ကြၽန္မတို႔မိန္းကေလးေတြ အေၾကာင္းတစ္ခုခုေၾကာင့္ ကိုယ့္ခ်စ္သူနဲ႔လမ္းခြဲတဲ့အခါ ေနာင္တရတတ္ၾကပါတယ္။
တစ္ခါတစ္ေလ ျပန္ေတာင္းပန္ၿပီး ျပန္တြဲရေကာင္းမလားလို္႔စဥ္းစားမိၾကပါတယ္။ဒါေပမယ့္ သင္လမ္းခြဲခဲ့တဲ့ သင့္ရဲ႕ခ်စ္သူဟာ အခုေျပာမယ့္ေယာက်ာ္းေလးအမ်ိဳးအစားေတြထဲမွာပါေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ေနာင္တေတြကို အခုပဲေရစီးနဲ႔ေမ်ာခ်ဖို႔လိုလာပါၿပီ။
၁။ သင္ေတြ႔ဖို႔ခ်ိန္းတိုင္းပတ္ေျပးတတ္သူ
“ကိုယ္ဒီေန႔မအားဘူး”ဟု သင္ခ်ိန္းတိုင္းမ႐ုိးမအီေျပာပါလိမ့္မယ္။တကယ္က သူမအားတာမဟုတ္ပါဘူး။ဆင္ေျခတစ္ခုပါ။ ကိုယ့္ကိုတကယ္သာခ်စ္ေနရင္သူကအရင္စေျပာလာမွာေပါ့။
၂။ သူလိုလ်ွင္ သရဖူေဆာင္းေစၿပီး မလိုလ်ွင္ ပစ္ထားတတ္သူ
ေနမေကာင္းတဲ့အခ်ိန္၊မိဘ၊သူငယ္ခ်င္းေတြနဲ႔အဆင္မေျပတဲ့အခ်ိန္ေတြဆို သင့့္ကိုသူလိုအပ္လာပါၿပီ။သင္ဟာသူ႔ဘဝအတြက္ဘယ္ေလာက္အေရးႀကီးလည္းဆိုၿပီ အကယ္ဒမီဇာတ္ၫႊန္းေတြဖတ္ျပပါလိမ့္မယ္။ ဒါေပမဲ့ သူ႔အတြက္သင္မလိုအပ္ေသးဘူးဆိုရင္ေတာ့ ေလာကမွာသူ ့ေလာက္ အလုပ္႐ႈပ္တဲ့လူမ႐ွိေၾကာင္းေျပာလာပါလိမ့္မယ္။
၃။ သူမွားလ်ွင္ပိတ္ျငင္း၍ ကိုယ္မွားလ်င္ လူသူေ႐ွ့မေ႐ွာင္အျပစ္ေျပာတတ္သူ
သူူအမွားႀကီးမွားေနလို႔ ကိုယ္ကေျပေျပလည္လည္႐ွင္းျပဖို႔ၾကံရင္ေတာင္ သူ႔ကိုဆရာလုပ္ရေကာင္းလားဆိုၿပီးသင့္ကို အျပစ္တင္ပါလိမ့္မယ္။ သင္မွားၿပီဆိုရင္ေတာ့ ၂ေယာက္တည္းသီးသန္႔႐ွိတဲ့အခ်ိန္မွာ မေဆြးေႏြးပဲ သူ႔သူငယ္ခ်င္း (သို႔) သင့္သူငယ္ခ်င္းေတြေ႐ွ့မွာ သင့္ကိုမ်က္ႏွာပ်က္ေအာင္ေျပာလာပါလိမ့္မယ္။
၄။တစ္ကိုယ္ေကာင္းဆန္လြန္းသူ
သူ႔ရဲ႕ ခက္ခဲေပြလီတဲ့ အခက္အခဲပုစၧာမွန္သမ်ွ သင့္ကိုကူ႐ွင္းေစၿပီး သင့္မွာအခက္အခဲ႐ွိလာရင္ေခါင္းေ႐ွာင္တဲ့လူကိုေတာ့လံုးဝလက္မတြဲသင့္ပါဘူး။
၅။ကိုယ့္ေ႐ွ့တြင္ အျခားမိန္းကေလးတစ္ေယာက္ႏွင့္ အဆက္အသြယ္လုပ္ရဲသူ
အျခားမိန္းကေလးတစ္ေယာက္နဲ႔ဖုန္းေျပာတာျဖစ္ေစ၊ fb ကေန chat တာပဲျဖစ္ေစ ကိုယ္ကသိလာလို႔ ေမးလာျမန္းလာရင္ ကိုယ့္ကို ေျပလည္ေအာင္မ႐ွင္းျပတဲ့အျပင္ ေဆြ႔ေဆြ႔ခုန္ရန္ေတြ႔လာၿပီဆိုရင္ေတာ့ အဲ့လိုလူဟာ danger စာရင္းဝင္ပါ။
၆။ကိုယ့္အားနည္းခ်က္ကိုအေၾကာင္းျပ၍ သူလိုခ်င္တာေတာင္းဆိုတတ္သူ
အထူးသျဖင့္ လက္မထက္ခင္ အတူေနဖို႔ ေတာင္းဆိုလာတာပါ။သင့္ဘက္က ျငင္းဆိုလာမယ္ဆို သူတို႔ ဒရာမာဇာတ္လမ္းစၿပီ။” မင္းက ကိုယ့္အေပၚမယံုလို႔လား၊ မင္းက ကိုယ့္ကိုတကယ္မခ်စ္လို႔ပါ” စသျဖင့္ သင့္အခ်စ္ကို အကဲစမ္းတဲ့စကားေတြေျပာတတ္တဲ့သူမ်ိဳးေပါ့။
၇။လူေ႐ွ့တြင္ကိုယ္နဲ႔ခ်စ္ေနေၾကာင္းမေဖာ္ျပရဲသူ
“ကိုယ့္မိဘေတြသိလ်ွင္ေတာ့
ျပသနာတက္လိမ့္မယ္”စသျဖင့္ေျပာၿပီး သူ႔ရဲ႕မိဘေတြမက သူငယ္ခ်င္းေဘာ္ဒါေတြေ႐ွ့မွာေတာင္ကိုယ့္နာမည္ထုတ္ေဖာ္မေျပာရဲတဲ့သူပါ။တကယ္က မေျပာရဲတာျဖစ္ႏိုင္သလို ကိုယ့္ကို ခ်စ္သူတစ္ေယာက္အျဖစ္သတ္မွတ္ရမွာမလိုလားႏိုင္တာလည္းျဖစ္ႏိုင္ပါတယ္။
သင့္ရဲ႕ ex ဟာအေပၚကအခ်က္ေတြထဲက လူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ေတာ့ မိုးေအးေအးထဲ အခ်ိန္ကုန္ခံစားမေနပါန႔ဲ။ ေကာ္ဖီပူပူတစ္ခြက္ထဲနဲ႔ သင့္ရဲ႕အတိတ္ေဟာင္းေတြကိုေမ်ာခ်လိုက္ပါ။သင့္ရဲ႕အခ်ိန္ေတြဟာ သူ႔စိတ္ထက္စာရင္ အဖိုးတန္ပါတယ္။
Credit:Christina (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကျွန်မတို့မိန်းကလေးတွေ အကြောင်းတစ်ခုခုကြောင့် ကိုယ့်ချစ်သူနဲ့လမ်းခွဲတဲ့အခါ နောင်တရတတ်ကြပါတယ်။
တစ်ခါတစ်လေ ပြန်တောင်းပန်ပြီး ပြန်တွဲရကောင်းမလားလို့်စဉ်းစားမိကြပါတယ်။ဒါပေမယ့် သင်လမ်းခွဲခဲ့တဲ့ သင့်ရဲ့ချစ်သူဟာ အခုပြောမယ့်ယောကျာ်းလေးအမျိုးအစားတွေထဲမှာပါနေမယ်ဆိုရင်တော့ သင့်ရဲ့နောင်တတွေကို အခုပဲရေစီးနဲ့မျောချဖို့လိုလာပါပြီ။
၁။ သင်တွေ့ဖို့ချိန်းတိုင်းပတ်ပြေးတတ်သူ
“ကိုယ်ဒီနေ့မအားဘူး”ဟု သင်ချိန်းတိုင်းမရိုးမအီပြောပါလိမ့်မယ်။တကယ်က သူမအားတာမဟုတ်ပါဘူး။ဆင်ခြေတစ်ခုပါ။ ကိုယ့်ကိုတကယ်သာချစ်နေရင်သူကအရင်စပြောလာမှာပေါ့။
၂။ သူလိုလျှင် သရဖူဆောင်းစေပြီး မလိုလျှင် ပစ်ထားတတ်သူ
နေမကောင်းတဲ့အချိန်၊မိဘ၊သူငယ်ချင်းတွေနဲ့အဆင်မပြေတဲ့အချိန်တွေဆို သင့့်ကိုသူလိုအပ်လာပါပြီ။သင်ဟာသူ့ဘဝအတွက်ဘယ်လောက်အရေးကြီးလည်းဆိုပြီ အကယ်ဒမီဇာတ်ညွှန်းတွေဖတ်ပြပါလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက်သင်မလိုအပ်သေးဘူးဆိုရင်တော့ လောကမှာသူ့လောက် အလုပ်ရှုပ်တဲ့လူမရှိကြောင်းပြောလာပါလိမ့်မယ်။
၃။ သူမှားလျှင်ပိတ်ငြင်း၍ ကိုယ်မှားလျင် လူသူရှေ့မရှောင်အပြစ်ပြောတတ်သူ
သူူအမှားကြီးမှားနေလို့ ကိုယ်ကပြေပြေလည်လည်ရှင်းပြဖို့ကြံရင်တောင် သူ့ကိုဆရာလုပ်ရကောင်းလားဆိုပြီးသင့်ကို အပြစ်တင်ပါလိမ့်မယ်။ သင်မှားပြီဆိုရင်တော့ ၂ယောက်တည်းသီးသန့်ရှိတဲ့အချိန်မှာ မဆွေးနွေးပဲ သူ့သူငယ်ချင်း (သို့) သင့်သူငယ်ချင်းတွေရှေ့မှာ သင့်ကိုမျက်နှာပျက်အောင်ပြောလာပါလိမ့်မယ်။
၄။တစ်ကိုယ်ကောင်းဆန်လွန်းသူ
သူ့ရဲ့ ခက်ခဲပွေလီတဲ့ အခက်အခဲပုစ္ဆာမှန်သမျှ သင့်ကိုကူရှင်းစေပြီး သင့်မှာအခက်အခဲရှိလာရင်ခေါင်းရှောင်တဲ့လူကိုတော့လုံးဝလက်မတွဲသင့်ပါဘူး။
၅။ကိုယ့်ရှေ့တွင် အခြားမိန်းကလေးတစ်ယောက်နှင့် အဆက်အသွယ်လုပ်ရဲသူ
အခြားမိန်းကလေးတစ်ယောက်နဲ့ဖုန်းပြောတာဖြစ်စေ၊ fb ကနေ chat တာပဲဖြစ်စေ ကိုယ်ကသိလာလို့ မေးလာမြန်းလာရင် ကိုယ့်ကို ပြေလည်အောင်မရှင်းပြတဲ့အပြင် ဆွေ့ဆွေ့ခုန်ရန်တွေ့လာပြီဆိုရင်တော့ အဲ့လိုလူဟာ danger စာရင်းဝင်ပါ။
၆။ကိုယ့်အားနည်းချက်ကိုအကြောင်းပြ၍ သူလိုချင်တာတောင်းဆိုတတ်သူ
အထူးသဖြင့် လက်မထက်ခင် အတူနေဖို့ တောင်းဆိုလာတာပါ။သင့်ဘက်က ငြင်းဆိုလာမယ်ဆို သူတို့ ဒရာမာဇာတ်လမ်းစပြီ။” မင်းက ကိုယ့်အပေါ်မယုံလို့လား၊ မင်းက ကိုယ့်ကိုတကယ်မချစ်လို့ပါ” စသဖြင့် သင့်အချစ်ကို အကဲစမ်းတဲ့စကားတွေပြောတတ်တဲ့သူမျိုးပေါ့။
၇။လူရှေ့တွင်ကိုယ်နဲ့ချစ်နေကြောင်းမဖော်ပြရဲသူ
“ကိုယ့်မိဘတွေသိလျှင်တော့
ပြသနာတက်လိမ့်မယ်”စသဖြင့်ပြောပြီး သူ့ရဲ့မိဘတွေမက သူငယ်ချင်းဘော်ဒါတွေရှေ့မှာတောင်ကိုယ့်နာမည်ထုတ်ဖော်မပြောရဲတဲ့သူပါ။တကယ်က မပြောရဲတာဖြစ်နိုင်သလို ကိုယ့်ကို ချစ်သူတစ်ယောက်အဖြစ်သတ်မှတ်ရမှာမလိုလားနိုင်တာလည်းဖြစ်နိုင်ပါတယ်။
သင့်ရဲ့ ex ဟာအပေါ်ကအချက်တွေထဲက လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ မိုးအေးအေးထဲ အချိန်ကုန်ခံစားမနေပါနဲ့။ ကော်ဖီပူပူတစ်ခွက်ထဲနဲ့ သင့်ရဲ့အတိတ်ဟောင်းတွေကိုမျောချလိုက်ပါ။သင့်ရဲ့အချိန်တွေဟာ သူ့စိတ်ထက်စာရင် အဖိုးတန်ပါတယ်။
Credit:Christina (For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိိန္းကေလးတစ္ေယာက္လက္မတြဲသင့့္တဲ့ေယာက်္ားမ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။