iMyanmarHouse.com - Best Property Website for Myanmar
×

လူၾကီးျဖစ္သြားျပီဆုိတဲ့ ခံစားခ်က္ဟာ ၃၀ ပတ္ဝန္းက်င္မွာ မလႊဲမေသြကို ၾကံဳရပါတယ္။ သင့္ဘက္က မေျပာင္းခ်င္ေသးေပမယ့္လည္း သင့္ပတ္ဝန္းက်င္၊ သင့္အေပါင္းအသင္းနဲ႔ သင့္ခႏၶာကုိယ္ကေတာင္ ေျပာင္းလဲသြားပါျပီ။ ဒီအေျပာင္းအလဲကိုလည္း သင္ခံစားမိေနပါတယ္။ ဒါေပမယ့္ ေအာက္ပါအခ်က္ေလးေတြကို သင္မေျပာင္းႏုိင္ဘူးဆိုရင္ေတာ့ လူၾကီးျဖစ္ရတာဟာ သင့္အတြက္ အခက္အခဲျဖစ္ေနႏုိင္ပါတယ္။ စိတ္ဖိစီးမႈေတြ အျမဲျဖစ္ေနႏိုင္ပါတယ္။

၁ - ခံစားခ်က္ေနာက္လိုက္တာ ေလွ်ာ့

ခံစားခ်က္ေတြကေတာ့ ငယ္စဥ္ကထက္ ပိုမိုမ်ားျပားလာတယ္လို႔ေတာင္ထင္ရပါတယ္။ ပိုလည္း ထိလြယ္ရွလြယ္လာတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ အျပဳအမူေတြကေတာ့ ပိုမိုထိန္းခ်ဳပ္လာရမွာပါ။ တစ္ခုခုလုပ္ေတာ့မယ္ဆုိ ေၾကာင္းက်ိဳးက်က် စဥ္းစားမႈ လိုအပ္ပါတယ္။ ငယ္စဥ္ကလုိ ခံစားခ်က္ေနာက္လိုက္ျပီး လုပ္ေနလို႔မရေတာ့ပါဘူး။ ဒီလိုလုပ္ေနမယ္ဆုိရင္ေတာ့ သင့္ပတ္ဝန္းက်င္၊ သင့္အေပါင္းအေဖာ္ေတြက ငယ္ငယ္ကလို မဟုတ္ေတာ့တဲ့အတြက္ သင္ဟာ ျပသနာရွိသူအျဖစ္ သတ္မွတ္ၾကပါလိမ့္မယ္။

၂ - ရည္မွန္းခ်က္ေတြေဖာ္၊ တိတိက်က်လုပ္

လူငယ္ဘဝမွာ ရည္မွန္းခ်က္မရွိဘူးလို႔ ေျပာတာမဟုတ္ပါဘူး။ ရည္မွန္းခ်က္ေတြရွိပါတယ္။ ဒါေပမယ့္ တိက်စြာ အေကာင္အထည္ေဖာ္မႈက အားမေကာင္းပါဘူး။ ေသခ်ာစဥ္းစားၾကည့္ရင္ ဘဝအတြက္ အေရးမပါတာေတြကို ပိုအားစိုက္မိေနျပီး ဒီအရာေတြအတြက္ကိုပဲ ခံစားခ်က္ျပင္းျပင္းနဲ႔ တံု႔ျပန္ေနမိတာမ်ိဳး ျဖစ္တတ္ပါတယ္။ လူၾကီးျဖစ္လာျပီလို႔ ကိုယ့္ကိုယ္ကိုယ္ ခံစားေနရတယ္ဆိုရင္ ရည္မွန္းခ်က္ေတြကို တိတိက်က် အေကာင္အထည္ေဖာ္ႏုိင္စြမ္း ရွိရမွာ ျဖစ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ လူငယ္ဘဝကလို သင့္အမွားေတြအတြက္ လူေတြက သိပ္ခြင့္မလႊတ္ခ်င္ေတာ့ပါဘူး။

၃ - ျပသနာ ကိုင္တြယ္မႈ

စိတ္ပိုင္းဆုိင္ရာ ရင့္က်က္မႈကို အျပဳအမူေတြကေန ျပဖို႔ လိုပါတယ္။ အျပဳသေဘာမေဆာင္တဲ့ ေျပာဆိုမႈေတြကို ခ်က္ခ်င္းတံု႔ျပန္တာ၊ ေဒါသထြက္တဲ့ အျပဳအမူမ်ိဳး ခ်က္ခ်င္းျပတာေတြဟာ လူၾကီးျဖစ္လာျပီဆုိ အဆင္မေျပပါဘူး။ သေဘာမတူတဲ့ အေၾကာင္းအရာတစ္ခုကို သိမ္ေမြ႕စြာ သေဘာမတူေၾကာင္းျပတတ္ဖို႔ လိုပါတယ္။ ငယ္ရြယ္စဥ္မွာ အေျပာအဆုိ မတတ္တာဟာ ကိစၥမရွိေပမယ့္ စီးပြားေရးနဲ႔ လုပ္ငန္း လုပ္ကိုင္တဲ့အခါ အေျပာအဆုိ ကၽြမ္းက်င္မႈဟာ အေရးပါပါတယ္။ အေျပာအဆို ကၽြမ္းက်င္တဲ့အတြက္ စိတ္ပိုင္းဆုိင္ရာအရလည္း သက္သာရာ ရေစပါတယ္။

၄ - ထိန္းခ်ဳပ္ႏုိင္မႈ

မေကာင္းဘူးလို႔ ထင္တဲ့အျပဳအမူေတြ၊ အက်င့္စရိုက္ေတြ ကိုယ့္မွာရွိတာကို သိပါတယ္။ ငယ္စဥ္မွာေတာ့ သိပ္ဂရုမစိုက္ပါဘူး။ ၾကံဳသလိုပဲ ၾကည့္ေနသြားတာပါ။ လူၾကီးျဖစ္ျပီလို႔ထင္ရင္ေတာ့ ဒီလိုမရေတာ့ပါဘူး။ မေကာင္းဘူးလို႔ ထင္တဲ့အျပဳအမူေတြကို ပိုမိုထိန္းခ်ဳပ္ႏုိင္ဖို႔ လိုပါတယ္။ အေၾကာင္းအရင္းကေတာ့ သင္လုပ္သမွ်ကို သင္ကိုယ္တုိင္ေျဖရွင္းရေတာ့မွာပါ၊ တာဝန္ယူရေတာ့မွာပါ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူကြီးဖြစ်သွားပြီဆိုတဲ့ ခံစားချက်ဟာ ၃၀ ပတ်ဝန်းကျင်မှာ မလွှဲမသွေကို ကြုံရပါတယ်။ သင့်ဘက်က မပြောင်းချင်သေးပေမယ့်လည်း သင့်ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းနဲ့ သင့်ခန္ဓာကိုယ်ကတောင် ပြောင်းလဲသွားပါပြီ။ ဒီအပြောင်းအလဲကိုလည်း သင်ခံစားမိနေပါတယ်။ ဒါပေမယ့် အောက်ပါအချက်လေးတွေကို သင်မပြောင်းနိုင်ဘူးဆိုရင်တော့ လူကြီးဖြစ်ရတာဟာ သင့်အတွက် အခက်အခဲဖြစ်နေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ အမြဲဖြစ်နေနိုင်ပါတယ်။

၁ - ခံစားချက်နောက်လိုက်တာ လျှော့

ခံစားချက်တွေကတော့ ငယ်စဉ်ကထက် ပိုမိုများပြားလာတယ်လို့တောင်ထင်ရပါတယ်။ ပိုလည်း ထိလွယ်ရှလွယ်လာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အပြုအမူတွေကတော့ ပိုမိုထိန်းချုပ်လာရမှာပါ။ တစ်ခုခုလုပ်တော့မယ်ဆို ကြောင်းကျိုးကျကျ စဉ်းစားမှု လိုအပ်ပါတယ်။ ငယ်စဉ်ကလို ခံစားချက်နောက်လိုက်ပြီး လုပ်နေလို့မရတော့ပါဘူး။ ဒီလိုလုပ်နေမယ်ဆိုရင်တော့ သင့်ပတ်ဝန်းကျင်၊ သင့်အပေါင်းအဖော်တွေက ငယ်ငယ်ကလို မဟုတ်တော့တဲ့အတွက် သင်ဟာ ပြသနာရှိသူအဖြစ် သတ်မှတ်ကြပါလိမ့်မယ်။

၂ - ရည်မှန်းချက်တွေဖော်၊ တိတိကျကျလုပ်

လူငယ်ဘဝမှာ ရည်မှန်းချက်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ရည်မှန်းချက်တွေရှိပါတယ်။ ဒါပေမယ့် တိကျစွာ အကောင်အထည်ဖော်မှုက အားမကောင်းပါဘူး။ သေချာစဉ်းစားကြည့်ရင် ဘဝအတွက် အရေးမပါတာတွေကို ပိုအားစိုက်မိနေပြီး ဒီအရာတွေအတွက်ကိုပဲ ခံစားချက်ပြင်းပြင်းနဲ့ တုံ့ပြန်နေမိတာမျိုး ဖြစ်တတ်ပါတယ်။ လူကြီးဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရတယ်ဆိုရင် ရည်မှန်းချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူငယ်ဘဝကလို သင့်အမှားတွေအတွက် လူတွေက သိပ်ခွင့်မလွှတ်ချင်တော့ပါဘူး။

၃ - ပြသနာ ကိုင်တွယ်မှု

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို အပြုအမူတွေကနေ ပြဖို့ လိုပါတယ်။ အပြုသဘောမဆောင်တဲ့ ပြောဆိုမှုတွေကို ချက်ချင်းတုံ့ပြန်တာ၊ ဒေါသထွက်တဲ့ အပြုအမူမျိုး ချက်ချင်းပြတာတွေဟာ လူကြီးဖြစ်လာပြီဆို အဆင်မပြေပါဘူး။ သဘောမတူတဲ့ အကြောင်းအရာတစ်ခုကို သိမ်မွေ့စွာ သဘောမတူကြောင်းပြတတ်ဖို့ လိုပါတယ်။ ငယ်ရွယ်စဉ်မှာ အပြောအဆို မတတ်တာဟာ ကိစ္စမရှိပေမယ့် စီးပွားရေးနဲ့ လုပ်ငန်း လုပ်ကိုင်တဲ့အခါ အပြောအဆို ကျွမ်းကျင်မှုဟာ အရေးပါပါတယ်။ အပြောအဆို ကျွမ်းကျင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရလည်း သက်သာရာ ရစေပါတယ်။

၄ - ထိန်းချုပ်နိုင်မှု

မကောင်းဘူးလို့ ထင်တဲ့အပြုအမူတွေ၊ အကျင့်စရိုက်တွေ ကိုယ့်မှာရှိတာကို သိပါတယ်။ ငယ်စဉ်မှာတော့ သိပ်ဂရုမစိုက်ပါဘူး။ ကြုံသလိုပဲ ကြည့်နေသွားတာပါ။ လူကြီးဖြစ်ပြီလို့ထင်ရင်တော့ ဒီလိုမရတော့ပါဘူး။ မကောင်းဘူးလို့ ထင်တဲ့အပြုအမူတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အကြောင်းအရင်းကတော့ သင်လုပ်သမျှကို သင်ကိုယ်တိုင်ဖြေရှင်းရတော့မှာပါ၊ တာဝန်ယူရတော့မှာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top