အနက္ေရာင္ အမည္းေရာင္ ဆိုသည္မွာ လူေတာ္ေတာ္မ်ားမ်ားႀကိဳက္ၾကတဲ့ အေရာင္ပါ။ ေယာက်ၤားေလးျဖစ္ျဖစ္၊ မိိန္းကေလးျဖစ္ျဖစ္ အနက္ေရာင္ကိုႀကိဳက္ၾကပါတယ္။ ဒီအေရာင္က လူေတာ္ေတာ္မ်ားမ်ားနဲ႔လဲ လိုက္ဖက္သလို ဆင္တတ္ရင္ဆင္တတ္သလို လွပါတယ္။ ေယာင္းတို႔လည္း တစ္ေန႔တာအတြက အနက္ေရာင္ ဂါဝန္ (Black dress) ေလးကို ၀တ္ဖို႔ေရြးခ်ယ္ထားတယ္ဆိုရင္ ပိုလွေအာင္ ဒီaccessoriesေတြနဲ႔ တြဲဝတ္ၾကည့္ပါလို႔ အႀကံေပးပါရေစ။
၁။နားကပ္အႀကီးႀကီးေတြ
နားကပ္အႀကီးႀကီးေတြက ေနာက္ပိုင္းမွာေတာ္ေတာ္ ေခတ္စားလာၾကပါၿပီ။ အခုေတာင္ ပန္းပြင့္နားကပ္အႀကီးႀကီးေတြ ေတာ္ေတာ္ေခတ္စားေနတယ္ေန္ာ။ ရိုးရိုးရွင္းရွင္း အနက္ေရာင္ မွာ ေပၚလြင္ေအာင္ နားကပ္အၾကီးၾကီးေတြ ၊ နားဆြဲေတြနဲ႔ တြဲဝတ္တာမ်ိဳးက တစ္မ်ိဳးဆန္းေစပါတယ္။
၂။လည္ကပ္ (Chocker)
Chockerေတြကလည္း အခုဆိုရင္ ဒီဇိုင္းမ်ိဳးစံုနဲ႔ ပိုလွတဲ့ပံုစံအမ်ိဳးမ်ိဳးထြက္ေနပါၿပီ။ black dress ေတြကအစထဲက တည္တည္ၿငိမ္ၿငိမ္နဲ႔ လွျပီးသားဆိုေတာ့ ပိုျပီးလွခ်င္ရင္ chocker ေလးနဲ႔ တြဲဝတ္ပါ။
၃။ခါးပတ္
အမည္းေရာင္ ဂါဝန္ဝတ္ထားလို႔ အရမ္းရိုးရွင္းေနတယ္ ထင္ရင္ ခါးပတ္ႀကိဳးေသးေသးေတြ ပတ္ဝတ္ပါ။ ေရႊေရာင္၊ ေငြေရာင္ ခါးပတ္ေတြနဲ႔ တြဲ၀တ္ရင္ ပိုေပၚလြင္ၿပီး အထက္တန္းက်တဲ့ ပံုေပၚပါတယ္။
၄။အိတ္
အိတ္ကေတာ့ Black dressနဲ႔ တြဲဖက္ဖို႔ဆိုရင္ သားေရနဲ႔လုပ္ထားတဲ့ ေခါက္အိတ္ေလးေတြ ကိုင္ပါ။ အိတ္အႀကီးႀကီးေတြအစား အိတ္အေသးေတြက ပိုျပီးလိုက္ဖက္ပါတယ္။
၅။ဆံပင္အဆင္အယင္ (Hair accessories)
တစ္ကိုယ္လံုးလွျပီးေတာ့မွ ဆံပင္ကိုဒီတိုင္းပဲ ထားေတာ့ရိုးရိုးၾကီး ျဖစ္ေနမွာေပါ့။ ဆံပင္ကိုလည္း ဖန္စီကလစ္ေလးေတြ ၊ ဘီးကုတ္ေလးေတြနဲ႔ အလွဆင္ပါ။ ေက်ာက္ကလစ္ေတြနဲ႔ဆို ပိုလွပါတယ္။ တည္ၿငိမ္ၿပီး နန္းဆန္ဆန္လွသြားတာေပါ့။
၆။အသားကပ္ေျခအိတ္
အသားကပ္ေျခအိတ္ေတြက Black Dress နဲ႔အလိုက္ဖက္ဆံုး accessoriesေတြပါ။ အသားကပ္ေျခအိတ္ ဇာအမည္းေတြ၊ အကြက္ပံုစံဒီဇိုင္းေတြ ၊ အစက္အေပ်ာက္ ဒီဇိုင္းေတြ အမ်ားႀကီးထြက္ပါတယ္။ ရာသီဥတုေအးတဲ့အခါ ဂါဝန္ဝတ္ဖို႔အဆင္မေျပရင္ အသားကပ္ေျခအိတ္ဝတ္ထားေတာ့ အနည္းငယ္လည္းေႏြးတဲ့အျပင္ ပိုၿပီးလွသြားတာေပါ့။
၇။ဖိနပ္
အားလံုးဆင္ျပီးပါျပီတဲ့။ ဖိနပ္ၾကီးက ဂြမ္းေနရင္ မျဖစ္ျပန္ေသးဘူးေနာ္။ Stone High-heel ေတြစီးပါ။ေဒါက္ခ်ြန္ဖိနပ္မွာမွ ထိပ္ကပိုထူတာမ်ိဳးေလးေပါ့။ အေရာင္ေလး ေတာက္ရင္ေတာ့ black dress နဲ႔ ပိုလိုက္ဖက္တာေပါ့။
အေပၚမွာ Hana ေျပာသလို အဆင္အယင္ (accessories) တစ္မ်ိဳးမ်ိဳးနဲ႔ အနက္ေရာင္ဝတ္စံုေလး ေပါင္းဖက္ျပီး ဝတ္ဆင္တာမ်ိဳးက ရိုးရိုးေလးနဲ႔ ဆန္းေနမွာပါ။ တစ္မ်ိဳးတည္း မဟုတ္လည္း ၂ မ်ိဳး ၃ မ်ိဳး တြဲၿပီး ဝတ္ဆင္တာမ်ိဳးလည္း အဆင္ေျပပါတယ္။
ေယာင္းတို႕ Black dress နဲ႔ နန္းဆန္တဲ႔အလွကို ဖန္တီးၿပီး ရႈိးထုတ္နိုင္ၾကပါေစ။
Credit:Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အနက်ရောင် အမည်းရောင် ဆိုသည်မှာ လူတော်တော်များများကြိုက်ကြတဲ့ အရောင်ပါ။ ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အနက်ရောင်ကိုကြိုက်ကြပါတယ်။ ဒီအရောင်က လူတော်တော်များများနဲ့လဲ လိုက်ဖက်သလို ဆင်တတ်ရင်ဆင်တတ်သလို လှပါတယ်။ ယောင်းတို့လည်း တစ်နေ့တာအတွက အနက်ရောင် ဂါဝန် (Black dress) လေးကို ဝတ်ဖို့ရွေးချယ်ထားတယ်ဆိုရင် ပိုလှအောင် ဒီaccessoriesတွေနဲ့ တွဲဝတ်ကြည့်ပါလို့ အကြံပေးပါရစေ။
၁။နားကပ်အကြီးကြီးတွေ
နားကပ်အကြီးကြီးတွေက နောက်ပိုင်းမှာတော်တော် ခေတ်စားလာကြပါပြီ။ အခုတောင် ပန်းပွင့်နားကပ်အကြီးကြီးတွေ တော်တော်ခေတ်စားနေတယ်နေ်ာ။ ရိုးရိုးရှင်းရှင်း အနက်ရောင် မှာ ပေါ်လွင်အောင် နားကပ်အကြီးကြီးတွေ ၊ နားဆွဲတွေနဲ့ တွဲဝတ်တာမျိုးက တစ်မျိုးဆန်းစေပါတယ်။
၂။လည်ကပ် (Chocker)
Chockerတွေကလည်း အခုဆိုရင် ဒီဇိုင်းမျိုးစုံနဲ့ ပိုလှတဲ့ပုံစံအမျိုးမျိုးထွက်နေပါပြီ။ black dress တွေကအစထဲက တည်တည်ငြိမ်ငြိမ်နဲ့ လှပြီးသားဆိုတော့ ပိုပြီးလှချင်ရင် chocker လေးနဲ့ တွဲဝတ်ပါ။
၃။ခါးပတ်
အမည်းရောင် ဂါဝန်ဝတ်ထားလို့ အရမ်းရိုးရှင်းနေတယ် ထင်ရင် ခါးပတ်ကြိုးသေးသေးတွေ ပတ်ဝတ်ပါ။ ရွှေရောင်၊ ငွေရောင် ခါးပတ်တွေနဲ့ တွဲဝတ်ရင် ပိုပေါ်လွင်ပြီး အထက်တန်းကျတဲ့ ပုံပေါ်ပါတယ်။
၄။အိတ်
အိတ်ကတော့ Black dressနဲ့ တွဲဖက်ဖို့ဆိုရင် သားရေနဲ့လုပ်ထားတဲ့ ခေါက်အိတ်လေးတွေ ကိုင်ပါ။ အိတ်အကြီးကြီးတွေအစား အိတ်အသေးတွေက ပိုပြီးလိုက်ဖက်ပါတယ်။
၅။ဆံပင်အဆင်အယင် (Hair accessories)
တစ်ကိုယ်လုံးလှပြီးတော့မှ ဆံပင်ကိုဒီတိုင်းပဲ ထားတော့ရိုးရိုးကြီး ဖြစ်နေမှာပေါ့။ ဆံပင်ကိုလည်း ဖန်စီကလစ်လေးတွေ ၊ ဘီးကုတ်လေးတွေနဲ့ အလှဆင်ပါ။ ကျောက်ကလစ်တွေနဲ့ဆို ပိုလှပါတယ်။ တည်ငြိမ်ပြီး နန်းဆန်ဆန်လှသွားတာပေါ့။
၆။အသားကပ်ခြေအိတ်
အသားကပ်ခြေအိတ်တွေက Black Dress နဲ့အလိုက်ဖက်ဆုံး accessoriesတွေပါ။ အသားကပ်ခြေအိတ် ဇာအမည်းတွေ၊ အကွက်ပုံစံဒီဇိုင်းတွေ ၊ အစက်အပျောက် ဒီဇိုင်းတွေ အများကြီးထွက်ပါတယ်။ ရာသီဥတုအေးတဲ့အခါ ဂါဝန်ဝတ်ဖို့အဆင်မပြေရင် အသားကပ်ခြေအိတ်ဝတ်ထားတော့ အနည်းငယ်လည်းနွေးတဲ့အပြင် ပိုပြီးလှသွားတာပေါ့။
၇။ဖိနပ်
အားလုံးဆင်ပြီးပါပြီတဲ့။ ဖိနပ်ကြီးက ဂွမ်းနေရင် မဖြစ်ပြန်သေးဘူးနော်။ Stone High-heel တွေစီးပါ။ဒေါက်ချွန်ဖိနပ်မှာမှ ထိပ်ကပိုထူတာမျိုးလေးပေါ့။ အရောင်လေး တောက်ရင်တော့ black dress နဲ့ ပိုလိုက်ဖက်တာပေါ့။
အပေါ်မှာ Hana ပြောသလို အဆင်အယင် (accessories) တစ်မျိုးမျိုးနဲ့ အနက်ရောင်ဝတ်စုံလေး ပေါင်းဖက်ပြီး ဝတ်ဆင်တာမျိုးက ရိုးရိုးလေးနဲ့ ဆန်းနေမှာပါ။ တစ်မျိုးတည်း မဟုတ်လည်း ၂ မျိုး ၃ မျိုး တွဲပြီး ဝတ်ဆင်တာမျိုးလည်း အဆင်ပြေပါတယ်။
ယောင်းတို့ Black dress နဲ့ နန်းဆန်တဲ့အလှကို ဖန်တီးပြီး ရှိုးထုတ်နိုင်ကြပါစေ။
Credit:Hana (For Her Myanmar)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အနက္ေရာင္ ဝတ္စံုဝတ္မယ္ဆို ဒီလိုေလး တြဲဖက္ဝတ္ဆင္ပါ...
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။