iMyanmarHouse.com - Best Property Website for Myanmar
×

ေျခေထာက္ဆိုတာ အလြန္အသံုးဝင္တဲ႔ ကိုယ္လက္အဂၤ ါအစိတ္အပိုင္းတစ္ခုပါပဲ။ သူ႕ေၾကာင္႔ပဲ ကြ်န္ေတာ္တို႔ေတြ သြားလာႏိုင္တာပါ။ ဒါေပမယ္႔ ကြ်န္ေတာ္တို႔ရဲ႕ေျခေထာက္ေတြကို တျခားကိုယ္အဂၤ ါအစိတ္အပိုင္း ေတြေလာက္ ကြ်န္ေတာ္္တို႔ ဂရုစိုက္မိပါသလား။ မိန္းကေလးေတြဆိုရင္ ဆံပင္ကိုအလွျပင္မယ္။ မ်က္ႏွာကိုအလွျပင္မယ္။ လက္သည္းအလွျပင္မယ္။ ဒါေပမယ္႔ ကိုယ္႔ေျခေထာက္ေလးေတြ ဘာျဖစ္ေနလဲဆိုတာကိုေတာ႔ သိပ္ဂရုမထားမိတတ္ၾကပါဘူး။ တကယ္တမ္းက်ေတာ႔ ေျခေထာက္ေလးေတြက ကြ်န္ေတာ္တို႔ရဲ႕က်န္းမာေရးနဲ႔ပတ္သက္ျပီး ေျပာျပေနတာေလးေတြရွိပါတယ္။ ကိုယ္ခႏၶာတစ္ခုလံုး က်န္းမာေစဖို႔ အတြက္ ကြ်န္ေတာ္တို႔ေတြရဲ႕ေျခေထာက္ေတြနဲ႔ပတ္သက္တဲ႔ ေအာက္ပါအခ်က္ေလးေတြကို ဂရုစိုက္လိုက္ၾကရေအာင္။

၁။ အရမ္းက်ပ္လြန္းတဲ႔ အသားကပ္ေျခအိတ္ေတြဝတ္ဆင္တာ

မိန္းကေလးေတြဆိုေတာ႔ အလွၾကိဳက္မွာပါ။ Stocking လို႕လူသိမ်ားတဲ႔ အသားကပ္ေျခအိတ္ေတြက လူၾကိဳက္မ်ားျပီး ဖက္ရွင္လည္းက်ပါတယ္။ ဒါေပမယ္႔ အရမ္းက်ပ္လြန္းတဲ႔အသားကပ္ေျခအိတ္ေတြက ေပါင္တံေတြရဲ႕အလွကို ေပၚလြင္ေစတာမွန္ေပမယ္႔ က်န္းမာေရးအတြက္ေတာ႔ မေကာင္းပါဘူး။ ဘာလို႔လဲဆိုေတာ႔ သူတို႔က ခင္ဗ်ားေျခေထာက္ရဲ႕ေသြးလည္ပတ္မႈကို ရပ္တန္႔ေစလို႔ပါပဲ။ ဒါ႔အျပင္ ဒူးအေကြး အဆန္႕ ျပဳလုုပ္ရလည္း ခက္ခဲေစပါတယ္။

၂။ ရွဴးဖိနပ္ကို တစ္ခ်ိန္လံုးလိုလိုစီးထားတာ

ရွဴးဖိနပ္စီးတာက ျပႆနာမဟုတ္ပါဘူး။ အခ်ိန္အၾကာၾကီးေတာက္ေလွ်ာက္စီးထားတာကမွ ျပႆနာပါ။ ကိုယ္႔ေျခေထာက္ေလးေတြကို ေလဝင္ေလထြက္ေကာင္းေအာင္ ထားသင္႔ပါတယ္။ ရွဴးဖိနပ္ၾကီးပဲ ေတာက္ေလွ်ာက္စီးထားမယ္ဆိုရင္ ေျခဖဝါးေအာက္က အပူေတြကအျပင္ထြက္ခြင္႔မရတဲ႔အတြက္ အေပၚကို ျပန္တက္ပါေတာ႔တယ္။ မ်က္စိမႈန္ျခင္္းဟာ အခ်ိန္ျဖည္႔ ရွဴးဖိနပ္စီးျခင္းေၾကာင္႔လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင္႔ တစ္ခါတေလရံုးကို ေျခညွပ္ဖိနပ္စီးသြားတာက အၾကံေကာင္းပါပဲ။

၃။ ေျခေထာက္အနံ႕ဆိုးေတြကို ဂရုမထားတာ

ေျခေထာက္အနံ႕ဆိုးေတြထြက္တာက ပတ္ဝန္းက်င္ကိုပဲ အေႏွာင္႔အယွက္ေပးတာမဟုတ္ပါဘူး။ ကိုယ္႔ကိုလည္း အေႏွာင္႔အယွက္ေပးပါတယ္။ ဒါတင္မကေသးပါဘူး။ ေျခေထာက္က အနံ႕ဆိုးေတြထြက္တယ္ဆိုတာ စိတ္ဖိစီးမႈေတြမ်ားေနတယ္ဆိုတဲ႔ အဓိပၸာယ္တစ္ခုပါပဲ။ ဒါေၾကာင္႔ အလုပ္ကေနအိမ္ျပန္လာခ်ိန္ေတြဆို ေျခေထာက္ေဆးေပးဖို႔ အျမဲသတိရပါ။ မ်က္ႏွာသစ္ဖို႔ေတာ႔ မေမ႔ဘူးဟုတ္။ ဒီလိုပဲ ေျခေထာက္ကိုပဲပံုမွန္ေဆးေပးလိုက္ပါ။

၄။ အိမ္ထဲမွာေျခဗလာနဲ႔လမ္းေလွ်ာက္တာ

အိမ္ထဲမွာေနရင္ ေျခေထာက္မွာတစ္ခုခုစီးထားဖို႔ကလည္း အေရးၾကီးပါတယ္။ ဒါေၾကာင္႔ခင္ဗ်ားကိုသက္ေတာင္႔သက္တာရွိေစမယ္႔ ေျခညွပ္ဖိနပ္ေလးေတြစီးထားလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ႔ အိမ္ထဲမွာေနရင္ သံမံတလင္းက အေအးဓာတ္ေတြက လူကိုအေအးမိေစႏိုင္လို႔ပါပဲ။

၅။ ေျခေထာက္ေယာင္ရမ္းျခင္းကိုဂရုမစိုက္တာ

ေျခေထာက္ေလးေတြ ေယာင္ရမ္းေနမယ္ဆိုရင္ အျမန္ဆံုးကုသမႈခံယူသင္႔ပါတယ္။ ဒါဟာ ေက်ာက္ကပ္ပ်က္ဆီးျခင္းရဲ႕ လကၡဏာတစ္ခုျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင္႔မေပါ႔ဆဘဲနဲ႕ ဆရာဝန္နဲ႔ အျမန္ဆံုးျပသ သင္႔ပါတယ္။

။ အဝါေရာင္ေျခသည္းေတြကို ဂရုမစိုက္တာ

ကြ်န္ေတာ္တို႔ရဲ႕လက္သည္းေတြကို ဂရုစိုက္သလိုပဲ ေျခသည္းေတြကိုလည္းဂရုစိုက္သင္႔ပါတယ္။ ေျခသည္းေတြဝါေနတယ္ဆိုတာ lymphedema ဆိုတဲ႔ေရာဂါတစ္မ်ိဳးရဲ႕လကၡဏာျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင္႔ မေပါ႔ဆဘဲနဲ႕ ဆရာဝန္နဲ႔အျမန္ဆံုးတိုင္ပင္သင္႔ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ခြေထောက်ဆိုတာ အလွန်အသုံးဝင်တဲ့ ကိုယ်လက်အင်္ဂ ါအစိတ်အပိုင်းတစ်ခုပါပဲ။ သူ့ကြောင့်ပဲ ကျွန်တော်တို့တွေ သွားလာနိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ခြေထောက်တွေကို တခြားကိုယ်အင်္ဂ ါအစိတ်အပိုင်း တွေလောက် ကျွန်တော်တို့ ဂရုစိုက်မိပါသလား။ မိန်းကလေးတွေဆိုရင် ဆံပင်ကိုအလှပြင်မယ်။ မျက်နှာကိုအလှပြင်မယ်။ လက်သည်းအလှပြင်မယ်။ ဒါပေမယ့် ကိုယ့်ခြေထောက်လေးတွေ ဘာဖြစ်နေလဲဆိုတာကိုတော့ သိပ်ဂရုမထားမိတတ်ကြပါဘူး။ တကယ်တမ်းကျတော့ ခြေထောက်လေးတွေက ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောပြနေတာလေးတွေရှိပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ကျန်းမာစေဖို့ အတွက် ကျွန်တော်တို့တွေရဲ့ခြေထောက်တွေနဲ့ပတ်သက်တဲ့ အောက်ပါအချက်လေးတွေကို ဂရုစိုက်လိုက်ကြရအောင်။

၁။ အရမ်းကျပ်လွန်းတဲ့ အသားကပ်ခြေအိတ်တွေဝတ်ဆင်တာ

မိန်းကလေးတွေဆိုတော့ အလှကြိုက်မှာပါ။ Stocking လို့လူသိများတဲ့ အသားကပ်ခြေအိတ်တွေက လူကြိုက်များပြီး ဖက်ရှင်လည်းကျပါတယ်။ ဒါပေမယ့် အရမ်းကျပ်လွန်းတဲ့အသားကပ်ခြေအိတ်တွေက ပေါင်တံတွေရဲ့အလှကို ပေါ်လွင်စေတာမှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားခြေထောက်ရဲ့သွေးလည်ပတ်မှုကို ရပ်တန့်စေလို့ပါပဲ။ ဒါ့အပြင် ဒူးအကွေး အဆန့် ပြုလုုပ်ရလည်း ခက်ခဲစေပါတယ်။

၂။ ရှူးဖိနပ်ကို တစ်ချိန်လုံးလိုလိုစီးထားတာ

ရှူးဖိနပ်စီးတာက ပြဿနာမဟုတ်ပါဘူး။ အချိန်အကြာကြီးတောက်လျှောက်စီးထားတာကမှ ပြဿနာပါ။ ကိုယ့်ခြေထောက်လေးတွေကို လေဝင်လေထွက်ကောင်းအောင် ထားသင့်ပါတယ်။ ရှူးဖိနပ်ကြီးပဲ တောက်လျှောက်စီးထားမယ်ဆိုရင် ခြေဖဝါးအောက်က အပူတွေကအပြင်ထွက်ခွင့်မရတဲ့အတွက် အပေါ်ကို ပြန်တက်ပါတော့တယ်။ မျက်စိမှုန်ခြင်းဟာ အချိန်ဖြည့် ရှူးဖိနပ်စီးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေရုံးကို ခြေညှပ်ဖိနပ်စီးသွားတာက အကြံကောင်းပါပဲ။

၃။ ခြေထောက်အနံ့ဆိုးတွေကို ဂရုမထားတာ

ခြေထောက်အနံ့ဆိုးတွေထွက်တာက ပတ်ဝန်းကျင်ကိုပဲ အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခြေထောက်က အနံ့ဆိုးတွေထွက်တယ်ဆိုတာ စိတ်ဖိစီးမှုတွေများနေတယ်ဆိုတဲ့ အဓိပ္ပာယ်တစ်ခုပါပဲ။ ဒါကြောင့် အလုပ်ကနေအိမ်ပြန်လာချိန်တွေဆို ခြေထောက်ဆေးပေးဖို့ အမြဲသတိရပါ။ မျက်နှာသစ်ဖို့တော့ မမေ့ဘူးဟုတ်။ ဒီလိုပဲ ခြေထောက်ကိုပဲပုံမှန်ဆေးပေးလိုက်ပါ။

၄။ အိမ်ထဲမှာခြေဗလာနဲ့လမ်းလျှောက်တာ

အိမ်ထဲမှာနေရင် ခြေထောက်မှာတစ်ခုခုစီးထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်ခင်ဗျားကိုသက်တောင့်သက်တာရှိစေမယ့် ခြေညှပ်ဖိနပ်လေးတွေစီးထားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲမှာနေရင် သံမံတလင်းက အအေးဓာတ်တွေက လူကိုအအေးမိစေနိုင်လို့ပါပဲ။

၅။ ခြေထောက်ယောင်ရမ်းခြင်းကိုဂရုမစိုက်တာ

ခြေထောက်လေးတွေ ယောင်ရမ်းနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ ဒါဟာ ကျောက်ကပ်ပျက်ဆီးခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသ သင့်ပါတယ်။

။ အဝါရောင်ခြေသည်းတွေကို ဂရုမစိုက်တာ

ကျွန်တော်တို့ရဲ့လက်သည်းတွေကို ဂရုစိုက်သလိုပဲ ခြေသည်းတွေကိုလည်းဂရုစိုက်သင့်ပါတယ်။ ခြေသည်းတွေဝါနေတယ်ဆိုတာ lymphedema ဆိုတဲ့ရောဂါတစ်မျိုးရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top