iMyanmarHouse.com - Best Property Website for Myanmar
×

မိဘက ေပးစားလုိ႔ပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြ အေလွာ္ေကာင္းလုိ႔ပဲျဖစ္ျဖစ္၊ ကုိယ့္ဘာသာ အခ်င္းခ်င္းခ်စ္ႀကိဳက္လုိ႔ပဲျဖစ္
ျဖစ္ အိမ္ေထာင္တစ္ခုကုိ တည္ေထာင္ၿပီဆုိရင္ ေရရွည္လက္တြဲခုိင္ၿမဲတဲ့ အိမ္ေထာင္ေရး ျဖစ္ဖုိ႔ လုိပါတယ္။ ဒါေၾကာင့္
အိမ္ေထာင္ေရးသာယာလုိသူ ဇနီးေမာင္ႏွံမ်ားအတြက္ ေအာက္ပါအခ်က္ေတြ လုိက္ၿပီး လုပ္ေဆာင္ၾကဖုိ႔ Shwemom ကတုိက္တြန္းလုိက္ရပါေၾကာင္း။
(၁) ေပ်ာ္ရႊင္စြာအိပ္ယာ၀င္ပါ

အၾကင္လင္မယားႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ အိပ္ယာ၀င္တဲ့အခ်ိန္ေပၚမွာ မူတည္မႈအမ်ားႀကီးရွိတယ္ဆုိတာ အိမ္
ေထာင္သည္တုိင္း သိပါလိမ့္မယ္။ တကယ္လည္း လက္ေတြ႔က်ပါတယ္။ အိပ္ယာ၀င္ အဆင္ေျပေလ၊ အိမ္ေထာင္ေရး
သာယာေလပါပဲ။
(၂) ညီမွ်ေသာေမွ်ာ္လင့္ခ်က္ေတြကို အေကာင္အထည္ေဖာ္ပါ

ညီမွ်ေသာ ေမွ်ာ္လင့္ခ်က္ဆုိတာက Common Hope ေတြေပါ့။ ႏွစ္ဦးသေဘာတူ ဘုံပုိင္ေမွ်ာ္လင့္ခ်က္ေတြကို ဆုိလုိတာ
ပါ။ ေယာက္်ားက ကားစီးခ်င္တယ္၊ မိန္းမက စိန္နားကပ္၀င္ခ်င္တယ္ ဒီမတူညီတဲ့ႏွစ္ခုကုိ ဦးစားေပးမယ့္အစား အိမ္အ
တြက္ လုိအပ္တဲ့ ပရိေဘာဂပစၥည္းတစ္ခုခု ၀ယ္လုိက္တာမ်ိဳးေပါ့။
(၃) အျခားအိမ္ေထာင္ရွင္မ်ားရဲ႕ အမွန္အမွားမ်ားကို သခၤန္းစာယူပါ

အျခားအိမ္ေထာင္သည္ေတြဟာ ဘာေတြေၾကာင့္ ျပႆနာေတြ ျဖစ္ေနရတာလဲ။ ဘယ္လုိေၾကာင့္ သူမ်ားေတြထက္ ပိုခ်စ္
ေနၾကတာလဲဆုိတာ စုံစမ္းသိရွိဖုိ႔ လုိပါတယ္။ ဒါမွလည္း လက္ေတြ႕က်တဲ့ ေဆာင္ရန္/ေရွာင္ရန္ေတြကို သိႏုိင္မွာပါ။
(၄) ေန႔စဥ္ေပြ႕ဖက္ဖုိ႔ မေမ့ပါနဲ႔

လင္ရယ္မယားရယ္လုိ႔ ျဖစ္လာရင္ လင္မယားကိစၥကုိ ေန႔စဥ္နဲ႔အမွ် မလုပ္ႏုိင္ရင္ေတာင္မွ အနည္းဆုံး တစ္ရက္တစ္ႀကိမ္
ေတာ့ ေပြ႔ဖက္သင့္ပါတယ္။ ေပြ႕ဖက္ျခင္းဟာ ေအးစက္နဲ႔ေနတဲ့ အခ်စ္ေရးကို ေအးျမေစပါတယ္။
(၅) ေမတၱာစကား အၿမဲၾကားပါေစ

တစ္ေယာက္နဲ႔တစ္ေယာက္ လုပ္ငန္းခြင္ကုိယ္စီ၀င္တာပဲျဖစ္ျဖစ္၊ နာရီပုိင္းေလာက္ ခဏတာ ခြဲခြာရတာပဲျဖစ္ျဖစ္ သတိရ
တယ္၊ လြမ္းတယ္၊ ခ်စ္တယ္-စတဲ့ စကားေတြနဲ႔ အၿမဲတမ္း လက္ဆက္ေနပါေစ။

(၆) တစ္ေယာက္ကုိတစ္ေယာက္ ဂုဏ္ယူပါ

တစ္ေယာက္ကုိတစ္ေယာက္ ပုိင္ဆုိင္ထားရျခင္းကုိ ဂုဏ္ယူပါ။ အျခား သတ္မဲ့အရာ၀တၳဳေတြထဲမွာ မိဘေတြၿပီးရင္ အ
ျမတ္ႏုိးအပ္ဆုံးေသာ အရာျဖစ္တယ္လုိ႔ ေကာင္းေကာင္းသေဘာေပါက္ပါ။ အိမ္ေထာင္ေရး သာယာပါလိမ့္မယ္။
(၇) ထမင္းလက္စုံစားပါ
ထမင္းလက္စုံစားျခင္းမွာ အခ်စ္စိတ္ကုိ ျဖစ္ေစတဲ့ အနုပညာေတြ အမ်ားႀကီးပါ၀င္ပါတယ္။ အိမ္ေထာင္တစ္ခု အဆင္ေျပ
မေျပကုိ ၾကည့္ခ်င္ရင္ အိပ္ယာ၀င္တဲ့ပုံစံၿပီးရင္ ထမင္း၀ုိင္းပါဘဲ။ ထမင္း၀ုိင္းဟာ ဘယ္ေလာက္ စုိျပည္လက္ဆက္သလဲ …
ဘယ္ေလာက္ ေျခာက္ေသြ႕သလဲဆုိတာ … အိမ္ေထာင္တစ္ခုကို ျမင္သာေစတဲ့ အရာျဖစ္ပါတယ္။

Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မိဘက ပေးစားလို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ အလှော်ကောင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အချင်းချင်းချစ်ကြိုက်လို့ပဲဖြစ်
ဖြစ် အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ရေရှည်လက်တွဲခိုင်မြဲတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်
အိမ်ထောင်ရေးသာယာလိုသူ ဇနီးမောင်နှံများအတွက် အောက်ပါအချက်တွေ လိုက်ပြီး လုပ်ဆောင်ကြဖို့ Shwemom ကတိုက်တွန်းလိုက်ရပါကြောင်း။
(၁) ပျော်ရွှင်စွာအိပ်ယာဝင်ပါ

အကြင်လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အိပ်ယာဝင်တဲ့အချိန်ပေါ်မှာ မူတည်မှုအများကြီးရှိတယ်ဆိုတာ အိမ်
ထောင်သည်တိုင်း သိပါလိမ့်မယ်။ တကယ်လည်း လက်တွေ့ကျပါတယ်။ အိပ်ယာဝင် အဆင်ပြေလေ၊ အိမ်ထောင်ရေး
သာယာလေပါပဲ။
(၂) ညီမျှသောမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပါ

ညီမျှသော မျှော်လင့်ချက်ဆိုတာက Common Hope တွေပေါ့။ နှစ်ဦးသဘောတူ ဘုံပိုင်မျှော်လင့်ချက်တွေကို ဆိုလိုတာ
ပါ။ ယောက်ျားက ကားစီးချင်တယ်၊ မိန်းမက စိန်နားကပ်ဝင်ချင်တယ် ဒီမတူညီတဲ့နှစ်ခုကို ဦးစားပေးမယ့်အစား အိမ်အ
တွက် လိုအပ်တဲ့ ပရိဘောဂပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။
(၃) အခြားအိမ်ထောင်ရှင်များရဲ့ အမှန်အမှားများကို သင်္ခန်းစာယူပါ

အခြားအိမ်ထောင်သည်တွေဟာ ဘာတွေကြောင့် ပြဿနာတွေ ဖြစ်နေရတာလဲ။ ဘယ်လိုကြောင့် သူများတွေထက် ပိုချစ်
နေကြတာလဲဆိုတာ စုံစမ်းသိရှိဖို့ လိုပါတယ်။ ဒါမှလည်း လက်တွေ့ကျတဲ့ ဆောင်ရန်/ရှောင်ရန်တွေကို သိနိုင်မှာပါ။
(၄) နေ့စဉ်ပွေ့ဖက်ဖို့ မမေ့ပါနဲ့

လင်ရယ်မယားရယ်လို့ ဖြစ်လာရင် လင်မယားကိစ္စကို နေ့စဉ်နဲ့အမျှ မလုပ်နိုင်ရင်တောင်မှ အနည်းဆုံး တစ်ရက်တစ်ကြိမ်
တော့ ပွေ့ဖက်သင့်ပါတယ်။ ပွေ့ဖက်ခြင်းဟာ အေးစက်နဲ့နေတဲ့ အချစ်ရေးကို အေးမြစေပါတယ်။
(၅) မေတ္တာစကား အမြဲကြားပါစေ

တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းခွင်ကိုယ်စီဝင်တာပဲဖြစ်ဖြစ်၊ နာရီပိုင်းလောက် ခဏတာ ခွဲခွာရတာပဲဖြစ်ဖြစ် သတိရ
တယ်၊ လွမ်းတယ်၊ ချစ်တယ်-စတဲ့ စကားတွေနဲ့ အမြဲတမ်း လက်ဆက်နေပါစေ။

(၆) တစ်ယောက်ကိုတစ်ယောက် ဂုဏ်ယူပါ

တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ထားရခြင်းကို ဂုဏ်ယူပါ။ အခြား သတ်မဲ့အရာဝတ္ထုတွေထဲမှာ မိဘတွေပြီးရင် အ
မြတ်နိုးအပ်ဆုံးသော အရာဖြစ်တယ်လို့ ကောင်းကောင်းသဘောပေါက်ပါ။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။
(၇) ထမင်းလက်စုံစားပါ
ထမင်းလက်စုံစားခြင်းမှာ အချစ်စိတ်ကို ဖြစ်စေတဲ့ အနုပညာတွေ အများကြီးပါဝင်ပါတယ်။ အိမ်ထောင်တစ်ခု အဆင်ပြေ
မပြေကို ကြည့်ချင်ရင် အိပ်ယာဝင်တဲ့ပုံစံပြီးရင် ထမင်းဝိုင်းပါဘဲ။ ထမင်းဝိုင်းဟာ ဘယ်လောက် စိုပြည်လက်ဆက်သလဲ …
ဘယ်လောက် ခြောက်သွေ့သလဲဆိုတာ … အိမ်ထောင်တစ်ခုကို မြင်သာစေတဲ့ အရာဖြစ်ပါတယ်။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top