက လက်သည်းအလှပညာရှင် Mei Kawajira ဖြစ်ပါတယ်။ သူက အင်စတာဂရမ်ပေါ်မှာ Nails by Mei အမည်နဲ့ လူသိများတဲ့အကောင့်ပိုင်ရှင်ပါ။ အင်စတာဂရမ်ဆယ်လီအကောင့်တစ်ခုဖြစ်တဲ့ Shade Room က ကာဝါဂျီရီရဲ့ပို့စ်ကို တစ်ဆင့်ပြန်မျှဝေလိုက်ရာမှာတော့ ပိုပြီးလူသိများသွားခဲ့ပါတော့တယ်။
သူမရဲ့သူငယ်ချင်းတွေက ရင်သားထိပ်မှာ အပေါက်ဖောက်ပြီး ကွင်းလေးတွေတပ်နေကြတော့ သူလည်း ဒီလိုလက်သည်းဒီဇိုင်းလုပ်ဖို့ အိုင်ဒီယာရလာခဲ့တယ်လို့ ကာဝါဂျီရီက ပြောပါတယ်။ လက်သည်းပေါ်မှာ 3D ပုံစံ ဖောင်းကြွနေတဲ့ ရင်သားလေးဖြစ်အောင် acrylic နဲ့ ဂျယ်လ်ဆိုးဆေးကို သုံးပါတယ်။ အပေါ်ကနေ ကော်လေးသုံးပြီး ကွင်းလေးတပ်ကာ အလယ်တည့်တည့်မှာ ရင်သားထိပ်သီးပုံစံ ဆေးဆိုးထားတာဖြစ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ၾကံၾကံဖန္ဖန္ ထြင္ၾကျပန္တဲ့ ရင္သားပံုစံလက္သည္းဒီဇိုင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။