iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပတဲ့  Viral Fest Asia 2017 ကို တက္ေရာက္လာတဲ့ ေတာင္ကိုရီးယား အဆုိေတာ္ သ႐ုပ္ေဆာင္ ရိန္းဟာ ယင္းပြဲမွာ ေဖ်ာ္ေျဖတင္ဆက္မႈမလုပ္မီ အင္တာဗ်ဴးမွာ သီခ်င္းေခြထုတ္မယ့္အေၾကာင္းနဲ႔ Dancing Singer အလုပ္ကို ရပ္ေတာ့မယ္ဆုိတဲ့အေၾကာင္း ေျပာျပခဲ့တာ ျဖစ္ပါတယ္။

"ကၽြန္ေတာ့္ရဲ႕ Dancing Singer အလုပ္ကို အဆံုးသတ္ျဖစ္ေတာ့မယ္ ထင္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္ပရိသတ္ကို ပိုေကာင္းတဲ့သီခ်င္း လက္ေဆာင္ေပးခ်င္တယ္" လို႔ ရိန္းက စတင္ေျပာခဲ့ပါတယ္။

"ကျပေဖ်ာ္ေျဖသူေတြဟာ အားကစားသမားေတြလိုပဲ ထိပ္ဆံုးကို ေရာက္ေနသူေတြပါ။ ကၽြႏ္ေတာ့္အတြက္ကေတာ့ ခႏၶာကိုယ္က ေႏွးေကြးလာခ်ိန္မွာ မကခ်င္ေတာ့ဘူး။ ခႏၶာကိုယ္က တီးကြက္ကို မလိုက္ႏုိင္တဲ့အခါ မကေတာ့ဘူးလို႔ အျမဲေတြးျဖစ္တယ္။ ဒါေပမဲ့ ေနာက္ထြက္မယ့္ အယ္လ္ဘမ္ထဲမွာ ကၽြန္ေတာ့္ရဲ႕အေတြ႕အၾကံဳကရတဲ့ ကကြက္ကို ျပခ်င္ပါေသးတယ္။ ကၽြန္ေတာ့္ဂ်ဴနီယာေတြ လိုက္မလုပ္ႏုိင္တဲ့ ကကြက္ေပါ့။ ေနာက္ထပ္ တစ္ႀကိမ္ ႏွစ္ႀကိမ္ေလာက္ေတာ့ ကၽြန္ေတာ့္ လုပ္ႏုိင္ဦးမယ္ ထင္ပါတယ္" လို႔ ရိန္းက ဆုိခဲ့ပါတယ္။

သူ သီခ်င္းျပန္ဆုိဖို႔ကေတာ့ သူ႔ကို ကမ္းလွမ္းလာတဲ့ ဇာတ္လမ္းတြဲကို လက္ခံျဖစ္မျဖစ္ ေပၚမွာ မူတည္ေနပါတယ္လို႔လည္း ရိန္းက ေျဖၾကားခဲ့ပါတယ္။

"ကၽြန္ေတာ့္ကို ကမ္းလွမ္းလာတဲ့ ဇာတ္လမ္းတြဲကို လက္ခံျဖစ္ရင္ေတာ့ အယ္လ္ဘမ္က ဒီဇင္ဘာေလာက္မွ ထြက္လိမ့္မယ္။ လက္မခံျဖစ္ဘူးဆုိရင္ေတာ့ ႏုိဝင္ဘာလကုန္ခါနီးမွာ ထြက္ျဖစ္ဖို႔ မ်ားတယ္။ ႏွစ္မကုန္ခင္ ကၽြန္ေတာ္ ျပန္လာႏုိင္ေအာင္ ႀကိဳးစားပါ့မယ္" လို႔ သူက ဆုိခဲ့တာပါ။

ေလာေလာဆယ္မွာေတာ့ ရိန “Uhm Bok Dong” ဆိုတဲ့ ဇာတ္ကားကို Kang Sora, Min Hyo Rin တုိ႔နဲ႔အတူ ႐ိုက္ကူးေနပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့  Viral Fest Asia 2017 ကို တက်ရောက်လာတဲ့ တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် ရိန်းဟာ ယင်းပွဲမှာ ဖျော်ဖြေတင်ဆက်မှုမလုပ်မီ အင်တာဗျူးမှာ သီချင်းခွေထုတ်မယ့်အကြောင်းနဲ့ Dancing Singer အလုပ်ကို ရပ်တော့မယ်ဆိုတဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ Dancing Singer အလုပ်ကို အဆုံးသတ်ဖြစ်တော့မယ် ထင်တယ်။ ဒါကြောင့် ကျွန်တော့်ပရိသတ်ကို ပိုကောင်းတဲ့သီချင်း လက်ဆောင်ပေးချင်တယ်" လို့ ရိန်းက စတင်ပြောခဲ့ပါတယ်။

"ကပြဖျော်ဖြေသူတွေဟာ အားကစားသမားတွေလိုပဲ ထိပ်ဆုံးကို ရောက်နေသူတွေပါ။ ကျွန်တော့်အတွက်ကတော့ ခန္ဓာကိုယ်က နှေးကွေးလာချိန်မှာ မကချင်တော့ဘူး။ ခန္ဓာကိုယ်က တီးကွက်ကို မလိုက်နိုင်တဲ့အခါ မကတော့ဘူးလို့ အမြဲတွေးဖြစ်တယ်။ ဒါပေမဲ့ နောက်ထွက်မယ့် အယ်လ်ဘမ်ထဲမှာ ကျွန်တော့်ရဲ့အတွေ့အကြုံကရတဲ့ ကကွက်ကို ပြချင်ပါသေးတယ်။ ကျွန်တော့်ဂျူနီယာတွေ လိုက်မလုပ်နိုင်တဲ့ ကကွက်ပေါ့။ နောက်ထပ် တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ကျွန်တော့် လုပ်နိုင်ဦးမယ် ထင်ပါတယ်" လို့ ရိန်းက ဆိုခဲ့ပါတယ်။

သူ သီချင်းပြန်ဆိုဖို့ကတော့ သူ့ကို ကမ်းလှမ်းလာတဲ့ ဇာတ်လမ်းတွဲကို လက်ခံဖြစ်မဖြစ် ပေါ်မှာ မူတည်နေပါတယ်လို့လည်း ရိန်းက ဖြေကြားခဲ့ပါတယ်။

"ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ ဇာတ်လမ်းတွဲကို လက်ခံဖြစ်ရင်တော့ အယ်လ်ဘမ်က ဒီဇင်ဘာလောက်မှ ထွက်လိမ့်မယ်။ လက်မခံဖြစ်ဘူးဆိုရင်တော့ နိုဝင်ဘာလကုန်ခါနီးမှာ ထွက်ဖြစ်ဖို့ များတယ်။ နှစ်မကုန်ခင် ကျွန်တော် ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်" လို့ သူက ဆိုခဲ့တာပါ။

လောလောဆယ်မှာတော့ ရိန “Uhm Bok Dong” ဆိုတဲ့ ဇာတ်ကားကို Kang Sora, Min Hyo Rin တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top