iMyanmarHouse.com - Best Property Website for Myanmar
×

မီးဖြားျပီးတဲ့ ေမေမတို႔ေရ လေပါင္းမ်ားစြာၾကာေအာင္ ကိုယ္၀န္ေဆာင္ထားရလို႕ အေနအထိုင္ဆင္ျခင္ရခဲ့ရတဲ့အျပင္ ဗိုက္ထဲက ရင္ေသြးေလးအတြက္ အာဟာရျပည့္၀ေစဖို႔ အစားေတြလည္း အမ်ားၾကီး စားခဲ့ၾကရေတာ့ မီးဖြားျပီးစအခ်ိန္မွာ ကိုယ္အေလးခ်ိန္မ်ားေနမွာ ေသခ်ာပါတယ္။ သားဖြားျပီးခ်ိန္မွာ တစ္သားေမြး တစ္ေသြးလွဆိုေပမယ့္လညး္ ၀ိတ္တက္ျပီး အရင္က ၀တ္ခဲ့တဲ့ အ၀တ္အစားေတြနဲ႔ မကိုက္ေတာ့တဲ့အခါ ေမေမေတြအတြက္ စိတ္ညစ္ၾကရျပန္တာေပါ့။

အခုေျပာျပမွာကေတာ့ ကေလးမီးဖြားျပီး ၅ လေလာက္ၾကာတဲ့ အခါ မိခင္ဘ၀နဲ႔ လည္း အသားက်ေနျပီ ျဖစ္တာေၾကာင့္ အရင္လို ကိုယ္အေလးခ်ိန္ေလး ျပန္ရေအာင္ ဘယ္လို ေနၾကမလဲဆိုတာပါ။

ကိုယ္အေလးခ်ိန္ကိုျပန္ထိန္းဖို႔ရာမွာ အစားအေသာက္ကို ဆင္ျခင္ဖို႔ လိုသလို ၊အေနအထိုင္နဲ႔ ထိန္းသိမ္းဖို႔ လည္း လိုပါတယ္။ ေမေမတို႔ အေနနဲ႕ သားသားမီးမီးေလးေတြကို နို႔ တုိက္ေနရတာေၾကာင့္ အစာအာဟာရကို ေလ်ာ့ခ်ဖို႔ ေတာ့ မျဖစ္နုိင္ပါဘူး။ ဒါေၾကာင့္ အာဟာရလည္းျပည့္ ျပိီး ၀ိတ္တက္တာမ်ိဳး မျဖစ္ေစတဲ့ အစားအေသာက္ေတြကို ပိုျပီး စားေပးၾကဖို႔ အၾကံျပဳခ်င္ပါတယ္။ ဥပမာ - ဆီနဲ႔ ခ်က္ျပဳတ္ထားတဲ့ အစားအေသာက္ေတြ၊ အသင့္စား အစားအစာေတြ စတာေတြေပါ့။ ေနာက္ျပီး အသီးအရြက္ဟငး္ခ်ိဳေတြကလညး္ ေကာင္းပါတယ္။ ထမင္းမစားခင္ အရြက္ျပဳတ္ဟင္းရည္တစ္ခြက္ေသာက္လိုက္တာဟာ  ထမင္းေတြ အမ်ားၾကီး စားမိတာကေန ေရွာင္မိရက္သားျဖစ္ေစပါတယ္။ နုိ႔ တုိက္ေနရတာေၾကာင့္ ဗိုက္ခဏခဏဆာတက္လို႔ အသီးအနွံေလးေတြလညး္ စားေပးသင့္ပါတယ္။

ကိုယ္အေလးခ်ိန္ျပန္ခ်ဖို႔ ဆိုရင္ ကိုယ္လက္လႈပ္ရွားလုပ္ေဆာင္ဖို႔ လည္းလိုအပ္ပါတယ္။ လသားကေလးေလးက အရမး္ဂရုစုိက္ရတာေၾကာင့္ ကို္ယ္လက္လႈပ္ရွားလုပ္ဖို႔ အခ်ိန္မရတက္တာကလညး္ မိခင္တိုင္းအတြက္ အခက္အခဲတစ္ခုပါပဲ။ ဒါေပမယ့္ အိမ္က မိသားစု၀င္ေတြ ဒါမွမဟုတ္ ကေလးေလးရဲ႔ ေဖေဖကို ခဏ ကေလးထိန္းေပးဖို႔ ေျပာျပီး မနက္ေစာေစာ ဒါမွမဟုတ္ ညေနဘက္ေတြ လမ္းေလ်ာက္တဲ့ ေလ့က်င့္ခန္းေလး လုပ္ၾကည့္ပါ့လား။ စိတ္လညး္ လန္းဆန္းသလို ၊ ခႏၶာကိုယ္လည္း ေပါ့ပါးေစတယ္ေလ။  လမ္းေလ်ာက္ေလ့က်င့္ခန္းဟာ ဗိုက္ခြဲေမြးတဲ့ ေမေမေတြအတြက္လညး္ အဆင္ေျပလြယ္ကူတယ္။ တေန႔ ကို မိနစ္ ၃၀ ၊တစ္ပတ္မွာ ၅ ရက္ေလာက္ အခ်ိန္ယူ လုပ္ဖို႔ အၾကံျပဳခ်င္ပါတယ္။

ကိုယ္အေလးခ်ိန္ ျပန္ခ်ဖို႔က ျမန္ျမန္ဆန္ဆန္လုပ္ခ်င္လို႔ေတာ့ မရဘူးေပါ့။  ဒါေပမယ့္ ဇြဲရွိရွိနဲ႔ ၀ိတ္ျပန္ထိန္းၾကရေအာင္ေနာ္။  တေန႔ကို ကိုယ္လက္လႈပ္ရွား ရသမွ်လုပ္၊ အစားအေသာက္ကုိ ဂရုစိုက္ရင္း အရင္လို ျပန္ၾကည့္ေကာင္းေအာင္ ၾကိဳးစားၾကစို႔ ေနာ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မီးဖွားပြီးတဲ့ မေမေတို့ရေ လပေါင်းများစွာကြာအောင် ကိုယ်ဝန်ဆောင်ထားရလို့ အနေအထိုင်ဆင်ခြင်ရခဲ့ရတဲ့အပြင် ဗိုက်ထဲက ရင်သွေးလေးအတွက် အာဟာရပြည့်ဝစေဖို့ အစားတွေလည်း အများကြီး စားခဲ့ကြရတော့ မီးဖွားပြီးစအချိန်မှာ ကိုယ်အလေးချိန်များနေမှာ သေချာပါတယ်။ သားဖွားပြီးချိန်မှာ တစ်သားမွေး တစ်သွေးလှဆိုပေမယ့်လည်း ဝိတ်တက်ပြီး အရင်က ဝတ်ခဲ့တဲ့ အဝတ်အစားတွေနဲ့ မကိုက်တော့တဲ့အခါ မေမေတွေအတွက် စိတ်ညစ်ကြရပြန်တာပေါ့။

အခုပြောပြမှာကတော့ ကလေးမီးဖွားပြီး ၅ လလောက်ကြာတဲ့ အခါ မိခင်ဘဝနဲ့ လည်း အသားကျနေပြီ ဖြစ်တာကြောင့် အရင်လို ကိုယ်အလေးချိန်လေး ပြန်ရအောင် ဘယ်လို နေကြမလဲဆိုတာပါ။

ကိုယ်အလေးချိန်ကိုပြန်ထိန်းဖို့ရာမှာ အစားအသောက်ကို ဆင်ခြင်ဖို့ လိုသလို ၊အနေအထိုင်နဲ့ ထိန်းသိမ်းဖို့ လည်း လိုပါတယ်။ မေမေတို့ အနေနဲ့ သားသားမီးမီးလေးတွေကို နို့ တိုက်နေရတာကြောင့် အစာအာဟာရကို လျော့ချဖို့ တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အာဟာရလည်းပြည့် ပြီး ဝိတ်တက်တာမျိုး မဖြစ်စေတဲ့ အစားအသောက်တွေကို ပိုပြီး စားပေးကြဖို့ အကြံပြုချင်ပါတယ်။ ဥပမာ - ဆီနဲ့ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ၊ အသင့်စား အစားအစာတွေ စတာတွေပေါ့။ နောက်ပြီး အသီးအရွက်ဟင်းချိုတွေကလည်း ကောင်းပါတယ်။ ထမင်းမစားခင် အရွက်ပြုတ်ဟင်းရည်တစ်ခွက်သောက်လိုက်တာဟာ  ထမင်းတွေ အများကြီး စားမိတာကနေ ရှောင်မိရက်သားဖြစ်စေပါတယ်။ နို့ တိုက်နေရတာကြောင့် ဗိုက်ခဏခဏဆာတက်လို့ အသီးအနှံလေးတွေလည်း စားပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ပြန်ချဖို့ ဆိုရင် ကိုယ်လက်လှုပ်ရှားလုပ်ဆောင်ဖို့ လည်းလိုအပ်ပါတယ်။ လသားကလေးလေးက အရမ်းဂရုစိုက်ရတာကြောင့် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အချိန်မရတက်တာကလည်း မိခင်တိုင်းအတွက် အခက်အခဲတစ်ခုပါပဲ။ ဒါပေမယ့် အိမ်က မိသားစုဝင်တွေ ဒါမှမဟုတ် ကလေးလေးရဲ့ ဖေဖေကို ခဏ ကလေးထိန်းပေးဖို့ ပြောပြီး မနက်စောစော ဒါမှမဟုတ် ညနေဘက်တွေ လမ်းလျောက်တဲ့ လေ့ကျင့်ခန်းလေး လုပ်ကြည့်ပါ့လား။ စိတ်လည်း လန်းဆန်းသလို ၊ ခန္ဓာကိုယ်လည်း ပေါ့ပါးစေတယ်လေ။  လမ်းလျောက်လေ့ကျင့်ခန်းဟာ ဗိုက်ခွဲမွေးတဲ့ မေမေတွေအတွက်လည်း အဆင်ပြေလွယ်ကူတယ်။ တနေ့ ကို မိနစ် ၃၀ ၊တစ်ပတ်မှာ ၅ ရက်လောက် အချိန်ယူ လုပ်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ်အလေးချိန် ပြန်ချဖို့က မြန်မြန်ဆန်ဆန်လုပ်ချင်လို့တော့ မရဘူးပေါ့။  ဒါပေမယ့် ဇွဲရှိရှိနဲ့ ဝိတ်ပြန်ထိန်းကြရအောင်နော်။  တနေ့ကို ကိုယ်လက်လှုပ်ရှား ရသမျှလုပ်၊ အစားအသောက်ကို ဂရုစိုက်ရင်း အရင်လို ပြန်ကြည့်ကောင်းအောင် ကြိုးစားကြစို့ နော်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top