ခင္ဗ်ားမွာခ်စ္သူေကာင္မေလးတစ္ေယာက္ရွိျပီး ခင္ဗ်ားရဲ႕အခ်ိန္ေတြ၊ ေငြေတြ၊ ခံစားခ်က္ေတြကိုျမွပ္ႏွံျပီး Relationship တစ္ခုကိုတည္ေဆာက္ခဲ႔တယ္ဆိုပါစို႔။ သူကလည္းခင္ဗ်ားကိုခ်စ္တယ္။ ခင္ဗ်ားကလည္းသူ႕ကိုခ်စ္တယ္။ အသိုင္းအဝိုင္းကလည္း ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ခ်စ္သူေတြအျဖစ္အသိအမွတ္ျပဳထားၾကတယ္ဆိုပါစို႕။ ဒါေပမယ္႔အခ်ိန္ေတြၾကာလာတာနဲ႕အမွ် ခင္ဗ်ားတို႔ၾကားက မျမင္ႏိုင္၊ မေတြ႕မထိႏိုင္တဲ႔အေသးအဖြဲအရာေလးေတြက ေျပာင္းလဲလာတယ္လို႔ခံစားလာရမယ္။ သူ႔ရဲ႕ခံစားခ်က္ေတြကလည္း ေအးစက္လာတယ္လို႔ခံစားလာရမယ္။ ဒါေပမယ္႔ ဘာေတြျဖစ္ေနတယ္ဆိုတာကိုလည္း ခင္ဗ်ား တပ္အပ္မေျပာႏိုင္ဘူး။ ဒါဆိုရင္ေတာ႔ ခင္ဗ်ားရဲ႕ခ်စ္သူေကာင္မေလး ခင္ဗ်ားအေပၚထားတဲ႔ခံစားခ်က္ေတြ ေျပာင္းလဲသြားရင္ျဖစ္တတ္တဲ႔ အရာေလးေတြကို ဖတ္ၾကည္႔လိုက္ရေအာင္။
၁။ ဖုန္းေတြ၊ မတ္ေဆ႔ခ်္ေတြျပန္ေျဖဖို႔ အခ်ိန္ေတြပိုၾကာလာတယ္
အရင္တုံးကဆို ခင္ဗ်ားဖုန္းေတြကိုသူေမွ်ာ္ပါတယ္။ အလုပ္ေတြမ်ားေနလို႔ဖုန္းမဆက္မိရင္ေတာင္ စိတ္ေကာက္ေၾကာင္းေဖာ္ျပပါတယ္။ ဒါေပမယ္႔ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ခင္ဗ်ားဖုန္းေခၚရင္ေတာင္ တစ္ၾကိမ္တည္းနဲ႔မကိုင္ေတာ႔ပါဘူး။ တစ္ခါတေလ missed call ေတြအမ်ားၾကီးေတြ႕မွ ျပန္ေခၚတာမ်ိဳးေတြျဖစ္လာပါတယ္။ မတ္ေဆ႔ခ်္ေတြကိုလည္းေတြ႕ေတြ႕ခ်င္းျပန္မပို႔ေတာ႔ပါဘူး။ တေမ႕တေမာၾကာမွ Shortcut ေလးေတြ၊ emoji ေလးေတြပဲျပန္ပို႔ပါေတာ႔တယ္။ ဖုန္းေျပာေနရင္းလည္း စိတ္မပါလက္မပါျဖစ္ေနတတ္ပါတယ္။ ဒါေပမယ္႔ အရမ္းၾကီးေတာ႔မစိုးရိမ္ပါနဲ႕ဦး။ ဒါဟာသူ႕ရဲ႕တေန႔တာအစီအစဥ္ဟာ ကေမာက္ကမေတြ၊ အဆင္မေျပတာေတြျဖစ္ခဲ႔လို႔လည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒါေပမယ္႔ အထက္ေဖာ္ျပပါပံုစံအတိုင္း ေန႕စဥ္ရက္ဆက္ျဖစ္ေနျပီဆိုရင္ေတာ႔ ခင္ဗ်ားသတိထားသင္႔ပါျပီ။ ျဖစ္ႏိုင္ေျခက (၂)မ်ိဳးရွိပါတယ္။ ပထမတစ္ခုကေတာ႔ သူကခင္ဗ်ားရဲ႕ဖုန္းေတြ၊ မတ္ေဆ႔ခ်္ေတြကိုအခ်ိန္မွန္မွန္ ျပန္မေျဖေတာ႔ပါဘူး။ ျပီးရင္ထံုးစံအတိုင္း ဆင္ေျခေတြကိုပဲေပးပါလိမ္႔မယ္။ သူ႔ရဲ႕ဆင္ေျခေတြက တံု႕ဆိုင္းေနတာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ သူ႔ရဲ႕အေၾကာင္းျပခ်က္ေတြကို ခင္ဗ်ားမယံုၾကည္သလိုခံစားရတာပဲျဖစ္ျဖစ္ ျဖစ္လာရင္ေတာ႔ တကယ္ဟုတ္မဟုတ္ စံုစမ္းၾကည္႔သင္႔ပါတယ္။ စံုစမ္းၾကည္႔လို႔မွန္ေနရင္ေတာ႔ ဘာမွစိတ္ပူေနစရာမလုိေတာ႔ဘူးေပါ႔။ ဒါေပမယ္႔ သူ႔ရဲ႕တံု႕ျပန္မႈေတြ စိတ္မပါ လက္မပါျဖစ္ေနျပီ။ ေနာက္ျပီးေက်နပ္ေလာက္တဲ႔အေၾကာင္းျပခ်က္ကိုလည္းမေပးႏိုင္ေတာ႔ဘူး ဆုိရင္ေတာ႔ ေအးေအးေဆးေဆးတိုင္ပင္ေဆြးေႏြးျပီး ဘာဆက္လုပ္ၾကမလဲ ဆိုတာကို ေမးျမန္းသင္႔ပါျပီ။
၂။ ကိုယ္႔ထက္ တျခားအရာေတြပိုဦးစားေပးလာပါတယ္
လူတိုင္း လူတိုင္းမွာဦးစားေပးလုပ္ေဆာင္ရမယ္႔ ကိစၥေတြရွိပါတယ္။ ဥပမာ... အလုပ္၊ မိသားစု၊ က်န္းမာေရးစသျဖင္႔ေပါ႔။ ဒါေပမယ္႔ အဲဒီအေရးၾကီးဦးစားေပးေဆာင္ရြက္ရမယ္႔ ကိစၥေတြကလြဲရင္ေတာ႔ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ႔ ခင္ဗ်ားဟာ သူ႔ဘဝရဲ႕အေရးၾကီးဦးစားေပးစာရင္းထဲမွာ ပါဝင္ေနသင္႔ပါတယ္။ ဒါေပမယ္႔ ခင္ဗ်ားနဲ႔ေတြ႕ဖို႔ခ်ိန္းထားျပီးမွ ေကာက္ဖ်က္လိုက္တဲ႔အၾကိမ္ေရေတြ ပိုမ်ားလာတာတို႔၊ အေစာကတည္းက ခင္ဗ်ားနဲ႔ေတြ႕ဖို႔ထက္ သူမ်ားေတြနဲ႕ေတြ႕ဖို႔ကို ပိုဦးစားေပးေနျပီဆိုရင္ေတာ႔ ဒါဟာမီးနီမသိမသာျပလိုက္တာပါပဲ။ ဒါေပမယ္႔ အရမ္းၾကီးေတာ႔မစိုးရိမ္ပါနဲ႕ဦး။ လူတိုင္း လူတိုင္းမွာ social life (လူမႈေရး) ဆိုတာရွိပါတယ္။ ခင္ဗ်ားတြဲေနတဲ႔ေကာင္မေလးက social ေကာင္းလြန္းတဲ႔မိန္းကေလးတစ္ေယာက္ (အေပါင္းအသင္းမိတ္ေဆြမ်ားလြန္းရင္) သူမရဲ႕အခ်ိန္ေတြကို ခင္ဗ်ားအတြက္ သိပ္မေပးႏိုင္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီေတာ႔ ခင္ဗ်ားေကာင္မေလးဆီမွာ ဒီေဆာင္းပါးထဲမွာပါတဲ႔တျခားအခ်က္ေတြကိုမေတြ႕ရဘဲ ဒီတစ္ခ်က္ထဲေတြ႕ရမယ္ဆိုရင္ေတာ႔ သိပ္စိုးရိမ္စရာမရွိေသးပါဘူး။
၃။ သူ႔ရဲ႕မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ခင္ဗ်ားကိုမိတ္ဆက္မေပးဘူး
မိန္းကေလးေတြက ကိုယ္တကယ္ခ်စ္ျမတ္ႏိုးတဲ႔ေယာက်္ားကို ေပၚတင္ပဲတြဲခ်င္ၾကပါတယ္။ (Silent တြဲေနျပီဆိုရင္လည္း သူတကယ္ခ်စ္တဲ႔ေယာက်္ားကိုေတြ႕တဲ႔တေန႕ ကိုယ္႔ကိုေခါက္ခဲ႔မွာပါပဲ။) ဒီေတာ႔ ခင္ဗ်ားကို တစ္ဘဝလံုးစာအတြက္ရည္မွန္းထားတယ္ဆိုရင္ သူ႔ရဲ႕အရင္းႏွီးဆံုးသူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔ မိတ္ဆက္ေပးမွာပါ။ တစ္ခုေတာ႔ရွိပါတယ္။ တြဲတာသိပ္မၾကာေသးတဲ႔ Relationship တစ္ခုမွာေတာ႔ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းမသိရေသးခင္ သူ႔ရဲ႕ inner circle (မိသားစုစက္ဝိုင္း) ထဲကိုေတာ႔ဆြဲထည္႔ဦးမွာမဟုတ္ပါဘူး။ ဒါေပမယ္႔ တြဲလာတာလည္းၾကာျပီ။ တစ္ေယာက္အေၾကာင္း တစ္ေယာက္လည္းေကာင္းေကာင္းသိျပီဆိုရင္ေတာ႔ အခ်ိန္တစ္ခုၾကာရင္ သူ႔ရဲ႕မိသားစုနဲ႕ဆံုေပးသင္႔ပါျပီ။ ဒီလိုမွမဟုတ္ရင္ေတာ႔ သူဟာ ခင္ဗ်ားတို႔ႏွစ္ေယာက္ရဲ႕ relationship ကိုေနာက္တစ္ဆင္႔တက္ဖို႔ မစဥ္းစားထားပါဘူး။
၄။ လက္ကိုင္တာေတြ၊ ေပြ႕ဖက္တာေတြကိုျငင္းပယ္လာပါလိမ္႔မယ္
(၂၁) ရာစုၾကီးထဲမွာ စံုတြဲရယ္လို႔ျဖစ္လာရင္ တြဲသြားတြဲလာလုပ္ၾကတဲ႔အခါ လက္တြဲသြားတာတို႔၊ ပုခံုးဖက္တာတို႔က ပံုမွန္ပါပဲ။ ဒါဟာႏွစ္ေယာက္ၾကားကရင္းႏွီးမႈနဲ႔ ရုပ္ပိုင္းဆိုင္ရာမွီခိုလိုမႈကို ေဖာ္ျပပါတယ္။ ဒီလိုမဟုတ္ေတာ႔ဘဲ ႏွစ္ေယာက္အတူရွိေနခ်ိန္တိုင္း လက္တြဲသြားဖို႔ကိုျငင္းပယ္တာတို႔၊ ေကာ္ဖီဆိုင္အတူထိုင္ေနရင္း ပုခံုးသြားဖက္ရင္ပုတ္ခ်တာတို႔ လုပ္လာျပီဆိုရင္ေတာ႔ (စိတ္ေကာက္ေနတာမဟုတ္ရင္) သူ႔ရဲ႕ စိတ္သေဘာထားကိုအသံတိတ္ေဖာ္ျပေနတာပါပဲ။ ဒီေနရာမွာတစ္ခုမွတ္ထားရမွာက စတြဲကတည္းကဒီလိုရုပ္ပိုင္းဆိုင္ရာထိေတြ႕မႈမ်ိဳးကို လူျမင္ကြင္းမွာမလုပ္လိုဘူးလို႔ ျငင္းပယ္ထားတဲ႔ မိန္းကေလးေတြ ရွိေကာင္း ရွိႏိုင္ပါတယ္။ အဲဒီလိုမိန္းကေလးေတြက်ေတာ႔ အရွက္အေၾကာက္ၾကီးျပီး သူ႔ရဲ႕အိမ္နဲ႔မိသားစုကေတြ႕သြားမွာစိုးရိမ္လို႔ လူျမင္ကြင္းမွာတြဲမသြားလိုတာျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးမဟုတ္ဘဲ တြဲကာစကအေကာင္း၊ ေနာက္မွ ရုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေတြကိုျငင္းဆန္လာမယ္ဆိုရင္ေတာ႔ ဒါဟာခင္ဗ်ားကိုျဖတ္ခ်င္တဲ႔လကၡဏာတစ္ခုအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။
၅။ အနာဂတ္ၾကီးတစ္ခုလံုး ေပ်ာက္ဆံုးလာမယ္
အတြဲေတြၾကားမွာ တစ္ခ်ိန္က်ရင္ဘာလုပ္မယ္ဆိုျပီး ၾကိဳတင္ေျပာဆိုစိတ္ကူးထားတာေတြရွိတတ္ၾကပါတယ္။ ဥပမာ... ႏွစ္ပတ္လည္ေန႕ေရာက္ရင္ ခရီးတူတူထြက္မယ္။ အေကာင္းဆံုးဟိုတယ္မွာတည္းျပီး ေဒသအစားအစာေတြကိုေလွ်ာက္စားမယ္ စသည္ျဖင္႔ေပါ႔။ ဒီလိုေလးေတြအနာဂတ္စီမံကိန္းခ်တာကိုက Relationship တစ္ခုအတြက္သံေယာဇဥ္ကိုခိုင္ျမဲေစပါတယ္။ ဒီလိုမဟုတ္ေတာ႔ဘဲ သူ႕မွာေတြေဝစရာေတြ ရွိလာျပီဆိုရင္ေတာ႔ ခင္ဗ်ားတို႔ႏွစ္ေယာက္ၾကားက အနာဂတ္စီမံကိန္္းအေၾကာင္းေျပာဖို႔အခြင္႔အလမ္းေလးေတြ ေလ်ာ႔နည္းလာပါလိမ္႔မယ္။ ဒီလိုနဲ႔ခင္ဗ်ားတို႔ၾကားက အမွတ္ရစရာအခ်ိန္ေလးေတြ ေလ်ာ႔နည္းလာျပီး ပတ္သက္မႈကလည္း အပ်က္ဘက္ကိုဦးတည္လာပါလိမ္႔မယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခင်ဗျားမှာချစ်သူကောင်မလေးတစ်ယောက်ရှိပြီး ခင်ဗျားရဲ့အချိန်တွေ၊ ငွေတွေ၊ ခံစားချက်တွေကိုမြှပ်နှံပြီး Relationship တစ်ခုကိုတည်ဆောက်ခဲ့တယ်ဆိုပါစို့။ သူကလည်းခင်ဗျားကိုချစ်တယ်။ ခင်ဗျားကလည်းသူ့ကိုချစ်တယ်။ အသိုင်းအဝိုင်းကလည်း ခင်ဗျားတို့နှစ်ယောက်ကို ချစ်သူတွေအဖြစ်အသိအမှတ်ပြုထားကြတယ်ဆိုပါစို့။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှ ခင်ဗျားတို့ကြားက မမြင်နိုင်၊ မတွေ့မထိနိုင်တဲ့အသေးအဖွဲအရာလေးတွေက ပြောင်းလဲလာတယ်လို့ခံစားလာရမယ်။ သူ့ရဲ့ခံစားချက်တွေကလည်း အေးစက်လာတယ်လို့ခံစားလာရမယ်။ ဒါပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ခင်ဗျား တပ်အပ်မပြောနိုင်ဘူး။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ချစ်သူကောင်မလေး ခင်ဗျားအပေါ်ထားတဲ့ခံစားချက်တွေ ပြောင်းလဲသွားရင်ဖြစ်တတ်တဲ့ အရာလေးတွေကို ဖတ်ကြည့်လိုက်ရအောင်။
၁။ ဖုန်းတွေ၊ မတ်ဆေ့ချ်တွေပြန်ဖြေဖို့ အချိန်တွေပိုကြာလာတယ်
အရင်တုံးကဆို ခင်ဗျားဖုန်းတွေကိုသူမျှော်ပါတယ်။ အလုပ်တွေများနေလို့ဖုန်းမဆက်မိရင်တောင် စိတ်ကောက်ကြောင်းဖော်ပြပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ခင်ဗျားဖုန်းခေါ်ရင်တောင် တစ်ကြိမ်တည်းနဲ့မကိုင်တော့ပါဘူး။ တစ်ခါတလေ missed call တွေအများကြီးတွေ့မှ ပြန်ခေါ်တာမျိုးတွေဖြစ်လာပါတယ်။ မတ်ဆေ့ချ်တွေကိုလည်းတွေ့တွေ့ချင်းပြန်မပို့တော့ပါဘူး။ တမေ့တမောကြာမှ Shortcut လေးတွေ၊ emoji လေးတွေပဲပြန်ပို့ပါတော့တယ်။ ဖုန်းပြောနေရင်းလည်း စိတ်မပါလက်မပါဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့မစိုးရိမ်ပါနဲ့ဦး။ ဒါဟာသူ့ရဲ့တနေ့တာအစီအစဉ်ဟာ ကမောက်ကမတွေ၊ အဆင်မပြေတာတွေဖြစ်ခဲ့လို့လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အထက်ဖော်ပြပါပုံစံအတိုင်း နေ့စဉ်ရက်ဆက်ဖြစ်နေပြီဆိုရင်တော့ ခင်ဗျားသတိထားသင့်ပါပြီ။ ဖြစ်နိုင်ခြေက (၂)မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ သူကခင်ဗျားရဲ့ဖုန်းတွေ၊ မတ်ဆေ့ချ်တွေကိုအချိန်မှန်မှန် ပြန်မဖြေတော့ပါဘူး။ ပြီးရင်ထုံးစံအတိုင်း ဆင်ခြေတွေကိုပဲပေးပါလိမ့်မယ်။ သူ့ရဲ့ဆင်ခြေတွေက တုံ့ဆိုင်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ရဲ့အကြောင်းပြချက်တွေကို ခင်ဗျားမယုံကြည်သလိုခံစားရတာပဲဖြစ်ဖြစ် ဖြစ်လာရင်တော့ တကယ်ဟုတ်မဟုတ် စုံစမ်းကြည့်သင့်ပါတယ်။ စုံစမ်းကြည့်လို့မှန်နေရင်တော့ ဘာမှစိတ်ပူနေစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့တုံ့ပြန်မှုတွေ စိတ်မပါ လက်မပါဖြစ်နေပြီ။ နောက်ပြီးကျေနပ်လောက်တဲ့အကြောင်းပြချက်ကိုလည်းမပေးနိုင်တော့ဘူး ဆိုရင်တော့ အေးအေးဆေးဆေးတိုင်ပင်ဆွေးနွေးပြီး ဘာဆက်လုပ်ကြမလဲ ဆိုတာကို မေးမြန်းသင့်ပါပြီ။
၂။ ကိုယ့်ထက် တခြားအရာတွေပိုဦးစားပေးလာပါတယ်
လူတိုင်း လူတိုင်းမှာဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေရှိပါတယ်။ ဥပမာ... အလုပ်၊ မိသားစု၊ ကျန်းမာရေးစသဖြင့်ပေါ့။ ဒါပေမယ့် အဲဒီအရေးကြီးဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေကလွဲရင်တော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ ခင်ဗျားဟာ သူ့ဘဝရဲ့အရေးကြီးဦးစားပေးစာရင်းထဲမှာ ပါဝင်နေသင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့တွေ့ဖို့ချိန်းထားပြီးမှ ကောက်ဖျက်လိုက်တဲ့အကြိမ်ရေတွေ ပိုများလာတာတို့၊ အစောကတည်းက ခင်ဗျားနဲ့တွေ့ဖို့ထက် သူများတွေနဲ့တွေ့ဖို့ကို ပိုဦးစားပေးနေပြီဆိုရင်တော့ ဒါဟာမီးနီမသိမသာပြလိုက်တာပါပဲ။ ဒါပေမယ့် အရမ်းကြီးတော့မစိုးရိမ်ပါနဲ့ဦး။ လူတိုင်း လူတိုင်းမှာ social life (လူမှုရေး) ဆိုတာရှိပါတယ်။ ခင်ဗျားတွဲနေတဲ့ကောင်မလေးက social ကောင်းလွန်းတဲ့မိန်းကလေးတစ်ယောက် (အပေါင်းအသင်းမိတ်ဆွေများလွန်းရင်) သူမရဲ့အချိန်တွေကို ခင်ဗျားအတွက် သိပ်မပေးနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ခင်ဗျားကောင်မလေးဆီမှာ ဒီဆောင်းပါးထဲမှာပါတဲ့တခြားအချက်တွေကိုမတွေ့ရဘဲ ဒီတစ်ချက်ထဲတွေ့ရမယ်ဆိုရင်တော့ သိပ်စိုးရိမ်စရာမရှိသေးပါဘူး။
၃။ သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ခင်ဗျားကိုမိတ်ဆက်မပေးဘူး
မိန်းကလေးတွေက ကိုယ်တကယ်ချစ်မြတ်နိုးတဲ့ယောကျ်ားကို ပေါ်တင်ပဲတွဲချင်ကြပါတယ်။ (Silent တွဲနေပြီဆိုရင်လည်း သူတကယ်ချစ်တဲ့ယောကျ်ားကိုတွေ့တဲ့တနေ့ ကိုယ့်ကိုခေါက်ခဲ့မှာပါပဲ။) ဒီတော့ ခင်ဗျားကို တစ်ဘဝလုံးစာအတွက်ရည်မှန်းထားတယ်ဆိုရင် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးမှာပါ။ တစ်ခုတော့ရှိပါတယ်။ တွဲတာသိပ်မကြာသေးတဲ့ Relationship တစ်ခုမှာတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိရသေးခင် သူ့ရဲ့ inner circle (မိသားစုစက်ဝိုင်း) ထဲကိုတော့ဆွဲထည့်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် တွဲလာတာလည်းကြာပြီ။ တစ်ယောက်အကြောင်း တစ်ယောက်လည်းကောင်းကောင်းသိပြီဆိုရင်တော့ အချိန်တစ်ခုကြာရင် သူ့ရဲ့မိသားစုနဲ့ဆုံပေးသင့်ပါပြီ။ ဒီလိုမှမဟုတ်ရင်တော့ သူဟာ ခင်ဗျားတို့နှစ်ယောက်ရဲ့ relationship ကိုနောက်တစ်ဆင့်တက်ဖို့ မစဉ်းစားထားပါဘူး။
၄။ လက်ကိုင်တာတွေ၊ ပွေ့ဖက်တာတွေကိုငြင်းပယ်လာပါလိမ့်မယ်
(၂၁) ရာစုကြီးထဲမှာ စုံတွဲရယ်လို့ဖြစ်လာရင် တွဲသွားတွဲလာလုပ်ကြတဲ့အခါ လက်တွဲသွားတာတို့၊ ပုခုံးဖက်တာတို့က ပုံမှန်ပါပဲ။ ဒါဟာနှစ်ယောက်ကြားကရင်းနှီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာမှီခိုလိုမှုကို ဖော်ပြပါတယ်။ ဒီလိုမဟုတ်တော့ဘဲ နှစ်ယောက်အတူရှိနေချိန်တိုင်း လက်တွဲသွားဖို့ကိုငြင်းပယ်တာတို့၊ ကော်ဖီဆိုင်အတူထိုင်နေရင်း ပုခုံးသွားဖက်ရင်ပုတ်ချတာတို့ လုပ်လာပြီဆိုရင်တော့ (စိတ်ကောက်နေတာမဟုတ်ရင်) သူ့ရဲ့ စိတ်သဘောထားကိုအသံတိတ်ဖော်ပြနေတာပါပဲ။ ဒီနေရာမှာတစ်ခုမှတ်ထားရမှာက စတွဲကတည်းကဒီလိုရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမျိုးကို လူမြင်ကွင်းမှာမလုပ်လိုဘူးလို့ ငြင်းပယ်ထားတဲ့ မိန်းကလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလိုမိန်းကလေးတွေကျတော့ အရှက်အကြောက်ကြီးပြီး သူ့ရဲ့အိမ်နဲ့မိသားစုကတွေ့သွားမှာစိုးရိမ်လို့ လူမြင်ကွင်းမှာတွဲမသွားလိုတာဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဟုတ်ဘဲ တွဲကာစကအကောင်း၊ နောက်မှ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကိုငြင်းဆန်လာမယ်ဆိုရင်တော့ ဒါဟာခင်ဗျားကိုဖြတ်ချင်တဲ့လက္ခဏာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
၅။ အနာဂတ်ကြီးတစ်ခုလုံး ပျောက်ဆုံးလာမယ်
အတွဲတွေကြားမှာ တစ်ချိန်ကျရင်ဘာလုပ်မယ်ဆိုပြီး ကြိုတင်ပြောဆိုစိတ်ကူးထားတာတွေရှိတတ်ကြပါတယ်။ ဥပမာ... နှစ်ပတ်လည်နေ့ရောက်ရင် ခရီးတူတူထွက်မယ်။ အကောင်းဆုံးဟိုတယ်မှာတည်းပြီး ဒေသအစားအစာတွေကိုလျှောက်စားမယ် စသည်ဖြင့်ပေါ့။ ဒီလိုလေးတွေအနာဂတ်စီမံကိန်းချတာကိုက Relationship တစ်ခုအတွက်သံယောဇဉ်ကိုခိုင်မြဲစေပါတယ်။ ဒီလိုမဟုတ်တော့ဘဲ သူ့မှာတွေဝေစရာတွေ ရှိလာပြီဆိုရင်တော့ ခင်ဗျားတို့နှစ်ယောက်ကြားက အနာဂတ်စီမံကိန်းအကြောင်းပြောဖို့အခွင့်အလမ်းလေးတွေ လျော့နည်းလာပါလိမ့်မယ်။ ဒီလိုနဲ့ခင်ဗျားတို့ကြားက အမှတ်ရစရာအချိန်လေးတွေ လျော့နည်းလာပြီး ပတ်သက်မှုကလည်း အပျက်ဘက်ကိုဦးတည်လာပါလိမ့်မယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဒီလိုေတြျဖစ္ေနၿပီဆိုရင္ ေကာင္မေလးက ကိုယ္႔ကိုျဖတ္ေတာ႔မယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။