iMyanmarHouse.com - Best Property Website for Myanmar
×



Ref: GLOWPINK



#Unicode Version#

ပေါင်းတင်ဆေး အားလုံး မိမိရဲ့ မျက်နှာအသားအရေနဲ့ ကိုက်ညီဖို့ဆိုတာ မလွယ်ပါဘူး။ ဝက်ခြံထွက်ပြီး အဆီပြန်တတ်တဲ့ အသားအရေဆိုရင် ပိုတောင် ဂရုစိုက်ရပါသေးတယ်။ ဝက်ခြံထွက်တတ်ပြီး အဆီပြန်တတ်တဲ့ အသားအရေတွေအတွက် သီးသန့်ပေါင်းတင်ဆေးနည်း ရှိပါတယ်။

နံ့သာမွှေးသွေးပြီးသား လက်ဖက်ဇားဇွန်း (၁) ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်စားဇွန်း၊ သံပရာရည် (၇) စက်နဲ့ နှင်းဆီရည် အနည်းငယ်တို့ကို ရောစပ်ပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။ မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တတ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ အနည်းဆုံး နာရီဝက်လောက် ကြာအောင်ထားပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ဆေး အသုံးမပြုတာက ပိုကောင်းပါတယ်။
တပတ်ကို (၂) ကြိမ်လောက် ပြုလုပ်လို့ ရပါတယ်။ (၄) ကြိမ်လောက် ပြုလုပ်ပြီးပြီဆိုရင်တော့ မျက်နှာမှာ အဆီပြန်ခြင်းတွေ ကင်းဝေးပြီး ဝက်ခြံတွေလည်း ပျောက်ကင်းသွားပါလိမ့်မယ်။

Ref: GLOWPINK
Credit:ဖြိုးပြည့်သူ(မိုမိုလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top