iMyanmarHouse.com - Best Property Website for Myanmar
×

သင္နဲ႕သင့္ခ်စ္သူဟာ မၾကာခဏ ျပသနာတက္ေလ့ရွိၾကပါသလား။ ရန္ျဖစ္ၾကရတဲ့ အေၾကာင္းအရင္းက ၾကီးၾကီးမားမား မဟုတ္ေပမယ့္ ခဏခဏကို ျပသနာတက္ေလ့ရွိတယ္ဆုိရင္ေတာ့ ရန္မျဖစ္တဲ့ ခ်စ္သူစံုတြဲေတြဆီက နည္းေလးေတြ အတုယူသင့္ ယူရေတာ့မွာေပါ့။

သူတုိ႕လည္း ရန္လံုး၀မျဖစ္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ရန္ျဖစ္တာမေတြ႔ရသေလာက္ကုိ ႏွစ္ဦးသားခ်စ္ခင္ေပ်ာ္ရႊင္ေနတတ္ၾကတယ္ဆုိရင္ ခုလို နားလည္မႈရွိေနၾကရတာ ဘာေတြေၾကာင့္လဲ သင္ေတြးဖုိ႕လိုလာပါျပီ။ တကယ္ေတာ့ အဲ့ဒီလိုအတြဲမ်ိဳးေတြဆီက သင္ နည္းနာယူသင့္တာက အခ်က္ (၃) ခ်က္တည္းပါ။

၁။ သင့္ရဲ႕အမွားကို ၀န္ခံတတ္ပါေစ။

ျပသနာတစ္ခုခုျဖစ္ျပီ။ တစ္ဖက္လူက ေဒါသထြက္ျပီ။ ကိုယ့္အျပစ္မကင္းေပမယ့္ ကိုယ့္အေနနဲ႕ကလည္း ဒီေလာက္ေလးကို ဘာမ်ား စိတ္ဆိုးစရာရွိသလဲဆိုျပီး အေလ်ွာ့မေပးပဲ သူ႔ကို ျပန္ရန္ေတြ႔မယ္ဆုိရင္ ျပသနာက ျပီးမွာ မဟုတ္ေတာ့ပါဘူး။

သင့္အေနနဲ႕ ဒီျပသနာမွာ သင္မွားသြားတာလုိ႕ သိေနရင္ သင့္အမွားကို ၀န္ခံလိုက္ပါ။ ေ၀ဖန္တာေတြ၊ စြပ္စြဲတာေတြ ၊ အရင္က ကိစၥ ဆြဲထည့္တာမ်ိဳးေတြ မလုပ္မိပါေစနဲ႕။

ျပန္ျငင္းခုံေနတာမ်ိဳးက ျပသနာပိုၾကီးေအာင္ လုပ္ေနတာနဲ႕ အတူတူပါပဲ။

၂။ ကုိယ့္ကိုကုိယ္ ျပန္သံုးသပ္မိပါေစ။ ကိုယ့္အက်င့္ကို အရင္ျပင္တတ္ပါေစ။

လူတုိင္းမွာ အက်င့္ဆိုးေလးေတြ ရွိတတ္ၾကပါတယ္။ ခ်စ္သူရည္းစားရလာတဲ့အခါမွာလည္း ႏွစ္ဦးသားေရရွည္သြားရမယ့္ ခရီးအတြက္ ႏွစ္ေယာက္စလံုး ျပင္ဆင္သင့္တဲ့ အက်င့္ေလးေတြ ရွိလာပါလိမ့္မယ္။

ဒါကလည္း ႏွစ္ဦးသားတြဲလာရင္းနဲ႕မွ သိလာတာမ်ိဳးပါ။

ဒါေလးေတြကို သိလာျမင္လာတဲ့အခါ ဒီအက်င့္ကို ေဖ်ာက္ေပးပါ၊ ျပင္ေပးပါလို႕ တစ္ဖက္လူကို ေျပာမယ့္အစား ငါဆုိရင္ေရာ ဆုိျပီး တစ္ခ်က္ျပန္ေတြးပါ။

ငါ့မွာဘယ္လိုအက်င့္ေတြ ျပင္သင့္သလဲဆုိတာ သိရင္ ကိုယ့္ဘာသာကုိယ္ အရင္ဆံုး ျပင္ဆင္ဖုိ႕ ၀န္မေလးပါနဲ႕။

၃။တစ္ဖက္လူကို ေက်းဇူးတင္တတ္ပါေစ။

တကယ္ေတာ့ လူဆုိတဲ့အမ်ိဳးက ကိုယ့္ကိုေကာင္းမြန္တဲ့ အရာေတြ လုပ္ေပးေနတာမ်ိဳးကိုက် သာယာျပီး သေဘာက်ေနတတ္ေပမယ့္ ေက်းဇူးတင္စကားဆုိရမယ္ဆိုတာ ေမ့ေနတတ္တာမ်ိဳးပါ။

အဲ့ဒီလူ အျပစ္တစ္ခုခု လုပ္မိရင္ေတာ့ ဘာလုိ႕ဒါမ်ိဳး လုပ္ရသလဲဆိုျပီး အျပစ္တင္ဖုိ႕ အဆင္သင့္ရွိေနပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ခ်စ္သူ ကိုယ့္အတြက္ လက္ေဆာင္အႀကီးႀကီး ၀ယ္လာမွ ေက်းဇူးတင္စကားဆုိရမယ္ မဟုတ္ပါဘူး။

သူကိုယ့္အတြက္ ေန႕တုိင္းေဘးမွာ ရွိေနေပးတာကိုက ေက်းဇူးတင္စရာပါ။ ကိုယ့္ေကာင္းကြက္ ဆိုးကြက္ေတြကို လက္ခံေပးျပီး ခ်စ္လာေပးတယ္ဆိုကတည္းက ေက်းဇူးတင္စရာပါ။

ဒါ့ေၾကာင့္ ကုိယ့္ခ်စ္သူကို ေန႕တုိင္း ေက်းဇူးတင္စကားေျပာပါ။ သူသင့္အေပၚ လုပ္ေဆာင္ေပးတဲ့ အရာေတြအတြက္လညး္ ေက်းဇူးတင္တတ္ပါေစ။

Credit:Loveshop

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သင်နဲ့သင့်ချစ်သူဟာ မကြာခဏ ပြသနာတက်လေ့ရှိကြပါသလား။ ရန်ဖြစ်ကြရတဲ့ အကြောင်းအရင်းက ကြီးကြီးမားမား မဟုတ်ပေမယ့် ခဏခဏကို ပြသနာတက်လေ့ရှိတယ်ဆိုရင်တော့ ရန်မဖြစ်တဲ့ ချစ်သူစုံတွဲတွေဆီက နည်းလေးတွေ အတုယူသင့် ယူရတော့မှာပေါ့။

သူတို့လည်း ရန်လုံးဝမဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ဖြစ်တာမတွေ့ရသလောက်ကို နှစ်ဦးသားချစ်ခင်ပျော်ရွှင်နေတတ်ကြတယ်ဆိုရင် ခုလို နားလည်မှုရှိနေကြရတာ ဘာတွေကြောင့်လဲ သင်တွေးဖို့လိုလာပါပြီ။ တကယ်တော့ အဲ့ဒီလိုအတွဲမျိုးတွေဆီက သင် နည်းနာယူသင့်တာက အချက် (၃) ချက်တည်းပါ။

၁။ သင့်ရဲ့အမှားကို ဝန်ခံတတ်ပါစေ။

ပြသနာတစ်ခုခုဖြစ်ပြီ။ တစ်ဖက်လူက ဒေါသထွက်ပြီ။ ကိုယ့်အပြစ်မကင်းပေမယ့် ကိုယ့်အနေနဲ့ကလည်း ဒီလောက်လေးကို ဘာများ စိတ်ဆိုးစရာရှိသလဲဆိုပြီး အလျှော့မပေးပဲ သူ့ကို ပြန်ရန်တွေ့မယ်ဆိုရင် ပြသနာက ပြီးမှာ မဟုတ်တော့ပါဘူး။

သင့်အနေနဲ့ ဒီပြသနာမှာ သင်မှားသွားတာလို့ သိနေရင် သင့်အမှားကို ဝန်ခံလိုက်ပါ။ ဝေဖန်တာတွေ၊ စွပ်စွဲတာတွေ ၊ အရင်က ကိစ္စ ဆွဲထည့်တာမျိုးတွေ မလုပ်မိပါစေနဲ့။

ပြန်ငြင်းခုံနေတာမျိုးက ပြသနာပိုကြီးအောင် လုပ်နေတာနဲ့ အတူတူပါပဲ။

၂။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိပါစေ။ ကိုယ့်အကျင့်ကို အရင်ပြင်တတ်ပါစေ။

လူတိုင်းမှာ အကျင့်ဆိုးလေးတွေ ရှိတတ်ကြပါတယ်။ ချစ်သူရည်းစားရလာတဲ့အခါမှာလည်း နှစ်ဦးသားရေရှည်သွားရမယ့် ခရီးအတွက် နှစ်ယောက်စလုံး ပြင်ဆင်သင့်တဲ့ အကျင့်လေးတွေ ရှိလာပါလိမ့်မယ်။

ဒါကလည်း နှစ်ဦးသားတွဲလာရင်းနဲ့မှ သိလာတာမျိုးပါ။

ဒါလေးတွေကို သိလာမြင်လာတဲ့အခါ ဒီအကျင့်ကို ဖျောက်ပေးပါ၊ ပြင်ပေးပါလို့ တစ်ဖက်လူကို ပြောမယ့်အစား ငါဆိုရင်ရော ဆိုပြီး တစ်ချက်ပြန်တွေးပါ။

ငါ့မှာဘယ်လိုအကျင့်တွေ ပြင်သင့်သလဲဆိုတာ သိရင် ကိုယ့်ဘာသာကိုယ် အရင်ဆုံး ပြင်ဆင်ဖို့ ဝန်မလေးပါနဲ့။

၃။တစ်ဖက်လူကို ကျေးဇူးတင်တတ်ပါစေ။

တကယ်တော့ လူဆိုတဲ့အမျိုးက ကိုယ့်ကိုကောင်းမွန်တဲ့ အရာတွေ လုပ်ပေးနေတာမျိုးကိုကျ သာယာပြီး သဘောကျနေတတ်ပေမယ့် ကျေးဇူးတင်စကားဆိုရမယ်ဆိုတာ မေ့နေတတ်တာမျိုးပါ။

အဲ့ဒီလူ အပြစ်တစ်ခုခု လုပ်မိရင်တော့ ဘာလို့ဒါမျိုး လုပ်ရသလဲဆိုပြီး အပြစ်တင်ဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူ ကိုယ့်အတွက် လက်ဆောင်အကြီးကြီး ဝယ်လာမှ ကျေးဇူးတင်စကားဆိုရမယ် မဟုတ်ပါဘူး။

သူကိုယ့်အတွက် နေ့တိုင်းဘေးမှာ ရှိနေပေးတာကိုက ကျေးဇူးတင်စရာပါ။ ကိုယ့်ကောင်းကွက် ဆိုးကွက်တွေကို လက်ခံပေးပြီး ချစ်လာပေးတယ်ဆိုကတည်းက ကျေးဇူးတင်စရာပါ။

ဒါ့ကြောင့် ကိုယ့်ချစ်သူကို နေ့တိုင်း ကျေးဇူးတင်စကားပြောပါ။ သူသင့်အပေါ် လုပ်ဆောင်ပေးတဲ့ အရာတွေအတွက်လည်း ကျေးဇူးတင်တတ်ပါစေ။

Credit:Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top