iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရည္းစားဆက္ဆံေရးတုိင္းမွာလည္း သ႔ူအခက္အခဲ၊ သူ႔အမွားနဲ႔သူ ရိွတတ္ၾကပါတယ္။ ျပသနာတစ္ခုကို အဆင္ေျပသြားေအာင္ ျပန္လည္ၾကိဳးစားျပဳျပင္မယ္၊ သင့္ရဲ႕လက္တြဲေဖာ္ကို လမ္းခြဲမယ့္လမ္းမွ ျပန္လွည့္ခ်င္လာေအာင္ လုပ္ခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်က္ေတြက ကူညီစည္းရုံးေပးပါလိမ့္မယ္။

(၁) စိတ္ကိုထိန္းပါ

စိတ္ခံစားခ်က္ေတြ ျပင္းထန္လာတဲ့အခါမွာ လုပ္ခ်င္ရာ လုပ္တတ္ၾကတယ္။ ဆုံးျဖတ္ခ်က္အမွားေတြ ခ်ၿပီးမွ ေနာင္တရစရာေတြ ႀကံဳရမယ့္အတူတူ သင့္စိတ္ကိုသင္ အျမန္ဆုံးထိန္းႏိုင္ေလ အေျခအေနကို အျမန္ဆုံးထိန္းသိမ္းႏုိင္ျပီး သင့္လက္တြဲေဖာ္ စိတ္ေအးမႈ အျမန္ရရိွေလပါပဲ။

 (၂) လက္ညိဳးထိုးစကားေျပာတာေရွာင္ပါ

လမ္းခြဲေတာ့မယ္၊ ႏွစ္ဦးသားျပသနာတက္ၿပီဆုိတာနဲ႔ တစ္ေယာက္ေပၚ တစ္ေယာက္ အျပစ္တင္ေဝဖန္ေျပာဆိုမႈေတြကေတာ့ ရွိတတ္ၾကတာပါပဲ။ အျပစ္တင္ေဝဖန္မႈေတြ၊ ကိုယ့္သေဘာနဲ႔ကို ဆုံးျဖတ္ခ်က္ခ်လိုက္တာေတြနဲ႔ မစဥ္းစားမဆင္ျခင္ပဲ တုံ႔ျပန္ေျပာမႈေတြကို ဆင္ျခင္ျပီး အဆုံးသတ္မွာ အပ်က္သေဘာ၊ အႏုတ္လကၡဏာ ေဆာင္တဲ့ အရာမွန္သမွ်ကို ကင္းရွင္းေစတဲ့ ေဆြးေႏြးမႈတစ္ခုကို ေဆာင္ရြက္ပါ။

(၃) သေဘာမက်တာရိွလား သင့္လက္တြဲေဖာ္ကို ေမးၾကည့္ပါ

ရန္ျဖစ္တဲ့အခါ သူ႔စကားကို သင္ဟာ အေလးေပး နားမေထာင္ဘူးလို႔ သင့္လက္တြဲေဖာ္ေတြက ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ သူမွားယြင္းေနတယ္ထင္တဲ့ အရာေတြကို ေမးၾကည့္ျခင္းအားျဖင့္ အဲဒီျပသာနာကို သင္ဖယ္ရွားႏုိင္ပါတယ္။

(၄) သင္ေျပာင္းလဲမႈ လုိအပ္ေၾကာင္း ဝန္ခံပါ

သင့္အမွားကို ဘယ္ေတာ့မွ ဝန္မခံပဲ သင္ရဲ႕မွားယြင္းတဲ့ေဆာင္ရြက္မႈေတြကိုသာ ခုခံေျပာဆိုေနရာကေန ေျပာင္းလဲလိုက္ပါ။ ကိုယ့္ဘက္က မွန္ေနတယ္ဆိုရင္ေတာင္ ကိုယ့္ကိုကိုယ္ႏွိမ့္ခ်ပါ။ သင့္ရဲ႕လက္တြဲေဖာ္ဆီကို အေျပာင္းအလဲျပဳလုပ္ဖို႔ လုိအပ္ေၾကာင္းနဲ႔ သူ႔ရဲ႕ အၾကံအဥာဏ္ လိုအပ္ေၾကာင္းကိုလည္း ပြင့္ပြင့္လင္းလင္း အသိမွတ္ျပဳေပးလုိက္ပါ။

(၅) ရည္းစားစကားေျပာဆိုမႈ ခဏေဘးဖယ္ထားပါ

ခုလက္ရိွအခ်ိန္မွာ သင္တို႔ႏွစ္ေယာက္လုံးက ႏွစ္ေယာက္ၾကား အဆင္မေျပမႈကိုသာ အာရုံစိုက္ေနၾကရတာေၾကာင့္ သင္တို႔ႏွစ္ဦးစလုံးအေပၚ စိဖိစီးမႈေတြ ရွိေနပါလိမ့္မယ္။ လြတ္လြတ္လပ္လပ္ေနၿပီး သမီးရည္းစားအေၾကာင္းကို ခဏေမ့ထားလိုက္ပါ။ အဲ့ဒီအစား အခ်င္းခ်င္း ကိုယ့္ရဲ႕ ရည္ရြယ္ခ်က္ပန္းတိုင္ေတြက ဘာျဖစ္တယ္ဆိုတာ ေျပာဆိုေဆြးေႏြးလုိက္ပါ။

(၆) ျပန္လည္စမ္းစစ္မႈလုပ္ေဆာင္ပါ

သင့္ခ်စ္သူကို သူေျပာခ်င္တဲ့အရာ ေျပာဆုိဖို႔ အခြင့္ေပးပါ။ သူသင့္ကို ဘယ္လုိ လုပ္ေစခ်င္ေၾကာင္း သူသင့္ကို ေျပာျပပါေစ။ သူေျပာခ်င္တာ အကုန္ေျပာလို႔ျပီးသြားတဲ့ခ်ိန္မွာ သင္ရဲ႕လုပ္ေဆာင္ခ်က္ကို သေဘာက်မက်နဲ႔ အရာရာ သူလိုခ်င္တဲ့ အတိုင္းျဖစ္မျဖစ္ သိရိွဖို႔ အကဲခတ္ စစ္ေဆးၾကည့္လိုက္ပါ။

(၇) သူစကားကို အေလးနက္တန္ဖိုးထားေၾကာင္း ေျပာျပပါ။

 သင္သူ႔ကို တန္ဖိုးမထားဘူးလို႔ သူခံစားေကာင္းခံစားႏိုင္တယ္။ သင္သူ႔ကို အသိအမွတ္မျပဳဘူး၊ ေက်းဇူးလည္းမသိတတ္ဘူးလုိ႔ ထင္ေကာင္းထင္ႏုိင္ပါတယ္။ သင္ သူ႔ကို ဘယ္လို၊ဘာေၾကာင့္ အေလးအနက္တန္ဖိုးထားတဲ့အေၾကာင္း သူ႔ကို ေျပာျပျပီး အသိေပးလုိက္မယ္ဆိုရင္ သင့္ခ်စ္သူက စိတ္ေတြတက္ၾကြလာျပီး အေလးထားမႈကို ျပန္လည္ခံစားလာပါလိမ့္မယ္။

Credit :Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သမီးရည်းစားဆက်ဆံရေးတိုင်းမှာလည်း သ့ူအခက်အခဲ၊ သူ့အမှားနဲ့သူ ရှိတတ်ကြပါတယ်။ ပြသနာတစ်ခုကို အဆင်ပြေသွားအောင် ပြန်လည်ကြိုးစားပြုပြင်မယ်၊ သင့်ရဲ့လက်တွဲဖော်ကို လမ်းခွဲမယ့်လမ်းမှ ပြန်လှည့်ချင်လာအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေက ကူညီစည်းရုံးပေးပါလိမ့်မယ်။

(၁) စိတ်ကိုထိန်းပါ

စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အခါမှာ လုပ်ချင်ရာ လုပ်တတ်ကြတယ်။ ဆုံးဖြတ်ချက်အမှားတွေ ချပြီးမှ နောင်တရစရာတွေ ကြုံရမယ့်အတူတူ သင့်စိတ်ကိုသင် အမြန်ဆုံးထိန်းနိုင်လေ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းနိုင်ပြီး သင့်လက်တွဲဖော် စိတ်အေးမှု အမြန်ရရှိလေပါပဲ။

 (၂) လက်ညိုးထိုးစကားပြောတာရှောင်ပါ

လမ်းခွဲတော့မယ်၊ နှစ်ဦးသားပြသနာတက်ပြီဆိုတာနဲ့ တစ်ယောက်ပေါ် တစ်ယောက် အပြစ်တင်ဝေဖန်ပြောဆိုမှုတွေကတော့ ရှိတတ်ကြတာပါပဲ။ အပြစ်တင်ဝေဖန်မှုတွေ၊ ကိုယ့်သဘောနဲ့ကို ဆုံးဖြတ်ချက်ချလိုက်တာတွေနဲ့ မစဉ်းစားမဆင်ခြင်ပဲ တုံ့ပြန်ပြောမှုတွေကို ဆင်ခြင်ပြီး အဆုံးသတ်မှာ အပျက်သဘော၊ အနုတ်လက္ခဏာ ဆောင်တဲ့ အရာမှန်သမျှကို ကင်းရှင်းစေတဲ့ ဆွေးနွေးမှုတစ်ခုကို ဆောင်ရွက်ပါ။

(၃) သဘောမကျတာရှိလား သင့်လက်တွဲဖော်ကို မေးကြည့်ပါ

ရန်ဖြစ်တဲ့အခါ သူ့စကားကို သင်ဟာ အလေးပေး နားမထောင်ဘူးလို့ သင့်လက်တွဲဖော်တွေက ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူမှားယွင်းနေတယ်ထင်တဲ့ အရာတွေကို မေးကြည့်ခြင်းအားဖြင့် အဲဒီပြသာနာကို သင်ဖယ်ရှားနိုင်ပါတယ်။

(၄) သင်ပြောင်းလဲမှု လိုအပ်ကြောင်း ဝန်ခံပါ

သင့်အမှားကို ဘယ်တော့မှ ဝန်မခံပဲ သင်ရဲ့မှားယွင်းတဲ့ဆောင်ရွက်မှုတွေကိုသာ ခုခံပြောဆိုနေရာကနေ ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘက်က မှန်နေတယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ်နှိမ့်ချပါ။ သင့်ရဲ့လက်တွဲဖော်ဆီကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ သူ့ရဲ့ အကြံအဉာဏ် လိုအပ်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း အသိမှတ်ပြုပေးလိုက်ပါ။

(၅) ရည်းစားစကားပြောဆိုမှု ခဏဘေးဖယ်ထားပါ

ခုလက်ရှိအချိန်မှာ သင်တို့နှစ်ယောက်လုံးက နှစ်ယောက်ကြား အဆင်မပြေမှုကိုသာ အာရုံစိုက်နေကြရတာကြောင့် သင်တို့နှစ်ဦးစလုံးအပေါ် စိဖိစီးမှုတွေ ရှိနေပါလိမ့်မယ်။ လွတ်လွတ်လပ်လပ်နေပြီး သမီးရည်းစားအကြောင်းကို ခဏမေ့ထားလိုက်ပါ။ အဲ့ဒီအစား အချင်းချင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေက ဘာဖြစ်တယ်ဆိုတာ ပြောဆိုဆွေးနွေးလိုက်ပါ။

(၆) ပြန်လည်စမ်းစစ်မှုလုပ်ဆောင်ပါ

သင့်ချစ်သူကို သူပြောချင်တဲ့အရာ ပြောဆိုဖို့ အခွင့်ပေးပါ။ သူသင့်ကို ဘယ်လို လုပ်စေချင်ကြောင်း သူသင့်ကို ပြောပြပါစေ။ သူပြောချင်တာ အကုန်ပြောလို့ပြီးသွားတဲ့ချိန်မှာ သင်ရဲ့လုပ်ဆောင်ချက်ကို သဘောကျမကျနဲ့ အရာရာ သူလိုချင်တဲ့ အတိုင်းဖြစ်မဖြစ် သိရှိဖို့ အကဲခတ် စစ်ဆေးကြည့်လိုက်ပါ။

(၇) သူစကားကို အလေးနက်တန်ဖိုးထားကြောင်း ပြောပြပါ။

 သင်သူ့ကို တန်ဖိုးမထားဘူးလို့ သူခံစားကောင်းခံစားနိုင်တယ်။ သင်သူ့ကို အသိအမှတ်မပြုဘူး၊ ကျေးဇူးလည်းမသိတတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သင် သူ့ကို ဘယ်လို၊ဘာကြောင့် အလေးအနက်တန်ဖိုးထားတဲ့အကြောင်း သူ့ကို ပြောပြပြီး အသိပေးလိုက်မယ်ဆိုရင် သင့်ချစ်သူက စိတ်တွေတက်ကြွလာပြီး အလေးထားမှုကို ပြန်လည်ခံစားလာပါလိမ့်မယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top