iMyanmarHouse.com - Best Property Website for Myanmar
×

သြားက်န္းမာေရးဆိုတာလည္း ဂရုစိုက္သင္႔တဲ႔အရာတစ္မ်ိဳးပါပဲ။ သြားကိုက္ျပီဆိုရင္ ေနမထိထိုင္မသာနဲ႔ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိတဲ႔ ဆိုးရြားတဲ႔ေဝဒနာတစ္မ်ိဳးကိုျဖစ္ေစပါတယ္။ အလုပ္ပ်က္၊ အကိုင္ပ်က္လည္းျဖစ္ေစတဲ႔အျပင္ ျဖစ္ျပီဆိုရင္ ေတာ္ေတာ္နဲ႔ မေပ်ာက္ပါဘူး။ ဒါေၾကာင္႔လူၾကီးမိဘေတြက အိပ္ယာထျပီးခ်ိန္နဲ႔ အိပ္ယာမဝင္ခင္အခ်ိန္ေတြမွာ သြားကိုပံုမွန္တိုက္ေပးဖို႔ တိုက္တြန္း ၾကတာျဖစ္ပါတယ္။ ဒါေပမယ္႔ သြားကိုပံုမွန္တိုက္ေပးရံု၊ ခံတြင္းသန္႔ရွင္းေရးလုပ္ေပးရံုနဲ႔ တစ္ခါတေလမွာမလံုေလာက္ေတာ႔ပါဘူး။ ကြ်န္ေတာ္တို႔ေန႕စဥ္စားသံုးေနတဲ႔အစားအစာေတြဟာလည္း ကြ်န္ေတာ္တို႔ရဲ႕သြားက်န္းမာေရးကို အက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။ ကာဘိုဟိုက္ဒရိတ္ ပါဝင္မႈမ်ားတဲ႔အစားအစာေတြကို စားမိျပီဆိုရင္ ပါးစပ္ထဲမွာရွိတဲ႔ဘက္တီးရီးယားေတြနဲ႔ ေပါင္းမိျပီး အက္ဆစ္ေတြ ျဖစ္လာေစပါတယ္။ အဲဒီအက္ဆစ္ေတြရယ္၊ ဘက္တီးရီးယားေတြရယ္၊ တံေထြးေတြရယ္ေပါင္းျပီး သြားနံရံမွာဂ်ိဳးေတြတက္ရာကေန သြားပိုးေပါက္ေတြျဖစ္၊ သြားေရစီးကမ္းျပိဳလိုက္တာေတြ ျဖစ္လာတတ္ပါတယ္။ သြားက်န္းမာေရးကို ဆိုးဝါးစြာအက်ိဳးသက္ေရာက္ ေစႏိုင္တဲ႔ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေရခဲ

ေမာပန္းႏြမ္းနယ္ေနတဲ႔အခ်ိန္မွာ ေရေအးေရေအးေအးေလးတစ္ခြက္ ေသာက္လိုက္တာက လူကိုခ်က္ခ်င္းအေမာေျပေစတယ္လို႔ ထင္ၾကပါလိမ္႔မယ္။ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔အေအးဆိုင္ထိုင္တဲ႔အခါ ေရခဲမႈန္ေလးေတြပါတဲ႔ အေအးကိုမွ ေသာက္ရတာ ၾကိဳက္ႏွစ္သက္ၾကပါလိမ္႔မယ္။ ဒါဆိုရင္ ႏွစ္္ခါျပန္ေတြးၾကည္႔ၾကေစခ်င္ပါတယ္။ အသန္႕စင္ဆံုးေရနဲ႕ျပဳလုပ္ထားတဲ႔ေရခဲေတာင္မွ ကြ်န္ေတာ္တို႔ရဲ႕သြားေၾကြလႊာေတြကို ထိခိုက္ေစႏိုင္ပါတယ္။ (ကြ်န္ေတာ္တို႔ေတြ ေန႕စဥ္ထိုင္ေနတဲ႔ အေအးဆိုင္ေတြမွာ ေရသန္႕ ေရခဲကိုပဲ သံုး/မသံုးဆိုတာ ကြ်န္ေတာ္တို႔ေတြ သိႏိုင္တဲ႔ကိစၥမဟုတ္ပါဘူး။) ဒါေၾကာင္႔ အေကာင္းဆံုးကေတာ႔ တတ္ႏိုင္သမွ် ေရွာင္ရွားသင္႔ပါတယ္။

၂။ ေစးကပ္တဲ႔အစားအစာေတြ

ခ်ိဳခ်ဥ္သၾကားလံုးေတြ၊ ၾကာၾကာအထားခံေအာင္ျပဳလုပ္ထားတဲ႔ သစ္သီးေျခာက္ေတြ၊ ယိုစံုေတြက သြားၾကားထဲေတြ၊ သြားေနာက္ေတြမွာ ကပ္တြယ္ေနႏိုင္ျပီး ခင္ဗ်ားရဲ႕သြားကိုသၾကားနဲ႔အခ်ိန္ပိုၾကာၾကာထိေတြ႕ေနေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ဒီေတာ႔ အဲဒီလိုအစားအစာေတြကို ေရွာင္ႏိုင္ရင္ ေရွာင္ရွားသင္႔ျပီး စားမယ္ဆိုရင္လည္း စားျပီးတာနဲ႔ ပါးစပ္ကိုေသေသခ်ာခ်ာ ပလုတ္က်င္းေဆးေၾကာသင္႔ပါတယ္။

၃။ ဆိုဒါေတြ

DJ Soda ကိုေတာ႔ ေျပာတာမဟုတ္ပါဘူး… :P ။ ဒါေပမယ္႔ ဆိုဒါေဖ်ာ္ရည္ေတြက ကြ်န္ေတာ္တို႔ရဲ႕သြားမွာ အက္ဆစ္ေတြ၊ သၾကားေတြ ကပ္ညိေစႏိုင္ျပီး ကြ်န္ေတာ္တို႔ရဲ႕သြားအေပၚယံေၾကြလႊာေတြကို ထိခိုက္ဒဏ္ရာရေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ကိုလာတို႔၊ ပက္ဆီတို႔လို ကာဘိုဟိုက္ဒရိတ္ပါဝင္မႈမ်ားတဲ႔ ေဖ်ာ္ရည္ေတြကို တတ္ႏိုင္သမွ်ေရွာင္ရွားသင္႔ပါတယ္။

၄။ အရက္

အရက္အလြန္အကြ်ံေသာက္သံုးမယ္ဆိုရင္ ခံတြင္းထဲကထုတ္လုပ္ေပးႏိုင္တဲ႔ တံေထြးပမာဏကို ေလ်ာ႔နည္းေစပါတယ္။ ဒါေၾကာင္႔ ခံတြင္းေျခာက္တာတို႔၊ သြားဖံုးပ်က္ဆီးတာတို႔ ျဖစ္ႏိုင္ေျခပိုမ်ားလာေစပါတယ္။ ဒါတင္မကေသးပါဘူး။ အရက္အလြန္အကြ်ံ ေသာက္သံုးျခင္းက ခံတြင္းကင္ဆာျဖစ္ပြားႏိုင္ေျခကို ျမွင္႔တင္ေပးပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သွားကျန်းမာရေးဆိုတာလည်း ဂရုစိုက်သင့်တဲ့အရာတစ်မျိုးပါပဲ။ သွားကိုက်ပြီဆိုရင် နေမထိထိုင်မသာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့ ဆိုးရွားတဲ့ဝေဒနာတစ်မျိုးကိုဖြစ်စေပါတယ်။ အလုပ်ပျက်၊ အကိုင်ပျက်လည်းဖြစ်စေတဲ့အပြင် ဖြစ်ပြီဆိုရင် တော်တော်နဲ့ မပျောက်ပါဘူး။ ဒါကြောင့်လူကြီးမိဘတွေက အိပ်ယာထပြီးချိန်နဲ့ အိပ်ယာမဝင်ခင်အချိန်တွေမှာ သွားကိုပုံမှန်တိုက်ပေးဖို့ တိုက်တွန်း ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သွားကိုပုံမှန်တိုက်ပေးရုံ၊ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရုံနဲ့ တစ်ခါတလေမှာမလုံလောက်တော့ပါဘူး။ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာလည်း ကျွန်တော်တို့ရဲ့သွားကျန်းမာရေးကို အကျိုးသက်ရောက်စေနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာတွေကို စားမိပြီဆိုရင် ပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပေါင်းမိပြီး အက်ဆစ်တွေ ဖြစ်လာစေပါတယ်။ အဲဒီအက်ဆစ်တွေရယ်၊ ဘက်တီးရီးယားတွေရယ်၊ တံထွေးတွေရယ်ပေါင်းပြီး သွားနံရံမှာဂျိုးတွေတက်ရာကနေ သွားပိုးပေါက်တွေဖြစ်၊ သွားရေစီးကမ်းပြိုလိုက်တာတွေ ဖြစ်လာတတ်ပါတယ်။ သွားကျန်းမာရေးကို ဆိုးဝါးစွာအကျိုးသက်ရောက် စေနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေခဲ

မောပန်းနွမ်းနယ်နေတဲ့အချိန်မှာ ရေအေးရေအေးအေးလေးတစ်ခွက် သောက်လိုက်တာက လူကိုချက်ချင်းအမောပြေစေတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အအေးဆိုင်ထိုင်တဲ့အခါ ရေခဲမှုန်လေးတွေပါတဲ့ အအေးကိုမှ သောက်ရတာ ကြိုက်နှစ်သက်ကြပါလိမ့်မယ်။ ဒါဆိုရင် နှစ်ခါပြန်တွေးကြည့်ကြစေချင်ပါတယ်။ အသန့်စင်ဆုံးရေနဲ့ပြုလုပ်ထားတဲ့ရေခဲတောင်မှ ကျွန်တော်တို့ရဲ့သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ (ကျွန်တော်တို့တွေ နေ့စဉ်ထိုင်နေတဲ့ အအေးဆိုင်တွေမှာ ရေသန့် ရေခဲကိုပဲ သုံး/မသုံးဆိုတာ ကျွန်တော်တို့တွေ သိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။) ဒါကြောင့် အကောင်းဆုံးကတော့ တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

၂။ စေးကပ်တဲ့အစားအစာတွေ

ချိုချဉ်သကြားလုံးတွေ၊ ကြာကြာအထားခံအောင်ပြုလုပ်ထားတဲ့ သစ်သီးခြောက်တွေ၊ ယိုစုံတွေက သွားကြားထဲတွေ၊ သွားနောက်တွေမှာ ကပ်တွယ်နေနိုင်ပြီး ခင်ဗျားရဲ့သွားကိုသကြားနဲ့အချိန်ပိုကြာကြာထိတွေ့နေအောင် ပြုလုပ်နိုင်ပါတယ်။ ဒီတော့ အဲဒီလိုအစားအစာတွေကို ရှောင်နိုင်ရင် ရှောင်ရှားသင့်ပြီး စားမယ်ဆိုရင်လည်း စားပြီးတာနဲ့ ပါးစပ်ကိုသေသေချာချာ ပလုတ်ကျင်းဆေးကြောသင့်ပါတယ်။

၃။ ဆိုဒါတွေ

DJ Soda ကိုတော့ ပြောတာမဟုတ်ပါဘူး… :P ။ ဒါပေမယ့် ဆိုဒါဖျော်ရည်တွေက ကျွန်တော်တို့ရဲ့သွားမှာ အက်ဆစ်တွေ၊ သကြားတွေ ကပ်ညိစေနိုင်ပြီး ကျွန်တော်တို့ရဲ့သွားအပေါ်ယံကြွေလွှာတွေကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ ဒါကြောင့် ကိုလာတို့၊ ပက်ဆီတို့လို ကာဘိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

၄။ အရက်

အရက်အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခံတွင်းထဲကထုတ်လုပ်ပေးနိုင်တဲ့ တံထွေးပမာဏကို လျော့နည်းစေပါတယ်။ ဒါကြောင့် ခံတွင်းခြောက်တာတို့၊ သွားဖုံးပျက်ဆီးတာတို့ ဖြစ်နိုင်ခြေပိုများလာစေပါတယ်။ ဒါတင်မကသေးပါဘူး။ အရက်အလွန်အကျွံ သောက်သုံးခြင်းက ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top